Analysis Premier League

လူမသတ်ရင်တော်ပြီဆိုတဲ့ မိုက်ဒင်းန် အဲဗာတန် 2-1 အာဆင်နယ်ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7ချက်

နိုင်ပွဲမရှိနဲ့ ရှုံးပွဲဆက်မှတ်တမ်းကို ရပ်တန့်ခဲ့တဲ့ အဲဗာတန်
အဲဗာတန်အသင်းအနေနဲ့ ဒီနေ့မှာ အသင်းရဲ့ ၈ ပွဲဆက်တိုက် နိုင်ပွဲမရှိမှတ်တမ်းကို ရပ်တန့်နိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးသုံးပွဲဆက်တိုက် အနိုင်မရရှိမှုကိုလည်း အာဆင်နယ်နဲ့ပွဲမှာ ရပ်တန့်လိုက်နိုင်တာဖြစ်ပါတယ်။ အဝေးကွင်းနှစ်ပွဲဆက်ကစားခဲ့ရတဲ့ အာဆင်နယ်ကတော့ အဝေးကွင်း ၈ ပွဲမှာ ၅ ပွဲမြောက် ရှုံးပွဲလည်းဖြစ်ခဲ့သလို သူတို့ရဲ့ အမှတ်တွေက လမ်းပေါ်မှာ အဓိက လွတ်ကျခဲ့တာဖြစ်ပြီး ပုံစံပျက်နေပြီး နည်းပြ ဘင်နီတက်ဇ်တောင် ပြုတ်စော် နံနေတဲ့ အဲဗာတန်ကို အနိုင်မယူတတ်ခဲ့တာကတော့ ဆိုးရွားလွန်းပါတယ်။ သူတို့တွေ လုပ်နေကျ တစ်ဂိုးတည်းနဲ့ ခံစစ်ပိတ်ကစားချိန်မှာ အဲဗာတန်က ဖွင့်တိုက်ခဲ့တာဖြစ်ပြီး အိမ်ရှင်တွေရဲ့ နိုင်ပွဲက ချီးကျူးစရာဖြစ်ခဲ့ပါတယ်။

ဂိုးရှေ့မှာ သတိပြုစရာ အော်ဒီဂွါဒ်
အာဆင်နယ်ကွင်းလယ်လူနဲ့ ဖန်တီးရှင် မာတင် အော်ဒီဂွါဒ်ကတော့ အသင်းရှုံးနိမ့်ခဲ့ပေမယ့်လည်း သူ့ရဲ့ အဆုံးသတ်စွမ်းရည်ကို ပြသနိုင်ခဲ့သလို ဂိုးဧရိယာထဲမှာအချိန်ကိုက် နေရာယူတတ်မှုနဲ့အတူ နှစ်ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ နော်ဝေသားရဲ့ နည်းပြနဲ့ တိုင်ပင်ထားခဲ့တဲ့ အဓိက တာဝန်က ဘောလုံးဖြန်ဖို့နဲ့ ဖန်တီးပေးဖို့ပဲဖြစ်ပေမယ့် တိုက်စစ်မှာ သုံးစားမရတဲ့ ဖွတ်ကျား အူဘာမီယန်းနဲ့ လာကာဇက်တို့လို လူတွေကြောင့် သူ့အနေနဲ့ ရှေ့တက်ပြီး ဂိုးသွင်းဖို့ တာဝန်ကိုပါ ခွဲဝေယူခဲ့ရသလို တည်ကန်ဘောတွေပါ ထူးချွန်တဲ့ အော်ဒီဂွါဒ်တစ်ယောက် အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်မှာ တောက်ပဖို့ဆိုတာက မြေကြီးလက်ခတ်မလွဲပဲဖြစ်ပါလိမ့်မယ်။

ဒီမာရိုင် ဂရေးရဲ့ တောက်ပမှု
ရာသီအစက နိုင်ပွဲဆက်ခဲ့တုန်းကလည်း လေဗာကူဆင်ကနေ ပေါင်တစ်သန်းခွဲနဲ့ ပြန်လာတဲ့ ဒီမာရိုင် ဂရေးက အခရာကျခဲ့ပြီး ဘယ်ခြမ်းကနေ တောက်ပခဲ့သလို ဒီနေ့ပွဲမှာလည်း ဘယ်ခြမ်းကနေ တိုမီယာစု၊ ဘန်ဝှိုက်နဲ့ ပါတေးတို့ရဲ့ ဆက်ကြောင်းကို အချိန်တိုင်း ဒုက္ခပေးသွားနိုင်ခဲ့တာဖြစ်ပါတယ်။ အတက်အဆင်းမမှန်တဲ့ ဂျပန်သား တိုမီယာစု၊ ဖျက်အားနည်းတဲ့ ဘန်ဝှိုက်နဲ့ ဒဏ်ရာရမှာ ကြောက်တဲ့ ပါတေးတို့ကြားကနေ ဂရေးတစ်ယောက် သုံးကြိမ်တိတိ အလုပ်လုပ်ခဲ့ရာမှာ တစ်ကြိမ်သာ ဘေးထွက်ခဲ့ပြီး တစ်ကြိမ်က ဘားထိပြီး ပြန်အကျမှာ ရစ်ချာလစ်ဆန်က ခေါင်းတိုက်ပြီး ဂိုးရယူနိုင်ခဲ့သလို နောက်တစ်ကြိမ်ကတော့ သူကိုယ်တိုင်ရဲ့ သွင်းဂိုးဖြစ်ခဲ့တာပါ။

အမှတ်လိုမှု+အိမ်ကွင်း+အာဆင်နယ်=၃မှတ်
အထက်ပါ အီကွေးရှင်းကတော့ နောက်ဆုံးအဝေးကွင်း သုံးပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်တို့အတွက် နောက်ဆုံးပေါ် အီကွေးရှင်းလည်း ဖြစ်ပါတယ်။ နောက်ဆုံး အဝေးကွင်းသုံးပွဲမှာ လီဗာပူးလ်ကို လေးဂိုး၊ မန်ချက်စတာယူနိုက်တက်ကို သုံးဂိုးနဲ့ အဲဗာတန်ကို နှစ်ဂိုးပေးခဲ့ရတဲ့ ခံစစ်က ဘာအတွက်မှ ဝင့်ကြွားလို့ မရသလို အထူးသဖြင့်တော့ ပုလွေရိုး ခန္ဓာကိုယ်နဲ့ ဗဟိုခံစစ်မှူးတွေဟာ တစ်ဖက်က တိုက်စစ်မှူးအကိတ်တွေအတွက် ကြီးမားတဲ့ ပစ်မှတ်လည်းဖြစ်ပါတယ်။ လီဗာပူးလ်တို့ရဲ့ ဝက်စ်ဟမ်းရှုံးပွဲက ပြန်လာချိန်၊ မန်ယူနိုက်တက်တို့ရဲ့ ဝတ်ဖို့ဒ်ရှုံးပွဲက ပြန်လာချိန်၊ အဲဗာတန်တို့ရဲ့ ၈ ပွဲဆက် အနိုင်မရှိမှုက ရုန်းထွက်ချိန်တွေမှာ ဧည့်သည်လာတဲ့ အာဆင်နယ်အသင်းဟာ အိမ်ရှင်တွေအပေါ် သိတတ်မှု ကြီးမားခဲ့ပြီး ကိုးမှတ်နဲ့ ကိုးဂိုး နဝင်းကိုက် အလှူကြီးပေးခဲ့တာလည်းဖြစ်ပါတယ်။

အူတိုင်ချောင်နေတဲ့ အာဆင်နယ်
အာဆင်နယ်တို့ ရုန်းကန်ရတဲ့ ပွဲတွေ များလာချိန်မှာ တိုက်စစ်မှူး ကပ္ပတိန် အူဘာမီယန်းကို အပြစ်တင်ကြပေမယ့် ဒါက တစ်ဝက်ပဲ မှန်ပါတယ်။ ဂါဘွန်သား ဂိုးမသွင်းနိုင်တာဟာ ခံစစ်နဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့် ကွင်းလယ်ကနေ နောက်တန်းရှေ့က ထိုင်ရောင်းနေတဲ့ သောမတ်စ် ပါတေးရဲ့ “မျက်လုံးလေးတစ်ဖက်ကို မှိတ်ပြလိုက်ရင် တစ်ပုံကြီးပါလာမယ်”ဆိုတဲ့ ထွန်းအိန္ဒြာဗိုသီချင်းလိုအဖြစ်က ပိုပြီးမှ အရမ်းဆိုးတဲ့ဘက်ကို ရောက်နေခဲ့တာပါ။ အသင်းရဲ့ ဝင်ရိုးလို့ ခေါ်ရမလား အူတိုင်လို့ ခေါ်ရမလား မသိတဲ့ ဂါနာသားရဲ့ လက်ရှိခြေစွမ်းဟာ အက်သလက်တီကို မက်ဒရစ်ကနဲ့ ဘာမှ မဆိုင်သလို ဖိအားဒဏ်ကို မခံနိုင်ဘဲ အမှားတွေ ကျူးလွန်နေပြီး အဖျက်ပိုင်းမှာပါ ပေါင် ၄၅ သန်းတန်အောင် ရေပက်မဝင်ဖြစ်ရမယ့်အစား လွယ်လွယ်ကူကူနဲ့ အလျှော့ပေးနေတာတွေက ပရီးမီးယားလိဂ်ပြိုင်ဘက်တွေ အကြိုက် ဖြစ်နေခဲ့ပါတယ်။

လူမသတ်ရင် တော်ပြီဆိုတဲ့ မိုက်ဒင်းန်
အာဆင်နယ်ပွဲဆိုရင် ကောင်းကောင်းကြီး နှိပ်ကွပ်တတ်တဲ့ စပါးစ်ဖန် မိုက်ဒင်းန်ဟာ တစ်ဖက်စောင်းနင်း ဆုံးဖြတ်ချက်တွေကို ချမှတ်လေ့ရှိပြီး ခေတ်တွေ ပြောင်းလာချိန်မှာတော့ သူလည်း Upgrade လုပ်ပြီး ပုံစံပြောင်းသွားခဲ့ပါတယ်။ ဒါကတော့ တစ်ဖက်အသင်းက အာဆင်နယ်ကို ဘာလုပ်လုပ် မျက်ကွယ်ပြုထားခဲ့တာပါပဲ။ ဒီနေ့ပွဲမှာ တိုက်ရိုက်အနီကတ်လို့ ဘောလုံးကျွမ်းကျင်သူတွေ ထောက်ပြခဲ့ကြတဲ့ အဲဗာတန်နောက်ခံလူ ဂေါ့ဖရီရဲ့ တိုမီယာစု မျက်နှာကို တက်နင်းမှုမှာ ဘာကတ်မှ မပြခဲ့သလို ဒုတိယပိုင်းမှာလည်း နူနို တာဗာရက်စ်ကို ဂေါ်ဒန်ရဲ့ ရှေ့တစ်ချက် နောက်တစ်ချက်ကန်ခဲ့တာကို မကောင်းတတ်လို့ ဖရီးကစ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီအသက် ၅၃ နှစ်သားဟာ Modern Game တွေကို နားလည်ပုံလည်း မရတော့ဘဲ တစ်ယူသန် ကိုင်တွယ်နေခဲ့သလို အဝါကတ်နည်းနည်းနဲ့ ထိန်းသိမ်းနိုင်မှ တော်တာလို့ သူ့ကိုယ်သူ အထင်မှားနေတဲ့ ဆိုက်ကိုတစ်ယောက်လည်းဖြစ်နေခဲ့တာပါ။

VAR ကြောင့် ဟက်ထရစ် မရခဲ့တဲ့ ရစ်ချာလစ်ဆန်
အဲဗာတန်တိုက်စစ်မှူး ရစ်ချာလစ်ဆန်ရဲ့ သွင်းဂိုးနှစ်ဂိုးဟာ VAR ရဲ့ လွဲမှားစွာ ပယ်ဖျက်ခြင်းကို ခံခဲ့ရပါတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ ရှေ့က တိုမီယာစုကို တက်နင်းထားတဲ့ အဲဗာတန်နောက်ခံလူ ဂေါ့ဖရီကို အနီမပြခဲ့လို့ ပြန်ပြီး အလျော်ပေးနေခဲ့တာဖြစ်ပါတယ်။ တစ်ဖက်နောက်ခံလူနဲ့ တစ်ထပ်တည်းရှိခဲ့တဲ့ ဘရာဇီးလ်သားရဲ့ လှုပ်ရှားမှုတွေ လူမကျွံကြောင်း အာဆင်နယ်ဖန်တွေကပါ ပြောနေခဲ့ကြပြီး နောက်ဆုံးသွင်းဂိုးကိုတော့ ဘယ်လိုမှ တားမရလို့ တတိယ အကြိမ်မှာ VAR က ခွင့်ပြုလိုက်ရတာပါ။ စတူးဝပ် အက်ထ်ဝဲလ် ကိုင်တွယ်တယ်လို့ သိရတဲ့ VAR ကြောင့်သာ မဟုတ်ရင် ရစ်ချာလစ်ဆန်တစ်ယောက် ဒီနေ့မှာ ဟက်ထရစ် ရခဲ့မှာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ႏိုင္ပြဲမရွိနဲ႔ ရႈံးပြဲဆက္မွတ္တမ္းကို ရပ္တန႔္ခဲ့တဲ့ အဲဗာတန္
အဲဗာတန္အသင္းအေနနဲ႔ ဒီေန႔မွာ အသင္းရဲ႕ ၈ ပြဲဆက္တိုက္ ႏိုင္ပြဲမရွိမွတ္တမ္းကို ရပ္တန႔္ႏိုင္ခဲ့တာျဖစ္ၿပီး ေနာက္ဆုံးသုံးပြဲဆက္တိုက္ အႏိုင္မရရွိမႈကိုလည္း အာဆင္နယ္နဲ႔ပြဲမွာ ရပ္တန႔္လိုက္ႏိုင္တာျဖစ္ပါတယ္။ အေဝးကြင္းႏွစ္ပြဲဆက္ကစားခဲ့ရတဲ့ အာဆင္နယ္ကေတာ့ အေဝးကြင္း ၈ ပြဲမွာ ၅ ပြဲေျမာက္ ရႈံးပြဲလည္းျဖစ္ခဲ့သလို သူတို႔ရဲ႕ အမွတ္ေတြက လမ္းေပၚမွာ အဓိက လြတ္က်ခဲ့တာျဖစ္ၿပီး ပုံစံပ်က္ေနၿပီး နည္းျပ ဘင္နီတက္ဇ္ေတာင္ ျပဳတ္ေစာ္ နံေနတဲ့ အဲဗာတန္ကို အႏိုင္မယူတတ္ခဲ့တာကေတာ့ ဆိုး႐ြားလြန္းပါတယ္။ သူတို႔ေတြ လုပ္ေနက် တစ္ဂိုးတည္းနဲ႔ ခံစစ္ပိတ္ကစားခ်ိန္မွာ အဲဗာတန္က ဖြင့္တိုက္ခဲ့တာျဖစ္ၿပီး အိမ္ရွင္ေတြရဲ႕ ႏိုင္ပြဲက ခ်ီးက်ဴးစရာျဖစ္ခဲ့ပါတယ္။

ဂိုးေရွ႕မွာ သတိျပဳစရာ ေအာ္ဒီဂြါဒ္
အာဆင္နယ္ကြင္းလယ္လူနဲ႔ ဖန္တီးရွင္ မာတင္ ေအာ္ဒီဂြါဒ္ကေတာ့ အသင္းရႈံးနိမ့္ခဲ့ေပမယ့္လည္း သူ႔ရဲ႕ အဆုံးသတ္စြမ္းရည္ကို ျပသႏိုင္ခဲ့သလို ဂိုးဧရိယာထဲမွာအခ်ိန္ကိုက္ ေနရာယူတတ္မႈနဲ႔အတူ ႏွစ္ပြဲဆက္တိုက္ ဂိုးသြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ေနာ္ေဝသားရဲ႕ နည္းျပနဲ႔ တိုင္ပင္ထားခဲ့တဲ့ အဓိက တာဝန္က ေဘာလုံးျဖန္ဖို႔နဲ႔ ဖန္တီးေပးဖို႔ပဲျဖစ္ေပမယ့္ တိုက္စစ္မွာ သုံးစားမရတဲ့ ဖြတ္က်ား အူဘာမီယန္းနဲ႔ လာကာဇက္တို႔လို လူေတြေၾကာင့္ သူ႔အေနနဲ႔ ေရွ႕တက္ၿပီး ဂိုးသြင္းဖို႔ တာဝန္ကိုပါ ခြဲေဝယူခဲ့ရသလို တည္ကန္ေဘာေတြပါ ထူးခြၽန္တဲ့ ေအာ္ဒီဂြါဒ္တစ္ေယာက္ အာဆင္နယ္နဲ႔ ပရီးမီးယားလိဂ္မွာ ေတာက္ပဖို႔ဆိုတာက ေျမႀကီးလက္ခတ္မလြဲပဲျဖစ္ပါလိမ့္မယ္။

ဒီမာ႐ိုင္ ဂေရးရဲ႕ ေတာက္ပမႈ
ရာသီအစက ႏိုင္ပြဲဆက္ခဲ့တုန္းကလည္း ေလဗာကူဆင္ကေန ေပါင္တစ္သန္းခြဲနဲ႔ ျပန္လာတဲ့ ဒီမာ႐ိုင္ ဂေရးက အခရာက်ခဲ့ၿပီး ဘယ္ျခမ္းကေန ေတာက္ပခဲ့သလို ဒီေန႔ပြဲမွာလည္း ဘယ္ျခမ္းကေန တိုမီယာစု၊ ဘန္ဝႈိက္နဲ႔ ပါေတးတို႔ရဲ႕ ဆက္ေၾကာင္းကို အခ်ိန္တိုင္း ဒုကၡေပးသြားႏိုင္ခဲ့တာျဖစ္ပါတယ္။ အတက္အဆင္းမမွန္တဲ့ ဂ်ပန္သား တိုမီယာစု၊ ဖ်က္အားနည္းတဲ့ ဘန္ဝႈိက္နဲ႔ ဒဏ္ရာရမွာ ေၾကာက္တဲ့ ပါေတးတို႔ၾကားကေန ဂေရးတစ္ေယာက္ သုံးႀကိမ္တိတိ အလုပ္လုပ္ခဲ့ရာမွာ တစ္ႀကိမ္သာ ေဘးထြက္ခဲ့ၿပီး တစ္ႀကိမ္က ဘားထိၿပီး ျပန္အက်မွာ ရစ္ခ်ာလစ္ဆန္က ေခါင္းတိုက္ၿပီး ဂိုးရယူႏိုင္ခဲ့သလို ေနာက္တစ္ႀကိမ္ကေတာ့ သူကိုယ္တိုင္ရဲ႕ သြင္းဂိုးျဖစ္ခဲ့တာပါ။

အမွတ္လိုမႈ+အိမ္ကြင္း+အာဆင္နယ္=၃မွတ္
အထက္ပါ အီေကြးရွင္းကေတာ့ ေနာက္ဆုံးအေဝးကြင္း သုံးပြဲဆက္တိုက္ ရႈံးနိမ့္ခဲ့တဲ့ အာဆင္နယ္တို႔အတြက္ ေနာက္ဆုံးေပၚ အီေကြးရွင္းလည္း ျဖစ္ပါတယ္။ ေနာက္ဆုံး အေဝးကြင္းသုံးပြဲမွာ လီဗာပူးလ္ကို ေလးဂိုး၊ မန္ခ်က္စတာယူႏိုက္တက္ကို သုံးဂိုးနဲ႔ အဲဗာတန္ကို ႏွစ္ဂိုးေပးခဲ့ရတဲ့ ခံစစ္က ဘာအတြက္မွ ဝင့္ႂကြားလို႔ မရသလို အထူးသျဖင့္ေတာ့ ပုေလြ႐ိုး ခႏၶာကိုယ္နဲ႔ ဗဟိုခံစစ္မႉးေတြဟာ တစ္ဖက္က တိုက္စစ္မႉးအကိတ္ေတြအတြက္ ႀကီးမားတဲ့ ပစ္မွတ္လည္းျဖစ္ပါတယ္။ လီဗာပူးလ္တို႔ရဲ႕ ဝက္စ္ဟမ္းရႈံးပြဲက ျပန္လာခ်ိန္၊ မန္ယူႏိုက္တက္တို႔ရဲ႕ ဝတ္ဖို႔ဒ္ရႈံးပြဲက ျပန္လာခ်ိန္၊ အဲဗာတန္တို႔ရဲ႕ ၈ ပြဲဆက္ အႏိုင္မရွိမႈက ႐ုန္းထြက္ခ်ိန္ေတြမွာ ဧည့္သည္လာတဲ့ အာဆင္နယ္အသင္းဟာ အိမ္ရွင္ေတြအေပၚ သိတတ္မႈ ႀကီးမားခဲ့ၿပီး ကိုးမွတ္နဲ႔ ကိုးဂိုး နဝင္းကိုက္ အလႉႀကီးေပးခဲ့တာလည္းျဖစ္ပါတယ္။

အူတိုင္ေခ်ာင္ေနတဲ့ အာဆင္နယ္
အာဆင္နယ္တို႔ ႐ုန္းကန္ရတဲ့ ပြဲေတြ မ်ားလာခ်ိန္မွာ တိုက္စစ္မႉး ကပၸတိန္ အူဘာမီယန္းကို အျပစ္တင္ၾကေပမယ့္ ဒါက တစ္ဝက္ပဲ မွန္ပါတယ္။ ဂါဘြန္သား ဂိုးမသြင္းႏိုင္တာဟာ ခံစစ္နဲ႔ တိုက္႐ိုက္မသက္ဆိုင္ေပမယ့္ ကြင္းလယ္ကေန ေနာက္တန္းေရွ႕က ထိုင္ေရာင္းေနတဲ့ ေသာမတ္စ္ ပါေတးရဲ႕ “မ်က္လုံးေလးတစ္ဖက္ကို မွိတ္ျပလိုက္ရင္ တစ္ပုံႀကီးပါလာမယ္”ဆိုတဲ့ ထြန္းအိျႏၵာဗိုသီခ်င္းလိုအျဖစ္က ပိုၿပီးမွ အရမ္းဆိုးတဲ့ဘက္ကို ေရာက္ေနခဲ့တာပါ။ အသင္းရဲ႕ ဝင္႐ိုးလို႔ ေခၚရမလား အူတိုင္လို႔ ေခၚရမလား မသိတဲ့ ဂါနာသားရဲ႕ လက္ရွိေျခစြမ္းဟာ အက္သလက္တီကို မက္ဒရစ္ကနဲ႔ ဘာမွ မဆိုင္သလို ဖိအားဒဏ္ကို မခံႏိုင္ဘဲ အမွားေတြ က်ဴးလြန္ေနၿပီး အဖ်က္ပိုင္းမွာပါ ေပါင္ ၄၅ သန္းတန္ေအာင္ ေရပက္မဝင္ျဖစ္ရမယ့္အစား လြယ္လြယ္ကူကူနဲ႔ အေလွ်ာ့ေပးေနတာေတြက ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြ အႀကိဳက္ ျဖစ္ေနခဲ့ပါတယ္။

လူမသတ္ရင္ ေတာ္ၿပီဆိုတဲ့ မိုက္ဒင္းန္
အာဆင္နယ္ပြဲဆိုရင္ ေကာင္းေကာင္းႀကီး ႏွိပ္ကြပ္တတ္တဲ့ စပါးစ္ဖန္ မိုက္ဒင္းန္ဟာ တစ္ဖက္ေစာင္းနင္း ဆုံးျဖတ္ခ်က္ေတြကို ခ်မွတ္ေလ့ရွိၿပီး ေခတ္ေတြ ေျပာင္းလာခ်ိန္မွာေတာ့ သူလည္း Upgrade လုပ္ၿပီး ပုံစံေျပာင္းသြားခဲ့ပါတယ္။ ဒါကေတာ့ တစ္ဖက္အသင္းက အာဆင္နယ္ကို ဘာလုပ္လုပ္ မ်က္ကြယ္ျပဳထားခဲ့တာပါပဲ။ ဒီေန႔ပြဲမွာ တိုက္႐ိုက္အနီကတ္လို႔ ေဘာလုံးကြၽမ္းက်င္သူေတြ ေထာက္ျပခဲ့ၾကတဲ့ အဲဗာတန္ေနာက္ခံလူ ေဂါ့ဖရီရဲ႕ တိုမီယာစု မ်က္ႏွာကို တက္နင္းမႈမွာ ဘာကတ္မွ မျပခဲ့သလို ဒုတိယပိုင္းမွာလည္း ႏူႏို တာဗာရက္စ္ကို ေဂၚဒန္ရဲ႕ ေရွ႕တစ္ခ်က္ ေနာက္တစ္ခ်က္ကန္ခဲ့တာကို မေကာင္းတတ္လို႔ ဖရီးကစ္ေပးခဲ့တာျဖစ္ပါတယ္။ ဒီအသက္ ၅၃ ႏွစ္သားဟာ Modern Game ေတြကို နားလည္ပုံလည္း မရေတာ့ဘဲ တစ္ယူသန္ ကိုင္တြယ္ေနခဲ့သလို အဝါကတ္နည္းနည္းနဲ႔ ထိန္းသိမ္းႏိုင္မွ ေတာ္တာလို႔ သူ႔ကိုယ္သူ အထင္မွားေနတဲ့ ဆိုက္ကိုတစ္ေယာက္လည္းျဖစ္ေနခဲ့တာပါ။

VAR ေၾကာင့္ ဟက္ထရစ္ မရခဲ့တဲ့ ရစ္ခ်ာလစ္ဆန္
အဲဗာတန္တိုက္စစ္မႉး ရစ္ခ်ာလစ္ဆန္ရဲ႕ သြင္းဂိုးႏွစ္ဂိုးဟာ VAR ရဲ႕ လြဲမွားစြာ ပယ္ဖ်က္ျခင္းကို ခံခဲ့ရပါတယ္။ ဒါက ဘာေၾကာင့္လဲဆိုေတာ့ ေရွ႕က တိုမီယာစုကို တက္နင္းထားတဲ့ အဲဗာတန္ေနာက္ခံလူ ေဂါ့ဖရီကို အနီမျပခဲ့လို႔ ျပန္ၿပီး အေလ်ာ္ေပးေနခဲ့တာျဖစ္ပါတယ္။ တစ္ဖက္ေနာက္ခံလူနဲ႔ တစ္ထပ္တည္းရွိခဲ့တဲ့ ဘရာဇီးလ္သားရဲ႕ လႈပ္ရွားမႈေတြ လူမကြၽံေၾကာင္း အာဆင္နယ္ဖန္ေတြကပါ ေျပာေနခဲ့ၾကၿပီး ေနာက္ဆုံးသြင္းဂိုးကိုေတာ့ ဘယ္လိုမွ တားမရလို႔ တတိယ အႀကိမ္မွာ VAR က ခြင့္ျပဳလိုက္ရတာပါ။ စတူးဝပ္ အက္ထ္ဝဲလ္ ကိုင္တြယ္တယ္လို႔ သိရတဲ့ VAR ေၾကာင့္သာ မဟုတ္ရင္ ရစ္ခ်ာလစ္ဆန္တစ္ေယာက္ ဒီေန႔မွာ ဟက္ထရစ္ ရခဲ့မွာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.