Premier League

ေဒးလီးေမးလ္က ထုတ္ျပန္လုိက္တဲ့ ေဒးဗစ္ လူးဝစ္ဇ္ရဲ႕ အဆုိးနဲ႔ ေက်ာ္ၾကားတဲ့ မွတ္တမ္းမ်ား

အာဆင္နယ္အသင္းရဲ႕ ေနာက္တန္းမွာ ဝါရင့္တစ္ေယာက္အေနနဲ႔ ဦးေဆာင္ရမယ့္အစား အမွားအယြင္းေတြမ်ားစြာနဲ႔ အားနည္းခ်က္ျဖစ္ခဲ့တဲ့ ေဒးဗစ္ လူးဝစ္ဇ္ရဲ႕ သိသာထင္ရွားရဲ႕ မွတ္တမ္းဆုိးေတြကို ေဒးလီးေမးလ္သတင္းဌာနက ေဖာ္ျပခဲ့တာကို ျပန္လည္စုစည္းတင္ဆက္ေပးလုိက္ပါတယ္။

၁။ ဘရာဇီးလ္ Vs ဂ်ာမနီ – ၂၀၁၄ ကမာၻ႕ဖလားရဲ႕ ကြာတားဖိုင္နယ္ပြဲစဥ္ဟာ အိမ္ရွင္တုိ႔အတြက္ အရွက္တကြဲ အက်ဳိးနည္း ျဖစ္ခဲ့ရပါတယ္။ သီယာဂို ေဆးလ္ဗား မပါဝင္ႏုိင္လို႔ လက္ပတ္ကို ဝတ္ၿပီး ဂုဏ္ထူးေဆာင္ခြင့္ရခဲ့တဲ့ ေဒးဗစ္ လူးဝစ္ဇ္ရဲ႕ ခံစစ္အရည္အေသြးကေတာ့ ယုန္ေတာင္ေျပး၊ ေခြးေျမာက္လုိက္ ဆုိသလိုပါပဲ။ ေနရာယူပုံေတြ အမ်ားႀကီးမွားယြင္းေနခဲ့ၿပီး ကြင္းလယ္အဖ်က္ကစားသမားျဖစ္သင့္ခဲ့တဲ့ ဘရာဇီးလ္သားဟာ တည္တည္ ၿငိမ္ၿငိမ္နဲ႔ ကိုယ့္ေနရာကိုယ္မေနတတ္ခဲ့တဲ့ အဆုိးရြားဆုံးပြဲတစ္ပြဲျဖစ္ခဲ့ပါတယ္။

၂။ ပီအက္စ္ဂ်ီ Vs ဘာစီလိုနာ – ၂၀၁၅ ခုႏွစ္က ဒီပြဲမွာ ကမာၻ႕ေဈးအႀကီးဆုံးေနာက္ခံလူျဖစ္ေနခဲ့တဲ့ ေဒးဗစ္ လူးဝစ္ဇ္ဟာ ကိုယ့္ကိုယ္ကို ယုံၾကည္မွဳ လြန္ကဲေနၿပီး ဘာစီလိုနာတုိက္စစ္မွဴး လူးဝစ္ ဆြာရက္ဇ္ရဲ႕ ရယ္စရာျဖစ္ခဲ့ရတာပါ။ သူ႕ကို လွည့္ထြက္ဖို႔ ႀကဳိးစားတာကို ဆြာရက္ဇ္က ေဘာလုံးလုယူသြားခဲ့သလို ခံစစ္သမားတစ္ေယာက္အဖို႔ ေပါင္ၾကားထည့္ခံရတယ္ဆုိတာ မဆန္းေပမယ့္ ဥ႐ုေဂြးသားရဲ႕ ႏွစ္ႀကိမ္တုိင္တိုင္ ေပါင္ၾကား ထည့္သြားခဲ့တာက ႏွစ္ဂိုးျဖစ္ခဲ့တာကေတာ့ ေတာ္ေတာ္ေလး ထူးဆန္းခဲ့တာပါပဲ။

၃။ ခ်ဲလ္ဆီး Vs မန္ခ်က္စတာယူႏုိက္တက္ – ကြန္တီရဲ႕ လက္ထက္မွာ သုံးေယာက္တန္းမွာ ေျခစြမ္းျပခဲ့တဲ့ ေဒးဗစ္ လူးဝစ္ဇ္ဟာ သမား႐ိုးက် ေလးေယာက္တန္းခံစစ္မွာ ေကာင္းေကာင္းမကစားတတ္တဲ့ သက္ေသကို ဆာရီရဲ႕လက္ထက္ ၂၀၁၈ အိမ္ကြင္းပြဲစဥ္မွာ ျမင္ခဲ့ရပါတယ္။ ႏွစ္ဂိုးစီ သေရ က်ခဲ့တဲ့ ဒီပြဲမွာ မလိုအပ္ဘဲ ေဘာလုံးတက္လုရာမွာ ေဘာလုံးမရဘဲ လူက်န္ေနခဲ့တဲ့ သူ႕ေၾကာင့္ ခ်ဲလ္ဆီးေနာက္တန္းရဲ႕ စုဖြဲ႕မွဳ ပ်က္သြားခဲ့ၿပီး မာစီယယ္လ္က သူ႕ရဲ႕ ဒုတိယေျမာက္ဂိုးကို ရရွိသြားခဲ့တာပါ။

၄။ စပါးစ္ Vs ခ်ဲလ္ဆီး – ၂၀၁၈ ခုႏွစ္မွာ ဝင္ဘလီကြင္းကို အိမ္ကြင္းအျဖစ္ အသုံးျပဳထားတဲ့ စပါးစ္တုိ႔ဆီကို ခရီးႏွင္ခဲ့ရတဲ့ ဒီပြဲမွာ ေဒးဗစ္ လူးဝစ္ဇ္ဟာ ခ်ဲလ္ဆီးေပးခဲ့ရတဲ့ သုံးဂိုးစလုံးမွာ တာဝန္ရွိေနခဲ့တာပါ။ ပထမဂိုးမွာ ဒီဖရီးကစ္ျဖစ္ဖို႔အတြက္ ဟာရီကိန္းကို ျပစ္ဒဏ္က်ဴးလြန္၊ ဒုတိယဂိုးမွာ ဟာရီကိန္းကန္သြင္းတဲ့ ေဘာလုံးကို ထိထိေရာက္ေရာက္ မကာကြယ္ႏုိင္ဘဲ ဂိုးသမား ကီပါရဲ႕ ျမင္ကြင္းကိုပိတ္၊ တတိယဂိုးမွာေတာ့ ဆြန္ရဲ႕ တစ္ကိုယ္ေတာ္ေျခစြမ္းမွာ ေနာက္ဆုံးဖ်က္ထုတ္ခြင့္ရွိတဲ့အခ်ိန္မွာ ကိုရီးယားသားကို ထိေတာင္ မထိႏုိင္ခဲ့ဘဲ ဂိုးေပးခဲ့ရတာလည္းျဖစ္ပါတယ္။

၅။ လီဗာပူးလ္ Vs အာဆင္နယ္ – ဒီရာသီမွာ သူ႕ရဲ႕ အာဆင္နယ္အသင္းနဲ႔ ဒုတိယေျမာက္ပြဲျဖစ္ခဲ့တဲ့ လီဗာပူးလ္နဲ႔ပြဲမွာ အမွားႏွစ္ႀကိမ္နဲ႔အတူ အေျပာင္းေရႊ႕လုပ္ေဆာင္သူေတြကို မ်က္ႏွာပ်က္ေစခဲ့တာပါ။ ဒုတိယပုိင္းအစမွာ ဆာလာရဲ႕ အက်ႌကို ဆြဲၿပီး ပင္နယ္တီေပးခဲ့သလို ေနာက္တစ္ႀကိမ္ မွာလည္း ဆာလားကို ေသခ်ာမဖ်က္ဘဲ လြတ္ထြက္သြားတာကေန ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

၆။ ခ်ဲလ္ဆီး Vs အာဆင္နယ္ – ဒီပြဲမွာေတာ့ ေဒးဗစ္ လူးဝစ္ဇ္အေနနဲ႔ မူစတာဖီရဲ႕ ဓားစာခံျဖစ္ခဲ့တယ္လုိ႔ ဆုိၾကေပမယ့္ တကယ္တမ္းေတာ့ သူ႕အေနနဲ႔ ေလွ်ာထိုးဖ်က္ထုတ္ဖို႔ မလုပ္သင့္တာကို စိတ္အပူလြန္ၿပီး လုပ္ခဲ့တာပါ။ ပင္နယ္တီ ဧရိယာထဲမွာ အျမဲတမ္း ပ်ာယာခတ္ေလ့ရွိတဲ့ ဘရာဇီးလ္ ေနာက္ခံလူဟာ မူစတာဖီ ဂိုးစည္းနားကို ေရာက္ေနခ်ိန္မွာ ေအဘရာဟမ္ကို စိတ္ႀကဳိက္မကန္ႏုိင္ေအာင္ ေဘာ္ဒီခုထားလုိက္ရင္ ၿပီးၿပီျဖစ္ေပမယ့္ မလိုအပ္ဘဲ လွဲခ်ဖ်က္ထုတ္ရင္း အနီကတ္ထိသြားခဲ့တာျဖစ္ပါတယ္။

ဒီျဖစ္ရပ္ေတြကေတာ့ အသက္ ၃၃ ႏွစ္အရြယ္ ေနာက္ခံလူရဲ႕ ထင္ရွားတဲ့ အဆိုးနဲ႔ ေက်ာ္ၾကားမွဳေတြျဖစ္ခဲ့ၿပီး ၿပီးခဲ့တဲ့ မန္စီးတီးနဲ႔ပြဲက အမွားႏွစ္ႀကိမ္ဟာ သူ႕အတြက္ အထူးအဆန္းမဟုတ္ဘဲ အရင္က က်ဴးလြန္ခဲ့တဲ့ အမွားေတြနဲ႔ဆုိရင္ ဘာမွ မထူးျခားျခင္း မရွိတဲ့ ထပ္တလဲလဲလုပ္ရပ္ေတြျဖစ္တယ္လို႔ ေဒးလီးေမးလ္က စုစည္းေဖာ္ျပခဲ့တာလည္းျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
VIDEOS CREDIT TO YOUTUBE
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ နောက်တန်းမှာ ဝါရင့်တစ်ယောက်အနေနဲ့ ဦးဆောင်ရမယ့်အစား အမှားအယွင်းတွေများစွာနဲ့ အားနည်းချက်ဖြစ်ခဲ့တဲ့ ဒေးဗစ် လူးဝစ်ဇ်ရဲ့ သိသာထင်ရှားရဲ့ မှတ်တမ်းဆိုးတွေကို ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြခဲ့တာကို ပြန်လည်စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

၁။ ဘရာဇီးလ် Vs ဂျာမနီ – ၂၀၁၄ ကမ္ဘာ့ဖလားရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ဟာ အိမ်ရှင်တို့အတွက် အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရပါတယ်။ သီယာဂို ဆေးလ်ဗား မပါဝင်နိုင်လို့ လက်ပတ်ကို ဝတ်ပြီး ဂုဏ်ထူးဆောင်ခွင့်ရခဲ့တဲ့ ဒေးဗစ် လူးဝစ်ဇ်ရဲ့ ခံစစ်အရည်အသွေးကတော့ ယုန်တောင်ပြေး၊ ခွေးမြောက်လိုက် ဆိုသလိုပါပဲ။ နေရာယူပုံတွေ အများကြီးမှားယွင်းနေခဲ့ပြီး ကွင်းလယ်အဖျက်ကစားသမားဖြစ်သင့်ခဲ့တဲ့ ဘရာဇီးလ်သားဟာ တည်တည် ငြိမ်ငြိမ်နဲ့ ကိုယ့်နေရာကိုယ်မနေတတ်ခဲ့တဲ့ အဆိုးရွားဆုံးပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။

၂။ ပီအက်စ်ဂျီ Vs ဘာစီလိုနာ – ၂၀၁၅ ခုနှစ်က ဒီပွဲမှာ ကမ္ဘာ့ဈေးအကြီးဆုံးနောက်ခံလူဖြစ်နေခဲ့တဲ့ ဒေးဗစ် လူးဝစ်ဇ်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲနေပြီး ဘာစီလိုနာတိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်ရဲ့ ရယ်စရာဖြစ်ခဲ့ရတာပါ။ သူ့ကို လှည့်ထွက်ဖို့ ကြိုးစားတာကို ဆွာရက်ဇ်က ဘောလုံးလုယူသွားခဲ့သလို ခံစစ်သမားတစ်ယောက်အဖို့ ပေါင်ကြားထည့်ခံရတယ်ဆိုတာ မဆန်းပေမယ့် ဥရုဂွေးသားရဲ့ နှစ်ကြိမ်တိုင်တိုင် ပေါင်ကြား ထည့်သွားခဲ့တာက နှစ်ဂိုးဖြစ်ခဲ့တာကတော့ တော်တော်လေး ထူးဆန်းခဲ့တာပါပဲ။

၃။ ချဲလ်ဆီး Vs မန်ချက်စတာယူနိုက်တက် – ကွန်တီရဲ့ လက်ထက်မှာ သုံးယောက်တန်းမှာ ခြေစွမ်းပြခဲ့တဲ့ ဒေးဗစ် လူးဝစ်ဇ်ဟာ သမားရိုးကျ လေးယောက်တန်းခံစစ်မှာ ကောင်းကောင်းမကစားတတ်တဲ့ သက်သေကို ဆာရီရဲ့လက်ထက် ၂၀၁၈ အိမ်ကွင်းပွဲစဉ်မှာ မြင်ခဲ့ရပါတယ်။ နှစ်ဂိုးစီ သရေ ကျခဲ့တဲ့ ဒီပွဲမှာ မလိုအပ်ဘဲ ဘောလုံးတက်လုရာမှာ ဘောလုံးမရဘဲ လူကျန်နေခဲ့တဲ့ သူ့ကြောင့် ချဲလ်ဆီးနောက်တန်းရဲ့ စုဖွဲ့မှု ပျက်သွားခဲ့ပြီး မာစီယယ်လ်က သူ့ရဲ့ ဒုတိယမြောက်ဂိုးကို ရရှိသွားခဲ့တာပါ။

၄။ စပါးစ် Vs ချဲလ်ဆီး – ၂၀၁၈ ခုနှစ်မှာ ဝင်ဘလီကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုထားတဲ့ စပါးစ်တို့ဆီကို ခရီးနှင်ခဲ့ရတဲ့ ဒီပွဲမှာ ဒေးဗစ် လူးဝစ်ဇ်ဟာ ချဲလ်ဆီးပေးခဲ့ရတဲ့ သုံးဂိုးစလုံးမှာ တာဝန်ရှိနေခဲ့တာပါ။ ပထမဂိုးမှာ ဒီဖရီးကစ်ဖြစ်ဖို့အတွက် ဟာရီကိန်းကို ပြစ်ဒဏ်ကျူးလွန်၊ ဒုတိယဂိုးမှာ ဟာရီကိန်းကန်သွင်းတဲ့ ဘောလုံးကို ထိထိရောက်ရောက် မကာကွယ်နိုင်ဘဲ ဂိုးသမား ကီပါရဲ့ မြင်ကွင်းကိုပိတ်၊ တတိယဂိုးမှာတော့ ဆွန်ရဲ့ တစ်ကိုယ်တော်ခြေစွမ်းမှာ နောက်ဆုံးဖျက်ထုတ်ခွင့်ရှိတဲ့အချိန်မှာ ကိုရီးယားသားကို ထိတောင် မထိနိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

၅။ လီဗာပူးလ် Vs အာဆင်နယ် – ဒီရာသီမှာ သူ့ရဲ့ အာဆင်နယ်အသင်းနဲ့ ဒုတိယမြောက်ပွဲဖြစ်ခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲမှာ အမှားနှစ်ကြိမ်နဲ့အတူ အပြောင်းရွှေ့လုပ်ဆောင်သူတွေကို မျက်နှာပျက်စေခဲ့တာပါ။ ဒုတိယပိုင်းအစမှာ ဆာလာရဲ့ အင်္ကျီကို ဆွဲပြီး ပင်နယ်တီပေးခဲ့သလို နောက်တစ်ကြိမ် မှာလည်း ဆာလားကို သေချာမဖျက်ဘဲ လွတ်ထွက်သွားတာကနေ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

၆။ ချဲလ်ဆီး Vs အာဆင်နယ် – ဒီပွဲမှာတော့ ဒေးဗစ် လူးဝစ်ဇ်အနေနဲ့ မူစတာဖီရဲ့ ဓားစာခံဖြစ်ခဲ့တယ်လို့ ဆိုကြပေမယ့် တကယ်တမ်းတော့ သူ့အနေနဲ့ လျှောထိုးဖျက်ထုတ်ဖို့ မလုပ်သင့်တာကို စိတ်အပူလွန်ပြီး လုပ်ခဲ့တာပါ။ ပင်နယ်တီ ဧရိယာထဲမှာ အမြဲတမ်း ပျာယာခတ်လေ့ရှိတဲ့ ဘရာဇီးလ် နောက်ခံလူဟာ မူစတာဖီ ဂိုးစည်းနားကို ရောက်နေချိန်မှာ အေဘရာဟမ်ကို စိတ်ကြိုက်မကန်နိုင်အောင် ဘော်ဒီခုထားလိုက်ရင် ပြီးပြီဖြစ်ပေမယ့် မလိုအပ်ဘဲ လှဲချဖျက်ထုတ်ရင်း အနီကတ်ထိသွားခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်တွေကတော့ အသက် ၃၃ နှစ်အရွယ် နောက်ခံလူရဲ့ ထင်ရှားတဲ့ အဆိုးနဲ့ ကျော်ကြားမှုတွေဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ မန်စီးတီးနဲ့ပွဲက အမှားနှစ်ကြိမ်ဟာ သူ့အတွက် အထူးအဆန်းမဟုတ်ဘဲ အရင်က ကျူးလွန်ခဲ့တဲ့ အမှားတွေနဲ့ဆိုရင် ဘာမှ မထူးခြားခြင်း မရှိတဲ့ ထပ်တလဲလဲလုပ်ရပ်တွေဖြစ်တယ်လို့ ဒေးလီးမေးလ်က စုစည်းဖော်ပြခဲ့တာလည်းဖြစ်ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
VIDEOS CREDIT TO YOUTUBE
SPORTS A2Z.