La Liga Premier League

မှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့ အပြောင်းအရွှေ့ကြောင့် ပေါင်သန်း ၁၃၀ ဆုံးရတော့မယ့် ရီးရဲလ်

အီဒင် ဟာဇက်ကို ဝက်စ်ဟမ်းနဲ့ အဲဗာတန်အသင်းတို့က ခေါ်ယူဖို့ ကြိုးပမ်းနေတာကြောင့် ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ မျှော်လင့်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အသက် ၃၀ အရွယ်ကစားသမားဟာ ၂၀၁၉ ခုနှစ် နွေရာသီမှာ ချဲလ်ဆီးအသင်းကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တဲ့အချိန်ကတည်းက ဒဏ်ရာနဲ့ ကြံ့ခိုင်မှုပြဿနာတွေကြောင့် ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ၂ ရာသီခွဲကြာ အချိန်ကုန်ဆုံးခဲ့ပြီးဖြစ်ပေမယ့်လည်း ၅၄ ပွဲသာ ပါဝင်ကစားပေးထားနိုင်ခဲ့ပြီး သွင်းဂိုး ၅ ဂိုးသာ သွင်းယူပေးထားခဲ့တာဖြစ်ပါတယ်။

ရလဒ်အနေနဲ့ ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဟာဇက်ကို အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ကမ်းလှမ်းလာတဲ့အသင်းရှိခဲ့ရင် ပေါင် ၂၅.၅ သန်း သို့မဟုတ် ၂၁ သန်းလောက်နဲ့ ထွက်ခွာခွင့် ပြုသွားတော့မှာဖြစ်ပါတယ်။

Sunday Mirror ရဲ့ သတင်းအရ အဲဒီလို ရောင်းထုတ်ချင်နေတာက ဟာဇက်ရဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၄၁၆၀၀၀ ကို ပေးချေနေရတာကြောင့်ဖြစ်တယ်လို့ သိရပြီး ရီးရဲလ်မက်ဒရစ်ဟာ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ကို တစ်နှစ်လုပ်ခလစာ ပေါင် ၂၁.၆ သန်းအထိ အလကား ပေးနေရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ရာသီဝက်ကြီးမှာ စွန့်ခွာလိုတဲ့ဆန္ဒမရှိဘဲ လာမယ့် နွေရာသီအထိ စောင့်ဆိုင်းသွားချင်နေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ယခုရာသီမှာ ၁၁ ပွဲပါဝင်ကစားပေးထားရာမှာ ဂိုးသွင်းယူနိုင်ခြင်းမရှိတဲ့ ဟာဇက်ကို ဘာနေဗျူးကို စွန့်ခွာစေချင်ကြောင်းကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့် နည်းပြဘဝမှာ ဘယ်တုန်းကမှ အသင်းကို စွန့်ခွာချင်တဲ့ ကစားသမားတစ်ယောက်ကို အတင်းအကြပ်နေခိုင်းခဲ့တာမျိုး မရှိခဲ့ပါဘူး။ ဟာဇက်က အဆင်သင့်ဖြစ်နေပါတယ်။ ဒါပေမယ့် သူ့ရဲ့အခုဖြစ်နေတဲ့ ပြဿနာက တခြားကစားသမားကို ပိုနှစ်သက်တဲ့ နည်းပြကို ပိုင်ဆိုင်ထားရတာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဟမ်းနဲ့ အဲဗာတန်အသင်းတို့ဟာ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ကို အင်္ဂလန်ပြန်ခေါ်ဖို့ စိတ်ဝင်စားမှု အများဆုံးပြသထားတဲ့ ပရီးမီးယားလိဂ်ကလပ်အသင်း ၂ သင်းတွေဖြစ်တယ်လို့ နားလည်ရပါတယ်။

တကယ်လို့သာ ပရီးမီးယားလိဂ်ကလပ်အသင်း ၂ သင်းထဲက တစ်သင်းက ဟာဇက်ကို ကြံ့ခိုင်မှုအပြည့်အဝ ပြန်လည်ရရှိအောင် လုပ်နိုင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်က ၎င်းရဲ့ သူမတူတဲ့မှတ်တမ်းတွေအရ အပြည့်အဝအောင်မြင်မှုရယူပေးနိုင်ကြောင်း သက်သေပြသနိုင်မှာ ဖြစ်ပါတယ်။ ဟာဇက်ဟာ ချဲလ်ဆီးအသင်းအတွက် ကစားပေးခဲ့တဲ့ ၇ နှစ်တာ ကာလအတွင်း ပွဲပေါင်း ၃၅၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ စုစုပေါင်း ၁၁၁ ဂိုး သွင်းယူပေးခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

ဝက်စ်ဟမ်း၊ အဲဗာတန်တို့နဲ့အတူ နယူးကာဆယ်လ်အသင်းကလည်း ရီးရဲလ်မက်ဒရစ်အပယ်ခံကို ခေါ်ယူဖို့အတွက် သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး အင်္ဂလန်ပြင်ပက သတင်းတွေက ဟာဇက်ဟာ ဘယ်လ်ဂျီယမ်ဒုတိယတန်းကလပ် KVC Westerlo က ပြောင်းရွှေ့ကစားသွားဖွယ်ရှိတယ်လို့ ဖော်ပြခဲ့ကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အီဒင္ ဟာဇက္ကို ဝက္စ္ဟမ္းနဲ႔ အဲဗာတန္အသင္းတို႔က ေခၚယူဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ ပရီးမီးယားလိဂ္ကို ျပန္လည္ေျပာင္းေရႊ႕ဖို႔ ေမၽွာ္လင့္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အသက္ ၃၀ အရြယ္ကစားသမားဟာ ၂၀၁၉ ခုႏွစ္ ေႏြရာသီမွာ ခ်ဲလ္ဆီးအသင္းကေန ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕ခဲ့တဲ့အခ်ိန္ကတည္းက ဒဏ္ရာနဲ႔ ႀကံ့ခိုင္မႈျပႆနာေတြေၾကာင့္ ႐ုန္းကန္ေနခဲ့ရတာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔အတူ ၂ ရာသီခြဲၾကာ အခ်ိန္ကုန္ဆုံးခဲ့ၿပီးျဖစ္ေပမယ့္လည္း ၅၄ ပြဲသာ ပါဝင္ကစားေပးထားနိုင္ခဲ့ၿပီး သြင္းဂိုး ၅ ဂိုးသာ သြင္းယူေပးထားခဲ့တာျဖစ္ပါတယ္။

ရလဒ္အေနနဲ႔ ရီးရဲလ္မက္ဒရစ္ဟာ လာမယ့္ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ဟာဇက္ကို အၿပီးသတ္ေခၚယူခြင့္ပါဝင္တဲ့ အငွားစာခ်ဳပ္နဲ႔ ကမ္းလွမ္းလာတဲ့အသင္းရွိခဲ့ရင္ ေပါင္ ၂၅.၅ သန္း သို႔မဟုတ္ ၂၁ သန္းေလာက္နဲ႔ ထြက္ခြာခြင့္ ျပဳသြားေတာ့မွာျဖစ္ပါတယ္။

Sunday Mirror ရဲ့ သတင္းအရ အဲဒီလို ေရာင္းထုတ္ခ်င္ေနတာက ဟာဇက္ရဲ့ တစ္ပတ္လုပ္ခလစာ ေပါင္ ၄၁၆၀၀၀ ကို ေပးေခ်ေနရတာေၾကာင့္ျဖစ္တယ္လို႔ သိရၿပီး ရီးရဲလ္မက္ဒရစ္ဟာ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ကို တစ္ႏွစ္လုပ္ခလစာ ေပါင္ ၂၁.၆ သန္းအထိ အလကား ေပးေနရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဟာဇက္ဟာ ရီးရဲလ္မက္ဒရစ္အသင္းကို ရာသီဝက္ႀကီးမွာ စြန႔္ခြာလိုတဲ့ဆႏၵမရွိဘဲ လာမယ့္ ေႏြရာသီအထိ ေစာင့္ဆိုင္းသြားခ်င္ေနတယ္လို႔ သိရပါတယ္။ ရီးရဲလ္မက္ဒရစ္နည္းၿပ အန္ဆယ္ေလာ့တီက ယခုရာသီမွာ ၁၁ ပြဲပါဝင္ကစားေပးထားရာမွာ ဂိုးသြင္းယူနိုင္ျခင္းမရွိတဲ့ ဟာဇက္ကို ဘာေနဗ်ဴးကို စြန႔္ခြာေစခ်င္ေၾကာင္းကို လူသိရွင္ၾကား ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ့္ နည္းျပဘဝမွာ ဘယ္တုန္းကမွ အသင္းကို စြန႔္ခြာခ်င္တဲ့ ကစားသမားတစ္ေယာက္ကို အတင္းအၾကပ္ေနခိုင္းခဲ့တာမ်ိဳး မရွိခဲ့ပါဘူး။ ဟာဇက္က အဆင္သင့္ျဖစ္ေနပါတယ္။ ဒါေပမယ့္ သူ႔ရဲ့အခုျဖစ္ေနတဲ့ ျပႆနာက တျခားကစားသမားကို ပိုႏွစ္သက္တဲ့ နည္းျပကို ပိုင္ဆိုင္ထားရတာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဝက္စ္ဟမ္းနဲ႔ အဲဗာတန္အသင္းတို႔ဟာ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ကို အဂၤလန္ျပန္ေခၚဖို႔ စိတ္ဝင္စားမႈ အမ်ားဆုံးျပသထားတဲ့ ပရီးမီးယားလိဂ္ကလပ္အသင္း ၂ သင္းေတြျဖစ္တယ္လို႔ နားလည္ရပါတယ္။

တကယ္လို႔သာ ပရီးမီးယားလိဂ္ကလပ္အသင္း ၂ သင္းထဲက တစ္သင္းက ဟာဇက္ကို ႀကံ့ခိုင္မႈအျပည့္အဝ ျပန္လည္ရရွိေအာင္ လုပ္နိုင္ခဲ့မယ္ဆိုရင္ ပရီးမီးယားလိဂ္က ၎ရဲ့ သူမတူတဲ့မွတ္တမ္းေတြအရ အျပည့္အဝေအာင္ျမင္မႈရယူေပးနိုင္ေၾကာင္း သက္ေသျပသနိုင္မွာ ျဖစ္ပါတယ္။ ဟာဇက္ဟာ ခ်ဲလ္ဆီးအသင္းအတြက္ ကစားေပးခဲ့တဲ့ ၇ ႏွစ္တာ ကာလအတြင္း ပြဲေပါင္း ၃၅၂ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ စုစုေပါင္း ၁၁၁ ဂိုး သြင္းယူေပးခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

ဝက္စ္ဟမ္း၊ အဲဗာတန္တို႔နဲ႔အတူ နယူးကာဆယ္လ္အသင္းကလည္း ရီးရဲလ္မက္ဒရစ္အပယ္ခံကို ေခၚယူဖို႔အတြက္ သတင္းေတြ ထြက္ေပၚေနခဲ့ၿပီး အဂၤလန္ျပင္ပက သတင္းေတြက ဟာဇက္ဟာ ဘယ္လ္ဂ်ီယမ္ဒုတိယတန္းကလပ္ KVC Westerlo က ေျပာင္းေရႊ႕ကစားသြားဖြယ္ရွိတယ္လို႔ ေဖာ္ျပခဲ့ၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.