Premier League Serie A

ဒီဘားလားကို ေရာင္းခ်ဖို႔ျပင္ဆင္လာတဲ့ ဂ်ဴဗင္တပ္စ္

တိုက္စစ္မွဴး ခရစၥတီယာႏို ေရာ္နယ္လ္ဒို ေရာက္ရွိလာၿပီးေနာက္ပိုင္း အသင္းမွာ အေရးပါမွဳ ေလ်ာ့က်လာခဲ့တဲ့ ေပၚလို ဒီဘာလားဟာ ဂ်ဴဗင္တပ္အသင္းမွာ ေနရာရဖို႔ ႐ုန္းကန္ေနရလို႔ ဒီႏွစ္ေႏြရာသီမွာ အသင္းကေန ထြက္ခြာဖြယ္ရွိေနခဲ့ေၾကာင္း သိရပါတယ္။

ဂ်ဴဗင္တပ္အသင္းနဲ႔ ဒီဘာလားရဲ႕ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၂ ေႏြရာသီမွာမွ ကုန္ဆုံးမွာျဖစ္ၿပီး လက္ရွိရာသီမွာေတာ့ ၂၉ ပြဲ ကစားထားရာ ၁၁ ဂိုး သြင္းယူေပးထားပါတယ္။ ဂ်ဴဗီအားကစားဒါ႐ိုက္တာ ဖာဘီယို ပါရာတီခ်ီကေတာ့ အာဂ်င္တီးနားတုိက္စစ္မွဴးနဲ႔ ပတ္သတ္ၿပီး DAZN သတင္းဌာနမွာ အခုလိုေျပာခဲ့ပါတယ္။

“သူက စြမ္းေဆာင္ရည္ေကာင္းတဲ့ ကစားသမားျဖစ္ၿပီး ဘယ္လိုလုပ္ျပႏုိင္သလဲဆုိတာ ကြၽန္ေတာ္တို႔ ေကာင္းေကာင္းသိၾကပါတယ္။ လြန္ခဲ့တဲ့ လေတြက သူနဲ႔ စကားေျပာၿပီးပါၿပီ။ ဇန္န၀ါရီအေျပာင္းအေ႐ႊ႕မတိုင္ခင္ သူနဲ႔ ေဆြးေႏြးခဲ့တုန္းက ရာသီကုန္ထိအသင္းမွာ ဆက္ရွိဖို႔ သေဘာတူခဲ့ၾကပါတယ္”ဆိုၿပီး ေျပာဆိုသြားခဲ့ပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ တုိက္စစ္မွဴးကို ေႏြရာသီမွာေခၚယူဖို႔ စပါးအသင္းသာမက ၿပီးခဲ့တဲ့ ေႏြရာသီက ခ်ိတ္ဆက္ခဲ့ဖူးတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းကပါ စိတ္၀င္စားေနတာလည္း ျဖစ္ၿပီး ဒီဘာလားကိုယ္တိုင္ကလည္း “ကြၽန္ေတာ္အသင္းကေန ထြက္ခြာရေတာ့မွာပါ။ အသင္းဘက္ကလည္း အဲ့ဒီအေၾကာင္းေတြးေနမယ္ဆိုတာ ကြၽန္ေတာ္သိပါတယ္”ဆိုၿပီး ေျပာထားခဲ့ဖူးပါတယ္။

ဂ်ဴဗင္တပ္အသင္းဟာ စီးရီးေအဖလားကို ကိုးရာသီဆက္တိုက္ သိမ္းယူဖို႔ ႀကိဳးစားေနေပမယ့္ စေနေန႔ကကစားခဲ့တဲ့ ဗီ႐ိုနာနဲ႔ပြဲမွာေတာ့ မေမွ်ာ္လင့္ဘဲ အေဝးကြဲမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ရွဳံးပြဲႀကဳံခဲ့ရၿပီး ဒီဘာလားဟာလည္း ေနာက္ဆုံးမိနစ္သုံးဆယ္မွ လူစားကစားခြင့္ရခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAZN & MIRROR
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.

UNICODE: တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒို ရောက်ရှိလာပြီးနောက်ပိုင်း အသင်းမှာ အရေးပါမှု လျော့ကျလာခဲ့တဲ့ ပေါ်လို ဒီဘာလားဟာ ဂျူဗင်တပ်အသင်းမှာ နေရာရဖို့ ရုန်းကန်နေရလို့ ဒီနှစ်နွေရာသီမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေခဲ့ကြောင်း သိရပါတယ်။

ဂျူဗင်တပ်အသင်းနဲ့ ဒီဘာလားရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၂ နွေရာသီမှာမှ ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိရာသီမှာတော့ ၂၉ ပွဲ ကစားထားရာ ၁၁ ဂိုး သွင်းယူပေးထားပါတယ်။ ဂျူဗီအားကစားဒါရိုက်တာ ဖာဘီယို ပါရာတီချီကတော့ အာဂျင်တီးနားတိုက်စစ်မှူးနဲ့ ပတ်သတ်ပြီး DAZN သတင်းဌာနမှာ အခုလိုပြောခဲ့ပါတယ်။

“သူက စွမ်းဆောင်ရည်ကောင်းတဲ့ ကစားသမားဖြစ်ပြီး ဘယ်လိုလုပ်ပြနိုင်သလဲဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိကြပါတယ်။ လွန်ခဲ့တဲ့ လတွေက သူနဲ့ စကားပြောပြီးပါပြီ။ ဇန်နဝါရီအပြောင်းအရွှေ့မတိုင်ခင် သူနဲ့ ဆွေးနွေးခဲ့တုန်းက ရာသီကုန်ထိအသင်းမှာ ဆက်ရှိဖို့ သဘောတူခဲ့ကြပါတယ်”ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးကို နွေရာသီမှာခေါ်ယူဖို့ စပါးအသင်းသာမက ပြီးခဲ့တဲ့ နွေရာသီက ချိတ်ဆက်ခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကပါ စိတ်ဝင်စားနေတာလည်း ဖြစ်ပြီး ဒီဘာလားကိုယ်တိုင်ကလည်း “ကျွန်တော်အသင်းကနေ ထွက်ခွာရတော့မှာပါ။ အသင်းဘက်ကလည်း အဲ့ဒီအကြောင်းတွေးနေမယ်ဆိုတာ ကျွန်တော်သိပါတယ်”ဆိုပြီး ပြောထားခဲ့ဖူးပါတယ်။

ဂျူဗင်တပ်အသင်းဟာ စီးရီးအေဖလားကို ကိုးရာသီဆက်တိုက် သိမ်းယူဖို့ ကြိုးစားနေပေမယ့် စနေနေ့ကကစားခဲ့တဲ့ ဗီရိုနာနဲ့ပွဲမှာတော့ မမျှော်လင့်ဘဲ အဝေးကွဲမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးပွဲကြုံခဲ့ရပြီး ဒီဘာလားဟာလည်း နောက်ဆုံးမိနစ်သုံးဆယ်မှ လူစားကစားခွင့်ရခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAZN & MIRROR
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.