Premier League Transfer News

ပါဘလို မာရီကို ဒဏ္ရာရေနေပမယ့္ ေခၚယူခ်င္ဆဲဆုိတဲ့ အာဆင္နယ္နည္းျပ အာတီတာ

အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ သူတို႔ရဲ႕ အငွားနဲ႔ ေခၚယူထားခဲ့တဲ့ စပိန္သားေနာက္ခံလူ ပါဘလို မာရီကို သေဘာက်ေနၿပီး ရာသီကုန္အထိ နားရမယ့္ ေျခက်င္းဝတ္ဒဏ္ရာ ရရွိသြားခဲ့ေပမယ့္လည္း အၿပီးသတ္ေခၚယူဖို႔ ဆႏၵရွိဆဲျဖစ္ေၾကာင္း သတင္းစာရွင္းလင္းပြဲမွာ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ ေနာက္ခံလူဟာ ၿပီးခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းကို အေဝးကြင္းမွာ ရွဳံးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ ေဘာလုံးရယူဖို႔ ႀကဳိးစားရင္ ဒဏ္ရာရရွိသြားခဲ့တာျဖစ္ၿပီး အသင္းရဲ႕ ေဆးဝန္ထမ္းေတြရဲ႕ စစ္ေဆးခ်က္အရ ျပန္လည္ပါဝင္ဖို႔ မလြယ္ကူေတာ့ေၾကာင္းနဲ႔ ဒဏ္ရာကို ခြဲစိတ္ကုသမွဳ ခံယူရမွာျဖစ္ေၾကာင္းလည္း သိရပါတယ္။

ၿပီးခဲ့တဲ့ ေဆာင္းရာသီ အေျပာင္းအေရႊ႕ကာလမွာ ဘရာဇီးလ္ စီးရီးေအကလပ္ ဖလာမင္ဂိုအသင္းကေန အငွားေျပာင္းေရႊ႕ေၾကး ေပါင္ ၄ သန္းနဲ႔ ေခၚယူထားခဲ့တဲ့ ပါဘလို မာရီဟာ အသင္းအတြက္ ပရီးမီးယားလိဂ္ ၂ ပြဲအပါအဝင္ စုစုေပါင္း ၃ ပြဲသာ ကစားေပးရေသးခ်ိန္မွာ ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး အာဆင္နယ္အတြက္ေတာ့ ထုိးႏွက္ခ်က္တစ္ခုလည္းျဖစ္ပါတယ္။

“ပါဘလို မာရီကို ေခၚယူဖို႔ ဒီဒဏ္ရာက ဘာမွ အေႏွာင့္အယွက္မျဖစ္ႏိုင္ပါဘူး။ သူဟာ အသင္းအတြက္ ခုခံကာကြယ္ဖို႔ ႀကဳိးစားရင္း ဒဏ္ရာ ရရွိသြားခဲ့တာျဖစ္ပါတယ္”လုိ႔ နည္းျပ အာတီတာက ေျပာၾကားသြားခဲ့ၿပီး သူ႕ကို ေခၚယူမွာလားဆုိတဲ့ ေမးခြန္းကိုလည္း ဟုတ္တယ္လုိ႔ တစ္လုံးတည္းပဲ ေျဖၾကားသြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ပါဘလို မာရီကို အၿပီးသတ္ေခၚယူမယ္ဆုိရင္ ေပါင္ ၈ သန္း ထပ္မံက်သင့္မွာလည္းျဖစ္ၿပီး ဒဏ္ရာရရွိသြားခဲ့တဲ့ ကစားသမားတစ္ဦးကို ေခၚယူဖို႔အတြက္ စြန္႔စားမွဳ ျပဳလုပ္ရမွာလည္းျဖစ္သလို အသင္းပရိသတ္ေတြကေတာ့ ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ တျခား ပစ္မွတ္ေတြကို အရင္ရွာေဖြၿပီး မရရွိမွသာ ေခၚယူသြားေစဖို႔ ဆႏၵရွိေနၾကတယ္လုိ႔လည္း သိရွိရပါတယ္။

REF: STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ သူတို့ရဲ့ အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ စပိန်သားနောက်ခံလူ ပါဘလို မာရီကို သဘောကျနေပြီး ရာသီကုန်အထိ နားရမယ့် ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့ပေမယ့်လည်း အပြီးသတ်ခေါ်ယူဖို့ ဆန္ဒရှိဆဲဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသက် ၂၆ နှစ်အရွယ် နောက်ခံလူဟာ ပြီးခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဘောလုံးရယူဖို့ ကြိုးစားရင် ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး အသင်းရဲ့ ဆေးဝန်ထမ်းတွေရဲ့ စစ်ဆေးချက်အရ ပြန်လည်ပါဝင်ဖို့ မလွယ်ကူတော့ကြောင်းနဲ့ ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်ကြောင်းလည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ ဘရာဇီးလ် စီးရီးအေကလပ် ဖလာမင်ဂိုအသင်းကနေ အငှားပြောင်းရွှေ့ကြေး ပေါင် ၄ သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ ပါဘလို မာရီဟာ အသင်းအတွက် ပရီးမီးယားလိဂ် ၂ ပွဲအပါအဝင် စုစုပေါင်း ၃ ပွဲသာ ကစားပေးရသေးချိန်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အာဆင်နယ်အတွက်တော့ ထိုးနှက်ချက်တစ်ခုလည်းဖြစ်ပါတယ်။

“ပါဘလို မာရီကို ခေါ်ယူဖို့ ဒီဒဏ်ရာက ဘာမှ အနှောင့်အယှက်မဖြစ်နိုင်ပါဘူး။ သူဟာ အသင်းအတွက် ခုခံကာကွယ်ဖို့ ကြိုးစားရင်း ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပါတယ်”လို့ နည်းပြ အာတီတာက ပြောကြားသွားခဲ့ပြီး သူ့ကို ခေါ်ယူမှာလားဆိုတဲ့ မေးခွန်းကိုလည်း ဟုတ်တယ်လို့ တစ်လုံးတည်းပဲ ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ပါဘလို မာရီကို အပြီးသတ်ခေါ်ယူမယ်ဆိုရင် ပေါင် ၈ သန်း ထပ်မံကျသင့်မှာလည်းဖြစ်ပြီး ဒဏ်ရာရရှိသွားခဲ့တဲ့ ကစားသမားတစ်ဦးကို ခေါ်ယူဖို့အတွက် စွန့်စားမှု ပြုလုပ်ရမှာလည်းဖြစ်သလို အသင်းပရိသတ်တွေကတော့ နွေရာသီအပြောင်းအရွှေ့ကာလမှာ တခြား ပစ်မှတ်တွေကို အရင်ရှာဖွေပြီး မရရှိမှသာ ခေါ်ယူသွားစေဖို့ ဆန္ဒရှိနေကြတယ်လို့လည်း သိရှိရပါတယ်။

REF: STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.