Premier League

ပဲလေ့စ်နဲ့ပွဲမှာ ပါဝင်ကစားပြီးနောက် ရန်းနစ်ခ်အတွက် အဓိကကျတဲ့အစိတ်အပိုင်းဖြစ်လာတော့မယ့် ရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရာ့လ်ဖ် ရန်းနစ်ခ်က ယူနိုက်တက်ကို ၎င်းရဲ့ တိုတောင်းတဲ့ နည်းပြသက်တမ်းအတွင်း တိုက်စစ်အမြန်ကစားနိုင်တဲ့အသင်းကြီး ဖြစ်လာစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဓိကမေးစရာရှိလာတာက အသက် ၃၇ နှစ်ပြည့်မွေးနေ့ရောက်ဖို့ လအနည်းငယ်သာ ခရစ္စတီယာနို ရော်နယ်လ်ဒိုက အဲဒီအတိုင်း ကစားနိုင်ပါ့မလားဆိုတာဖြစ်ပြီး အဲဒီလို ကစားနိုင်သေးလားဆိုတာကို ပဲလေ့စ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ တနင်္ဂနွေနေ့ညပွဲစဉ်မှာ ပေါ်တူဂီကြယ်ပွင့်က အဖြေပေးခဲ့ပါတယ်။

ရန်းနစ်ခ်က အာဆင်နယ်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ ကြာပသပတေးနေ့ပွဲစဉ်မှာ ပေါ်တူဂီကြယ်ပွင့် ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး ချီးကျူးစကားပြောကြားခဲ့ပြီး ဒီအသက်အရွယ်မှာ ဒီလောက် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမျိုးနဲ့ ကစားနေတဲ့ ကစားသမားမျိုး တခါမှ မတွေ့ခဲ့ဖူးဘူးလို့ ချီးကျူးခဲ့တာဖြစ်ပါတယ်။

ယာယီနည်းပြသစ် ရန်းနစ်ခ်က အဲဒီပွဲအပြီး နာရီ ၆၀ အကြာမှာ သူ ပြောခဲ့တဲ့စကားအတိုင်းဟုတ်၊ မဟုတ် သက်သေပြသဖို့အတွက် ပေါ်တူဂီကြယ်ပွင့်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုကလည်း ရက်ရှ်ဖို့ဒ်နဲ့အတူ ကစားကွက်သစ်ဖြစ်တဲ့ ၄-၂-၂-၂ ကစားကွက်မှာ အကောင်းဆုံးကစားပြခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ပြိုင်ဘက်ခံစစ်ဘက်ခြမ်းမှာ ပိုမိုဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲအရှိန်ကလည်း ပိုပြီးတော့ ပြင်းထန်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ တိုက်စစ်မှာ အတူတူ တွဲကစားနေရတဲ့ အသင်းဖော်ထက် ၁၃ နှစ် ငယ်တာကြောင့် ပြေးလွှားပြီး ဘောလုံးနောက်လိုက်တာကို ပိုမို လုပ်ဆောင်ခဲ့ပေမယ့် ရော်နယ်လ်ဒိုကလည်း မခိုမကပ် ကစားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဂျူဗင်တိုက်စစ်မှူးဟောင်းဟာ တဝက်သေချာတဲ့ အခွင့်အရေး အများအပြားရခဲ့ပြီး လက်ရှိခြေစွမ်းအရ ဂိုးသွင်းယူနိုင်လိမ့်မယ်လို့ မျှော်လင့်ကောင်း မျှော်လင့်မိမှာ ဖြစ်ပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ ပထမပိုင်းတုန်းကတုန်းနဲ့ ယှဉ်ရင် ပွဲအရှိန်က ပြင်းထန်မှု အနည်းငယ် လျော့ကျခဲ့ပြီး ပွဲဆက်တွေများတဲ့ အကျိုးသက်ရောက်မှုကို ယူနိုက်တက်ကစားသမားတွေ ခံစားခဲ့ရတာကြောင့်လည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ စိတ်ဝင်စားစရာကောင်းတာက ရန်းနစ်ခ်ဟာ ရော်နယ်လ်ဒိုထက်စာရင် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ကို လူစားလဲလှယ်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက ဂိုးသွင်းဖို့ လိုအပ်နေခဲ့ချိန်မှာ နည်းပြသစ်က ၎င်းရဲ့ ကျောနံပါတ် ၇ ဟာ အသင်းအတွက် ဂိုးသွင်းပေးဖို့ အဖြစ်နိုင်ဆုံးသူအဖြစ် ခံစားခဲ့ရတယ်ဆိုတာ ရှင်းလင်း နေခဲ့တာဖြစ်ပါတယ်။ ဝါရင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဒုတိယပိုင်းတစ်လျှောက်လုံး အသင်းက တိုက်စစ်ဆင်ဖို့ ကြိုးပမ်းရာမှာ လမ်းတဝက်မှာတင် ဘောလုံးဆုံးရှုံးခဲ့တာကြောင့် စိတ်ပျက်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဂိုးသွင်းယူနိုင်ဖို့အတွက် အချိန်တစ်ခုရှိနေဆဲဆိုတာ သိရှိနေခဲ့ပြီး အဲဒါကို သက်သေပြသတဲ့အနေနဲ့ ဖရက်ဒ်က အနိုင်ဂိုးကို ကန်သွင်းယူသွားခဲ့တဲ့အတွက် ပေါ်တူဂီကြယ်ပွင့်အနေနဲ့ ဂုဏ်ယူမိခဲ့မှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းက ၁-၀ နဲ့ ဦးဆောင်နေချိန်မှာ ရန်းနစ်ခ်ဟာ နောက်ထပ် အပြောင်းအလဲပြုလုပ်ဖို့အတွက် ရွေးချယ်ခဲ့ပေမယ့် အဲဒါက ရော်နယ်လ်ဒိုမဟုတ်ခဲ့ဘဲ ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ် ဖြစ်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ နာကျင်အချိန်ပိုမှာ အလွန်အန္တရာယ်များတဲ့ အလွတ်တည်ကန်ဘောကို ခေါင်းတိုက်ရှင်းထုတ်ပြီး ယူနိုက်တက်ရဲ့ ဦးဆောင်မှုကို ဆက်လက်ထိန်းသိမ်းနိုင်အောင် အကူအညီပေးခဲ့ပါတယ်။ အစောပိုင်းနေ့တွေတုန်းက ဒီပွဲကထက် ပိုမိုကောင်းမွန်တဲ့ပွဲစဉ်တွေ ရရှိနိုင်ခဲ့မှာဖြစ်တဲ့အတွက် ပေါ်တူဂီကြယ်ပွင့်ဟာ လွဲချော်မှုတွေ အများအပြားကို ရင်ဆိုင်ခဲ့ရပြီးနောက် ကိုယ့်ကိုကိုယ် ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။

Manchester United’s Portuguese striker Cristiano Ronaldo (L) and Manchester United German Interim head coach Ralf Rangnick (R) shake hands after the final whistle of the English Premier League football match between Manchester United and Crystal Palace at Old Trafford in Manchester, north west England, on December 5, 2021. (Photo by Paul ELLIS / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

ဒါပေမယ့် အခုပြသနေတဲ့ လက္ခဏာတွေ အားလုံးက မန်ချက်စတာယူနိုက်တက်အသင်းမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ရာ့လ်ဖ် ရန်းနစ်ခ်တို့ အတူတူအလုပ်တွဲလုပ်လို့ရတယ်ဆိုတာကို ပြသဖို့ တစ်ပွဲပဲ အချိန်ယူခဲ့ရတာလည်း ဖြစ်ပြီး ရော်နယ်လ်ဒိုဟာ ရန်းနစ်ခ်ရဲ့လက်အောက်မှာ ခေတ်သစ်တစ်ခု စတင်ထူထောင်မယ့်အသင်းအတွက် ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ကစားပေးရမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ယာယီနည်းပြ ရန်းနစ်ခ်က ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ဘလွန်ဒေါ ၅ ဆုရှင်နဲ့ပတ်သက်ပြီး ခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ တိုက်စစ်မှူး ၂ ဦးနဲ့ ကစားချင်ခဲ့ပါတယ်။ အထူးသဖြင့် တိုက်စစ်ဗဟိုနေရာမှာပေါ့။ ဒါနဲ့စကားမစပ် ရော်နယ်လ်ဒိုရဲ့ ဘောလုံးမပါဘဲ လုပ်အားက ထိပ်တန်းပဲဗျာ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္ ယာယီနည္းျပ ရာ့လ္ဖ္ ရန္းနစ္ခ္က ယူႏိုက္တက္ကို ၎ရဲ႕ တိုေတာင္းတဲ့ နည္းျပသက္တမ္းအတြင္း တိုက္စစ္အျမန္ကစားႏိုင္တဲ့အသင္းႀကီး ျဖစ္လာေစခ်င္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အဓိကေမးစရာရွိလာတာက အသက္ ၃၇ ႏွစ္ျပည့္ေမြးေန႔ေရာက္ဖို႔ လအနည္းငယ္သာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက အဲဒီအတိုင္း ကစားႏိုင္ပါ့မလားဆိုတာျဖစ္ၿပီး အဲဒီလို ကစားႏိုင္ေသးလားဆိုတာကို ပဲေလ့စ္ကို ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ တနဂၤေႏြေန႔ညပြဲစဥ္မွာ ေပၚတူဂီၾကယ္ပြင့္က အေျဖေပးခဲ့ပါတယ္။

ရန္းနစ္ခ္က အာဆင္နယ္ကို ၃-၂ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ၾကာပသပေတးေန႔ပြဲစဥ္မွာ ေပၚတူဂီၾကယ္ပြင့္ ႀကံ့ခိုင္မႈနဲ႔ပတ္သက္ၿပီး ခ်ီးက်ဴးစကားေျပာၾကားခဲ့ၿပီး ဒီအသက္အ႐ြယ္မွာ ဒီေလာက္ ႐ုပ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈမ်ိဳးနဲ႔ ကစားေနတဲ့ ကစားသမားမ်ိဳး တခါမွ မေတြ႕ခဲ့ဖူးဘူးလို႔ ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။

ယာယီနည္းျပသစ္ ရန္းနစ္ခ္က အဲဒီပြဲအၿပီး နာရီ ၆၀ အၾကာမွာ သူ ေျပာခဲ့တဲ့စကားအတိုင္းဟုတ္၊ မဟုတ္ သက္ေသျပသဖို႔အတြက္ ေပၚတူဂီၾကယ္ပြင့္ကို ပြဲထြက္ကစားသမားအျဖစ္ အသုံးျပဳခဲ့တာျဖစ္ၿပီး ေရာ္နယ္လ္ဒိုကလည္း ရက္ရွ္ဖို႔ဒ္နဲ႔အတူ ကစားကြက္သစ္ျဖစ္တဲ့ ၄-၂-၂-၂ ကစားကြက္မွာ အေကာင္းဆုံးကစားျပခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယယူႏိုက္တက္ဟာ ၿပိဳင္ဘက္ခံစစ္ဘက္ျခမ္းမွာ ပိုမိုဖိအားေပးကစားႏိုင္ခဲ့ၿပီး ပြဲအရွိန္ကလည္း ပိုၿပီးေတာ့ ျပင္းထန္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ တိုက္စစ္မွာ အတူတူ တြဲကစားေနရတဲ့ အသင္းေဖာ္ထက္ ၁၃ ႏွစ္ ငယ္တာေၾကာင့္ ေျပးလႊားၿပီး ေဘာလုံးေနာက္လိုက္တာကို ပိုမို လုပ္ေဆာင္ခဲ့ေပမယ့္ ေရာ္နယ္လ္ဒိုကလည္း မခိုမကပ္ ကစားခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဂ်ဴဗင္တိုက္စစ္မႉးေဟာင္းဟာ တဝက္ေသခ်ာတဲ့ အခြင့္အေရး အမ်ားအျပားရခဲ့ၿပီး လက္ရွိေျခစြမ္းအရ ဂိုးသြင္းယူႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေကာင္း ေမွ်ာ္လင့္မိမွာ ျဖစ္ပါတယ္။

ဒုတိယပိုင္းျပန္လည္စတင္ခ်ိန္မွာေတာ့ ပထမပိုင္းတုန္းကတုန္းနဲ႔ ယွဥ္ရင္ ပြဲအရွိန္က ျပင္းထန္မႈ အနည္းငယ္ ေလ်ာ့က်ခဲ့ၿပီး ပြဲဆက္ေတြမ်ားတဲ့ အက်ိဳးသက္ေရာက္မႈကို ယူႏိုက္တက္ကစားသမားေတြ ခံစားခဲ့ရတာေၾကာင့္လည္း ျဖစ္ေကာင္း ျဖစ္ပါလိမ့္မယ္။ စိတ္ဝင္စားစရာေကာင္းတာက ရန္းနစ္ခ္ဟာ ေရာ္နယ္လ္ဒိုထက္စာရင္ တိုက္စစ္ကစားသမားေတြျဖစ္တဲ့ ဆန္ခ်ိဳနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကို လူစားလဲလွယ္ဖို႔ ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းက ဂိုးသြင္းဖို႔ လိုအပ္ေနခဲ့ခ်ိန္မွာ နည္းျပသစ္က ၎ရဲ႕ ေက်ာနံပါတ္ ၇ ဟာ အသင္းအတြက္ ဂိုးသြင္းေပးဖို႔ အျဖစ္ႏိုင္ဆုံးသူအျဖစ္ ခံစားခဲ့ရတယ္ဆိုတာ ရွင္းလင္း ေနခဲ့တာျဖစ္ပါတယ္။ ဝါရင့္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ဒုတိယပိုင္းတစ္ေလွ်ာက္လုံး အသင္းက တိုက္စစ္ဆင္ဖို႔ ႀကိဳးပမ္းရာမွာ လမ္းတဝက္မွာတင္ ေဘာလုံးဆုံးရႈံးခဲ့တာေၾကာင့္ စိတ္ပ်က္ခဲ့ရပါတယ္။

ဒါေပမယ့္လည္း ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ဂိုးသြင္းယူႏိုင္ဖို႔အတြက္ အခ်ိန္တစ္ခုရွိေနဆဲဆိုတာ သိရွိေနခဲ့ၿပီး အဲဒါကို သက္ေသျပသတဲ့အေနနဲ႔ ဖရက္ဒ္က အႏိုင္ဂိုးကို ကန္သြင္းယူသြားခဲ့တဲ့အတြက္ ေပၚတူဂီၾကယ္ပြင့္အေနနဲ႔ ဂုဏ္ယူမိခဲ့မွာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းက ၁-၀ နဲ႔ ဦးေဆာင္ေနခ်ိန္မွာ ရန္းနစ္ခ္ဟာ ေနာက္ထပ္ အေျပာင္းအလဲျပဳလုပ္ဖို႔အတြက္ ေ႐ြးခ်ယ္ခဲ့ေပမယ့္ အဲဒါက ေရာ္နယ္လ္ဒိုမဟုတ္ခဲ့ဘဲ ေပၚတူဂီကြင္းလယ္ကစားသမား ဘ႐ူႏို ဖာနန္ဒက္စ္ ျဖစ္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ နာက်င္အခ်ိန္ပိုမွာ အလြန္အႏၲရာယ္မ်ားတဲ့ အလြတ္တည္ကန္ေဘာကို ေခါင္းတိုက္ရွင္းထုတ္ၿပီး ယူႏိုက္တက္ရဲ႕ ဦးေဆာင္မႈကို ဆက္လက္ထိန္းသိမ္းႏိုင္ေအာင္ အကူအညီေပးခဲ့ပါတယ္။ အေစာပိုင္းေန႔ေတြတုန္းက ဒီပြဲကထက္ ပိုမိုေကာင္းမြန္တဲ့ပြဲစဥ္ေတြ ရရွိႏိုင္ခဲ့မွာျဖစ္တဲ့အတြက္ ေပၚတူဂီၾကယ္ပြင့္ဟာ လြဲေခ်ာ္မႈေတြ အမ်ားအျပားကို ရင္ဆိုင္ခဲ့ရၿပီးေနာက္ ကိုယ့္ကိုကိုယ္ ေဒါသထြက္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ အခုျပသေနတဲ့ လကၡဏာေတြ အားလုံးက မန္ခ်က္စတာယူနိုက္တက္အသင္းမွာ ခရစၥတီယာနို ေရာ္နယ္လ္ဒိုနဲ႔ ရာ့လ္ဖ္ ရန္းနစ္ခ္တို႔ အတူတူအလုပ္တြဲလုပ္လို႔ရတယ္ဆိုတာကို ျပသဖို႔ တစ္ပြဲပဲ အခ်ိန္ယူခဲ့ရတာလည္း ျဖစ္ၿပီး ေရာ္နယ္လ္ဒိုဟာ ရန္းနစ္ခ္ရဲ့လက္ေအာက္မွာ ေခတ္သစ္တစ္ခု စတင္ထူေထာင္မယ့္အသင္းအတြက္ ႀကီးမားတဲ့အစိတ္အပိုင္းအျဖစ္ ပါဝင္ကစားေပးရမွာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ယာယီနည္းၿပ ရန္းနစ္ခ္က ခရစၥတယ္ပဲေလ့စ္အသင္းကို အနိုင္ရရွိခဲ့တဲ့ပြဲအၿပီးမွာ ဘလြန္ေဒါ ၅ ဆုရွင္နဲ႔ပတ္သက္ၿပီး ခုလိုပဲ ေျပာၾကားခဲ့ပါတယ္။ “ကၽြန္ေတာ္တို႔ တိုက္စစ္မႉး ၂ ဦးနဲ႔ ကစားခ်င္ခဲ့ပါတယ္။ အထူးသျဖင့္ တိုက္စစ္ဗဟိုေနရာမွာေပါ့။ ဒါနဲ႔စကားမစပ္ ေရာ္နယ္လ္ဒိုရဲ့ ေဘာလုံးမပါဘဲ လုပ္အားက ထိပ္တန္းပဲဗ်ာ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.