Premier League

ချဲလ်ဆီးကို အနိုင်ရခဲ့တာတောင် ခြေစွမ်းသိပ်မကောင်းသေးဘူးလို့ ပြောခဲ့တဲ့ ဒေးဗစ် မွိုက်စ်

ဒေးဗစ် မွိုက်စ်က ချဲလ်ဆီးအသင်းကို စနေနေ့ညက ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းကစားပုံက ကောင်းကောင်း မကစားနိုင်ခဲ့ဘဲ ထိပ်ဆုံး ၄ နေရာဝင်ချင်ရင် တိုးတက်အောင်လုပ်ဖို့ လိုအပ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

အာသာ မာဆူအာကူက လန်ဒန်ဒါဘီပွဲစဉ်မှာ ၃-၂ နဲ့ ဝက်စ်ဟမ်းအသင်း အနိုင်ရရှိစေမယ့် အနိုင်ဂိုးကို သွင်းယူဖို့ အရန်ခုံကနေ လူစားဝင် ကစားပေးခဲ့တာဖြစ်ပြီး ဧည့်သည်ချဲလ်ဆီးအသင်းဟာ သီယေဂို ဆေးလ်ဗားနဲ့ မေဆန် မောင့်တို့ရဲ့ ဂိုးတွေနဲ့ ၂ ကြိမ်အထိ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လန်ဇီနီ၊ ဘိုဝင်တို့ရဲ့ ချေပဂိုးတွေကြောင့် အရှေ့လန်ဒန်အသင်းက ပြန်လာနိုင်ခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းဟာ ဘောလုံးပိုင်ဆိုင်မှုမှာတော့ ချဲလ်ဆီးကို မယှဉ်နိုင်ခဲ့ပေမယ့် အမှတ်ပေးဇယားဦးဆောင်သူကို သက်တောင့်သက်သာမဖြစ်အောင် ရဲစွမ်းသတ္တိရှိမှုနဲ့ စိတ်ပိုင်းဖြတ်မှုတော့ အားသာခဲ့တာဖြစ်ပါတယ်။

မာဆူအာကူရဲ့ ဖြတ်တင်ဘောလည်း ဖြစ်ကောင်းဖြစ်နိုင်တဲ့ ကန်ချက်က အိမ်ရှင် ဝက်စ်ဟမ်းအသင်းကို အနိုင်ရရှိစေမယ့် ထူးခြားဆန်းကြယ်တဲ့ သွင်းဂိုး ဖြစ်ခဲ့တာဖြစ်ပြီး လီဗာပူးလ်၊ မန်စီးတီး၊ ဘရိုက်တန်၊ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်တို့နဲပွဲစဉ်တွေကို ကျော်ဖြတ်ခဲ့ရတဲ့ ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ရာသီက အဆင့်ရပ်တည်ချက်ဖြစ်တဲ့ အဆင့် ၆ ထက်ပိုမိုမြင့်မားတဲ့နေရာကို တက်ရောက်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နည်းပြ မွိုက်စ်ဟာ ချဲလ်ဆီးအသင်းကို အနိုင်ရရှိခဲ့တာတောင်မှ အသင်းရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး သဘောကျနှစ််သက်ခြင်းမရှိဘဲ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသကြဖို့အတွက် အသင်းသားတွေအားလုံးကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“အမှန်တရားကတော့ ကျွန်တော်တို့ ဒီနေ့ ချဲလ်ဆီးကို အနိုင်ယူနိုင်ခဲ့ပြီး ဒီပွဲမှာ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ မထင်တာပါ။ ကျွန်တော်တို့ ဒီထက်အများကြီးပိုကောင်းအောင် ကစားနိုင်တယ်လို့ ထင်ပြီး ထိပ်ဆုံးမှာ နေချင်တယ်ဆိုရင် ဒီထက်အများကြီး ပိုကောင်းအောင် ကျွန်တော်တို့ ကစားသွားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်နည်းမဟုတ် တစ်နည်းနဲ့ အဲဒီလို လုပ်နိုင်အောင် ကျွန်တော် ကြိုးစားသွားမှာပါ”

“ဒါပေမယ့် ခင်ဗျား ဟိုဒီ ပြေးလွှားပြီး ပုံစံကောင်းအချို့ ရနေတယ်။ ခင်ဗျား ကြိုးစားပြီး ခက်ခဲတဲ့အခြေအနေမှာ ဆက်ကြိုးစားနေသလို အခွင့်အရေးအများကြီးလည်း မပေးရအောင် ကြိုးစားမယ်ဆိုရင် ခင်ဗျား ဂိုးရရှိဖို့အတွက် အမြဲတမ်း အခွင့်အရေး ရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဒေးဗစ် မွိုက်စ်က ချဲလ်ဆီးအသင်းကို စနေနေ့ညက ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းကစားပုံက ကောင်းကောင်း မကစားနိုင်ခဲ့ဘဲ ထိပ်ဆုံး ၄ နေရာဝင်ချင်ရင် တိုးတက်အောင်လုပ်ဖို့ လိုအပ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။




ဒါပေမယ့်လည်း နည်းပြ မွိုက်စ်ဟာ ချဲလ်ဆီးအသင်းကို အနိုင်ရရှိခဲ့တာတောင်မှ အသင်းရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး သဘောကျနှစ်သက်ခြင်းမရှိဘဲ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသကြဖို့အတွက် အသင်းသားတွေအားလုံးကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။



REF: INTERNET SOURCES
SPORTS A2Z.