Match Report Premier League

အဆင့် ၄ ကို ရယူနိုင်ဖို့ နော့ဝစ်ချ်ကို အမှားအယွင်းမရှိ ဝုန်းခဲ့တဲ့ ကွန်တီရဲ့ စပါးစ်

နည်းပြ ကွန်တီရဲ့ စပါးစ်အသင်းအနေနဲ့ ဒီနေ့မှာ ၃-၄-၃ နဲ့ ၄-၃-၃ ကို အပြောင်းအလဲလုပ်နိုင်တဲ့ ကစားကွက်မျိုးနဲ့ ပွဲထွက်လာခဲ့ပြီး ညာခြမ်းမှာတော့ အံ့ဩစရာအဖြစ် တန်ဂန်ဂါကို ပွဲထွက်စေခဲ့သလို ကွင်းလယ်မှာတော့ ဟွိုင်ဘယာ့ဂ်နဲ့ စကစ်ပ်တို့အတွဲကို ဆက်လက်သုံးစွဲခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဆွန်ဟောင်မင်၊ ဟာရီကိန်းနဲ့ လူးကပ်စ် မော်ရာတို့ကို ပွဲထွက်စေခဲ့ပါတယ်။

နော့ဝစ်ချ်ကတော့ ၃-၅-၂ ကစားကွက်ကို အခိုင်အမာ အထိုင်ချလာခဲ့ပြီး ပြီးခဲ့တဲ့ ပွဲတွေကလို အဝေးကွင်းတွေမှာ အမှတ်ခွဲယူနိုင်ဖို့ ကြိုးစားခဲ့ပြီး သူတို့ရဲ့ လူစာရင်းအရတော့ စပါးစ်အသင်းကို ယှဉ်ပြိုင်နိုင်စွမ်းမရှိတာကြောင့် တိုက်စစ်မှာ ပူကီတစ်ယောက်တည်း ရုန်းကန်ရမယ်လို့ ထင်ခဲ့ပေမယ့် မထင်မှတ်ဘဲ သူတို့တွေ အစွယ်ထုတ်ပြနိုင်စွမ်းရှိခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃ မိနစ်မှာ ညာခြမ်းကနေ ခပ်တုံးတုံး ခံစစ်ကစားပုံနဲ့ ဆန်းချက်ဇ်ကို ကျော်ဖြတ်သွားခဲ့တဲ့ အီဒါးက လီးမေလူးနဲ့ ဝမ်းတူးရိုက်ပြီး အနိမ့်ဘော ချိုးပေးခဲ့ရာမှာ ပူကီက ခံစစ်နှစ်ယောက်ကြားကနေ ကန်သွင်းခဲ့တာကို ဂိုးသမား လိုရစ် ပုတ်ထုတ်ခဲ့ရပြီး စကစ်ပ်က ပါးပါးနပ်နပ်နဲ့ လူကာပြီး ဖျက်ထုတ်သွားနိုင်ခဲ့လို့ စပါးစ်တို့ စောစောစီးစီး ဒုက္ခမရောက်ခဲ့ရတာပါ။

နော့ဝစ်ချ်တို့ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားခဲ့တဲ့ ပွဲချိန် ၅ မိနစ်မှာတော့ ဒီနေ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ လူငယ်ကစာသမား စကစ်ပ်က ကွင်းလယ်ကနေ တောက်လျှောက်ဆွဲပြေးပြီး ထိုးဖောက်ခဲ့တာက ချီးကျူးစရာဖြစ်ခဲ့ပေမယ့် ကန်သွင်းပုံကတော့ အဆင့်မမီခဲ့တာကြောင့် ဂိုးသမား ကရူးလ် အေးအေးဆေးဆေးပဲ ဖမ်းယူသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာတော့ စပါးစ်တို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး နော့ဝစ်ချ်ကွင်းလယ်ကစားသမား သုံးယောက်လောက်ကြားကနေ ဘောလုံး ရယူသွားခဲ့တဲ့ လူးကပ်စ် မော်ရာက ဂိုးဧရိယာထိပ်ကနေ အဝေးကန်ချက်နဲ့ သွင်းယူခဲ့ရာမှာ ဘယ်ဘက် ဂိုးတိုင်အပေါ်ထောင့်ကို ဝင်သွားခဲ့တာကြောင့် ဂိုးသမား ကရူးလ် ငုတ်တုတ်မေ့ခဲ့ရပြီး အိမ်ရှင်တွေ ဦးဆောင်နိုင်ခဲ့တာပါ။

ပထမပိုင်းမှာတော့ စပါးစ်တို့ တိုက်စစ်တွေ အချိတ်အဆက်မမိခဲ့ဘဲ လူးကပ်စ် မော်ရာ၊ ဆွန်ဟောင်မင်နဲ့ ဘန်ဒေးဗီးစ်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ကြသလို တန်ပြန်တိုက်စစ်က ဟာရီကိန်းရဲ့ ဂိုးသမားပေါ် ကျော်ပြီး ကန်သွင်းမှုကလည်း ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့လို့ ပွဲတစ်ဝက် ရပ်နားချိန်မှာ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ကွန်တီရဲ့လူတွေ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ဆွန်ဟောင်မင်ရဲ့ ကော်နာကို ဟာရီကိန်း ခေါင်းတိုက်ချက်က လွဲချော်ပြန်သလို ပွဲချိန် ၅၉ မိနစ်မှာတော့ နော့ဝစ်ချ်တို့ တန်ပြန်တိုက်စစ်ကနေ ဘရန်ဒန် ဝီလီယမ်စ် ချိုးပေးတာကို ပူကီရဲ့ ကန်ချက် လွဲချော်ခဲ့တာကို အီဒါးက ထပ်မံပိတ်သွင်းတာက ပိုဆိုးခဲ့ပြီး ဆန့်ကျင်ဘက် အရပ်ကို တိုင်ဘေးက ထွက်သွားခဲ့ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာ ဟာရီကိန်းရဲ့ အဝေးကန်ချက်က ကရူးလ် ကာကွယ်ခဲ့တာကြောင့် ထောင့်ကန်ဘောပဲဖြစ်ခဲ့ပြီး ဒီကနေ ဆွန်ဟောင်မင် ကန်ပို့တာကို ဘန်ဒေးဗီးစ်ရဲ့ ခေါင်းတိုက်ချက်က နော့ဝစ်ချ်နောက်ခံလူနဲ့ ထိပြီး ပြန်ထွက်လာတာကိုတော့ ဒေဗင်ဆင် ဆန်ချက်ဇ်က အနီးကပ် ကန်သွင်းပြီး စပါးစ်တို့အတွက် ဒုတိယဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။

ဟာရီကိန်းကတော့ ကံလိုက်တိုင်း ဂိုးသမားဆီပဲ ရောက်နေပြီး ကံမလိုက်ဘဲဖြစ်နေခဲ့လို့ ဂိုးမရဘဲဖြစ်နေခဲ့ပြီး ပွဲချိန် ၇၇ မိနစ်မှာမှ ဘန်ဒေးဗီးစ် ပေးတဲ့ ဘောလုံးကို ဆွန်ဟောင်မင်က ထိန်းသိမ်းပြီး နော့ဝစ်ချ်နောက်ခံလူတွေကြားထဲက ကန်သွင်းခဲ့ရာမှာ ဂိုးသမား ကရူးလ် လိုက်မဖမ်းနိုင်ခဲ့လို့ တတိယမြောက်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ စပါးစ်တို့အနေနဲ့ နော့ဝစ်ချ်ကို ဘောလုံးပေးကိုင်ပြီး ခံစစ်ကစားသွားခဲ့သလို နှစ်ဖက်စလုံး ဂိုးထပ်သွင်းဖို့ မကြိုးစားနိုင်ခဲ့ကြတော့လို့ သုံးဂိုး-ဂိုးမရှိရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပြီး ရမှတ် ၂၅ မှတ်နဲ့ အဆင့် ၅ နေရာကို သိမ်းပိုက်နိုင်ခဲ့သလို လက်ကျန်တစ်ပွဲ လက်ထဲမှာ ရှိသေးတဲ့ ဘန်လေနဲ့ပွဲကို အနိုင်ယူနိုင်ခဲ့ရင် အဆင့် ၄ ကို ဝင်ရောက်ခွင့်ကိုလည်း ဆက်လက်ဆုပ်ကိုင်ထားနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


နော့ဝစ်ခ်ျကတော့ ၃-၅-၂ ကစားကွက်ကို အခိုင်အမာ အထိုင်ချလာခဲ့ပြီး ပြီးခဲ့တဲ့ ပွဲတွေကလို အဝေးကွင်းတွေမှာ အမှတ်ခွဲယူနိုင်ဖို့ ကြိုးစားခဲ့ပြီး သူတို့ရဲ့ လူစာရင်းအရတော့ စပါးစ်အသင်းကို ယှဉ်ပြိုင်နိုင်စွမ်းမရှိတာကြောင့် တိုက်စစ်မှာ ပူကီတစ်ယောက်တည်း ရုန်းကန်ရမယ်လို့ ထင်ခဲ့ပေမယ့် မထင်မှတ်ဘဲ သူတို့တွေ အစွယ်ထုတ်ပြနိုင်စွမ်းရှိခဲ့တာဖြစ်ပါတယ်။


နော့ဝစ်ခ်ျတို့ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားခဲ့တဲ့ ပွဲချိန် ၅ မိနစ်မှာတော့ ဒီနေ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ လူငယ်ကစာသမား စကစ်ပ်က ကွင်းလယ်ကနေ တောက်လျှောက်ဆွဲပြေးပြီး ထိုးဖောက်ခဲ့တာက ချီးကျူးစရာဖြစ်ခဲ့ပေမယ့် ကန်သွင်းပုံကတော့ အဆင့်မမီခဲ့တာကြောင့် ဂိုးသမား ကရူးလ် အေးအေးဆေးဆေးပဲ ဖမ်းယူသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာတော့ စပါးစ်တို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး နော့ဝစ်ခ်ျကွင်းလယ်ကစားသမား သုံးယောက်လောက်ကြားကနေ ဘောလုံး ရယူသွားခဲ့တဲ့ လူးကပ်စ် မော်ရာက ဂိုးဧရိယာထိပ်ကနေ အဝေးကန်ချက်နဲ့ သွင်းယူခဲ့ရာမှာ ဘယ်ဘက် ဂိုးတိုင်အပေါ်ထောင့်ကို ဝင်သွားခဲ့တာကြောင့် ဂိုးသမား ကရူးလ် ငုတ်တုတ်မေ့ခဲ့ရပြီး အိမ်ရှင်တွေ ဦးဆောင်နိုင်ခဲ့တာပါ။


ဒုတိယပိုင်းအစမှာတော့ ဆွန်ဟောင်မင်ရဲ့ ကော်နာကို ဟာရီကိန်း ခေါင်းတိုက်ချက်က လွဲချော်ပြန်သလို ပွဲချိန် ၅၉ မိနစ်မှာတော့ နော့ဝစ်ခ်ျတို့ တန်ပြန်တိုက်စစ်ကနေ ဘရန်ဒန် ဝီလီယမ်စ် ချိုးပေးတာကို ပူကီရဲ့ ကန်ချက် လွဲချော်ခဲ့တာကို အီဒါးက ထပ်မံပိတ်သွင်းတာက ပိုဆိုးခဲ့ပြီး ဆန့်ကျင်ဘက် အရပ်ကို တိုင်ဘေးက ထွက်သွားခဲ့ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာ ဟာရီကိန်းရဲ့ အဝေးကန်ချက်က ကရူးလ် ကာကွယ်ခဲ့တာကြောင့် ထောင့်ကန်ဘောပဲဖြစ်ခဲ့ပြီး ဒီကနေ ဆွန်ဟောင်မင် ကန်ပို့တာကို ဘန်ဒေးဗီးစ်ရဲ့ ခေါင်းတိုက်ချက်က နော့ဝစ်ခ်ျနောက်ခံလူနဲ့ ထိပြီး ပြန်ထွက်လာတာကိုတော့ ဒေဗင်ဆင် ဆန်ချက်ဇ်က အနီးကပ် ကန်သွင်းပြီး စပါးစ်တို့အတွက် ဒုတိယဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။

ဟာရီကိန်းကတော့ ကံလိုက်တိုင်း ဂိုးသမားဆီပဲ ရောက်နေပြီး ကံမလိုက်ဘဲဖြစ်နေခဲ့လို့ ဂိုးမရဘဲဖြစ်နေခဲ့ပြီး ပွဲချိန် ၇၇ မိနစ်မှာမှ ဘန်ဒေးဗီးစ် ပေးတဲ့ ဘောလုံးကို ဆွန်ဟောင်မင်က ထိန်းသိမ်းပြီး နော့ဝစ်ခ်ျနောက်ခံလူတွေကြားထဲက ကန်သွင်းခဲ့ရာမှာ ဂိုးသမား ကရူးလ် လိုက်မဖမ်းနိုင်ခဲ့လို့ တတိယမြောက်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ စပါးစ်တို့အနေနဲ့ နော့ဝစ်ခ်ျကို ဘောလုံးပေးကိုင်ပြီး ခံစစ်ကစားသွားခဲ့သလို နှစ်ဖက်စလုံး ဂိုးထပ်သွင်းဖို့ မကြိုးစားနိုင်ခဲ့ကြတော့လို့ သုံးဂိုး-ဂိုးမရှိရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပြီး ရမှတ် ၂၅ မှတ်နဲ့ အဆင့် ၅ နေရာကို သိမ်းပိုက်နိုင်ခဲ့သလို လက်ကျန်တစ်ပွဲ လက်ထဲမှာ ရှိသေးတဲ့ ဘန်လေနဲ့ပွဲကို အနိုင်ယူနိုင်ခဲ့ရင် အဆင့် ၄ ကို ဝင်ရောက်ခွင့်ကိုလည်း ဆက်လက်ဆုပ်ကိုင်ထားနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.