Match Report Premier League

အသင်းကြီးမဟုတ်ရင် လာထားဆိုပြီး လက်စတာကို အနိုင်ယူပြတဲ့ ဂျရတ်ရဲ့ ဗီလာ

အက်စတန်ဗီလာအသင်းအနေနဲ့ ဒီနေ့မှာတော့ ဘိုင်လီနာသွားတဲ့ သူတို့ရဲ့ ညာတောင်ပံကို လူငယ်ကစားသမား ရမ်ဆေးနဲ့ အစားထိုးခဲ့ရပြီး ဘယ်နောက်ခံမှာလည်း တားဂက် ဒဏ်ရာ ရထားလို့ အက်ရှ်လီယန်း ပါဝင်လာခဲ့ချိန်မှာ ကျန်ပွဲထွက်ကစားသမားတွေကိုတော့ အစုံအလင်ထုတ်သုံးပြီး လက်စတာကို အိမ်ကွင်းမှာ ဧည့်ခံကစားလာခဲ့ပါတယ်။

လက်စတာကတော့ ဂျေမီ ဗာဒီကို အရန်ခုံမှာ အနားပေးထားခဲ့ပြီး ဒါကာကို မြားဦးမှာ တင်ခဲ့သလို ဟာဗီဘန်းစ်၊ လွတ်ခ်မန်းတို့နဲ့ ဝန်းရံခဲ့ပြီး ဆူမာရေးကိုပါ အနားပေးခဲ့တာကတော့ နည်းပြ ဘရန်ဒန် ရော့ဂျားစ်ကို မေးခွန်းထုတ်စရာဖြစ်ခဲ့ချိန်မှာ အန်ဒီဒီနဲ့ ဒရူးစ်ဘာရီ-ဟောလ်ကတော့ ဗီလာကို ယှဉ်နိုင်ဖို့ သံသယအဝင်ခံခဲ့ရသေးတာပါ။

ပွဲချိန် ၃ မိနစ်မှာ ဒါကာရဲ့ ထောင့်ကျဉ်းကန်သွင်းမှုကို ဂိုးသမား မာတီနက်ဇ် ဖမ်းယူခဲ့ရသလို ဗီလာတစ်သင်းလုံးကတော့ အိုးနင်းခွက်နင်းဖြစ်နေခဲ့ပြီး အထူးသဖြင့် ဘယ်နောက်ခံကစားတဲ့ အက်ရှ်လီယန်းက ခံစစ်မှာ ကြောင်နေခဲ့ချိန်မှာ သူ့ဘက်က ဘောလုံးအပျက်များခဲ့လို့ လက်စတာတို့ ကောင်းကောင်း ထိုးဖောက်ခွင့်ရခဲ့တာပါ။

ပွဲချိန် ၁၄ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ လက်စတာတို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ပြီး အက်ရှ်လီယန်းနောက်က ကွက်လပ်ကို ထိုးဖောက်သွားခဲ့တဲ့ မက်ဒီဆန်က တစ်ဆင့် ဒါကာက ဗီလာခံစစ်နဲ့ လုံးထွေးပြီးမှ ဘယ်ခြမ်းကို ပြန်ချပေးခဲ့တဲ့ ဘောလုံးကို ဟာဗီဘန်းစ်က အဝေးတိုင်ဘက်ကို မြေလှိမ့်ဘော သပ်သပ်ရပ်ရပ် ကန်သွင်းပြီး မာတီနက်ဇ်ကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာတော့ ဗီလာတို့ ချေပဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ပြီး ဒေါက်ဂလပ်စ် လူးဝစ်ဇ်ရဲ့ ဖရီးကစ်ကနေ လက်စတာခံစစ်က ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို ဘွင်ဒီယာ ခေါင်းတိုက်သွင်းယူခဲ့တာကို လိုက်လံပိတ်သွင်းတဲ့ ကွန်ဆာရဲ့ ခြေထောက်နဲ့ ရှပ်ထိပြီး ဝင်သွားခဲ့ရာမှာ လက်စတာတို့ လူကျွံတယ်လို့ စောဒကတက်ခဲ့ပေမယ့် VAR ကတော့ ဂိုးအဖြစ် အတည်ပြုပေးသွားခဲ့တာပါ။

ပွဲချိန် မိနစ် ၂၀ ကျော်မှာ လက်စတာဘက်က ဒရူးစ်ဘာရီ-ဟောလ်နဲ့ ဗီလာဘက်က ကတ်ရှ်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ကြသလို ပွဲချိန် ၂၉ မိနစ်မှာတော့ မက်ဒီဆန်ရဲ့ ဧရိယာထဲက ကန်သွင်းမှုက မာတီနက်ဇ် ခြေထောက်နဲ့ထိပြီး ထွက်ခဲ့လို့ လက်စတာတို့ ကံဆိုးခဲ့ရပြီး ဒီနေ့ပွဲမှာ မြေခွေးတွေရဲ့ ကျောနံပါတ် ၁၀ အနေနဲ့ ဗီလာဂိုးသမားကို မကျော်ဖြတ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ညာနောက်ခံလူ ကက်ရှ်က ခေါင်းတိုက်ချပေးတာကို ရမ်ဆေးက ဂိုးသမား ရှမိုက်ကယ် ဖမ်းတာနဲ့အပြိုင် ကန်သွင်းပြီး ဂိုးရယူနိုင်ခဲ့ပေမယ့် ဘောလုံးကို တကယ်တမ်း မိမထားချိန်မှာ သိပ်ပြီး သဘာဝမကျတဲ့ စည်းမျဉ်းအရ ဂိုးသမားရဲ့ ဘောလုံးကို လုယူတယ်လို့ ပြစ်ဒဏ်ဘော သတ်မှတ်ခံရလို့ ဗီလာတို့ ကံဆိုးခဲ့ပြီး လက်စတာတို့ သက်သာခွင့်ရရှိခဲ့တာပါ။

လက်စတာအသင်းခေါင်းဆောင် ရှမိုက်ကယ်ရဲ့ ပီပြင်ပါးနပ်တဲ့ အခွင့်အရေး နားလည်မှုနဲ့ လက်နာသွားတယ်လို့ သရုပ်ဆောင်မှုတွေမှာ မိုက်ကယ် အိုလီဗာနဲ့ VAR တို့ မျောပါသွားခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီသရေကျနေခဲ့ပြီး ဒုတိယပိုင်း စစချင်းမှာတော့ ရမ်ဆေးရဲ့ ကန်ချက်ကို အီဗန်စ် လက်ထိတယ်လို့ ပင်နယ်တီ တောင်းဆိုမှုကလည်း ပယ်ချခံခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၅၀ မှာတော့ သူ့ကိုယ်သူ အသက် ၂၀ ကျော်ထင်နေပုံရတဲ့ အက်ရှ်လီယန်းက ဝပ်ကင်းစ် ပေးတဲ့ ဘောလုံးကို ဝိုက်ကန်ဖို့ ကြိုးစားရာမှာ ဂိုးနဲ့ ဘာမှမဆိုင်ဘဲ လွဲချော်ခဲ့ရအပြီး ပွဲချိန် ၅၃ မိနစ်မှာတော့ လူငယ်ကစားသမားဘဝကနေ တစ်နေ့ထက်တစ်နေ့ ပိုမိုအားကိုးလာနိုင်ပြီဖြစ်တဲ့ ရမ်ဆေးနဲ့ ဝပ်စ်ကင်းတို့ရဲ့ တွဲလုံးကနေ ထောင့်ကန်ဘော ရရှိခဲ့ပါတယ်။

ဒီထောင့်ကန်ဘောကို မက်ဂင်းက အဝေးတိုင်ဘက်ကို ကောင်းမွန်တဲ့ စက်ဝိုင်းခြမ်းပုံကန်ချက်နဲ့ ပို့ဆောင်ပေးခဲ့ရာမှာ ခေါင်းတိုက်ဖျက်ထုတ်ဖို့ ပျက်ကွက်တဲ့ ဆိုယွန်ကျူးရဲ့နောက်က နေရာယူထားခဲ့တဲ့ ပထမဂိုးသွင်းရှင် ကွန်ဆာကပဲ ထောင့်ကျဉ်းထဲ တိုက်သွင်းခဲ့ပြီး ပွဲချိန် ၅၄ မိနစ်မှာတော့ ဗီလာတို့ ဦးဆောင်ဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။

ဂိုးပေးလိုက်ရတဲ့ နောက်ပိုင်းမှာ လွတ်ခ်မန်းအစား ဗာဒီကို ထည့်ပြီး လက်စတာတို့ ချေပဂိုးပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် တိုင်ရုန်းမင်းစ်တို့အဖွဲ့ကို မကျော်နိုင်ခဲ့သလို ဗီလာဘက်ကလည်း ဝပ်ကင်းစ်နဲ့ ရမ်ဆေးတို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ရလဒ်မပြောင်းတော့ဘဲ နှစ်ဂိုး-တစ်ဂိုးနဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် မန်စီးတီးနဲ့ပွဲမှာ နိုင်ပွဲပျောက်ခဲ့ရတဲ့ ဗီလာနဲ့ နည်းပြ စတီဗင် ဂျရတ်တို့ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲအနိုင်နဲ့ ဝင့်ကြွားနိုင်ခဲ့ကြသလို အသင်းကြီး မဟုတ်ရင် ကြိုက်တဲ့သူ လာခဲ့ဆိုတဲ့ ပုံစံနဲ့ အဆင့် ၁၀ နေရာအထိ တက်ရောက်လာနိုင်ခဲ့ကြပြီး ပွဲမကစားက သူတို့အထက်မှာ ရှိနေခဲ့တဲ့ လက်စတာကတော့ အဆင့် ၁၁ ကို ဆင်းပေးခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အက္စတန္ဗီလာအသင္းအေနနဲ႔ ဒီေန႔မွာေတာ့ ဘိုင္လီနာသြားတဲ့ သူတို႔ရဲ႕ ညာေတာင္ပံကို လူငယ္ကစားသမား ရမ္ေဆးနဲ႔ အစားထိုးခဲ့ရၿပီး ဘယ္ေနာက္ခံမွာလည္း တားဂက္ ဒဏ္ရာ ရထားလို႔ အက္ရွ္လီယန္း ပါဝင္လာခဲ့ခ်ိန္မွာ က်န္ပြဲထြက္ကစားသမားေတြကိုေတာ့ အစုံအလင္ထုတ္သုံးၿပီး လက္စတာကို အိမ္ကြင္းမွာ ဧည့္ခံကစားလာခဲ့ပါတယ္။

လက္စတာကေတာ့ ေဂ်မီ ဗာဒီကို အရန္ခုံမွာ အနားေပးထားခဲ့ၿပီး ဒါကာကို ျမားဦးမွာ တင္ခဲ့သလို ဟာဗီဘန္းစ္၊ လြတ္ခ္မန္းတို႔နဲ႔ ဝန္းရံခဲ့ၿပီး ဆူမာေရးကိုပါ အနားေပးခဲ့တာကေတာ့ နည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္ကို ေမးခြန္းထုတ္စရာျဖစ္ခဲ့ခ်ိန္မွာ အန္ဒီဒီနဲ႔ ဒ႐ူးစ္ဘာရီ-ေဟာလ္ကေတာ့ ဗီလာကို ယွဥ္ႏိုင္ဖို႔ သံသယအဝင္ခံခဲ့ရေသးတာပါ။

ပြဲခ်ိန္ ၃ မိနစ္မွာ ဒါကာရဲ႕ ေထာင့္က်ဥ္းကန္သြင္းမႈကို ဂိုးသမား မာတီနက္ဇ္ ဖမ္းယူခဲ့ရသလို ဗီလာတစ္သင္းလုံးကေတာ့ အိုးနင္းခြက္နင္းျဖစ္ေနခဲ့ၿပီး အထူးသျဖင့္ ဘယ္ေနာက္ခံကစားတဲ့ အက္ရွ္လီယန္းက ခံစစ္မွာ ေၾကာင္ေနခဲ့ခ်ိန္မွာ သူ႔ဘက္က ေဘာလုံးအပ်က္မ်ားခဲ့လို႔ လက္စတာတို႔ ေကာင္းေကာင္း ထိုးေဖာက္ခြင့္ရခဲ့တာပါ။

ပြဲခ်ိန္ ၁၄ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန လက္စတာတို႔ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၿပီး အက္ရွ္လီယန္းေနာက္က ကြက္လပ္ကို ထိုးေဖာက္သြားခဲ့တဲ့ မက္ဒီဆန္က တစ္ဆင့္ ဒါကာက ဗီလာခံစစ္နဲ႔ လုံးေထြးၿပီးမွ ဘယ္ျခမ္းကို ျပန္ခ်ေပးခဲ့တဲ့ ေဘာလုံးကို ဟာဗီဘန္းစ္က အေဝးတိုင္ဘက္ကို ေျမလွိမ့္ေဘာ သပ္သပ္ရပ္ရပ္ ကန္သြင္းၿပီး မာတီနက္ဇ္ကို အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာေတာ့ ဗီလာတို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၿပီး ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ရဲ႕ ဖရီးကစ္ကေန လက္စတာခံစစ္က ရွင္းထုတ္လိုက္တဲ့ ေဘာလုံးကို ဘြင္ဒီယာ ေခါင္းတိုက္သြင္းယူခဲ့တာကို လိုက္လံပိတ္သြင္းတဲ့ ကြန္ဆာရဲ႕ ေျခေထာက္နဲ႔ ရွပ္ထိၿပီး ဝင္သြားခဲ့ရာမွာ လက္စတာတို႔ လူကြၽံတယ္လို႔ ေစာဒကတက္ခဲ့ေပမယ့္ VAR ကေတာ့ ဂိုးအျဖစ္ အတည္ျပဳေပးသြားခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၂၀ ေက်ာ္မွာ လက္စတာဘက္က ဒ႐ူးစ္ဘာရီ-ေဟာလ္နဲ႔ ဗီလာဘက္က ကတ္ရွ္တို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့ၾကသလို ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ မက္ဒီဆန္ရဲ႕ ဧရိယာထဲက ကန္သြင္းမႈက မာတီနက္ဇ္ ေျခေထာက္နဲ႔ထိၿပီး ထြက္ခဲ့လို႔ လက္စတာတို႔ ကံဆိုးခဲ့ရၿပီး ဒီေန႔ပြဲမွာ ေျမေခြးေတြရဲ႕ ေက်ာနံပါတ္ ၁၀ အေနနဲ႔ ဗီလာဂိုးသမားကို မေက်ာ္ျဖတ္ႏိုင္ဘဲျဖစ္ခဲ့ရပါတယ္။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ညာေနာက္ခံလူ ကက္ရွ္က ေခါင္းတိုက္ခ်ေပးတာကို ရမ္ေဆးက ဂိုးသမား ရွမိုက္ကယ္ ဖမ္းတာနဲ႔အၿပိဳင္ ကန္သြင္းၿပီး ဂိုးရယူႏိုင္ခဲ့ေပမယ့္ ေဘာလုံးကို တကယ္တမ္း မိမထားခ်ိန္မွာ သိပ္ၿပီး သဘာဝမက်တဲ့ စည္းမ်ဥ္းအရ ဂိုးသမားရဲ႕ ေဘာလုံးကို လုယူတယ္လို႔ ျပစ္ဒဏ္ေဘာ သတ္မွတ္ခံရလို႔ ဗီလာတို႔ ကံဆိုးခဲ့ၿပီး လက္စတာတို႔ သက္သာခြင့္ရရွိခဲ့တာပါ။

လက္စတာအသင္းေခါင္းေဆာင္ ရွမိုက္ကယ္ရဲ႕ ပီျပင္ပါးနပ္တဲ့ အခြင့္အေရး နားလည္မႈနဲ႔ လက္နာသြားတယ္လို႔ သ႐ုပ္ေဆာင္မႈေတြမွာ မိုက္ကယ္ အိုလီဗာနဲ႔ VAR တို႔ ေမ်ာပါသြားခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုးစီသေရက်ေနခဲ့ၿပီး ဒုတိယပိုင္း စစခ်င္းမွာေတာ့ ရမ္ေဆးရဲ႕ ကန္ခ်က္ကို အီဗန္စ္ လက္ထိတယ္လို႔ ပင္နယ္တီ ေတာင္းဆိုမႈကလည္း ပယ္ခ်ခံခဲ့ရပါတယ္။

ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ သူ႔ကိုယ္သူ အသက္ ၂၀ ေက်ာ္ထင္ေနပုံရတဲ့ အက္ရွ္လီယန္းက ဝပ္ကင္းစ္ ေပးတဲ့ ေဘာလုံးကို ဝိုက္ကန္ဖို႔ ႀကိဳးစားရာမွာ ဂိုးနဲ႔ ဘာမွမဆိုင္ဘဲ လြဲေခ်ာ္ခဲ့ရအၿပီး ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ လူငယ္ကစားသမားဘဝကေန တစ္ေန႔ထက္တစ္ေန႔ ပိုမိုအားကိုးလာႏိုင္ၿပီျဖစ္တဲ့ ရမ္ေဆးနဲ႔ ဝပ္စ္ကင္းတို႔ရဲ႕ တြဲလုံးကေန ေထာင့္ကန္ေဘာ ရရွိခဲ့ပါတယ္။

ဒီေထာင့္ကန္ေဘာကို မက္ဂင္းက အေဝးတိုင္ဘက္ကို ေကာင္းမြန္တဲ့ စက္ဝိုင္းျခမ္းပုံကန္ခ်က္နဲ႔ ပို႔ေဆာင္ေပးခဲ့ရာမွာ ေခါင္းတိုက္ဖ်က္ထုတ္ဖို႔ ပ်က္ကြက္တဲ့ ဆိုယြန္က်ဴးရဲ႕ေနာက္က ေနရာယူထားခဲ့တဲ့ ပထမဂိုးသြင္းရွင္ ကြန္ဆာကပဲ ေထာင့္က်ဥ္းထဲ တိုက္သြင္းခဲ့ၿပီး ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ ဗီလာတို႔ ဦးေဆာင္ဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ပါတယ္။

ဂိုးေပးလိုက္ရတဲ့ ေနာက္ပိုင္းမွာ လြတ္ခ္မန္းအစား ဗာဒီကို ထည့္ၿပီး လက္စတာတို႔ ေခ်ပဂိုးျပန္ရဖို႔ ႀကိဳးစားခဲ့ေပမယ့္ တိုင္႐ုန္းမင္းစ္တို႔အဖြဲ႕ကို မေက်ာ္ႏိုင္ခဲ့သလို ဗီလာဘက္ကလည္း ဝပ္ကင္းစ္နဲ႔ ရမ္ေဆးတို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ ရလဒ္မေျပာင္းေတာ့ဘဲ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ပြဲၿပီးဆုံးသြားခဲ့ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ မန္စီးတီးနဲ႔ပြဲမွာ ႏိုင္ပြဲေပ်ာက္ခဲ့ရတဲ့ ဗီလာနဲ႔ နည္းျပ စတီဗင္ ဂ်ရတ္တို႔ ေနာက္ဆုံး ၄ ပြဲမွာ ၃ ပြဲအႏိုင္နဲ႔ ဝင့္ႂကြားႏိုင္ခဲ့ၾကသလို အသင္းႀကီး မဟုတ္ရင္ ႀကိဳက္တဲ့သူ လာခဲ့ဆိုတဲ့ ပုံစံနဲ႔ အဆင့္ ၁၀ ေနရာအထိ တက္ေရာက္လာႏိုင္ခဲ့ၾကၿပီး ပြဲမကစားက သူတို႔အထက္မွာ ရွိေနခဲ့တဲ့ လက္စတာကေတာ့ အဆင့္ ၁၁ ကို ဆင္းေပးခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.