Match Report Premier League

ဖောင်ပျက်နေတဲ့ အမျိုးသားတွေကို FA ဖလားနဲ့ စိတ်ဓာတ်မြှင့်ပေးခဲ့တဲ့ ချဲလ်ဆီး Ladies

ချဲလ်ဆီးအမျိုးသမီးအသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ မြောက်လန်ဒန်နဲ့ FAWSL အမျိုးသမီး ဘောလုံးလောကမှာ အဓိက ပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ်အသင်းကို အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ဂိုးပြတ်အနိုင်ယူပြီး ဖလားသုံးလုံး ချန်ပီယံအဖြစ် နည်းပြ အမ်မာ ဟေးစ်နဲ့အတူ မှတ်တမ်းရေးထိုး အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

၂၀၂၀ အောက်တိုဘာလကနေ စတင်ကျင်းပခဲ့တဲ့ အမျိုးသမီး အက်ဖ်အေဖလားဟာ ၂၀၂၁ နှစ်ကုန်ပိုင်းအထိ ရောက်ခဲ့တာကတော့ ပြိုင်ပွဲရဲ့ အမြီးအမောက်မတည့်မှုလည်း ဖြစ်ခဲ့ပြီး ပြိုင်ပွဲကျင်းပခဲ့တဲ့ နှစ်အရတော့ ချဲလ်ဆီးတို့အနေနဲ့ သူတို့ရဲ့ FAWSL အမှတ်ပေးပြိုင်ပွဲ၊ လိဂ်ဖလားတို့နဲ့အတူ သုံးလုံးပြည့်သွားခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဖိုင်နယ်အထိရောက်ပြီးမှ ဘာစီလိုနာကို ရှုံးနိမ့်ထားခဲ့တာလည်းဖြစ်ပါတယ်။

ဝင်ဘလီမှာ ကျင်းပခဲ့တဲ့ ပွဲမှာ ချဲလ်ဆီးဘက်က ဂိုး- ဘာဂါ၊ နောက်တန်း- အဲရစ်ဆန်၊ မီလီ ဘရိုက်၊ ကာတာ၊ အလယ်တန်း- အင်ဂယ်လ်၊ လူးပေါ့ဇ်၊ ရိုက်တင်၊ ဖလဲမင်း၊ ကပ်ဘတ်၊ ရှေ့တန်း- ကာဘီ၊ ဆမ်ကားတို့နဲ့ ပွဲထွက်လာခဲ့ပြီး အာဆင်နယ်တို့ကတော့ ဇင်းစ်ဘာဂါ၊ ဘိတီ၊ ဗယ်လ်တီ၊ လစ်တဲလ်၊ မက်ကေ့ဘ်၊ မီဒမ်မာ၊ မိဒ်တို့လို ကစားသမားတွေကို လူစုံထုတ်လာခဲ့တာပါ။

ပွဲချိန် ၃ မိနစ်မှာကတည်းက အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဖရန် ကာဘီက ချဲလ်ဆီးတို့အတွက် အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး အာဆင်နယ် ခံစစ်ရဲ့ အမှားကနေ ဖောက်ထွက်သွားခဲ့ပြီး ဂိုးသမား မန်ညူယယ်လာ ဇင်းစ်ဘာဂါနဲ့ တစ်ဦးချင်းအတွေ့မှာ ဘယ်ဘက်တိုင်ခြေကို ကန်သွင်းပြီး ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ချဲလ်ဆီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့ပြီး အာဆင်နယ်ဘက်ကို ကြံ့ခိုင်မှုအသာစီးနဲ့ စိုးမိုးထားနိုင်ခဲ့သလို ပွဲချိန် ၅၈ မိနစ်မှာတော့ ဩစတေးလျလက်ရွေးစင်တိုက်စစ်မှူး ဆမ်ကားက တန်ပြန်တိုက်စစ်ကနေ ကာဘီ ပေးလိုက်တဲ့ ဘောလုံးကို တစ်ဖက်နောက်ခံလူ ဘိတီနဲ့ ကွယ်ပြီး ကန်သွင်းခဲ့ရာမှာ ဒုတိယဂိုး ထပ်မံရရှိခဲ့ပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာတော့ အာဆင်နယ်ကွင်းလယ်ရဲ့ အမှားကနေပဲ လူးပေါ့ဇ်က ဖြတ်ယူပြီး ညာတောင်ပံကို ထိုးပေးခဲ့ရာမှာ ဆမ်ကားကပဲ ရှေ့ထွက်နေတဲ့ ဂိုးသမား ဇင်းစ်ဘာဂါရဲ့ ခေါင်းပေါ်က ကျော်ပြီး ကန်သွင်းနိုင်ခဲ့လို့ ပွဲအပြီးမှာ သုံးဂိုး-ဂိုးမရှိနဲ့ နည်းပြ မွန်တီမာရိုလက်ထက်ကလောက် မာကျောမှု မရှိဘဲ အမှားများနေတဲ့ ဂန်းနားအမျိုးသမီးတွေဆီကနေ ဖလားသိမ်းပေးနိုင်ခဲ့တာပါ။

ဒီဆုဖလားကတော့ ချဲလ်ဆီးပရိသတ်တွေအတွက် ဖြေသိမ့်စရာဖြစ်ခဲ့သလို အမျိုးသားအသင်းရဲ့ ဒဏ်ရာပြဿနာတွေအပြင် အမှားလုပ်မှုတွေမှာ ဇယားထိပ်ဆုံးကနေ အဆင့် ၃ နေရာကို ဖယ်ပေးခဲ့ရတာအတွက် စိတ်ပျက်ခဲ့ရမှုတွေအပြီးမှာ အောင်ပွဲခံစရာဖြစ်ခဲ့ပြီး လန်ဒန်ရဲ့ အစဉ်အလာပြိုင်ဘက် အာဆင်နယ်တို့ကို ချေမှုန်းနိုင်ခဲ့တာအတွက်လည်း ဝမ်းသာစရာဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအမ်ိဳးသမီးအသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ ေျမာက္လန္ဒန္နဲ႔ FAWSL အမ်ိဳးသမီး ေဘာလုံးေလာကမွာ အဓိက ၿပိဳင္ဘက္ျဖစ္တဲ့ အာဆင္နယ္အသင္းကို အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ ဂိုးျပတ္အႏိုင္ယူၿပီး ဖလားသုံးလုံး ခ်န္ပီယံအျဖစ္ နည္းျပ အမ္မာ ေဟးစ္နဲ႔အတူ မွတ္တမ္းေရးထိုး ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

၂၀၂၀ ေအာက္တိုဘာလကေန စတင္က်င္းပခဲ့တဲ့ အမ်ိဳးသမီး အက္ဖ္ေအဖလားဟာ ၂၀၂၁ ႏွစ္ကုန္ပိုင္းအထိ ေရာက္ခဲ့တာကေတာ့ ၿပိဳင္ပြဲရဲ႕ အၿမီးအေမာက္မတည့္မႈလည္း ျဖစ္ခဲ့ၿပီး ၿပိဳင္ပြဲက်င္းပခဲ့တဲ့ ႏွစ္အရေတာ့ ခ်ဲလ္ဆီးတို႔အေနနဲ႔ သူတို႔ရဲ႕ FAWSL အမွတ္ေပးၿပိဳင္ပြဲ၊ လိဂ္ဖလားတို႔နဲ႔အတူ သုံးလုံးျပည့္သြားခဲ့သလို ခ်န္ပီယံလိဂ္မွာလည္း ဖိုင္နယ္အထိေရာက္ၿပီးမွ ဘာစီလိုနာကို ရႈံးနိမ့္ထားခဲ့တာလည္းျဖစ္ပါတယ္။

ဝင္ဘလီမွာ က်င္းပခဲ့တဲ့ ပြဲမွာ ခ်ဲလ္ဆီးဘက္က ဂိုး- ဘာဂါ၊ ေနာက္တန္း- အဲရစ္ဆန္၊ မီလီ ဘ႐ိုက္၊ ကာတာ၊ အလယ္တန္း- အင္ဂယ္လ္၊ လူးေပါ့ဇ္၊ ႐ိုက္တင္၊ ဖလဲမင္း၊ ကပ္ဘတ္၊ ေရွ႕တန္း- ကာဘီ၊ ဆမ္ကားတို႔နဲ႔ ပြဲထြက္လာခဲ့ၿပီး အာဆင္နယ္တို႔ကေတာ့ ဇင္းစ္ဘာဂါ၊ ဘိတီ၊ ဗယ္လ္တီ၊ လစ္တဲလ္၊ မက္ေက့ဘ္၊ မီဒမ္မာ၊ မိဒ္တို႔လို ကစားသမားေတြကို လူစုံထုတ္လာခဲ့တာပါ။

ပြဲခ်ိန္ ၃ မိနစ္မွာကတည္းက အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉး ဖရန္ ကာဘီက ခ်ဲလ္ဆီးတို႔အတြက္ အဖြင့္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၿပီး အာဆင္နယ္ ခံစစ္ရဲ႕ အမွားကေန ေဖာက္ထြက္သြားခဲ့ၿပီး ဂိုးသမား မန္ညဴယယ္လာ ဇင္းစ္ဘာဂါနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ဘယ္ဘက္တိုင္ေျခကို ကန္သြင္းၿပီး ဦးေဆာင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ခ်ဲလ္ဆီးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရေနခဲ့ၿပီး အာဆင္နယ္ဘက္ကို ႀကံ့ခိုင္မႈအသာစီးနဲ႔ စိုးမိုးထားႏိုင္ခဲ့သလို ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ ဩစေတးလ်လက္ေ႐ြးစင္တိုက္စစ္မႉး ဆမ္ကားက တန္ျပန္တိုက္စစ္ကေန ကာဘီ ေပးလိုက္တဲ့ ေဘာလုံးကို တစ္ဖက္ေနာက္ခံလူ ဘိတီနဲ႔ ကြယ္ၿပီး ကန္သြင္းခဲ့ရာမွာ ဒုတိယဂိုး ထပ္မံရရွိခဲ့ပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ အာဆင္နယ္ကြင္းလယ္ရဲ႕ အမွားကေနပဲ လူးေပါ့ဇ္က ျဖတ္ယူၿပီး ညာေတာင္ပံကို ထိုးေပးခဲ့ရာမွာ ဆမ္ကားကပဲ ေရွ႕ထြက္ေနတဲ့ ဂိုးသမား ဇင္းစ္ဘာဂါရဲ႕ ေခါင္းေပၚက ေက်ာ္ၿပီး ကန္သြင္းႏိုင္ခဲ့လို႔ ပြဲအၿပီးမွာ သုံးဂိုး-ဂိုးမရွိနဲ႔ နည္းျပ မြန္တီမာ႐ိုလက္ထက္ကေလာက္ မာေက်ာမႈ မရွိဘဲ အမွားမ်ားေနတဲ့ ဂန္းနားအမ်ိဳးသမီးေတြဆီကေန ဖလားသိမ္းေပးႏိုင္ခဲ့တာပါ။

ဒီဆုဖလားကေတာ့ ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ ေျဖသိမ့္စရာျဖစ္ခဲ့သလို အမ်ိဳးသားအသင္းရဲ႕ ဒဏ္ရာျပႆနာေတြအျပင္ အမွားလုပ္မႈေတြမွာ ဇယားထိပ္ဆုံးကေန အဆင့္ ၃ ေနရာကို ဖယ္ေပးခဲ့ရတာအတြက္ စိတ္ပ်က္ခဲ့ရမႈေတြအၿပီးမွာ ေအာင္ပြဲခံစရာျဖစ္ခဲ့ၿပီး လန္ဒန္ရဲ႕ အစဥ္အလာၿပိဳင္ဘက္ အာဆင္နယ္တို႔ကို ေခ်မႈန္းႏိုင္ခဲ့တာအတြက္လည္း ဝမ္းသာစရာျဖစ္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.