Match Report Premier League

စပါးစ္ကြင္းမွာ သေရတစ္မွတ္သာ ခြဲယူႏုိင္ခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္

ပြဲမစခင္က ကၽြမ္းက်င္သူေတြက အေပၚအသင္းအျဖစ္ ခန္႔မွန္းထားခဲ့ၾကတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းကေတာ့ စပါးစ္ကြင္းမွာ ထင္သေလာက္ မေကာင္းခဲ့ဘဲ ကိုဗစ္ကာလ ပြဲစဥ္ေတြနဲ႔ ေဝးကြာေနခ်ိန္မွာ ရစ္သမ္အနည္းငယ္ပ်က္ေနခဲ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ႀကဳိးစားေနတဲ့အသင္းအတြက္ တစ္မွတ္သာ ရွာေဖြႏိုင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ေဘာလုံးပုိင္ဆုိင္မွဳကို ျပတ္ျပတ္သားသား ထိန္းသိမ္းသြားခဲ့ၿပီး အိမ္ရွင္ စပါးစ္နည္းျပ ေမာ္ရင္ညဳိ ကေတာ့ သူ႕အသင္းကို ဟာရီကိန္းကို အေထာင္ထားၿပီး ေနာက္က တုိက္စစ္အရွင္ကစားသမားသုံးဦးျဖစ္တဲ့ ဘာဂ့္ဗိန္း၊ လာမယ္လာနဲ႔ ဆြန္ေဟာင္မင္တုိ႔ကို လွဳပ္ရွားေစတဲ့ ဗ်ဴဟာသစ္က အတုိင္းအတာတစ္ခုအထိ အလုပ္ျဖစ္ႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၁ မိနစ္နဲ႔ ၂၂ မိနစ္ေတြမွာ ရက္ရွ္ဖို႔ဒ္နဲ႔ ဖရက္ဒ္တုိ႔ ဆက္တိုက္ကန္သြင္းခြင့္ေတြ ရရွိခဲ့ေပမယ့္ စပါးစ္ဂိုးသမား ဟူဂို လိုရစ္ လက္စြမ္းျပေနခဲ့လုိ႔ ယူႏုိက္တက္တုိ႔ ဂိုးမသြင္းႏုိင္ခဲ့ဘဲ အဖြင့္ဂိုးကို မထင္မွတ္ဘဲ ရယူသြားသူကေတာ့ စပါးစ္အသင္းရဲ႕ ေတာင္ပံကစားသမားသစ္ စတီဗင္ ဘာ့ဂ္ဗိန္းပဲ ျဖစ္ပါတယ္။

သူ႕ရဲ႕ စပါးစ္ကစားသမားဘဝ ၆ ပြဲအတြင္းမွာ ၂ ႀကိမ္ဆုံေတြ႕ခဲ့တဲ့ မန္ခ်က္စတာၿမဳိ႕ခံၿပဳိင္ဘက္ႏွစ္သင္းကို ရင္ဆုိင္ရာမွာ ဘာ့ဂ္ဗိန္းဟာ ဒီႏွစ္သင္းကိုပဲ ဂိုးေတြ ေရြးသြင္းခဲ့ၿပီး ပြဲခ်ိန္ ၂၇ မိနစ္မွာ တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ညာျခမ္းတစ္ေလွ်ာက္ ဆြဲေျပးၿပီး ကန္သြင္းခဲ့ရာမွာ ဟန္ဒါဆန္ကို ေနရာဖယ္ေပးခ်င္ေနတဲ့ ဒေဟးယား ကာကြယ္မွဳ အားနည္းလို႔ ဂိုးေပးခဲ့ရတာပါ။

စပါးစ္ရဲ႕ တန္ျပန္တုိက္စစ္ေတြဟာ ဒီေန႔မွာ ယူႏိုက္တက္ကို ေမာ္ရင္ညဳိ လုိခ်င္သလုိမ်ဳိး ထိုးႏွက္ႏုိင္ခဲ့ၿပီး အဆုံးသတ္ပုိင္းနဲ႔ ကံအပိုင္းမွာ လိုအပ္ခ်က္ေတြ ရွိေနခဲ့လို႔သာ ဧည့္သည္ေတြ သက္သာခဲ့တာျဖစ္ၿပီး ဘာ့ဂ္ဗိန္းနဲ႔ ဆြန္ေဟာင္မင္တုိ႔ရဲ႕ အတြဲဟာ မတည္ၿငိမ္တဲ့ လင္ဒီေလာ့ဖ္ေၾကာင့္ ေတာ္ေတာ္ေလးလွဳပ္ရွားခြင့္ရခဲ့တာပါ။

ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ စပါးစ္ေနာက္ခံလူ အဲရစ္ ဒိုင္ယာရဲ႕ တုံးအမွဳကေန လူစားဝင္ကစားသမား ေပါ့ဘာက သေဘာေကာင္းတဲ့ ဒိုင္လူႀကီး ဂၽြန္ေမာ့စ္ဆီကေန ပင္နယ္တီကန္သြင္းခြင့္ကို ပါးပါးနပ္နပ္ရယူသြားႏိုင္ခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္က လွလွပပ ကန္သြင္းၿပီး ေခ်ပဂိုး ရယူႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၉ မိနစ္မွာလည္း စပါးစ္ပင္နယ္တီဧရိယာထဲမွာ ဖာနန္ဒက္စ္နဲ႔ ဒိုင္ယာတုိ႔ ဝင္တုိက္မိခဲ့တာကို ဂၽြန္ေမာ့စ္က ပင္နယ္တီထပ္ၿပီး သတ္မွတ္ေပးခဲ့ၿပီးမွ VAR နဲ႔ ျပန္လည္ပယ္ဖ်က္ခဲ့ပါတယ္။ ဒီျပစ္ဒဏ္ေဘာမွာ လူထိခဲ့တာ မွန္ေပမယ့္ ဒီကေနၿပီး ယူႏုိက္တက္အေနနဲ႔ ဂိုးသြင္းႏုိင္မယ့္ အေျခအေနမွာ မရွိလို႔ ပယ္ဖ်က္ခဲ့တာျဖစ္ၿပီး VAR ရဲ႕ သတ္မွတ္ခ်က္ေတြကလည္း နားလည္ရခက္ဆဲ ျဖစ္ပါတယ္။

ဒီေနာက္ပုိင္းမွာ ယူႏုိက္တက္တုိ႔ အခြင့္အေရးတခ်ဳိ႕ ရရွိခဲ့ေပမယ့္လည္း လူစားဝင္တုိက္စစ္မွဴးေတြျဖစ္ၾကတဲ့ အီဂါလိုနဲ႔ ဂရင္းဝုဒ္တုိ႔ အသုံးခ်ႏုိင္ျခင္းမရွိသလို ပြဲၿပီးခါနီးမွာလည္း ဖာနန္ဒက္စ္အေနနဲ႔ ေဘာလုံးခင္းေပးရမယ့္အစား ျဖဳန္းတီးပစ္ခဲ့တာေၾကာင့္ ႏွစ္သင္းစလုံးအတြက္ သေရတစ္မွတ္သာ ထိုက္တန္ခဲ့ၿပီး ယူႏုိက္တက္တုိ႔က အဆင့္ ၅ နဲ႔ စပါးစ္တုိ႔က အဆင့္ ၈ မွာ ဆက္လက္ရပ္တည္ဆဲျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL & STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပွဲမစခင်က ကျွမ်းကျင်သူတွေက အပေါ်အသင်းအဖြစ် ခန့်မှန်းထားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ စပါးစ်ကွင်းမှာ ထင်သလောက် မကောင်းခဲ့ဘဲ ကိုဗစ်ကာလ ပွဲစဉ်တွေနဲ့ ဝေးကွာနေချိန်မှာ ရစ်သမ်အနည်းငယ်ပျက်နေခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစားနေတဲ့အသင်းအတွက် တစ်မှတ်သာ ရှာဖွေနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အနေနဲ့ ဘောလုံးပိုင်ဆိုင်မှုကို ပြတ်ပြတ်သားသား ထိန်းသိမ်းသွားခဲ့ပြီး အိမ်ရှင် စပါးစ်နည်းပြ မော်ရင်ညို ကတော့ သူ့အသင်းကို ဟာရီကိန်းကို အထောင်ထားပြီး နောက်က တိုက်စစ်အရှင်ကစားသမားသုံးဦးဖြစ်တဲ့ ဘာဂ့်ဗိန်း၊ လာမယ်လာနဲ့ ဆွန်ဟောင်မင်တို့ကို လှုပ်ရှားစေတဲ့ ဗျူဟာသစ်က အတိုင်းအတာတစ်ခုအထိ အလုပ်ဖြစ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၂၁ မိနစ်နဲ့ ၂၂ မိနစ်တွေမှာ ရက်ရှ်ဖို့ဒ်နဲ့ ဖရက်ဒ်တို့ ဆက်တိုက်ကန်သွင်းခွင့်တွေ ရရှိခဲ့ပေမယ့် စပါးစ်ဂိုးသမား ဟူဂို လိုရစ် လက်စွမ်းပြနေခဲ့လို့ ယူနိုက်တက်တို့ ဂိုးမသွင်းနိုင်ခဲ့ဘဲ အဖွင့်ဂိုးကို မထင်မှတ်ဘဲ ရယူသွားသူကတော့ စပါးစ်အသင်းရဲ့ တောင်ပံကစားသမားသစ် စတီဗင် ဘာ့ဂ်ဗိန်းပဲ ဖြစ်ပါတယ်။

သူ့ရဲ့ စပါးစ်ကစားသမားဘဝ ၆ ပွဲအတွင်းမှာ ၂ ကြိမ်ဆုံတွေ့ခဲ့တဲ့ မန်ချက်စတာမြို့ခံပြိုင်ဘက်နှစ်သင်းကို ရင်ဆိုင်ရာမှာ ဘာ့ဂ်ဗိန်းဟာ ဒီနှစ်သင်းကိုပဲ ဂိုးတွေ ရွေးသွင်းခဲ့ပြီး ပွဲချိန် ၂၇ မိနစ်မှာ တစ်ကိုယ်တော်ခြေစွမ်းနဲ့ ညာခြမ်းတစ်လျှောက် ဆွဲပြေးပြီး ကန်သွင်းခဲ့ရာမှာ ဟန်ဒါဆန်ကို နေရာဖယ်ပေးချင်နေတဲ့ ဒဟေးယား ကာကွယ်မှု အားနည်းလို့ ဂိုးပေးခဲ့ရတာပါ။

စပါးစ်ရဲ့ တန်ပြန်တိုက်စစ်တွေဟာ ဒီနေ့မှာ ယူနိုက်တက်ကို မော်ရင်ညို လိုချင်သလိုမျိုး ထိုးနှက်နိုင်ခဲ့ပြီး အဆုံးသတ်ပိုင်းနဲ့ ကံအပိုင်းမှာ လိုအပ်ချက်တွေ ရှိနေခဲ့လို့သာ ဧည့်သည်တွေ သက်သာခဲ့တာဖြစ်ပြီး ဘာ့ဂ်ဗိန်းနဲ့ ဆွန်ဟောင်မင်တို့ရဲ့ အတွဲဟာ မတည်ငြိမ်တဲ့ လင်ဒီလော့ဖ်ကြောင့် တော်တော်လေးလှုပ်ရှားခွင့်ရခဲ့တာပါ။

ပွဲချိန် ၈၁ မိနစ်မှာတော့ စပါးစ်နောက်ခံလူ အဲရစ် ဒိုင်ယာရဲ့ တုံးအမှုကနေ လူစားဝင်ကစားသမား ပေါ့ဘာက သဘောကောင်းတဲ့ ဒိုင်လူကြီး ဂျွန်မော့စ်ဆီကနေ ပင်နယ်တီကန်သွင်းခွင့်ကို ပါးပါးနပ်နပ်ရယူသွားနိုင်ခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်က လှလှပပ ကန်သွင်းပြီး ချေပဂိုး ရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာလည်း စပါးစ်ပင်နယ်တီဧရိယာထဲမှာ ဖာနန်ဒက်စ်နဲ့ ဒိုင်ယာတို့ ဝင်တိုက်မိခဲ့တာကို ဂျွန်မော့စ်က ပင်နယ်တီထပ်ပြီး သတ်မှတ်ပေးခဲ့ပြီးမှ VAR နဲ့ ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။ ဒီပြစ်ဒဏ်ဘောမှာ လူထိခဲ့တာ မှန်ပေမယ့် ဒီကနေပြီး ယူနိုက်တက်အနေနဲ့ ဂိုးသွင်းနိုင်မယ့် အခြေအနေမှာ မရှိလို့ ပယ်ဖျက်ခဲ့တာဖြစ်ပြီး VAR ရဲ့ သတ်မှတ်ချက်တွေကလည်း နားလည်ရခက်ဆဲ ဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ ယူနိုက်တက်တို့ အခွင့်အရေးတချို့ ရရှိခဲ့ပေမယ့်လည်း လူစားဝင်တိုက်စစ်မှူးတွေဖြစ်ကြတဲ့ အီဂါလိုနဲ့ ဂရင်းဝုဒ်တို့ အသုံးချနိုင်ခြင်းမရှိသလို ပွဲပြီးခါနီးမှာလည်း ဖာနန်ဒက်စ်အနေနဲ့ ဘောလုံးခင်းပေးရမယ့်အစား ဖြုန်းတီးပစ်ခဲ့တာကြောင့် နှစ်သင်းစလုံးအတွက် သရေတစ်မှတ်သာ ထိုက်တန်ခဲ့ပြီး ယူနိုက်တက်တို့က အဆင့် ၅ နဲ့ စပါးစ်တို့က အဆင့် ၈ မှာ ဆက်လက်ရပ်တည်ဆဲဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL & STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.