Premier League

မန်ဒီကို အပြစ်တင်သွားတဲ့ တူဟယ်ကို ဂိုးသမားက စက်ရုပ်မဟုတ်ဘူးလို့ ပြန်တုံ့ပြန်လိုက်တဲ့ ဂျိုးကိုး

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က စနေနေ့ညပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းရရှိသွားတဲ့ ပင်နယ်တီအတွက် ဂျော်ဂျင်ညိုနဲ့ မန်ဒီတို့ ၂ ဦးစလုံးမှာ အပြစ်ရှိတယ်လို့ ယုံကြည်နေပြီး တစ်ဦးချင်းအမှားတွေ အရမ်းများနေခဲ့တာ အရင်ပွဲတွေကတည်းကလို့ ပြောကြားသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဝက်စ်ဟမ်းအသင်းကို ၂-၁ နဲ့ ဦးဆောင်ထားနိုင်ခဲ့တဲ့ အခွင့်အရေးကို မထိန်းသိမ်းနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးနေရာကနေ ဖယ်ပေးခဲ့ရပြီဖြစ်ပြီး နောက်ခံလူ ဆေးလ်ဗားက ချဲလ်ဆီးအတွက် အဖွင့်ဂိုးကို စတင်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အိမ်ရှင်အသင်းအတွက် လန်ဇီနီက ပင်နယ်တီပြစ်ဒဏ်ဘောကနေ ချေပဂိုး ပြန်လည်သွင်းယူပေးသွားခဲ့ပြီး ပထမပိုင်းမပြီးဆုံးခင်မှာ မေဆန် မောင့်က ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် ပထမပိုင်းမှာ ချဲလ်ဆီးက ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းမှာ ဘိုဝင်နဲ့ မာဆူအာကူတို့က ဝက်စ်ဟမ်းအသင်း ၃-၂ နဲ့ အနိုင်ရရှိအောင် ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ သွင်းယူပေးသွားခဲ့ကြတာဖြစ်ပြီး ပထမပိုင်းမှာ ချဲလ်ဆီးအသင်းပေးခဲ့ရတဲ့ ပင်နယ်တီမှာ ဂျော်ဂျင်ညိုက ဝက်စ်ဟမ်းကစားသမားတွေရဲ့ ဖိအားပေးခြင်း ခံနေရတဲ့ မန်ဒီဆီ ဘောလုံးပြန်ပေးခဲ့ရာကနေ ဘောလုံး လာလုတဲ့ ဘိုဝင်ကို တားဆီးဖို့ ကြိုးပမ်းရင်း ပြစ်ဒဏ်ကျူးလွန်မိခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်က ပြီးခဲ့တဲ့ပွဲစဉ်တွေတုန်းကလည်း ကစားသမားတွေဟာ တစ်ဦးချင်းအမှားတွေ အမှားကြီး ကျူးလွန်ခဲ့ကြတယ်လို့ ဝန်ခံပြောကြားခဲ့ပြီး ပင်နယ်တီအတွက် အပြစ်ရှိသူတွေက ဂျော်ဂျင်ညိုနဲ့ မန်ဒီတို့ ဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ဆိုးရွားတဲ့ပွဲတစ်ပွဲဖြစ်ခဲ့တယ်လို့တော့ မထင်ပါဘူး။ အဆင်ပြေခဲ့ပါတယ်။ ကျွန်တော်တို့ ဒီလိုစွမ်းဆောင်ရည်နဲ့ အနိုင်ရနိုင်ပါတယ်။ ဒီနေရာမှာ ကစားဖို့က ခက်ခဲပြီး ကျွန်တော်တို့ တစ်ဦးချင်းအမှားတွေ အများကြီးလုပ်ခဲ့တယ်။ ကျွန်တော်တို့ မန်ချက်စတာယူနိုက်တက်၊ ဝက်ဖို့ဒ်တို့နဲ့ ကစားခဲ့တဲ့ပွဲစဉ်တုန်းကလည်း လုပ်ခဲ့ပြီး အဲဒီအတွက် ဒဏ်ခတ်ခံခဲ့ရပါတယ်။ ခင်ဗျား ဒီလိုအဆင့်အတန်းမျိုးမှာ ရလဒ်ကောင်းရချင်ရင် ခင်ဗျားအနေနဲ့ အမှားတွေ အနည်းဆုံးဖြစ်ရပါမယ်။ ကျွန်တော်တို့ ပြီးသွားတာတွေ ပြောနေလို့လည်း ဘာမှ အကျိုးမရှိတော့တာ သိသာပါတယ်”

က်စ်ဟမ်းအသင်းရဲ့ ပင်နယ်တီ ရရှိသွားမှုနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ တူဟယ်က “အားလုံး ပါဝင်ပတ်သက်ခဲ့ပါတယ်။ ဘောလုံးပေးပို့မှုကလည်း ဒီဘောလုံးကို နောက်ပြန်ပေးဖို့ဆိုတာက အကောင်းဆုံး ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ တစ်စုံတယောက်ရဲ့ သက်ဆိုင်ရာအနေအထားကို ဆုံးဖြတ်ခြင်းကလည်း အကောင်းဆုံးမဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့ အဲဒါကို အဖက်ဆယ်နိုင်ပါတယ်။ ဒီအခိုက်အတန့်မှာ မန်ဒီဆီက ဆုံးဖြတ်ချက် ချမှတ်မှုကလည်း အကောင်းဆုံးမဟုတ်ခဲ့ဘဲ ပြီးတော့ ရုတ်တရက်ပဲ ခင်ဗျား ပင်နယ်တီပေးလိုက်ရတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးကြယ်ပွင့်ဟောင်း ဂျိုး ကိုးက ပထမပိုင်း ပင်နယ်တီနဲ့ ဒုတိယပိုင်း ၈၇ မိနစ်မှာ မာဆူအာကူရဲ့ ဦးဆောင်ဂိုးကို အံ့အားသင့်ဖွယ် ခွင့်ပြုခဲ့တဲ့ ချဲလ်ဆီးဂိုးသမား အေဒူယာ မန်ဒီဘက်ကနေ ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ပထမပိုင်း ပင်နယ်တီကို မပေးခဲ့သင့်တာ မှန်ပေမယ့် တတိယမြောက်ဂိုးအတွက်တော့ အပြစ်တင်လို့ မရဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့်ဟောင်းက မန်ဒီဟာ လူသားဖြစ်ပြီး စက်ရုပ်မဟုတ်ဘူးဆိုတဲ့အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး အသင်းအတွက် အချိန်အတော်ကြာ လက်စွမ်းပြသခဲ့သူဖြစ်တယ်ဆိုတာကို ထောက်ပြခဲ့ပါတယ်။

“မန်ဒီက ပင်နယ်တီမှာတော့ အပြစ်လုပ်မိခဲ့ပါတယ်။ မာဆူအာကူရဲ့ဂိုးကတော့ ကြောင်တောင်တောင်ဂိုးပါ။ ခင်ဗျား သူ့ကို အပြစ်တင်လို့မရနိုင်ပါဘူး။ သူက ဒီလောက်အကြာကြီး လက်စွမ်းပြသခဲ့တဲ့သူပါ။ ဂိုးသမားတွေက လူသားတွေဖြစ်ပြီး စက်ရုပ်တွေ မဟုတ်ပါဘူး။ ဒီလို ချဲလ်ဆီးအသင်းကို အနိုင်ယူဖို့အတွက် ကမ္ဘာ့အဆင့်သွင်းဂိုး ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့တစ်စုံတရာမျိုး ရှိရပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းနည္းၿပ ေသာမတ္စ္ တူဟယ္က စေနေန႔ညပြဲစဥ္မွာ ဝက္စ္ဟမ္းအသင္းရရွိသြားတဲ့ ပင္နယ္တီအတြက္ ေဂ်ာ္ဂ်င္ညိဳနဲ႔ မန္ဒီတို႔ ၂ ဦးစလုံးမွာ အျပစ္ရွိတယ္လို႔ ယုံၾကည္ေနၿပီး တစ္ဦးခ်င္းအမွားေတြ အရမ္းမ်ားေနခဲ့တာ အရင္ပြဲေတြကတည္းကလို႔ ေျပာၾကားသြားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဝက္စ္ဟမ္းအသင္းကို ၂-၁ နဲ႔ ဦးေဆာင္ထားနိုင္ခဲ့တဲ့ အခြင့္အေရးကို မထိန္းသိမ္းနိုင္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားထိပ္ဆုံးေနရာကေန ဖယ္ေပးခဲ့ရၿပီျဖစ္ၿပီး ေနာက္ခံလူ ေဆးလ္ဗားက ခ်ဲလ္ဆီးအတြက္ အဖြင့္ဂိုးကို စတင္သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ အိမ္ရွင္အသင္းအတြက္ လန္ဇီနီက ပင္နယ္တီျပစ္ဒဏ္ေဘာကေန ေခ်ပဂိုး ျပန္လည္သြင္းယူေပးသြားခဲ့ၿပီး ပထမပိုင္းမၿပီးဆုံးခင္မွာ ေမဆန္ ေမာင့္က ခ်ဲလ္ဆီးအတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာေၾကာင့္ ပထမပိုင္းမွာ ခ်ဲလ္ဆီးက ဦးေဆာင္ေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ဒုတိယပိုင္းမွာ ဘိုဝင္နဲ႔ မာဆူအာကူတို႔က ဝက္စ္ဟမ္းအသင္း ၃-၂ နဲ႔ အနိုင္ရရွိေအာင္ ေခ်ပဂိုးနဲ႔ ဦးေဆာင္ဂိုးေတြ သြင္းယူေပးသြားခဲ့ၾကတာျဖစ္ၿပီး ပထမပိုင္းမွာ ခ်ဲလ္ဆီးအသင္းေပးခဲ့ရတဲ့ ပင္နယ္တီမွာ ေဂ်ာ္ဂ်င္ညိဳက ဝက္စ္ဟမ္းကစားသမားေတြရဲ့ ဖိအားေပးျခင္း ခံေနရတဲ့ မန္ဒီဆီ ေဘာလုံးျပန္ေပးခဲ့ရာကေန ေဘာလုံး လာလုတဲ့ ဘိုဝင္ကို တားဆီးဖို႔ ႀကိဳးပမ္းရင္း ျပစ္ဒဏ္က်ဴးလြန္မိခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးနည္းၿပ ေသာမတ္စ္ တူဟယ္က ၿပီးခဲ့တဲ့ပြဲစဥ္ေတြတုန္းကလည္း ကစားသမားေတြဟာ တစ္ဦးခ်င္းအမွားေတြ အမွားႀကီး က်ဴးလြန္ခဲ့ၾကတယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီး ပင္နယ္တီအတြက္ အျပစ္ရွိသူေတြက ေဂ်ာ္ဂ်င္ညိဳနဲ႔ မန္ဒီတို႔ ျဖစ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ ဆိုးရြားတဲ့ပြဲတစ္ပြဲျဖစ္ခဲ့တယ္လို႔ေတာ့ မထင္ပါဘူး။ အဆင္ေျပခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ ဒီလိုစြမ္းေဆာင္ရည္နဲ႔ အနိုင္ရနိုင္ပါတယ္။ ဒီေနရာမွာ ကစားဖို႔က ခက္ခဲၿပီး ကၽြန္ေတာ္တို႔ တစ္ဦးခ်င္းအမွားေတြ အမ်ားႀကီးလုပ္ခဲ့တယ္။ ကၽြန္ေတာ္တို႔ မန္ခ်က္စတာယူနိုက္တက္၊ ဝက္ဖို႔ဒ္တို႔နဲ႔ ကစားခဲ့တဲ့ပြဲစဥ္တုန္းကလည္း လုပ္ခဲ့ၿပီး အဲဒီအတြက္ ဒဏ္ခတ္ခံခဲ့ရပါတယ္။ ခင္ဗ်ား ဒီလိုအဆင့္အတန္းမ်ိဳးမွာ ရလဒ္ေကာင္းရခ်င္ရင္ ခင္ဗ်ားအေနနဲ႔ အမွားေတြ အနည္းဆုံးျဖစ္ရပါမယ္။ ကၽြန္ေတာ္တို႔ ၿပီးသြားတာေတြ ေျပာေနလို႔လည္း ဘာမွ အက်ိဳးမရွိေတာ့တာ သိသာပါတယ္”

က္စ္ဟမ္းအသင္းရဲ့ ပင္နယ္တီ ရရွိသြားမႈနဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ တူဟယ္က “အားလုံး ပါဝင္ပတ္သက္ခဲ့ပါတယ္။ ေဘာလုံးေပးပို႔မႈကလည္း ဒီေဘာလုံးကို ေနာက္ျပန္ေပးဖို႔ဆိုတာက အေကာင္းဆုံး ဆုံးျဖတ္ခ်က္မဟုတ္ပါဘူး။ တစ္စုံတေယာက္ရဲ့ သက္ဆိုင္ရာအေနအထားကို ဆုံးျဖတ္ျခင္းကလည္း အေကာင္းဆုံးမဟုတ္ခဲ့ပါဘူး။ ကၽြန္ေတာ္တို႔ အဲဒါကို အဖက္ဆယ္နိုင္ပါတယ္။ ဒီအခိုက္အတန႔္မွာ မန္ဒီဆီက ဆုံးျဖတ္ခ်က္ ခ်မွတ္မႈကလည္း အေကာင္းဆုံးမဟုတ္ခဲ့ဘဲ ၿပီးေတာ့ ႐ုတ္တရက္ပဲ ခင္ဗ်ား ပင္နယ္တီေပးလိုက္ရတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္း ဂ်ိဳး ကိုးက ပထမပိုင္း ပင္နယ္တီနဲ႔ ဒုတိယပိုင္း ၈၇ မိနစ္မွာ မာဆူအာကူရဲ့ ဦးေဆာင္ဂိုးကို အံ့အားသင့္ဖြယ္ ခြင့္ျပဳခဲ့တဲ့ ခ်ဲလ္ဆီးဂိုးသမား ေအဒူယာ မန္ဒီဘက္ကေန ကာကြယ္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီး ပထမပိုင္း ပင္နယ္တီကို မေပးခဲ့သင့္တာ မွန္ေပမယ့္ တတိယေျမာက္ဂိုးအတြက္ေတာ့ အျပစ္တင္လို႔ မရဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဂၤလန္လက္ေရြးစင္ၾကယ္ပြင့္ေဟာင္းက မန္ဒီဟာ လူသားျဖစ္ၿပီး စက္႐ုပ္မဟုတ္ဘူးဆိုတဲ့အေၾကာင္းကို ရွင္းလင္းေျပာၾကားခဲ့ၿပီး အသင္းအတြက္ အခ်ိန္အေတာ္ၾကာ လက္စြမ္းျပသခဲ့သူျဖစ္တယ္ဆိုတာကို ေထာက္ျပခဲ့ပါတယ္။

“မန္ဒီက ပင္နယ္တီမွာေတာ့ အျပစ္လုပ္မိခဲ့ပါတယ္။ မာဆူအာကူရဲ့ဂိုးကေတာ့ ေၾကာင္ေတာင္ေတာင္ဂိုးပါ။ ခင္ဗ်ား သူ႔ကို အျပစ္တင္လို႔မရနိုင္ပါဘူး။ သူက ဒီေလာက္အၾကာႀကီး လက္စြမ္းျပသခဲ့တဲ့သူပါ။ ဂိုးသမားေတြက လူသားေတြျဖစ္ၿပီး စက္႐ုပ္ေတြ မဟုတ္ပါဘူး။ ဒီလို ခ်ဲလ္ဆီးအသင္းကို အနိုင္ယူဖို႔အတြက္ ကမၻာ့အဆင့္သြင္းဂိုး ဒါမွမဟုတ္ ပုံမွန္မဟုတ္တဲ့တစ္စုံတရာမ်ိဳး ရွိရပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.