Ligue1 Match Report UCL&UEL

မက်ဆီ၊ အမ်ဘာပေတို့ရဲ့ Brace တွေနဲ့ နောက်ဆုံးပွဲမှ ကြိမ်းဝါးသံပေးတဲ့ PSG

ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့မှာ နေမာ မပါဝင်နိုင်သေးတဲ့ တိုက်စစ်အတွက် ဒီမာရီယာကို ဘယ်တောင်ပံမှာ ပြန်ထားခဲ့ပြီး အမ်ဘာပေကို အလယ်မှာ ထားခဲ့သလို မက်ဆီကိုတော့ ညာတောင်ပံမှာ ပြန်လည်နေရာချခဲ့ချိန်မှာ ကွင်းလယ်မှာ ဗာရက်တီနဲ့ ဗိုင်နယ်လ်ဒွမ်တို့ကိုတော့ ဖန်တီးမှုအတွက် ထည့်သွင်းခဲ့ပြီး ခံစစ်မှာ ဂေးယီ၊ မားကင်ညို့စ်၊ ဒီယယ်လို၊ ဟာကီမီ၊ နူနို မန်ဒက်စ်နဲ့ ဂိုးသမား ဒွန်နာရမ်မာတို့ ပွဲထွက်လာခဲ့ကြပါတယ်။

မစ်နိုလက် ဦးဆောင်ပြီး ပထမအကျော့မှာ သရေယူထားခဲ့တဲ့ ကလပ်ဘရုဂျ်ကတော့ ဒီပွဲမှာ အနိုင်ရခဲ့ရင် ယူရိုပါလိဂ်ကို သွားရောက်နိုင်သေးတာကြောင့် ကြိုးစားခဲ့သေးပေမယ့် ဘယ်လ်ဂျီယမ်လက်ရွေးစင်နဲ့ လက်ထောက်အသင်းခေါင်းဆောင် ဗာနာကင်၊ တိုက်စစ်မှူး ဒီကာတယ်လာရေး၊ တောင်ပံသမား နိုအာလန်းတို့လောက်နဲ့တော့ အဝေးကွင်းမှာ ပြင်သစ်ချန်ပီယံတို့ကို ယှဉ်ကစားဖို့က သိပ်ပြီး မဖြစ်နိုင်ခဲ့တာပါ။

ပွဲချိန် ၂ မိနစ် မပြည့်ခင်မှာပဲ ပီအက်စ်ဂျီတို့ ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ နူနို မန်ဒက်စ်ရဲ့ ဖြတ်တင်ဘောကို မစ်နိုလက်ရဲ့ ပုတ်ထုတ်မှုက ပြန်ကျလာခဲ့တာကို အမ်ဘာပေက အဝေးတိုင်ဘက်ကို ကန်သွင်းခဲ့ရာမှာ ကလပ်ဘရုဂျ်နောက်ခံလူနှစ်ယောက်ကြားထဲကနေ ဝင်သွားခဲ့လို့ အိမ်ရှင်တွေ အင်အားပြသနိုင်ခဲ့ပါတယ်။

ပွဲချိန် ၄ မိနစ်မှာ မက်ဆီ ဖန်တီးပေးတာကို လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ကြိုးစားခဲ့တဲ့ ကွင်းလယ်လူ ဗိုင်နယ်လ်ဒွမ်ရဲ့ အနိမ့်ဘော ချိုးကန်ချက်က တိုင်ဘေးက ထွက်သွားခဲ့သလို ကလပ်ဘရုဂျ်ကတော့ အထနှေးနေခဲ့လို့ မက်ဆီ၊ အမ်ဘာပေနဲ့ ဒီမာရီယာတို့ ပုံသေနေရာမယူဘဲ နေရာ ပြောင်းလဲထိုးဖောက်နေခဲ့ချိန်မှာ ပထမကျော့ကလို ပီအက်စ်ဂျီကို ခံကစားဖို့ မဖြစ်နိုင်ခဲ့ဘဲ အလွယ်တကူ ပြိုလဲနေခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၇ မိနစ်မှာတော့ ပီအက်စ်ဂျီတို့အတွက် ဒုတိယဦးဆောင်ဂိုးကို အမ်ဘာပေကပဲ ထပ်မံသွင်းယူနိုင်ခဲ့ပြီး ဒီမာရီယာ မ,တင်ပေးရာမှာ သူ့ကို ကပ်ထားခဲ့တဲ့ နောက်ခံလူ ဟင်ဒရီကို ခွာထွက်သွားခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူးက မစ်နိုလက်ရဲ့ ဘေးကနေ အနီးကပ် Volley ကန်သွင်းပြီး နှစ်ဂိုး-ဂိုးမရှိ ဖြစ်နေစေခဲ့တာပါ။

ပွဲချိန် ၁၂ မိနစ်မှာတော့ မက်ဆီ ဖန်တီးပေးတာကို ဒီမာရီယာရဲ့ အနီးကပ်ကန်ချက်ကို မစ်နိုလက် ကာကွယ်ခဲ့ရသလို ပီအက်စ်ဂျီတို့ပဲ အိမ်ကွင်းမှာ ဖိကစားနေခဲ့ပြီး ကလပ်ဘရုဂျ်ကတော့ တစ်ချက်တစ်လေမှ ကောင်တာကနေ ပြန်ပြီး ခြိမ်းခြောက်နိုင်ခဲ့သလို ဂေးယီရဲ့ ပေါ့လျော့မှုကနေ ဗာနာကင် ဖန်တီးပေးတာကို ညာခြမ်းကနေ ဆန်ဒရာ ကန်ခွင့်ရခဲ့ပေမယ့် ဒွန်နာရမ်မာ ပိတ်ဆို့ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၁ မိနစ်မှာတော့ အမ်ဘာပေ ဖန်တီးပေးတာကို မက်ဆီ စောစောစီးစီး အချိန်မဆိုင်းဘဲ ကန်သွင်းရမယ့်အစား ဘောလုံးအထိန်းလွန်လို့ မစ်နိုလက်နဲ့ နောက်ခံလူ ကလင်တန် မာတာတို့ ပူးပေါင်းပိတ်ဆို့သွားနိုင်ခဲ့သလို ပွဲချိန် ၃၅ မိနစ်မှာလည်း သူ့ရဲ့ တစ်ကိုယ်တော်ကန်ချက်ကို မစ်နိုလက်ပဲ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၈ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ တတိယဦးဆောင်ဂိုး ရယူနိုင်ခဲ့ပြီး ဘယ်ခြမ်းက တန်ပြန်တိုက်စစ်ကနေ အမ်ဘာပေ ဆွဲထွက်လာပြီး အလယ်ကို ချိုးပေးရာမှာ ဘောလုံးရသွားခဲ့တဲ့ မက်ဆီက ရှေ့က ပိတ်ဆို့ထားတဲ့ နောက်ခံလူ ၅ ယောက်လောက်ရဲ့ ဘေးက ဝိုက်ပြီး ဘယ်ဘက် အဝေးတိုင်ထောင့်ကို လှမ်းကန်သွင်းနိုင်ခဲ့လို့ သူ့ကို အကြိမ်ကြိမ် ပိတ်ဆို့နေခဲ့တဲ့ ဂိုးသမား မစ်နိုလက် အငိုက်မိသွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ အမ်ဘာပေရဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ကန်တဲ့ တစ်လုံးပဲ ထပ်ပြီး ရင်ခုန်စရာဖြစ်ခဲ့လို့ ရလဒ်က မပြောင်းလဲတော့ဘဲ ပထမပိုင်းမှာ ပီအက်စ်ဂျီတို့ စိုးမိုးချုပ်ကိုင်နိုင်ခဲ့တဲ့ ပုံစံအောက်က ကလပ်ဘရုဂျ်တို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ပီအက်စ်ဂျီတို့ ကစားအားချသွားခဲ့လို့ ကလပ်ဘရုဂျ်တို့ ပြန်တင်ကစားလာခဲ့ပြီး ဒီကက်တယ်လာရေး၊ နိုအာလန်းနဲ့ ရစ်ထ်စ်တို့ရဲ့ ထိုးဖောက်မှုတွေမှာ ခံစစ်နဲ့ ဂိုးသမား ဒွန်နာရမ်မာတို့ အလုပ်များခဲ့သလို ပွဲချိန် မိနစ် ၅၀ မှာတော့ ခြေသလုံးဒဏ်ရာရသွားတဲ့ နူနို မန်ဒက်စ်အစား ခါရာနဲ့ လူစားလဲပြီး ဒီယယ်လိုက ဘယ်ခြမ်းထွက်ကစားခဲ့ရပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာတော့ ဒီမာရီယာရဲ့ တစ်ကိုယ်တော်ကန်ချက်က တိုင်ဘေးက ထွက်သွားခဲ့ပြီး ပွဲချိန် ၆၈ မိနစ်မှာတော့ ဂေးယီဆီက ဘောလုံး ပြန်ရသွားခဲ့တဲ့ ဗာနာကင်နဲ့ နိုအာလန်းတို့ ချိတ်ဆက်သွားခဲ့ပြီး ညာခြမ်းကို ထိုးပေးခဲ့တာကို တစ်ယောက်တည်း လွတ်နေခဲ့တဲ့ ကွင်းလယ်လူ ရစ်ထ်စ်က အနိမ့်ဘော ထောင့်ဖြတ်ကန်သွင်းပြီး ဒွန်နာရမ်မာကို အနိုင်ယူနိုင်ခဲ့လို့ ကလပ်ဘရုဂျ်တို့ တစ်ဂိုးပြန်လည်ချေပနိုင်ခဲ့တာပါ။

ပွဲချိန် ၇၁ မိနစ်မှာ ကွင်းလယ်မှာ ရောင်းနေခဲ့တဲ့ ဂေးယီအစား ပါရေးဒက်စ်နဲ့ ဒီမာရီယာအစား အန်ဒါ ဟာရဲရားတို့ကို ပိုချက်တီနိုက ထည့်သွင်းခဲ့ပြီး ပွဲချိန် ၇၆ မိနစ်မှာတော့ မက်ဆီက သူ့ကြောင့်ရတဲ့ ပင်နယ်တီကို မစ်နိုလက် မလှုပ်နိုင်အောင် မြန်မြန်ဆန်ဆန်ပဲ လှည့်စားကန်သွင်းပြီး ပီအက်စ်ဂျီတို့အတွက် စတုတ္ထဂိုးကို ရယူသွားခဲ့ပါတယ်။

လက်ကျန်မိနစ်တွေမှာတော့ ပီအက်စ်ဂျီဘက်က ဗာရက်တီနဲ့ အမ်ဘာပေတို့အစား အီဘမ်ဘီနဲ့ အီကာဒီတို့ကို ထည့်ကစားသွားခဲ့ပြီး ကလပ် ဘရုဂျ်တို့ တိုက်စစ်ဆင်ခဲ့ပေမယ့် ဂိုးရှာဖွေနိုင်ခြင်းမရှိတော့တာကြောင့် အုပ်စု(A)ရဲ့ နောက်ဆုံးပွဲစဉ်က လေးဂိုး-တစ်ဂိုးနဲ့ ပြီးဆုံးခဲ့ပြီး နောက်တစ်ဆင့်အတွက် တစ်ဖက်က တက်လာမယ့် အုပ်စုဗိုလ်ကို ပါရီသားတွေ ခြိမ်းခြောက်မှု ကြိုတင်ပြသနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့မှာ နေမာ မပါဝင်နိုင်သေးတဲ့ တိုက်စစ်အတွက် ဒီမာရီယာကို ဘယ်တောင်ပံမှာ ပြန်ထားခဲ့ပြီး အမ်ဘာပေကို အလယ်မှာ ထားခဲ့သလို မက်ဆီကိုတော့ ညာတောင်ပံမှာ ပြန်လည်နေရာချခဲ့ချိန်မှာ ကွင်းလယ်မှာ ဗာရက်တီနဲ့ ဗိုင်နယ်လ်ဒွမ်တို့ကိုတော့ ဖန်တီးမှုအတွက် ထည့်သွင်းခဲ့ပြီး ခံစစ်မှာ ဂေးယီ၊ မားကင်ညို့စ်၊ ဒီယယ်လို၊ ဟာကီမီ၊ နူနို မန်ဒက်စ်နဲ့ ဂိုးသမား ဒွန်နာရမ်မာတို့ ပွဲထွက်လာခဲ့ကြပါတယ်။

မစ်နိုလက် ဦးဆောင်ပြီး ပထမအကျော့မှာ သရေယူထားခဲ့တဲ့ ကလပ်ဘရုဂ်ျကတော့ ဒီပွဲမှာ အနိုင်ရခဲ့ရင် ယူရိုပါလိဂ်ကို သွားရောက်နိုင်သေးတာကြောင့် ကြိုးစားခဲ့သေးပေမယ့် ဘယ်လ်ဂျီယမ်လက်ရွေးစင်နဲ့ လက်ထောက်အသင်းခေါင်းဆောင် ဗာနာကင်၊ တိုက်စစ်မှူး ဒီကာတယ်လာရေး၊ တောင်ပံသမား နိုအာလန်းတို့လောက်နဲ့တော့ အဝေးကွင်းမှာ ပြင်သစ်ချန်ပီယံတို့ကို ယှဉ်ကစားဖို့က သိပ်ပြီး မဖြစ်နိုင်ခဲ့တာပါ။

ပွဲချိန် ၂ မိနစ် မပြည့်ခင်မှာပဲ ပီအက်စ်ဂျီတို့ ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ နူနို မန်ဒက်စ်ရဲ့ ဖြတ်တင်ဘောကို မစ်နိုလက်ရဲ့ ပုတ်ထုတ်မှုက ပြန်ကျလာခဲ့တာကို အမ်ဘာပေက အဝေးတိုင်ဘက်ကို ကန်သွင်းခဲ့ရာမှာ ကလပ်ဘရုဂ်ျနောက်ခံလူနှစ်ယောက်ကြားထဲကနေ ဝင်သွားခဲ့လို့ အိမ်ရှင်တွေ အင်အားပြသနိုင်ခဲ့ပါတယ်။

ပွဲချိန် ၄ မိနစ်မှာ မက်ဆီ ဖန်တီးပေးတာကို လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ကြိုးစားခဲ့တဲ့ ကွင်းလယ်လူ ဗိုင်နယ်လ်ဒွမ်ရဲ့ အနိမ့်ဘော ချိုးကန်ချက်က တိုင်ဘေးက ထွက်သွားခဲ့သလို ကလပ်ဘရုဂ်ျကတော့ အထနှေးနေခဲ့လို့ မက်ဆီ၊ အမ်ဘာပေနဲ့ ဒီမာရီယာတို့ ပုံသေနေရာမယူဘဲ နေရာ ပြောင်းလဲထိုးဖောက်နေခဲ့ချိန်မှာ ပထမကျော့ကလို ပီအက်စ်ဂျီကို ခံကစားဖို့ မဖြစ်နိုင်ခဲ့ဘဲ အလွယ်တကူ ပြိုလဲနေခဲ့တာလည်းဖြစ်ပါတယ်။


ပွဲချိန် ၁၂ မိနစ်မှာတော့ မက်ဆီ ဖန်တီးပေးတာကို ဒီမာရီယာရဲ့ အနီးကပ်ကန်ချက်ကို မစ်နိုလက် ကာကွယ်ခဲ့ရသလို ပီအက်စ်ဂျီတို့ပဲ အိမ်ကွင်းမှာ ဖိကစားနေခဲ့ပြီး ကလပ်ဘရုဂ်ျကတော့ တစ်ချက်တစ်လေမှ ကောင်တာကနေ ပြန်ပြီး ခြိမ်းခြောက်နိုင်ခဲ့သလို ဂေးယီရဲ့ ပေါ့လျော့မှုကနေ ဗာနာကင် ဖန်တီးပေးတာကို ညာခြမ်းကနေ ဆန်ဒရာ ကန်ခွင့်ရခဲ့ပေမယ့် ဒွန်နာရမ်မာ ပိတ်ဆို့ကာကွယ်သွားနိုင်ခဲ့ပါတယ်။



ဒီနောက်ပိုင်းမှာတော့ အမ်ဘာပေရဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ကန်တဲ့ တစ်လုံးပဲ ထပ်ပြီး ရင်ခုန်စရာဖြစ်ခဲ့လို့ ရလဒ်က မပြောင်းလဲတော့ဘဲ ပထမပိုင်းမှာ ပီအက်စ်ဂျီတို့ စိုးမိုးချုပ်ကိုင်နိုင်ခဲ့တဲ့ ပုံစံအောက်က ကလပ်ဘရုဂ်ျတို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ပီအက်စ်ဂျီတို့ ကစားအားချသွားခဲ့လို့ ကလပ်ဘရုဂ်ျတို့ ပြန်တင်ကစားလာခဲ့ပြီး ဒီကက်တယ်လာရေး၊ နိုအာလန်းနဲ့ ရစ်ထ်စ်တို့ရဲ့ ထိုးဖောက်မှုတွေမှာ ခံစစ်နဲ့ ဂိုးသမား ဒွန်နာရမ်မာတို့ အလုပ်များခဲ့သလို ပွဲချိန် မိနစ် ၅၀ မှာတော့ ခြေသလုံးဒဏ်ရာရသွားတဲ့ နူနို မန်ဒက်စ်အစား ခါရာနဲ့ လူစားလဲပြီး ဒီယယ်လိုက ဘယ်ခြမ်းထွက်ကစားခဲ့ရပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာတော့ ဒီမာရီယာရဲ့ တစ်ကိုယ်တော်ကန်ချက်က တိုင်ဘေးက ထွက်သွားခဲ့ပြီး ပွဲချိန် ၆၈ မိနစ်မှာတော့ ဂေးယီဆီက ဘောလုံး ပြန်ရသွားခဲ့တဲ့ ဗာနာကင်နဲ့ နိုအာလန်းတို့ ချိတ်ဆက်သွားခဲ့ပြီး ညာခြမ်းကို ထိုးပေးခဲ့တာကို တစ်ယောက်တည်း လွတ်နေခဲ့တဲ့ ကွင်းလယ်လူ ရစ်ထ်စ်က အနိမ့်ဘော ထောင့်ဖြတ်ကန်သွင်းပြီး ဒွန်နာရမ်မာကို အနိုင်ယူနိုင်ခဲ့လို့ ကလပ်ဘရုဂ်ျတို့ တစ်ဂိုးပြန်လည်ချေပနိုင်ခဲ့တာပါ။


လက်ကျန်မိနစ်တွေမှာတော့ ပီအက်စ်ဂျီဘက်က ဗာရက်တီနဲ့ အမ်ဘာပေတို့အစား အီဘမ်ဘီနဲ့ အီကာဒီတို့ကို ထည့်ကစားသွားခဲ့ပြီး ကလပ် ဘရုဂ်ျတို့ တိုက်စစ်ဆင်ခဲ့ပေမယ့် ဂိုးရှာဖွေနိုင်ခြင်းမရှိတော့တာကြောင့် အုပ်စု(A)ရဲ့ နောက်ဆုံးပွဲစဉ်က လေးဂိုး-တစ်ဂိုးနဲ့ ပြီးဆုံးခဲ့ပြီး နောက်တစ်ဆင့်အတွက် တစ်ဖက်က တက်လာမယ့် အုပ်စုဗိုလ်ကို ပါရီသားတွေ ခြိမ်းခြောက်မှု ကြိုတင်ပြသနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.