Ligue1

အာဆင်ဝင်းဂါးနဲ့ ဇီဒန်းကို အတူတွဲပြီး မြင်တွေ့ရဖို့ ကာတာအကြီးအကဲတွေ အလိုရှိနေ

ကာတာအစိုးရအဖွဲ့အကြီးအကဲနဲ့ ပီအက်စ်ဂျီအသင်းရဲ့ပိုင်ရှင် ရှိတ်ခ်အယ်လ်သာနီအနေနဲ့ လာမယ့်ရာသီမှာ စပြီး သူတို့ရဲ့အသင်းကို ပြင်သစ် ဘောလုံးလောကရဲ့ ပုံရိပ်အကြီးဆုံး လူပုဂ္ဂိုလ်နှစ်ဦးကို ပူးပေါင်းထိန်းကျောင်းစေဖို့ အလိုရှိနေပြီး လက်ရှိနည်းပြ မော်ရီစီယို ပိုချက်တီနိုနဲ့ လမ်းခွဲသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ပီအက်စ်ဂျီအသင်းကို ရုပ်ပြအဖြစ် ဥက္ကဌ နက်ဆာ အယ်လ်ခယ်လိုင်ဖီက ဦးဆောင်နေပြီး ပိုင်ရှင်ရဲ့ ညွှန်ကြားချက်အတိုင်း သူ့အနေနဲ့ လိုက်နာဖို့ကတော့ အပြောင်းအလဲမရှိနိုင်တဲ့ ကိစ္စဖြစ်သလို အာဆင်နယ်နည်းပြဟောင်း အာဆင် ဝင်းဂါးနဲ့ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီနီဒန်း ဇီဒန်းတို့ကို ခေါ်ယူသွားဖို့ အလိုရှိနေတာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းက ထွက်ခွာခဲ့အပြီးမှာ ဘယ်အသင်းရဲ့ ကမ်းလှမ်းမှုကိုမှ လက်မခံဘဲ ရာထူးအမျိုးမျိုးကို ငြင်းပယ်ထားခဲ့တဲ့ အသက် ၇၂ နှစ် အရွယ် ပြင်သစ်နည်းပြကြီးကို ဖီဖာရဲ့ ဘောလုံးတိုးတက်ရေး ဒါရိုက်တာ ရာထူးကနေ သုံးနှစ်အကြာမှာ ကလပ်အသင်းလောကကို ပြန်လည်ဝင်ရောက်စေဖို့ ပီအက်စ်ဂျီဘက်က အလိုရှိနေပြီး အားကစားဒါရိုက်တာအဖြစ် ခန့်အပ်သွားဖို့လည်း ပြင်ဆင်နေပါတယ်။

နည်းပြပိုင်းအတွက်တော့ လီယွန်နယ် မက်ဆီကို ခေါ်ယူထားပေမယ့် အဖြစ်ရှိအောင် မသုံးနိုင်သေးဘဲ နေမာ၊ အမ်ဘာပေတို့လို တိုက်စစ်မှူးတွေပါ ပူးပေါင်းထားလျက်သားနဲ့ ချန်ပီယံလိဂ်မှာ ထပ်မံကျရှုံးရဖို့ အလားအလာများနေတဲ့ ပိုချက်တီနိုဟာ အသင်းကို သူတို့အလိုရှိနေတဲ့ ဥရောပဂုဏ်သိက္ခာနဲ့ ပေါင်းစည်းပေးနိုင်သူ မဟုတ်ဘူးလို့ ယူဆနေတာကြောင့် ဇီဒန်းကို ခန့်အပ်သွားဖို့ ရှိနေတာပါ။

ကာတာပိုင်ရှင်တွေအနေနဲ့ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ ဇီဒန်းကို ဒီအချက်ကြောင့် ပိုမိုသဘောကျတာလည်းဖြစ်နိုင်ပြီး လက်ရှိမှာ နာမည်ကြီးတွေနဲ့ ဟန်ချက်မညီတဲ့ အသင်းကို သူ့ရဲ့ ချန်ပီယံလိဂ်နဲ့ လာဘ်ကောင်းတဲ့ အစဉ်အလာနဲ့အတူ လူတွေရဲ့ အလှောင်ပြောင်ခံဘဝကနေ ရုန်းထွက်နိုင်ဖို့ ၂၀၂၂ နွေကစပြီး အစီအစဉ်တွေကို အကောင်အထည်ဖော်မှာလည်းဖြစ်ပါတယ်။

မက်ဆီ၊ ဆာဂျီယို ရာမို့စ်နဲ့ နေမာတို့လို ချန်ပီယံလိဂ်ကို အကြိမ်ကြိမ် ဗိုလ်စွဲဖူးသူတွေနဲ့ တည်ဆောက်နေတဲ့ ပီအက်စ်ဂျီအသင်းအတွက် ဘယ်လိုပဲ ကစားကစား နောက်ဆုံးအချိန်မှာ ချန်ပီယံဖြစ်တတ်သလို ယူရတာများလွန်းလို့ ရိုးနေပြီဖြစ်တဲ့ လိဂန် (Ligue 1) ကို မလိုချင်ဘဲ ပြည့်တဲ့ ဆုတောင်းအဖြစ် မှတ်ယူထားပြီး တကယ့် ဥရောပထိပ်တန်းအသင်းလို့ အသိအမှတ်ပြုခံရဖို့လည်း အလိုရှိနေတာဖြစ်ပါတယ်။

အစီအစဉ်အတိုင်း အကောင်အထည်ဖော်နိုင်ခဲ့မယ်ဆိုရင် အာဆင် ဝင်းဂါးနဲ့ ဇီဒန်းတို့ရဲ့ ပုံရိပ်တွေကြောင့် အသင်းရဲ့ ပုံရိပ်က ပိုမိုမြင့်မားလာဖို့ ရှိနေပြီး နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့မယ်လို့ အသံပြုနေတဲ့ အဓိက ကစားသမားနဲ့ အရွယ်ကောင်းတိုက်စစ်မှူး ခီလီယန် အမ်ဘာပေကိုပါ ထိန်းသိမ်းနိုင်ခြေ များသွားမှာဖြစ်တာကြောင့် ဆောင်းရာသီကစပြီး အရှိန်မြှင့်ကြိုးစားဖွယ်ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ကာတာအစိုးရအဖြဲ႕အႀကီးအကဲနဲ႔ ပီအက္စ္ဂ်ီအသင္းရဲ႕ပိုင္ရွင္ ရွိတ္ခ္အယ္လ္သာနီအေနနဲ႔ လာမယ့္ရာသီမွာ စၿပီး သူတို႔ရဲ႕အသင္းကို ျပင္သစ္ ေဘာလုံးေလာကရဲ႕ ပုံရိပ္အႀကီးဆုံး လူပုဂၢိဳလ္ႏွစ္ဦးကို ပူးေပါင္းထိန္းေက်ာင္းေစဖို႔ အလိုရွိေနၿပီး လက္ရွိနည္းျပ ေမာ္ရီစီယို ပိုခ်က္တီႏိုနဲ႔ လမ္းခြဲသြားဖို႔ ရွိေနတယ္လို႔ ဆိုပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ပီအက္စ္ဂ်ီအသင္းကို ႐ုပ္ျပအျဖစ္ ဥကၠဌ နက္ဆာ အယ္လ္ခယ္လိုင္ဖီက ဦးေဆာင္ေနၿပီး ပိုင္ရွင္ရဲ႕ ၫႊန္ၾကားခ်က္အတိုင္း သူ႔အေနနဲ႔ လိုက္နာဖို႔ကေတာ့ အေျပာင္းအလဲမရွိႏိုင္တဲ့ ကိစၥျဖစ္သလို အာဆင္နယ္နည္းျပေဟာင္း အာဆင္ ဝင္းဂါးနဲ႔ ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္း ဇီနီဒန္း ဇီဒန္းတို႔ကို ေခၚယူသြားဖို႔ အလိုရွိေနတာလည္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းက ထြက္ခြာခဲ့အၿပီးမွာ ဘယ္အသင္းရဲ႕ ကမ္းလွမ္းမႈကိုမွ လက္မခံဘဲ ရာထူးအမ်ိဳးမ်ိဳးကို ျငင္းပယ္ထားခဲ့တဲ့ အသက္ ၇၂ ႏွစ္ အ႐ြယ္ ျပင္သစ္နည္းျပႀကီးကို ဖီဖာရဲ႕ ေဘာလုံးတိုးတက္ေရး ဒါ႐ိုက္တာ ရာထူးကေန သုံးႏွစ္အၾကာမွာ ကလပ္အသင္းေလာကကို ျပန္လည္ဝင္ေရာက္ေစဖို႔ ပီအက္စ္ဂ်ီဘက္က အလိုရွိေနၿပီး အားကစားဒါ႐ိုက္တာအျဖစ္ ခန႔္အပ္သြားဖို႔လည္း ျပင္ဆင္ေနပါတယ္။

နည္းျပပိုင္းအတြက္ေတာ့ လီယြန္နယ္ မက္ဆီကို ေခၚယူထားေပမယ့္ အျဖစ္ရွိေအာင္ မသုံးႏိုင္ေသးဘဲ ေနမာ၊ အမ္ဘာေပတို႔လို တိုက္စစ္မႉးေတြပါ ပူးေပါင္းထားလ်က္သားနဲ႔ ခ်န္ပီယံလိဂ္မွာ ထပ္မံက်ရႈံးရဖို႔ အလားအလာမ်ားေနတဲ့ ပိုခ်က္တီႏိုဟာ အသင္းကို သူတို႔အလိုရွိေနတဲ့ ဥေရာပဂုဏ္သိကၡာနဲ႔ ေပါင္းစည္းေပးႏိုင္သူ မဟုတ္ဘူးလို႔ ယူဆေနတာေၾကာင့္ ဇီဒန္းကို ခန႔္အပ္သြားဖို႔ ရွိေနတာပါ။

ကာတာပိုင္ရွင္ေတြအေနနဲ႔ အစၥလာမ္ဘာသာဝင္တစ္ဦးျဖစ္တဲ့ ဇီဒန္းကို ဒီအခ်က္ေၾကာင့္ ပိုမိုသေဘာက်တာလည္းျဖစ္ႏိုင္ၿပီး လက္ရွိမွာ နာမည္ႀကီးေတြနဲ႔ ဟန္ခ်က္မညီတဲ့ အသင္းကို သူ႔ရဲ႕ ခ်န္ပီယံလိဂ္နဲ႔ လာဘ္ေကာင္းတဲ့ အစဥ္အလာနဲ႔အတူ လူေတြရဲ႕ အေလွာင္ေျပာင္ခံဘဝကေန ႐ုန္းထြက္ႏိုင္ဖို႔ ၂၀၂၂ ေႏြကစၿပီး အစီအစဥ္ေတြကို အေကာင္အထည္ေဖာ္မွာလည္းျဖစ္ပါတယ္။

မက္ဆီ၊ ဆာဂ်ီယို ရာမို႔စ္နဲ႔ ေနမာတို႔လို ခ်န္ပီယံလိဂ္ကို အႀကိမ္ႀကိမ္ ဗိုလ္စြဲဖူးသူေတြနဲ႔ တည္ေဆာက္ေနတဲ့ ပီအက္စ္ဂ်ီအသင္းအတြက္ ဘယ္လိုပဲ ကစားကစား ေနာက္ဆုံးအခ်ိန္မွာ ခ်န္ပီယံျဖစ္တတ္သလို ယူရတာမ်ားလြန္းလို႔ ႐ိုးေနၿပီျဖစ္တဲ့ လိဂန္ (Ligue 1) ကို မလိုခ်င္ဘဲ ျပည့္တဲ့ ဆုေတာင္းအျဖစ္ မွတ္ယူထားၿပီး တကယ့္ ဥေရာပထိပ္တန္းအသင္းလို႔ အသိအမွတ္ျပဳခံရဖို႔လည္း အလိုရွိေနတာျဖစ္ပါတယ္။

အစီအစဥ္အတိုင္း အေကာင္အထည္ေဖာ္ႏိုင္ခဲ့မယ္ဆိုရင္ အာဆင္ ဝင္းဂါးနဲ႔ ဇီဒန္းတို႔ရဲ႕ ပုံရိပ္ေတြေၾကာင့္ အသင္းရဲ႕ ပုံရိပ္က ပိုမိုျမင့္မားလာဖို႔ ရွိေနၿပီး ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕မယ္လို႔ အသံျပဳေနတဲ့ အဓိက ကစားသမားနဲ႔ အ႐ြယ္ေကာင္းတိုက္စစ္မႉး ခီလီယန္ အမ္ဘာေပကိုပါ ထိန္းသိမ္းႏိုင္ေျခ မ်ားသြားမွာျဖစ္တာေၾကာင့္ ေဆာင္းရာသီကစၿပီး အရွိန္ျမႇင့္ႀကိဳးစားဖြယ္ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.