Match Report Premier League Serie A UCL&UEL

အေစီမီလန်ကို ဆန်စီရိုနိုင်ပွဲနဲ့ အုပ်စုတွင်း ရာနှုန်းပြည့်စံချိန်ထိန်းခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ရွှေဖိနပ်အတွက် ပြိုင်ဆိုင်မယ့် မိုဆာလား၊ မာနေးနဲ့ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြနေတဲ့ အိုရီဂီတို့ကို သုံးခဲ့ပြီး ဂိုးမှာတော့ အယ်လစ်ဆန်ပဲ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ခဲ့ပေမယ့် ကျန်ကွင်းလယ်နဲ့ ခံစစ်မှာတော့ အရန်ကစားသမား ၇ ဦးဖြစ်ကြတဲ့ မီနာမီနို၊ ချိမ်ဘာလိန်၊ မော်တန်၊ နက်ဖိလစ်၊ ကိုနာတေ၊ ဆီမီကတ်စ်နဲ့ နီကို ဝီလီယမ်စ်တို့ကို အသုံးပြုလာခဲ့ပါတယ်။

အေစီမီလန်ကတော့ ဂိုးမှာ မေညွန်၊ ခံစစ်မှာ သီယို ဟာနန်ဒက်ဇ်၊ ကာလုလု၊ ရိုမက်ညိုလီ၊ တိုမိုရီ၊ ကွင်းလယ်မှာ တိုနာလီ၊ ကက်ဆီယေးနဲ့ ခရူးနစ်ချ်၊ တိုက်စစ်မှာတော့ အီဘရာဟီမိုဗစ်ချ်ကို ဂျူနီယာ မက်ဆီယပ်စ်၊ ဘရာဟင်မ် ဒီယက်ဇ်တို့နဲ့ ဝန်းရံပေးခဲ့ပြီး သူတို့အတွက် အနိုင်ရရင် အုပ်စုက တက်ဖို့ နောက်ဆုံး ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားလာခဲ့တာပါ။

ပွဲချိန် ၄ မိနစ်မှာ ဆာလားပေးတာကို နီကို ဝီလီယမ်စ်က ကန်သွင်းခဲ့ပေမယ့် မေညွန်တည့်တည့်ကို ခပ်ပျော့ပျော့ပဲ ဖြစ်နေခဲ့သလို ပွဲချိန် ၈ မိနစ်မှာတော့ သီယို ဟာနန်ဒက်ဇ်ရဲ့ ဖရီးကစ်ကနေ တိုမိုရီ ခေါင်းတိုက်ခဲ့တာက ထိချက်မကောင်းခဲ့လို့ အယ်လစ်ဆန်ပဲ ဖမ်းယူသွားနိုင်ခဲ့သလို လူကျွံဘောနဲ့ တူနေတာကိုလည်း တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာတော့ အေစီမီလန်တို့ အဖွင့်ဂိုးရခဲ့ပြီး ထောင့်ကန်ဘောကနေ မက်ဆီယပ်စ် ကန်ပို့ပေးတာကို ရိုမာညိုလီရဲ့ ပိတ်သွင်းမှုကနေ မီနာမီနို မတားဆီးလိုက်နိုင်ဘဲ ထွက်ခဲ့တာကို အယ်လစ်ဆန် ကာကွယ်နိုင်ခဲ့ပေမယ့် နောက်က ပါလာတဲ့ တိုမိုရီက ပထမအကျော့က အုန်းဂိုးအတွက် ပေးဆပ်ပြီး ကန်သွင်းနိုင်ခဲ့သလို လီဗာပူးလ်ရဲ့ ကိုနာတေကတော့ Clean Sheet နဲ့ ဒီပွဲမှာ ကံမစပ်ဘဲဖြစ်ခဲ့ရတာပါ။

ဂိုးပေးလိုက်ရအပြီးမှာ လီဗာပူးလ်တို့ ပြန်လည်ထိုးဖောက်လာခဲ့ပြီး ပွဲချိန် ၃၂ မိနစ်မှာ အိုရီဂီရဲ့ လူကြားထဲက ခြေယောင်ပြပြီးမှ ကန်တဲ့ ကန်ချက်ကို မေညွန် ကာကွယ်နိုင်ခဲ့ပေမယ့် အေစီမီလန်ရဲ့ ခံစစ်ပိုင်းကတော့ ဆာလားနဲ့ မာနေးတို့ကို ထိန်းချုပ်ဖို့ ခက်နေခဲ့ပြီး ပြိုင်ဘက်မဟုတ်သလို ဖြစ်နေခဲ့တာကြောင့် မကြာခဏ ပေါက်ထွက်နေခဲ့ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာတော့ လီဗာပူးလ်တို့ ချေပဂိုး ပြန်လည်ရယူနိုင်ခဲ့ပြီး ကွင်းလယ်ကနေ ချိမ်ဘာလိန်ရဲ့ တစ်ကိုယ်တော် ထိုးဖောက်တဲ့ ကန်ချက်ကို မေညွန် ပုတ်ထုတ်ခဲ့တာက နောက်က လိုက်လာတဲ့ ဆာလားရှေ့ ကျလာခဲ့ပြီး အီဂျစ်တိုက်စစ်မှူးအတွက်တော့ ငှက်ပျောသီး အခွံနွှာစားသလောက် လွယ်ကူခဲ့လို့ တစ်ဂိုးစီသရေ ပြန်ဖြစ်နေခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ တန်ပြန်တိုက်စစ်ကနေ ထိုးဖောက်လာခဲ့တဲ့ ဆာဒီယို မာနေးရဲ့ အနီးကပ်ကန်ချက်က ဂိုးဘေးပိုက်ထဲ ရောက်သွားခဲ့သလို အိုရီဂီကလည်း အခွင့်အရေးတွေကို အသုံးချနိုင်ခြင်း မရှိတာကြောင့် အေစီမီလန်ဘက်ကို လီဗာပူးလ်တို့ ထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဆန်စီရိုက ပထမပိုင်းကတော့ တစ်ဂိုးစီသရေပဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း အမှတ်လိုနေပြီး နိုင်မှဖြစ်မယ့် အိမ်ရှင်ထက် လီဗာပူးလ်တို့ကပဲ ထိုးဖောက်ကစားနေခဲ့ပြီး ဆာလားရဲ့ ကန်ချက်ကို မေညွန် ကာကွယ်နိုင်ခဲ့သလို အိုရီဂီ၊ မီနာမီနိုတို့ရဲ့ တိုက်စစ်တိုးအားမှာ အေစီမီလန်နောက်တန်းနဲ့ ဂိုးသမားတို့ မပဋာ မြေလူးဖြစ်နေခဲ့တာကြောင့် သူတို့အသင်းရဲ့ ချန်ပီယံလိဂ် ချန်ပီယံနဲ့ ကာကာတို့ ခေတ်က မီလိုက်သူတွေအတွက် လွမ်းစရာဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၅၅ မိနစ်မှာတော့ လီဗာပူးလ်တို့ အနိုင်ဂိုး ရှာဖွေနိုင်ခဲ့ပြီး ပထမအကျော့က အုန်းဂိုးကို ချေပထားခဲ့တဲ့ နောက်ခံလူ တိုမိုရီရဲ့ ဘောလုံး အထိန်းအသိမ်းညံ့မှုကနေ မာနေးက ပြန်လည်ရယူပြီး ဘယ်ခြမ်းကနေ ကန်သွင်းခဲ့ရာမှာ မေညွန် ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကိုတော့ အိုရီဂီက ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ကလော့ပ်ရဲ့လူတွေ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အုပ်စုကို ကျော်ဖြတ်ဖို့ ဖြစ်လာခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ လီဗာပူးလ်ဘက်က ချိမ်ဘာလိန်၊ မီနာမီနို၊ ဆာလား၊ အိုရီဂီတို့ အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့သလို အေစီမီလန်ဘက်က ခရူးနစ်ချ်၊ အီဘရာဟီမိုဗစ်ချ်၊ ရာဖယ်လ် လီယာအိုနဲ့ ကက်ဆီယေးတို့လည်း လွဲချော်ခဲ့လို့ ပွဲချိန်အပြည့်မှာတော့ အဝေးကွင်းမှာ လီဗာပူးလ်တို့ပဲ နှစ်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြတာပါ။

ဒီပွဲရလဒ်ကြောင့် လီဗာပူးလ်တို့ ၆ ပွဲမှာ ၁၈ မှတ်၊ ရာနှုန်းပြည့်အနိုင်နဲ့ အုပ်စုကို ဝင့်ဝင့်ကြွားကြွား ကျော်ဖြတ်နိုင်ခဲ့သလို ဆာလားကတော့ အုပ်စု အဆင့်မှာ ၇ ဂိုးသွင်းယူနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး အေစီမီလန်အသင်းကတော့ အုပ်စု(B)ရဲ့ အောက်ဆုံးကနေ ရမှတ် ၄ မှတ်နဲ့ ဥရောပဘောင်မဝင်တော့ဘဲ လက်ပြနှုတ်ဆက်ခဲ့ရပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ေ႐ႊဖိနပ္အတြက္ ၿပိဳင္ဆိုင္မယ့္ မိုဆာလား၊ မာေနးနဲ႔ ေနာက္ပိုင္းပြဲေတြမွာ ေျခစြမ္းျပေနတဲ့ အိုရီဂီတို႔ကို သုံးခဲ့ၿပီး ဂိုးမွာေတာ့ အယ္လစ္ဆန္ပဲ အသင္းေခါင္းေဆာင္အျဖစ္ ပြဲထြက္ခဲ့ေပမယ့္ က်န္ကြင္းလယ္နဲ႔ ခံစစ္မွာေတာ့ အရန္ကစားသမား ၇ ဦးျဖစ္ၾကတဲ့ မီနာမီႏို၊ ခ်ိမ္ဘာလိန္၊ ေမာ္တန္၊ နက္ဖိလစ္၊ ကိုနာေတ၊ ဆီမီကတ္စ္နဲ႔ နီကို ဝီလီယမ္စ္တို႔ကို အသုံးျပဳလာခဲ့ပါတယ္။

ေအစီမီလန္ကေတာ့ ဂိုးမွာ ေမၫြန္၊ ခံစစ္မွာ သီယို ဟာနန္ဒက္ဇ္၊ ကာလုလု၊ ႐ိုမက္ညိဳလီ၊ တိုမိုရီ၊ ကြင္းလယ္မွာ တိုနာလီ၊ ကက္ဆီေယးနဲ႔ ခ႐ူးနစ္ခ်္၊ တိုက္စစ္မွာေတာ့ အီဘရာဟီမိုဗစ္ခ်္ကို ဂ်ဴနီယာ မက္ဆီယပ္စ္၊ ဘရာဟင္မ္ ဒီယက္ဇ္တို႔နဲ႔ ဝန္းရံေပးခဲ့ၿပီး သူတို႔အတြက္ အႏိုင္ရရင္ အုပ္စုက တက္ဖို႔ ေနာက္ဆုံး ေကာက္႐ိုးတစ္မွ်င္ကို ဆုပ္ကိုင္ႏိုင္ဖို႔ ႀကိဳးစားလာခဲ့တာပါ။

ပြဲခ်ိန္ ၄ မိနစ္မွာ ဆာလားေပးတာကို နီကို ဝီလီယမ္စ္က ကန္သြင္းခဲ့ေပမယ့္ ေမၫြန္တည့္တည့္ကို ခပ္ေပ်ာ့ေပ်ာ့ပဲ ျဖစ္ေနခဲ့သလို ပြဲခ်ိန္ ၈ မိနစ္မွာေတာ့ သီယို ဟာနန္ဒက္ဇ္ရဲ႕ ဖရီးကစ္ကေန တိုမိုရီ ေခါင္းတိုက္ခဲ့တာက ထိခ်က္မေကာင္းခဲ့လို႔ အယ္လစ္ဆန္ပဲ ဖမ္းယူသြားႏိုင္ခဲ့သလို လူကြၽံေဘာနဲ႔ တူေနတာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ ေအစီမီလန္တို႔ အဖြင့္ဂိုးရခဲ့ၿပီး ေထာင့္ကန္ေဘာကေန မက္ဆီယပ္စ္ ကန္ပို႔ေပးတာကို ႐ိုမာညိဳလီရဲ႕ ပိတ္သြင္းမႈကေန မီနာမီႏို မတားဆီးလိုက္ႏိုင္ဘဲ ထြက္ခဲ့တာကို အယ္လစ္ဆန္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ေနာက္က ပါလာတဲ့ တိုမိုရီက ပထမအေက်ာ့က အုန္းဂိုးအတြက္ ေပးဆပ္ၿပီး ကန္သြင္းႏိုင္ခဲ့သလို လီဗာပူးလ္ရဲ႕ ကိုနာေတကေတာ့ Clean Sheet နဲ႔ ဒီပြဲမွာ ကံမစပ္ဘဲျဖစ္ခဲ့ရတာပါ။

ဂိုးေပးလိုက္ရအၿပီးမွာ လီဗာပူးလ္တို႔ ျပန္လည္ထိုးေဖာက္လာခဲ့ၿပီး ပြဲခ်ိန္ ၃၂ မိနစ္မွာ အိုရီဂီရဲ႕ လူၾကားထဲက ေျခေယာင္ျပၿပီးမွ ကန္တဲ့ ကန္ခ်က္ကို ေမၫြန္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ေအစီမီလန္ရဲ႕ ခံစစ္ပိုင္းကေတာ့ ဆာလားနဲ႔ မာေနးတို႔ကို ထိန္းခ်ဳပ္ဖို႔ ခက္ေနခဲ့ၿပီး ၿပိဳင္ဘက္မဟုတ္သလို ျဖစ္ေနခဲ့တာေၾကာင့္ မၾကာခဏ ေပါက္ထြက္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ေခ်ပဂိုး ျပန္လည္ရယူႏိုင္ခဲ့ၿပီး ကြင္းလယ္ကေန ခ်ိမ္ဘာလိန္ရဲ႕ တစ္ကိုယ္ေတာ္ ထိုးေဖာက္တဲ့ ကန္ခ်က္ကို ေမၫြန္ ပုတ္ထုတ္ခဲ့တာက ေနာက္က လိုက္လာတဲ့ ဆာလားေရွ႕ က်လာခဲ့ၿပီး အီဂ်စ္တိုက္စစ္မႉးအတြက္ေတာ့ ငွက္ေပ်ာသီး အခြံႏႊာစားသေလာက္ လြယ္ကူခဲ့လို႔ တစ္ဂိုးစီသေရ ျပန္ျဖစ္ေနခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ တန္ျပန္တိုက္စစ္ကေန ထိုးေဖာက္လာခဲ့တဲ့ ဆာဒီယို မာေနးရဲ႕ အနီးကပ္ကန္ခ်က္က ဂိုးေဘးပိုက္ထဲ ေရာက္သြားခဲ့သလို အိုရီဂီကလည္း အခြင့္အေရးေတြကို အသုံးခ်ႏိုင္ျခင္း မရွိတာေၾကာင့္ ေအစီမီလန္ဘက္ကို လီဗာပူးလ္တို႔ ထပ္မံဂိုးသြင္းယူႏိုင္ျခင္းမရွိဘဲ ဆန္စီ႐ိုက ပထမပိုင္းကေတာ့ တစ္ဂိုးစီသေရပဲျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း အမွတ္လိုေနၿပီး ႏိုင္မွျဖစ္မယ့္ အိမ္ရွင္ထက္ လီဗာပူးလ္တို႔ကပဲ ထိုးေဖာက္ကစားေနခဲ့ၿပီး ဆာလားရဲ႕ ကန္ခ်က္ကို ေမၫြန္ ကာကြယ္ႏိုင္ခဲ့သလို အိုရီဂီ၊ မီနာမီႏိုတို႔ရဲ႕ တိုက္စစ္တိုးအားမွာ ေအစီမီလန္ေနာက္တန္းနဲ႔ ဂိုးသမားတို႔ မပဋာ ေျမလူးျဖစ္ေနခဲ့တာေၾကာင့္ သူတို႔အသင္းရဲ႕ ခ်န္ပီယံလိဂ္ ခ်န္ပီယံနဲ႔ ကာကာတို႔ ေခတ္က မီလိုက္သူေတြအတြက္ လြမ္းစရာျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ အႏိုင္ဂိုး ရွာေဖြႏိုင္ခဲ့ၿပီး ပထမအေက်ာ့က အုန္းဂိုးကို ေခ်ပထားခဲ့တဲ့ ေနာက္ခံလူ တိုမိုရီရဲ႕ ေဘာလုံး အထိန္းအသိမ္းညံ့မႈကေန မာေနးက ျပန္လည္ရယူၿပီး ဘယ္ျခမ္းကေန ကန္သြင္းခဲ့ရာမွာ ေမၫြန္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ျပန္ထြက္လာတဲ့ ေဘာလုံးကိုေတာ့ အိုရီဂီက ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ကေလာ့ပ္ရဲ႕လူေတြ ရာႏႈန္းျပည့္ႏိုင္ပြဲနဲ႔ အုပ္စုကို ေက်ာ္ျဖတ္ဖို႔ ျဖစ္လာခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ လီဗာပူးလ္ဘက္က ခ်ိမ္ဘာလိန္၊ မီနာမီႏို၊ ဆာလား၊ အိုရီဂီတို႔ အခြင့္အေရးေတြကို ျဖဳန္းတီးပစ္ခဲ့သလို ေအစီမီလန္ဘက္က ခ႐ူးနစ္ခ်္၊ အီဘရာဟီမိုဗစ္ခ်္၊ ရာဖယ္လ္ လီယာအိုနဲ႔ ကက္ဆီေယးတို႔လည္း လြဲေခ်ာ္ခဲ့လို႔ ပြဲခ်ိန္အျပည့္မွာေတာ့ အေဝးကြင္းမွာ လီဗာပူးလ္တို႔ပဲ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာပါ။

ဒီပြဲရလဒ္ေၾကာင့္ လီဗာပူးလ္တို႔ ၆ ပြဲမွာ ၁၈ မွတ္၊ ရာႏႈန္းျပည့္အႏိုင္နဲ႔ အုပ္စုကို ဝင့္ဝင့္ႂကြားႂကြား ေက်ာ္ျဖတ္ႏိုင္ခဲ့သလို ဆာလားကေတာ့ အုပ္စု အဆင့္မွာ ၇ ဂိုးသြင္းယူႏိုင္ခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ေအစီမီလန္အသင္းကေတာ့ အုပ္စု(B)ရဲ႕ ေအာက္ဆုံးကေန ရမွတ္ ၄ မွတ္နဲ႔ ဥေရာပေဘာင္မဝင္ေတာ့ဘဲ လက္ျပႏႈတ္ဆက္ခဲ့ရၿပီျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.