Ligue1

မက်ဆီ ကြောင်ပျောက်နေချိန်မှာ အရန်ခုံကထလာပြီး အသင်းကိုကယ်တင်ခဲ့ရတဲ့ အမ်ဘာပေနဲ့ ဗိုင်နယ်လ်ဒွမ်

ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်ဟာ စနေနေ့က လွန်းစ်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ လီဂူးဝမ်းအမှတ်ပေးဇယားဦးဆောင်သူ ပီအက်စ်ဂျီအသင်းအတွက် နောက်ကျချေပဂိုးနဲ့ ကယ်တင်ပေးခဲ့ရပါတယ်။

ဒတ်ချ်ကွင်းလယ်ကစားသမားဟာ ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၂ မိနစ်မှာ ဒုတိယပိုင်း ၆၂ မိနစ်မှာ လွန်းစ်အတွက် ဖိုဖာနာ သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးကို ပြန်လည်ချေပပေးခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းဟာ ၁၇ ပွဲကနေ ၄၂ မှတ် ရရှိခဲ့ပြီဖြစ်ပါတယ်။ ပိုချက်တီနိုရဲ့အသင်းဟာ စနေနေ့ အစောပိုင်းက ဘရက်စ်ကို အိမ်ကွင်းမှာ မာဆေးလ်အသင်းက ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဒုတိယနေရာက မာဆေးလ်နဲ့ ၁၃ မှတ်အထိ ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပွဲထွက်လူစာရင်းမှာ လီယွန်နယ် မက်ဆီ၊ အီကာဒီနဲ့ ဒီ မာရီယာတို့ကို တိုက်စစ်ကို ဦးဆောင်စေခဲ့ပြီး လန်းစ်အသင်း သွင်းယူသွားတဲ့ သွင်းဂိုးဟာ အငြင်းပွားစရာ သွင်းဂိုးဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က အာဆင်နယ်က မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒဟေးယား ဒဏ်ရာကြောင့် လဲကျနေချိန်မှာ သွင်းယူခဲ့သလိုမျိုး ဖိုဖာနာရဲ့ သွင်းဂိုးကလည်း ပီအက်စ်ဂျီကစားသမားတွေ အငိုက်မိနေချိန်မှာ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ဖျက်ထုတ်ခံရမှုကြောင့် မြက်ခင်းပြင်ပေါ်မှာ လူးလှိမ့်နေခဲ့ပြီး မာကို ဗာရက်တီက ပွဲကစားနေတာကို ရပ်တန့်ဖို့ လှုံ့ဆော်နေချိန်မှာ ဒူကိုရေးက ဖိုဖာနာကို ဂိုးဖန်တီးပေးဖို့ အခွင့်ပေးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ဗာရက်တီက ဒူကိုရေးကို မက်ဆီအနေနဲ့ ၁၀ စက္ကန့်ကြာတဲ့အထိ လဲကျနေဆဲဖြစ်တာကြောင့် ကစားတာရပ်ဖို့ လက်ဟန်ခြေဟန်နဲ့ တောင်းဆိုခဲ့ပုံပေါ်ခဲ့ပေမယ့် လွန်းစ်အသင်းက ဆက်ကစားပြီး ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုဟာ ပွဲကစားချိန် မိနစ် ၇၀ မှာ ကစားသမား ၃ ဦးတပြိုင်နက် လူစားလဲလှယ်မှုပြုလုပ်ခဲ့ရာမှာ အမ်ဘာပေကို အီကာဒီရဲ့နေရာမှာ လူစားဝင်ကစားစေခဲ့ပြီး အဲဒီနောက်မှာတော့ ပီအက်စ်ဂျီအသင်း ကစားပုံ ပိုမိုကောင်းမွန်လာခဲ့တာဖြစ်ပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၂ မိနစ်ခန့် ကုန်ဆုံးချိန်မှာ အလွန်ကောင်းမွန်တဲ့ ဖြတ်တင်ပေးပို့မှု ပြုလုပ်ခဲ့ပြီး ဗိုင်နယ်လ်ဒွမ်က ချိန်သားကိုက် ခုန်ပြီး ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာကြောင့် ပီအက်စ်ဂျီတို့ သရေ ၁ မှတ် ခွဲယူနိုင်ခဲ့တာဖြစ်ပါတယ်။

လွန်းစ်နဲ့ ပွဲစဉ်မှာ သရေ ၁ မှတ်သာ ရယူနိုင်ခဲ့တဲ့အတွက် ပီအက်စ်ဂျီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ ၄ ပွဲမှာ နိုင်ပွဲ တစ်ပွဲသာ ရရှိထားခဲ့ပြီဖြစ်ပြီး အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီကတော့ ဘလွန်ဒေါဆုကို ၇ ကြိမ်မြောက် ရရှိပြီးကတည်းက အသင်းအတွက် သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ပြုလုပ်ပေးနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္ဟာ စေနေန႔က လြန္းစ္နဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ လီဂူးဝမ္းအမွတ္ေပးဇယားဦးေဆာင္သူ ပီအက္စ္ဂ်ီအသင္းအတြက္ ေနာက္က်ေခ်ပဂိုးနဲ႔ ကယ္တင္ေပးခဲ့ရပါတယ္။

ဒတ္ခ်္ကြင္းလယ္ကစားသမားဟာ ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပို ၂ မိနစ္မွာ ဒုတိယပိုင္း ၆၂ မိနစ္မွာ လြန္းစ္အတြက္ ဖိုဖာနာ သြင္းယူခဲ့တဲ့ ဦးေဆာင္ဂိုးကို ျပန္လည္ေခ်ပေပးခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းဟာ ၁၇ ပြဲကေန ၄၂ မွတ္ ရရွိခဲ့ၿပီျဖစ္ပါတယ္။ ပိုခ်က္တီနိုရဲ့အသင္းဟာ စေနေန႔ အေစာပိုင္းက ဘရက္စ္ကို အိမ္ကြင္းမွာ မာေဆးလ္အသင္းက ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဒုတိယေနရာက မာေဆးလ္နဲ႔ ၁၃ မွတ္အထိ ျဖတ္ၿပီး ဦးေဆာင္နိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ပြဲထြက္လူစာရင္းမွာ လီယြန္နယ္ မက္ဆီ၊ အီကာဒီနဲ႔ ဒီ မာရီယာတို႔ကို တိုက္စစ္ကို ဦးေဆာင္ေစခဲ့ၿပီး လန္းစ္အသင္း သြင္းယူသြားတဲ့ သြင္းဂိုးဟာ အျငင္းပြားစရာ သြင္းဂိုးျဖစ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ၾကာသပေတးေန႔က အာဆင္နယ္က မန္ခ်က္စတာယူနိုက္တက္ ဂိုးသမား ဒေဟးယား ဒဏ္ရာေၾကာင့္ လဲက်ေနခ်ိန္မွာ သြင္းယူခဲ့သလိုမ်ိဳး ဖိုဖာနာရဲ့ သြင္းဂိုးကလည္း ပီအက္စ္ဂ်ီကစားသမားေတြ အငိုက္မိေနခ်ိန္မွာ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ ဖ်က္ထုတ္ခံရမႈေၾကာင့္ ျမက္ခင္းျပင္ေပၚမွာ လူးလွိမ့္ေနခဲ့ၿပီး မာကို ဗာရက္တီက ပြဲကစားေနတာကို ရပ္တန႔္ဖို႔ လႈံ႔ေဆာ္ေနခ်ိန္မွာ ဒူကိုေရးက ဖိုဖာနာကို ဂိုးဖန္တီးေပးဖို႔ အခြင့္ေပးျခင္း ခံခဲ့ရတာျဖစ္ပါတယ္။ ဗာရက္တီက ဒူကိုေရးကို မက္ဆီအေနနဲ႔ ၁၀ စကၠန႔္ၾကာတဲ့အထိ လဲက်ေနဆဲျဖစ္တာေၾကာင့္ ကစားတာရပ္ဖို႔ လက္ဟန္ေျခဟန္နဲ႔ ေတာင္းဆိုခဲ့ပုံေပၚခဲ့ေပမယ့္ လြန္းစ္အသင္းက ဆက္ကစားၿပီး ဂိုးသြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီနည္းၿပ ပိုခ်က္တီနိုဟာ ပြဲကစားခ်ိန္ မိနစ္ ၇၀ မွာ ကစားသမား ၃ ဦးတၿပိဳင္နက္ လူစားလဲလွယ္မႈျပဳလုပ္ခဲ့ရာမွာ အမ္ဘာေပကို အီကာဒီရဲ့ေနရာမွာ လူစားဝင္ကစားေစခဲ့ၿပီး အဲဒီေနာက္မွာေတာ့ ပီအက္စ္ဂ်ီအသင္း ကစားပုံ ပိုမိုေကာင္းမြန္လာခဲ့တာျဖစ္ပါတယ္။ ျပင္သစ္တိုက္စစ္မႉးဟာ ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပို ၂ မိနစ္ခန႔္ ကုန္ဆုံးခ်ိန္မွာ အလြန္ေကာင္းမြန္တဲ့ ျဖတ္တင္ေပးပို႔မႈ ျပဳလုပ္ခဲ့ၿပီး ဗိုင္နယ္လ္ဒြမ္က ခ်ိန္သားကိုက္ ခုန္ၿပီး ေခါင္းတိုက္သြင္းယူနိုင္ခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီတို႔ သေရ ၁ မွတ္ ခြဲယူနိုင္ခဲ့တာျဖစ္ပါတယ္။

လြန္းစ္နဲ႔ ပြဲစဥ္မွာ သေရ ၁ မွတ္သာ ရယူနိုင္ခဲ့တဲ့အတြက္ ပီအက္စ္ဂ်ီအသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ၿပိဳင္ပြဲစုံ ၄ ပြဲမွာ နိုင္ပြဲ တစ္ပြဲသာ ရရွိထားခဲ့ၿပီျဖစ္ၿပီး အာဂ်င္တီးနားတိုက္စစ္မႉး လီယြန္နယ္ မက္ဆီကေတာ့ ဘလြန္ေဒါဆုကို ၇ ႀကိမ္ေျမာက္ ရရွိၿပီးကတည္းက အသင္းအတြက္ သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ ျပဳလုပ္ေပးနိုင္ျခင္းမရွိေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.