Match Report Premier League

ဇယားေအာက္ဆုံးက ေနာ့ဝစ္ခ်္ကုိ ဒုတိယပုိင္းသြင္းဂိုးေတြနဲ႔ ျပႆနာရွာသြားခဲ့တဲ့ စိန္႔ေတြ

တန္းဆင္းဇုန္ရဲ႕ ေအာက္ဆုံးကေန ႐ုန္းကန္ေနခဲ့ရၿပီး လက္ရွိအင္အားနဲ႔ တတ္ႏိုင္သေလာက္ ႀကဳိးစားေနခဲ့တဲ့ ေနာ့ဝစ္ခ်္စီးတီးတုိ႔အေနနဲ႔ ကစားသမားခ်င္း အင္အားကြာျခားမွဳနဲ႔ နည္းျပအရည္အေသြးခ်င္း ကြာျခားမွဳေတြေၾကာင့္ အိမ္ကြင္း ကား႐ိုး႐ုတ္မွာ သုံးဂိုး-ဂိုးမရွိနဲ႔ အရွဳံးေပးခဲ့ရၿပီး ဖိအားဝင္သြားခဲ့ရပါတယ္။

အိမ္ကြင္းမွာ တုိက္စစ္ဦးစားေပးကစားမယ့္ဟန္နဲ႔ ပုံမွန္ကစားေနက် ၄-၅-၁ ကို ဖ်က္ခဲ့ၿပီး ကန္႔ဝဲလ္ရဲ႕ စြမ္းေဆာင္ရည္ကုိ ကန္႔သတ္ခဲ့တဲ့ ၄-၄-၂ ကစားကြက္မွာ ဒါမစ္ကို ထည့္သြင္းခဲ့ၿပီး အသင္းရဲ႕ ဂိုးသြင္းဘုရင္ ပူကီနဲ႔ တြဲေပးခဲ့တဲ့ ေဒါ့မြန္အရန္အသင္းနည္းျပေဟာင္း ဒန္နီယယ္လ္ ဖာကာဟာ ပရီးမီးယားလိဂ္အရည္အေသြးမရွိခဲ့တာကိုလည္း သူ႕ရဲ႕ ကစားကြက္အခင္းအက်င္းေတြအရ ေတြ႕ျမင္ခဲ့ရပါတယ္။

ႏွစ္ဖက္အသင္းအျပန္အလွန္ အခြင့္အေရးေတြ ရေပမယ့္လည္း ပထမပုိင္းမွာေတာ့ ဂိုးမရွိသေရသာျဖစ္ေနခဲ့ၿပီး ဒီလိုနဲ႔ပဲ ၿပီးသြားမွာလားလို႔ ထင္ေနတုန္းမွာပဲ ပြဲခ်ိန္ ၄၉ မိနစ္မွာ စေကာ့တလန္ကြင္းလယ္လူ အမ္းစထေရာင္းရဲ႕ ဖန္တီးမွဳကေန ဒန္နီအင္းစ္က အမွားအယြင္းမရွိ ကန္သြင္းၿပီး အဖြင့္ဂိုး ရယူႏုိင္ခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာ ဂိုးေပးလုိက္ရတဲ့ ကေနရီငွက္ေတြ ပိုၿပီးတင္ကစားလာခဲ့တာေၾကာင့္ စိန္႔တို႔ ေကာင္တာေတြနဲ႔ မၾကာခဏ ထိုးေဖာက္ခြင့္ရခဲ့ၿပီး ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ ညာျခမ္းက တန္ျပန္တုိက္စစ္ဆင္ၿပီး ထိုးေဖာက္လာခဲ့တဲ့ အမ္းစထေရာင္းက ဘယ္ေျခနဲ႔ အနိမ့္ေဘာ ကန္သြင္းရာမွာ လူၾကားထဲကေန ဂိုးဝင္သြားခဲ့တာကို ဂိုးသမား က႐ူးလ္ ကာကြယ္ဖို႔ ေလးလံေနခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ႏွစ္ဂိုးေပးလုိက္ရတဲ့ေနာက္မွာေတာ့ ပြဲက ေဆာက္သမ္တန္တုိ႔ပြဲျဖစ္သြားခဲ့ၿပီး ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ေကာင္တာကေနပဲ အိုဘာဖီမီ ခ်ေပးတာကို ရက္ဒ္မြန္႔ ကန္သြင္းခဲ့ရာမွာ အသက္အရြယ္ေၾကာင့္ ေလးလံေနတဲ့ က႐ူးလ္ မကာကြယ္ႏုိင္ခဲ့ဘဲ ဂိုးေပးခဲ့ရလို႔ သုံးဂိုး-ဂိုးမရွိနဲ႔ ေဆာက္သမ္တန္တို႔ အႏုိင္ရရွိခဲ့ၿပီး ပရီးမီးယားလိဂ္နဲ႔ ထုိက္တန္တဲ့ ျပင္ဆင္မွဳေတြ ျပဳလုပ္မထားခဲ့တဲ့ ေနာ့ဝစ္ခ်္ကေတာ့ တန္းဆင္းဖို႔ နီးစပ္သြားခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: တန်းဆင်းဇုန်ရဲ့ အောက်ဆုံးကနေ ရုန်းကန်နေခဲ့ရပြီး လက်ရှိအင်အားနဲ့ တတ်နိုင်သလောက် ကြိုးစားနေခဲ့တဲ့ နော့ဝစ်ချ်စီးတီးတို့အနေနဲ့ ကစားသမားချင်း အင်အားကွာခြားမှုနဲ့ နည်းပြအရည်အသွေးချင်း ကွာခြားမှုတွေကြောင့် အိမ်ကွင်း ကားရိုးရုတ်မှာ သုံးဂိုး-ဂိုးမရှိနဲ့ အရှုံးပေးခဲ့ရပြီး ဖိအားဝင်သွားခဲ့ရပါတယ်။

အိမ်ကွင်းမှာ တိုက်စစ်ဦးစားပေးကစားမယ့်ဟန်နဲ့ ပုံမှန်ကစားနေကျ ၄-၅-၁ ကို ဖျက်ခဲ့ပြီး ကန့်ဝဲလ်ရဲ့ စွမ်းဆောင်ရည်ကို ကန့်သတ်ခဲ့တဲ့ ၄-၄-၂ ကစားကွက်မှာ ဒါမစ်ကို ထည့်သွင်းခဲ့ပြီး အသင်းရဲ့ ဂိုးသွင်းဘုရင် ပူကီနဲ့ တွဲပေးခဲ့တဲ့ ဒေါ့မွန်အရန်အသင်းနည်းပြဟောင်း ဒန်နီယယ်လ် ဖာကာဟာ ပရီးမီးယားလိဂ်အရည်အသွေးမရှိခဲ့တာကိုလည်း သူ့ရဲ့ ကစားကွက်အခင်းအကျင်းတွေအရ တွေ့မြင်ခဲ့ရပါတယ်။

နှစ်ဖက်အသင်းအပြန်အလှန် အခွင့်အရေးတွေ ရပေမယ့်လည်း ပထမပိုင်းမှာတော့ ဂိုးမရှိသရေသာဖြစ်နေခဲ့ပြီး ဒီလိုနဲ့ပဲ ပြီးသွားမှာလားလို့ ထင်နေတုန်းမှာပဲ ပွဲချိန် ၄၉ မိနစ်မှာ စကော့တလန်ကွင်းလယ်လူ အမ်းစထရောင်းရဲ့ ဖန်တီးမှုကနေ ဒန်နီအင်းစ်က အမှားအယွင်းမရှိ ကန်သွင်းပြီး အဖွင့်ဂိုး ရယူနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ ဂိုးပေးလိုက်ရတဲ့ ကနေရီငှက်တွေ ပိုပြီးတင်ကစားလာခဲ့တာကြောင့် စိန့်တို့ ကောင်တာတွေနဲ့ မကြာခဏ ထိုးဖောက်ခွင့်ရခဲ့ပြီး ပွဲချိန် ၅၄ မိနစ်မှာတော့ ညာခြမ်းက တန်ပြန်တိုက်စစ်ဆင်ပြီး ထိုးဖောက်လာခဲ့တဲ့ အမ်းစထရောင်းက ဘယ်ခြေနဲ့ အနိမ့်ဘော ကန်သွင်းရာမှာ လူကြားထဲကနေ ဂိုးဝင်သွားခဲ့တာကို ဂိုးသမား ကရူးလ် ကာကွယ်ဖို့ လေးလံနေခဲ့တာကိုလည်း တွေ့ရပါတယ်။

နှစ်ဂိုးပေးလိုက်ရတဲ့နောက်မှာတော့ ပွဲက ဆောက်သမ်တန်တို့ပွဲဖြစ်သွားခဲ့ပြီး ပွဲချိန် ၇၈ မိနစ်မှာတော့ ကောင်တာကနေပဲ အိုဘာဖီမီ ချပေးတာကို ရက်ဒ်မွန့် ကန်သွင်းခဲ့ရာမှာ အသက်အရွယ်ကြောင့် လေးလံနေတဲ့ ကရူးလ် မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရလို့ သုံးဂိုး-ဂိုးမရှိနဲ့ ဆောက်သမ်တန်တို့ အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ ထိုက်တန်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်မထားခဲ့တဲ့ နော့ဝစ်ချ်ကတော့ တန်းဆင်းဖို့ နီးစပ်သွားခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.