Match Report Premier League

Match Report: တန္းဆင္းဇုန္႐ုန္းအားနဲ႔ ဘ႐ိုက္တန္တုိ႔ကို အရွဳံးေပးခဲ့ရတဲ့ ခပ္ေပ်ာ့ေပ်ာ့ အာဆင္နယ္

အာဆင္နယ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲက်န္ ၂၉ အျဖစ္ ကစားခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ပြဲစဥ္ကို အေဝးကြင္းမွာ သုံးဂိုး-ဂိုးမရွိနဲ႔ ရွဳံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ ဒီေန႔မွာလည္း ပြဲစဥ္ ၃၀ အျဖစ္ ကစားတဲ့ ဘ႐ိုက္တန္ကို သုံးရက္အတြင္း ဒုတိယေျမာက္ ႐ွဳံးပြဲအျဖစ္ ထပ္ၿပီး အရွဳံးေပးခဲ့ရတာျဖစ္ပါတယ္။

ေနာက္ဆုံးေတြ႕ဆုံမွဳ ၅ ႀကိမ္မွာ အာဆင္နယ္တုိ႔အေနနဲ႔ တစ္ပြဲမွ မႏိုင္ခဲ့တဲ့ ဘ႐ိုက္တန္အသင္းဟာ ဒီပြဲေတြမွာ ၂ ပြဲႏုိင္ ၃ ပြဲသေရ ရလဒ္ ရယူႏိုင္ခဲ့ၿပီး ေျမာက္လန္ဒန္အသင္းကိုေတာ့ ဒုကၡအေပးႏုိင္ဆုံး အသင္းတစ္သင္းအျဖစ္ ဒီေန႔မွာလည္း ဒဏ္ရာေတြနဲ႔ ဂုိးေတြကို ေပးစြမ္းသြားခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၄၀ မွာ ဂိုးသမား လီႏိုကို ဘ႐ိုက္တန္တုိက္စစ္မွဴး ေမာ္ေပရဲ႕ ၾကမ္းတမ္းစြာ ကစားမွဳေၾကာင့္ ဒူးလည္သြားခဲ့လို႔ လူစားလဲခဲ့ရၿပီး ဒါကို အာဆင္နယ္ အသင္းေဖာ္ေတြကေတာ့ ခပ္ေအးေအးပဲ ၾကည့္ေနခဲ့ၾကသလို ဒိုင္လူႀကီး မာတင္ အက္ကင္ဆန္ကလည္း ဘာမွ အေရးမယူခဲ့တာကေတာ့ ဒီပြဲရဲ႕ အလွည့္အေျပာင္းပဲျဖစ္ပါတယ္။

ဒုတိယပုိင္းမွာ အာဆင္နယ္တုိ႔ အဖြင့္ဂိုးရရွိခဲ့ၿပီး တစ္ဖက္ဂိုးသမားကို အႏၲရာယ္မျဖစ္ေအာင္ ဘယ္လိုကန္ရမလဲ ေကာင္းေကာင္းသိတဲ့ အူဘာမီယန္းနဲ႔ လာကာဇက္တုိ႔ရဲ႕ စိတ္ပ်က္စရာအဆုံးသတ္ေတြကေန ထူးျခားေကာင္းမြန္ခဲ့တဲ့ ေပေပရဲ႕ လွပတဲ့ ပြဲခ်ိန္ ၆၈ မိနစ္ သြင္းဂိုးနဲ႔အတူ ဦးေဆာင္ႏုိင္ခဲ့ပါတယ္။

ဒါေပမယ့္ ဧည့္သည္ဂန္းနားေတြရဲ႕ အေပ်ာ္က ၾကာၾကာမခံခဲ့ဘဲ အျမင့္ေဘာေတြနဲ႔ ဖိအားေပးေနတဲ့ ဘ႐ိုက္တန္တုိ႔ရဲ႕ မထင္မွတ္တဲ့ ဗ်ဴဟာျဖစ္ခဲ့တဲ့ ေထာင့္ကန္ေဘာကေန အတုိေပးၿပီး ထိုးေဖာက္ခဲ့ရာမွာ ရွင္းထုတ္ဖို႔ ေဝဝါးေနတဲ့ ေနာက္တန္းေတြရဲ႕ အမွားကေန ဘ႐ိုက္တန္ၾကယ္ပြင့္ေနာက္ခံလူ လူးဝစၥ ဒန္႔ခ္က ပြဲခ်ိန္ ၇၅ မိနစ္မွာ ေခ်ပဂိုး သြင္းယူသြားခဲ့ပါတယ္။

တစ္ဂိုးစီ သေရျဖစ္သြားလုိ႔ အိမ္ရွင္ဘ႐ိုက္တန္တုိ႔ ကစားအားတင္ခဲ့ၿပီး ေမာ္ေပကို ထိန္းထားႏုိင္တဲ့ တစ္ဖက္ေနာက္တန္းေတြကို ဖိအားေပးဖို႔ နည္းျပ ဂေရဟမ္ ေပါ့တာက လူငယ္ေတာင္ပံကစားသမား ကြန္ႏုိလီကို ထည့္ၿပီး တုိက္စစ္ပုိမိုဖိကစားခဲ့သလို ဧည့္သည္ အာဆင္နယ္ကေတာ့ လာကာဇက္၊ ေပေပနဲ႔ ဆာကာတုိ႔ကို ထုတ္ၿပီး သေရကစားမယ့္ ပုံစံမက်တက်ကို ဦးတည္ခဲ့ပါတယ္။

အာဆင္နယ္တုိ႔ရဲ႕ ဗ်ဴဟာနဲ႔ လူစားလဲမွဳေတြက ဒီပြဲမွာ ဦးတည္ခ်က္မဲ့ေနၿပီး ဒီတုိင္းပဲ တစ္ဂိုးစီသေရနဲ႔ ပြဲၿပီးေတာ့မယ္လုိ႔ ထင္ေနတုန္းမွာ ဘ႐ိုက္တန္ရဲ႕ လူစားဝင္ေတာင္ပံကစားသမား ကြန္ႏိုလီ ခ်ေပးတာကို တုိက္စစ္မွဴး ေမာ္ေပက မလိုအပ္ဘဲ ေရွ႕တက္လာခဲ့တဲ့ လူစားဝင္ဂိုးသမား မာတီနက္ဇ္ကို ေက်ာ္ကန္သြားခဲ့ၿပီး အသင္းအတြက္ သုံးမွတ္ကို ရယူေပးႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီပြဲအရွဳံးရလဒ္ေၾကာင့္ အာဆင္နယ္တုိ႔အေနနဲ႔ ဥေရာပဝင္ခြင့္အတြက္ စိုးရိမ္သြားခဲ့ရၿပီး ခ်န္ပီယံလိဂ္ဝင္ဖို႔ထက္ ယူ႐ိုပါလိဂ္ကေန မျပဳတ္ေအာင္ဘဲ ဂ႐ုစိုက္ရေတာ့မွာျဖစ္သလို ဒဏ္ရာရ ကစားသမားေတြလည္း မ်ားျပားသြားခဲ့လို႔ အသင္းရဲ႕ ေရွ႕ခရီးက ခက္ခဲသြားခဲ့ပါေၾကာင္း တင္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲကျန် ၂၉ အဖြစ် ကစားခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ပွဲစဉ်ကို အဝေးကွင်းမှာ သုံးဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ဒီနေ့မှာလည်း ပွဲစဉ် ၃၀ အဖြစ် ကစားတဲ့ ဘရိုက်တန်ကို သုံးရက်အတွင်း ဒုတိယမြောက် ရှုံးပွဲအဖြစ် ထပ်ပြီး အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။

နောက်ဆုံးတွေ့ဆုံမှု ၅ ကြိမ်မှာ အာဆင်နယ်တို့အနေနဲ့ တစ်ပွဲမှ မနိုင်ခဲ့တဲ့ ဘရိုက်တန်အသင်းဟာ ဒီပွဲတွေမှာ ၂ ပွဲနိုင် ၃ ပွဲသရေ ရလဒ် ရယူနိုင်ခဲ့ပြီး မြောက်လန်ဒန်အသင်းကိုတော့ ဒုက္ခအပေးနိုင်ဆုံး အသင်းတစ်သင်းအဖြစ် ဒီနေ့မှာလည်း ဒဏ်ရာတွေနဲ့ ဂိုးတွေကို ပေးစွမ်းသွားခဲ့တာပါ။

ပွဲချိန် မိနစ် ၄၀ မှာ ဂိုးသမား လီနိုကို ဘရိုက်တန်တိုက်စစ်မှူး မော်ပေရဲ့ ကြမ်းတမ်းစွာ ကစားမှုကြောင့် ဒူးလည်သွားခဲ့လို့ လူစားလဲခဲ့ရပြီး ဒါကို အာဆင်နယ် အသင်းဖော်တွေကတော့ ခပ်အေးအေးပဲ ကြည့်နေခဲ့ကြသလို ဒိုင်လူကြီး မာတင် အက်ကင်ဆန်ကလည်း ဘာမှ အရေးမယူခဲ့တာကတော့ ဒီပွဲရဲ့ အလှည့်အပြောင်းပဲဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ အာဆင်နယ်တို့ အဖွင့်ဂိုးရရှိခဲ့ပြီး တစ်ဖက်ဂိုးသမားကို အန္တရာယ်မဖြစ်အောင် ဘယ်လိုကန်ရမလဲ ကောင်းကောင်းသိတဲ့ အူဘာမီယန်းနဲ့ လာကာဇက်တို့ရဲ့ စိတ်ပျက်စရာအဆုံးသတ်တွေကနေ ထူးခြားကောင်းမွန်ခဲ့တဲ့ ပေပေရဲ့ လှပတဲ့ ပွဲချိန် ၆၈ မိနစ် သွင်းဂိုးနဲ့အတူ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဧည့်သည်ဂန်းနားတွေရဲ့ အပျော်က ကြာကြာမခံခဲ့ဘဲ အမြင့်ဘောတွေနဲ့ ဖိအားပေးနေတဲ့ ဘရိုက်တန်တို့ရဲ့ မထင်မှတ်တဲ့ ဗျူဟာဖြစ်ခဲ့တဲ့ ထောင့်ကန်ဘောကနေ အတိုပေးပြီး ထိုးဖောက်ခဲ့ရာမှာ ရှင်းထုတ်ဖို့ ဝေဝါးနေတဲ့ နောက်တန်းတွေရဲ့ အမှားကနေ ဘရိုက်တန်ကြယ်ပွင့်နောက်ခံလူ လူးဝစ္စ ဒန့်ခ်က ပွဲချိန် ၇၅ မိနစ်မှာ ချေပဂိုး သွင်းယူသွားခဲ့ပါတယ်။

တစ်ဂိုးစီ သရေဖြစ်သွားလို့ အိမ်ရှင်ဘရိုက်တန်တို့ ကစားအားတင်ခဲ့ပြီး မော်ပေကို ထိန်းထားနိုင်တဲ့ တစ်ဖက်နောက်တန်းတွေကို ဖိအားပေးဖို့ နည်းပြ ဂရေဟမ် ပေါ့တာက လူငယ်တောင်ပံကစားသမား ကွန်နိုလီကို ထည့်ပြီး တိုက်စစ်ပိုမိုဖိကစားခဲ့သလို ဧည့်သည် အာဆင်နယ်ကတော့ လာကာဇက်၊ ပေပေနဲ့ ဆာကာတို့ကို ထုတ်ပြီး သရေကစားမယ့် ပုံစံမကျတကျကို ဦးတည်ခဲ့ပါတယ်။

အာဆင်နယ်တို့ရဲ့ ဗျူဟာနဲ့ လူစားလဲမှုတွေက ဒီပွဲမှာ ဦးတည်ချက်မဲ့နေပြီး ဒီတိုင်းပဲ တစ်ဂိုးစီသရေနဲ့ ပွဲပြီးတော့မယ်လို့ ထင်နေတုန်းမှာ ဘရိုက်တန်ရဲ့ လူစားဝင်တောင်ပံကစားသမား ကွန်နိုလီ ချပေးတာကို တိုက်စစ်မှူး မော်ပေက မလိုအပ်ဘဲ ရှေ့တက်လာခဲ့တဲ့ လူစားဝင်ဂိုးသမား မာတီနက်ဇ်ကို ကျော်ကန်သွားခဲ့ပြီး အသင်းအတွက် သုံးမှတ်ကို ရယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီပွဲအရှုံးရလဒ်ကြောင့် အာဆင်နယ်တို့အနေနဲ့ ဥရောပဝင်ခွင့်အတွက် စိုးရိမ်သွားခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ဖို့ထက် ယူရိုပါလိဂ်ကနေ မပြုတ်အောင်ဘဲ ဂရုစိုက်ရတော့မှာဖြစ်သလို ဒဏ်ရာရ ကစားသမားတွေလည်း များပြားသွားခဲ့လို့ အသင်းရဲ့ ရှေ့ခရီးက ခက်ခဲသွားခဲ့ပါကြောင်း တင်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.