Match Report Premier League

ဆက်တိုက်ခြေစွမ်းပြတဲ့ ဖရက်ဒ်ကြောင့် ရန်းနစ်ခ်နဲ့ အဖွင့်လှတဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာလည်း အာဆင်နယ်နဲ့ ကစားတဲ့ လူစာရင်းအတိုင်း တစ်ထပ်တည်း သုံးစွဲလာခဲ့ပြီး ဒါလော့၊ ဆန်ချိုတို့ကို ဆက်ပွဲထွက်ခိုင်းနေတာဟာ အစကတည်းက နည်းပြသစ် ရန်းနစ်ခ်ရဲ့ အိုင်ဒီယာမှန်း သိသာသွားခဲ့သလို ခံစစ်ကလွဲပြီး သုံးစားမရတဲ့ ဝန်ဘစ်ဆာကာကို သူ့အသင်းဟောင်းနဲ့အတွေ့မှာ ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့တာလည်းဖြစ်ပါတယ်။

ပဲလေ့စ်တို့ကတော့ နောက်ခံလူ အန်ဒါဆန်နဲ့ ကွင်းလယ်မှာ တကယ်ဖျက်တဲ့ မက်ကာသာတို့ မပါဝင်နိုင်သေးဘဲ တွမ်ကင်းစ်၊ ရှလု(ပ်)တို့ကို အစားထိုးထားခဲ့ရသလို တိုက်စစ်မှာတော့ ဘန်တီကီ၊ အာယူး၊ ဇာဟာနဲ့ ဂယ်လာဂါတို့ ပါဝင်လာခဲ့ပြီး သူတို့အသင်းအတွက်တော့ တတ်နိုင်သမျှ အကောင်းဆုံး လူစာရင်းကို အိုးလ်ထရက်ဖို့ဒ်မှာ ပွဲထုတ်လာခဲ့တာပါ။

ပွဲစပြီး ၃ မိနစ်မှာ ထောင့်ကန်ဘောကနေ အဲလက်စ် တဲလက်စ် ကန်ခွင့်ရခဲ့ပေမယ့် မစ်ချဲလ် အချိန်မီ ပြေးပိတ်နိုင်ခဲ့လို့သာ ဘေးထွက်ခဲ့ရပြီး ဘရူနို ဖာနန်ဒက်စ်နဲ့ ရော်နယ်လ်ဒိုတို့ရဲ့ ချိတ်ဆက်မှုကလည်း စိတ်လှုပ်ရှားစရာဖြစ်ခဲ့သလို သိပ်မကြာခင်မှာတော့ ဇာဟာက အဝေးကနေ ပြန်လည်ခြိမ်းခြောက်ခဲ့ပေမယ့် ဒဟေးယား ဖမ်းယူသွားနိုင်ခဲ့ပါတယ်။

ရော်နယ်လ်ဒိုရဲ့ ဖရီးကစ်တွေကတော့ ဘောလုံးတွေပဲ ပြောင်းသွားလို့လားမသိ၊ ဂိုးပေါက်ရှိရာကို ရိန်းဘိုးပြန်မဆင်းဘဲဖြစ်နေခဲ့သလို ဒါလော့နဲ့ ဖာနန်ဒက်စ်တို့ကတော့ သူတို့ ပေါ်တူဂီကပ္ပတိန်ကို ကောင်းကောင်းပံ့ပိုးပေးနေပြီး ဒါက ရန်းနစ်ခ် စဉ်းစားထားခဲ့တဲ့ မျိုးချစ် Chemistry လားလို့တော့ အတွေးပေါက်ခဲ့မိရပါသေးတယ်။

မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ပဲလေ့စ်ကို Blind Side Run တွေ အများစု အသုံးပြုပြီး တိုက်စစ်ဆင်ခဲ့ပေမယ့် ပဲလေ့စ်တို့ကလည်း သူတို့ ခံစစ်ကို အချိန်မီ အကန်မခံရအောင် ပိတ်ဆို့သွားခဲ့လို့ နည်းဗျူဟာ ပြိုင်ပွဲကို မြင်တွေ့ခဲ့ရသလို ဖာနန်ဒက်စ်၊ ဖရက်ဒ်၊ ရော်နယ်လ်ဒို၊ ဒါလော့တို့ အခွင့်အရေး တွေကို အသုံးမချနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ Dangerous Attack တွေ များခဲ့ပေမယ့် ဂိုးမရှိသရေပဲဖြစ်နေခဲ့တာပါ။

ဒီနေ့ပွဲမှာတော့ ဒါလော့ကချည်းပဲ ညာခြမ်းက ကျောက်ထနေခဲ့လို့ ဆန်ချိုတောင် သိပ်မကစားလိုက်ရဘဲ ခြေမပေါ်သလိုဖြစ်နေခဲ့ပြီး ပဲလေ့စ်တို့ကတော့ ဒုတိယပိုင်းမှာ အမြင့်ဘော၊ တည်ကန်ဘောတွေနဲ့ အနည်းငယ် ပြန်လည်ခြိမ်းခြောက်စပြုလာခဲ့သလို ပွဲချိန် ၆၂ မိနစ်မှာတော့ ဆန်ချိုအစား ဂရင်းဝုဒ်ကို ထည့်ပြီး ရန်းနစ်ခ်က အပြောင်းအလဲလုပ်ခဲ့ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာတော့ အဲလက်စ် တဲလက်စ်ရဲ့ ဖရီးကစ်က ဘားထိထွက်ခဲ့လို့ ယူနိုက်တက်တို့ နစ်နာခဲ့ရသလို ဂရင်းဝုဒ်ကတော့ ဘယ်ခြေကိုချည်း အသုံးချနေတာကြောင့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရသလို ပွဲချိန် ၇၅ မိနစ်မှာတော့ ပဲလေ့စ်တို့ ထောင့်ကန်ဘောကနေ တွမ်ကင်းစ် ချပေးတာကို အာယူးက အံ့အားသင့်လောက်အောင် လွဲချော်ပစ်ခဲ့တာပါ။

ပွဲချိန် ၇၇ မိနစ်မှာတော့ စိတ်ရှည်လက်ရှည်စောင့်ခဲ့ရတဲ့ ယူနိုက်တက်တို့ ဦးဆောင်ဂိုး စတင်ရယူနိုင်ခဲ့ပြီး ဒါလော့ ညာခြမ်းက ချိုးပေးတာကို ဂရင်းဝုဒ်က နောက်ပြန်ချပေးခဲ့တဲ့ ဘောလုံးကို အဆင်သင့် ပါလာခဲ့တဲ့ ဖရက်ဒ်က ညာခြေနဲ့ အဝေးတိုင်ဘက်ကို လှမ်းကန်ခဲ့ရာမှာ ဂိုးသမား ဂွိုက်တာ နေရာယူပုံက အနီးတိုင်ဘက်ကို ရောက်နေတာကြောင့် မမီလိုက်ဘဲ ဂိုးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ဘရာဇီးလ်သား ကွင်းလယ်လူအနေနဲ့ ဆိုးလ်ရှား ထွက်သွားပြီးကတည်းက တော်တော်လေး ကောင်းနေခဲ့သလို ချဲလ်ဆီးနဲ့ ပွဲမှာကတည်းက သူ့ရဲ့ Form က ပြန်တက်လာပြီး အာဆင်နယ်နဲ့ပွဲမှာ တစ်လုံးဖန်၊ ပင်နယ်တီတစ်လုံး ယူပေးခဲ့သလို ဒီနေ့ပွဲမှာလည်း အဖိုးတန်အနိုင်ဂိုးကို ယုံကြည်မှုရှိရှိနဲ့ သွင်းယူပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။

ဂိုးပေးလိုက်ရအပြီး ပဲလေ့စ်တို့အနေနဲ့ အစကတည်းက စောစောစီးစီး ထည့်သင့်တဲ့ ဒုက္ခပေးနိုင်သူ ကစားသမားတွေဖြစ်တဲ့ အီဇီ၊ အိုလီဆေးတို့ကို အာယူးနဲ့ ကူယာတေးတို့ နေရာမှာထည့်ပြီး တိုက်စစ်ဆင်ခဲ့ပေမယ့် ယူနိုက်တက်တို့ ထိန်းကစားသွားခဲ့သလို ပွဲချိန်အပြည့်မှာတော့ နည်းပြသစ် ရန်းနစ်ခ်ဖို့ အဖွင့်လှစေမယ့် နိုင်ပွဲနဲ့ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ အောင်ပွဲခံနိုင်ခဲ့ကြတာပါ။

ဒီနေ့ပွဲကတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စပ်ကူးမတ်ကူးကာလမှာ အပြုသဘောဆောင်တဲ့ ပွဲဖြစ်ခဲ့သလို ဒါလော့၊ ဖရက်ဒ်နဲ့ အဲလက်စ် တဲလက်စ်တို့ရဲ့ တိုးတက်လာမှုတွေနဲ့အတူ အမှတ်ပေးဇယားမှာလည်း ရမှတ် ၂၄ မှတ်နဲ့ အဆင့် ၆ နေရာအထိ ပြန်လည်တက်ရောက်လာနိုင်ခဲ့သလို ဥရောပဝင်ခွင့်ရနိုင်မယ့် လမ်းကြောင်းမှန်ပေါ်ကို ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာလည္း အာဆင္နယ္နဲ႔ ကစားတဲ့ လူစာရင္းအတိုင္း တစ္ထပ္တည္း သုံးစြဲလာခဲ့ၿပီး ဒါေလာ့၊ ဆန္ခ်ိဳတို႔ကို ဆက္ပြဲထြက္ခိုင္းေနတာဟာ အစကတည္းက နည္းျပသစ္ ရန္းနစ္ခ္ရဲ႕ အိုင္ဒီယာမွန္း သိသာသြားခဲ့သလို ခံစစ္ကလြဲၿပီး သုံးစားမရတဲ့ ဝန္ဘစ္ဆာကာကို သူ႔အသင္းေဟာင္းနဲ႔အေတြ႕မွာ ျပတ္ျပတ္သားသား ျငင္းပယ္ခဲ့တာလည္းျဖစ္ပါတယ္။

ပဲေလ့စ္တို႔ကေတာ့ ေနာက္ခံလူ အန္ဒါဆန္နဲ႔ ကြင္းလယ္မွာ တကယ္ဖ်က္တဲ့ မက္ကာသာတို႔ မပါဝင္ႏိုင္ေသးဘဲ တြမ္ကင္းစ္၊ ရွလု(ပ္)တို႔ကို အစားထိုးထားခဲ့ရသလို တိုက္စစ္မွာေတာ့ ဘန္တီကီ၊ အာယူး၊ ဇာဟာနဲ႔ ဂယ္လာဂါတို႔ ပါဝင္လာခဲ့ၿပီး သူတို႔အသင္းအတြက္ေတာ့ တတ္ႏိုင္သမွ် အေကာင္းဆုံး လူစာရင္းကို အိုးလ္ထရက္ဖို႔ဒ္မွာ ပြဲထုတ္လာခဲ့တာပါ။

ပြဲစၿပီး ၃ မိနစ္မွာ ေထာင့္ကန္ေဘာကေန အဲလက္စ္ တဲလက္စ္ ကန္ခြင့္ရခဲ့ေပမယ့္ မစ္ခ်ဲလ္ အခ်ိန္မီ ေျပးပိတ္ႏိုင္ခဲ့လို႔သာ ေဘးထြက္ခဲ့ရၿပီး ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ေရာ္နယ္လ္ဒိုတို႔ရဲ႕ ခ်ိတ္ဆက္မႈကလည္း စိတ္လႈပ္ရွားစရာျဖစ္ခဲ့သလို သိပ္မၾကာခင္မွာေတာ့ ဇာဟာက အေဝးကေန ျပန္လည္ၿခိမ္းေျခာက္ခဲ့ေပမယ့္ ဒေဟးယား ဖမ္းယူသြားႏိုင္ခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုရဲ႕ ဖရီးကစ္ေတြကေတာ့ ေဘာလုံးေတြပဲ ေျပာင္းသြားလို႔လားမသိ၊ ဂိုးေပါက္ရွိရာကို ရိန္းဘိုးျပန္မဆင္းဘဲျဖစ္ေနခဲ့သလို ဒါေလာ့နဲ႔ ဖာနန္ဒက္စ္တို႔ကေတာ့ သူတို႔ ေပၚတူဂီကပၸတိန္ကို ေကာင္းေကာင္းပံ့ပိုးေပးေနၿပီး ဒါက ရန္းနစ္ခ္ စဥ္းစားထားခဲ့တဲ့ မ်ိဳးခ်စ္ Chemistry လားလို႔ေတာ့ အေတြးေပါက္ခဲ့မိရပါေသးတယ္။

မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ပဲေလ့စ္ကို Blind Side Run ေတြ အမ်ားစု အသုံးျပဳၿပီး တိုက္စစ္ဆင္ခဲ့ေပမယ့္ ပဲေလ့စ္တို႔ကလည္း သူတို႔ ခံစစ္ကို အခ်ိန္မီ အကန္မခံရေအာင္ ပိတ္ဆို႔သြားခဲ့လို႔ နည္းဗ်ဴဟာ ၿပိဳင္ပြဲကို ျမင္ေတြ႕ခဲ့ရသလို ဖာနန္ဒက္စ္၊ ဖရက္ဒ္၊ ေရာ္နယ္လ္ဒို၊ ဒါေလာ့တို႔ အခြင့္အေရး ေတြကို အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ Dangerous Attack ေတြ မ်ားခဲ့ေပမယ့္ ဂိုးမရွိသေရပဲျဖစ္ေနခဲ့တာပါ။

ဒီေန႔ပြဲမွာေတာ့ ဒါေလာ့ကခ်ည္းပဲ ညာျခမ္းက ေက်ာက္ထေနခဲ့လို႔ ဆန္ခ်ိဳေတာင္ သိပ္မကစားလိုက္ရဘဲ ေျခမေပၚသလိုျဖစ္ေနခဲ့ၿပီး ပဲေလ့စ္တို႔ကေတာ့ ဒုတိယပိုင္းမွာ အျမင့္ေဘာ၊ တည္ကန္ေဘာေတြနဲ႔ အနည္းငယ္ ျပန္လည္ၿခိမ္းေျခာက္စျပဳလာခဲ့သလို ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ ဆန္ခ်ိဳအစား ဂရင္းဝုဒ္ကို ထည့္ၿပီး ရန္းနစ္ခ္က အေျပာင္းအလဲလုပ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ အဲလက္စ္ တဲလက္စ္ရဲ႕ ဖရီးကစ္က ဘားထိထြက္ခဲ့လို႔ ယူႏိုက္တက္တို႔ နစ္နာခဲ့ရသလို ဂရင္းဝုဒ္ကေတာ့ ဘယ္ေျခကိုခ်ည္း အသုံးခ်ေနတာေၾကာင့္ အခြင့္အေရးေတြ ဆုံးရႈံးခဲ့ရသလို ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ပဲေလ့စ္တို႔ ေထာင့္ကန္ေဘာကေန တြမ္ကင္းစ္ ခ်ေပးတာကို အာယူးက အံ့အားသင့္ေလာက္ေအာင္ လြဲေခ်ာ္ပစ္ခဲ့တာပါ။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ စိတ္ရွည္လက္ရွည္ေစာင့္ခဲ့ရတဲ့ ယူႏိုက္တက္တို႔ ဦးေဆာင္ဂိုး စတင္ရယူႏိုင္ခဲ့ၿပီး ဒါေလာ့ ညာျခမ္းက ခ်ိဳးေပးတာကို ဂရင္းဝုဒ္က ေနာက္ျပန္ခ်ေပးခဲ့တဲ့ ေဘာလုံးကို အဆင္သင့္ ပါလာခဲ့တဲ့ ဖရက္ဒ္က ညာေျခနဲ႔ အေဝးတိုင္ဘက္ကို လွမ္းကန္ခဲ့ရာမွာ ဂိုးသမား ဂြိဳက္တာ ေနရာယူပုံက အနီးတိုင္ဘက္ကို ေရာက္ေနတာေၾကာင့္ မမီလိုက္ဘဲ ဂိုးေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ဘရာဇီးလ္သား ကြင္းလယ္လူအေနနဲ႔ ဆိုးလ္ရွား ထြက္သြားၿပီးကတည္းက ေတာ္ေတာ္ေလး ေကာင္းေနခဲ့သလို ခ်ဲလ္ဆီးနဲ႔ ပြဲမွာကတည္းက သူ႔ရဲ႕ Form က ျပန္တက္လာၿပီး အာဆင္နယ္နဲ႔ပြဲမွာ တစ္လုံးဖန္၊ ပင္နယ္တီတစ္လုံး ယူေပးခဲ့သလို ဒီေန႔ပြဲမွာလည္း အဖိုးတန္အႏိုင္ဂိုးကို ယုံၾကည္မႈရွိရွိနဲ႔ သြင္းယူေပးႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။

ဂိုးေပးလိုက္ရအၿပီး ပဲေလ့စ္တို႔အေနနဲ႔ အစကတည္းက ေစာေစာစီးစီး ထည့္သင့္တဲ့ ဒုကၡေပးႏိုင္သူ ကစားသမားေတြျဖစ္တဲ့ အီဇီ၊ အိုလီေဆးတို႔ကို အာယူးနဲ႔ ကူယာေတးတို႔ ေနရာမွာထည့္ၿပီး တိုက္စစ္ဆင္ခဲ့ေပမယ့္ ယူႏိုက္တက္တို႔ ထိန္းကစားသြားခဲ့သလို ပြဲခ်ိန္အျပည့္မွာေတာ့ နည္းျပသစ္ ရန္းနစ္ခ္ဖို႔ အဖြင့္လွေစမယ့္ ႏိုင္ပြဲနဲ႔ အိမ္ကြင္း အိုးလ္ထရက္ဖို႔ဒ္မွာ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာပါ။

ဒီေန႔ပြဲကေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ စပ္ကူးမတ္ကူးကာလမွာ အျပဳသေဘာေဆာင္တဲ့ ပြဲျဖစ္ခဲ့သလို ဒါေလာ့၊ ဖရက္ဒ္နဲ႔ အဲလက္စ္ တဲလက္စ္တို႔ရဲ႕ တိုးတက္လာမႈေတြနဲ႔အတူ အမွတ္ေပးဇယားမွာလည္း ရမွတ္ ၂၄ မွတ္နဲ႔ အဆင့္ ၆ ေနရာအထိ ျပန္လည္တက္ေရာက္လာႏိုင္ခဲ့သလို ဥေရာပဝင္ခြင့္ရႏိုင္မယ့္ လမ္းေၾကာင္းမွန္ေပၚကို ျပန္လည္ေရာက္ရွိလာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.