Premier League

လီဗာပူးလ်နဲ့အနာဂတ်အကြောင်းကို အင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်း အဖြေပေးသွားခဲ့တဲ့ ဆာလား

မိုဟာမက်ဆာလားဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆိုတာ အငြင်းပွားစရာမရှိသူဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ အန်းဖီးကို ပြောင်းရွှေ့လာချိန်ကတည်းက လုံးဝကို မယုံနိုင်ဖွယ် ခြေစွမ်းပြသနေခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

အီဂျစ်လက်ရွေးစင်တိုက်စစ်မှူးဟာ လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်ကတည်းက အလွန်ကောင်းမွန်တဲ့ ခြေစွမ်း ပြသနေခဲ့တာဖြစ်ပေမယ့်လည်း ၂၀၂၁-၂၀၂၂ ရာသီမှာ ကစားသမားဘဝရဲ့ အကောင်းဆုံးပုံစံကို ရရှိနေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ယခုရာသီမှာ မိုဟာမက် ဆာလားဟာ လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း ၂၀ မှာ ၁၉ ဂိုး သွင်းယူပေးထားပေမယ့်လည်း လီဗာပူးလ်အတွက် နောက်ထပ် မကစားပေးတော့မှာကို စိုးရိမ်မှုတွေ ရှိနေတာဖြစ်ပါတယ်။

ဆာလားဟာ လက်ရှိမှာတော့ လီဗာပူးလ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၁၈ လအတွင်းကို ဝင်ရောက်နေပြီဖြစ်ပြီး ဘာစီလိုနာနည်းပြ ဇာဗီကလည်း တစ်နေ့မှာ နူးကမ့်ကို အချိန်ပြည့် ပြေးလွှားခြိမ်းခြောက်နိုင်တဲ့ ကစားသမားကို ခေါ်ယူချင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆာလားက လီဗာပူးလ်အသင်းမှာ ဆက်လက်ရှိနေချင်တဲ့ ဆန္ဒကို အီဂျစ်ရုပ်သံလွှင့်ဌာနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ထပ်မံ ပြောကြားခဲ့ပြီး အသင်းကို စာချုပ်သစ်ချုပ်ဆိုမယ့် ကိစ္စကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အီဂျစ်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ကနေ ချက်ချင်း ထွက်ခွာလိုခြင်းမရှိဘဲ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် သဘောတူညီမှု ရရှိခြင်းမရှိသေးပေမယ့် အန်းဖီးမှာ ဆက်လက်ရှိနေချင်တဲ့ ဆန္ဒကို ဖုံးကွယ်ထားခဲ့ခြင်း မရှိခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အဲဒါကို အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ။ အဆုံးအဖြတ်က ကျွန်တော်လုပ်ပေးရမှာဆိုရင် လီဗာပူးလ်မှာ ဆက်နေချင်ပါတယ်။ ဒါပေမယ့် အဆုံးအဖြတ်က စီမံခန့်ခွဲရေးဌာနရဲ့ လက်ထဲမှာဖြစ်ပြီး သူတို့တွေ ဒီကိစ္စကို ဖြေရှင်းရမှာပါ။ ဘာပြဿနာမှမရှိပေမယ့် ကျွန်တော်တို့ စာချုပ်အတွက် သဘောတူညီမှု ရအောင်လုပ်ရပါမယ်။ အဲဒါက သူတို့နဲ့ပဲ ဆိုင်ပါတယ်”

“ခင်ဗျားရဲ့ လစာပမာဏဟာ အသင်းက ခင်ဗျားလုပ်နေတာတွေကို အသိအမှတ် ဘယ်လောက်ပြုလဲဆိုတာ ပြသနေပြီး သူတို့တွေက ခင်ဗျားဆက်ရှိနေဖို့ ဘာမဆို လုပ်သွားဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုတာကို ပြနေတာပါ။ ဒါပေမယ့် ဆုံးဖြတ်ချက် ကိုယ်တိုင်ကိုက ငွေကြေးကြေးရေးတစ်ခုတည်းအပေါ်မှာပဲ မူတည်နေတာမဟုတ်ပါဘူး”

“ကျွန်တော့်ကို ဇာဗီက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အကြောင်း ပြောခဲ့တာကို ကျွန်တော် ဖတ်ခဲ့ပါတယ်။ ဘာစီလိုနာလို အသင်းမျိုးက ကျွန်တော့်ကို စိတ်ဝင်စားတာက ပျော်ရွှင်အောင် လုပ်နိုင်တဲ့ တစ်စုံတခုပါပဲ။ ဒါပေမယ့် ကျွန်တော် လီဗာပူးလ်မှာ ပျော်ရွှင်နေပြီး အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာ ကြည့်ကြတာပေါ့။ အခုအချိန်မှာတော့ ကမ္ဘာပေါ်က အားအကောင်းဆုံးလိဂ်ဖြစ်တဲ့ ပရီးမီးယားလိဂ်မှာပဲ ကျွန်တော် ဆက်နေချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒါကြောင့် ဆာလားဟာ လီဗာပူးလ်အသင်းမှာပဲ ဆက်နေချင်တယ်ဆိုတာ သိသာခဲ့ပေမယ့် ၎င်းရဲ့ လစာတောင်းဆိုမှုအတိုင်း အသင်းက မပေးနိုင်ခဲ့ဘူးဆိုရင်လည်း အန်းဖီးကို စွန့်ခွာဖို့အတွက် ဆုံးဖြတ်သွားမယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မိုဟာမက္ဆာလားဟာ လက္ရွိအခ်ိန္မွာ ကမၻာ့အေကာင္းဆုံး ေဘာလုံးသမားဆိုတာ အျငင္းပြားစရာမရွိသူျဖစ္ၿပီး ၂၀၁၇ ခုႏွစ္မွာ အန္းဖီးကို ေျပာင္းေရႊ႕လာခ်ိန္ကတည္းက လုံးဝကို မယုံနိုင္ဖြယ္ ေျခစြမ္းျပသေနခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

အီဂ်စ္လက္ေရြးစင္တိုက္စစ္မႉးဟာ လြန္ခဲ့တဲ့ ၅ ႏွစ္ေက်ာ္ေလာက္ကတည္းက အလြန္ေကာင္းမြန္တဲ့ ေျခစြမ္း ျပသေနခဲ့တာျဖစ္ေပမယ့္လည္း ၂၀၂၁-၂၀၂၂ ရာသီမွာ ကစားသမားဘဝရဲ့ အေကာင္းဆုံးပုံစံကို ရရွိေနတာလည္း ျဖစ္ေကာင္း ျဖစ္နိုင္ပါတယ္။ ယခုရာသီမွာ မိုဟာမက္ ဆာလားဟာ လီဗာပူးလ္အသင္းအတြက္ ပြဲေပါင္း ၂၀ မွာ ၁၉ ဂိုး သြင္းယူေပးထားေပမယ့္လည္း လီဗာပူးလ္အတြက္ ေနာက္ထပ္ မကစားေပးေတာ့မွာကို စိုးရိမ္မႈေတြ ရွိေနတာျဖစ္ပါတယ္။

ဆာလားဟာ လက္ရွိမွာေတာ့ လီဗာပူးလ္နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ၁၈ လအတြင္းကို ဝင္ေရာက္ေနၿပီျဖစ္ၿပီး ဘာစီလိုနာနည္းၿပ ဇာဗီကလည္း တစ္ေန႔မွာ ႏူးကမ့္ကို အခ်ိန္ျပည့္ ေျပးလႊားၿခိမ္းေျခာက္နိုင္တဲ့ ကစားသမားကို ေခၚယူခ်င္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဆာလားက လီဗာပူးလ္အသင္းမွာ ဆက္လက္ရွိေနခ်င္တဲ့ ဆႏၵကို အီဂ်စ္႐ုပ္သံလႊင့္ဌာနဲ႔ ေတြ႕ဆုံခဲ့တဲ့ အင္တာဗ်ဴးအစီအစဥ္မွာ ထပ္မံ ေျပာၾကားခဲ့ၿပီး အသင္းကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုမယ့္ ကိစၥကို ေျဖရွင္းေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

အီဂ်စ္တိုက္စစ္မႉးဟာ ပရီးမီးယားလိဂ္ကေန ခ်က္ခ်င္း ထြက္ခြာလိုျခင္းမရွိဘဲ အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ သေဘာတူညီမႈ ရရွိျခင္းမရွိေသးေပမယ့္ အန္းဖီးမွာ ဆက္လက္ရွိေနခ်င္တဲ့ ဆႏၵကို ဖုံးကြယ္ထားခဲ့ျခင္း မရွိခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္ အဲဒါကို အႀကိမ္ႀကိမ္ ေျပာခဲ့ၿပီးပါၿပီ။ အဆုံးအျဖတ္က ကၽြန္ေတာ္လုပ္ေပးရမွာဆိုရင္ လီဗာပူးလ္မွာ ဆက္ေနခ်င္ပါတယ္။ ဒါေပမယ့္ အဆုံးအျဖတ္က စီမံခန႔္ခြဲေရးဌာနရဲ့ လက္ထဲမွာျဖစ္ၿပီး သူတို႔ေတြ ဒီကိစၥကို ေျဖရွင္းရမွာပါ။ ဘာျပႆနာမွမရွိေပမယ့္ ကၽြန္ေတာ္တို႔ စာခ်ဳပ္အတြက္ သေဘာတူညီမႈ ရေအာင္လုပ္ရပါမယ္။ အဲဒါက သူတို႔နဲ႔ပဲ ဆိုင္ပါတယ္”

“ခင္ဗ်ားရဲ့ လစာပမာဏဟာ အသင္းက ခင္ဗ်ားလုပ္ေနတာေတြကို အသိအမွတ္ ဘယ္ေလာက္ျပဳလဲဆိုတာ ျပသေနၿပီး သူတို႔ေတြက ခင္ဗ်ားဆက္ရွိေနဖို႔ ဘာမဆို လုပ္သြားဖို႔ အဆင္သင့္ျဖစ္ေနတယ္ဆိုတာကို ျပေနတာပါ။ ဒါေပမယ့္ ဆုံးျဖတ္ခ်က္ ကိုယ္တိုင္ကိုက ေငြေၾကးေၾကးေရးတစ္ခုတည္းအေပၚမွာပဲ မူတည္ေနတာမဟုတ္ပါဘူး”

“ကၽြန္ေတာ့္ကို ဇာဗီက ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့အေၾကာင္း ေျပာခဲ့တာကို ကၽြန္ေတာ္ ဖတ္ခဲ့ပါတယ္။ ဘာစီလိုနာလို အသင္းမ်ိဳးက ကၽြန္ေတာ့္ကို စိတ္ဝင္စားတာက ေပ်ာ္ရႊင္ေအာင္ လုပ္နိုင္တဲ့ တစ္စုံတခုပါပဲ။ ဒါေပမယ့္ ကၽြန္ေတာ္ လီဗာပူးလ္မွာ ေပ်ာ္ရႊင္ေနၿပီး အနာဂတ္မွာ ဘာေတြ ျဖစ္လာမလဲဆိုတာ ၾကည့္ၾကတာေပါ့။ အခုအခ်ိန္မွာေတာ့ ကမၻာေပၚက အားအေကာင္းဆုံးလိဂ္ျဖစ္တဲ့ ပရီးမီးယားလိဂ္မွာပဲ ကၽြန္ေတာ္ ဆက္ေနခ်င္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါေၾကာင့္ ဆာလားဟာ လီဗာပူးလ္အသင္းမွာပဲ ဆက္ေနခ်င္တယ္ဆိုတာ သိသာခဲ့ေပမယ့္ ၎ရဲ့ လစာေတာင္းဆိုမႈအတိုင္း အသင္းက မေပးနိုင္ခဲ့ဘူးဆိုရင္လည္း အန္းဖီးကို စြန႔္ခြာဖို႔အတြက္ ဆုံးျဖတ္သြားမယ္ဆိုတဲ့ အဓိပၸာယ္လည္း ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.