Premier League

ခရစ္စတီယာနို ရော်နယ်လ်ဒိုက GOAT ဆိုတဲ့ ပြောကြားချက်ကို သဘောမတူတဲ့ ရန်းနစ်ခ်

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြသစ် ရာ့လ်ဖ် ရန်းနစ်ခ်က ဒီယေဂို မာရာဒိုနာနဲ့ ယိုဟန် ခရိုက်ဖ်တို့ဟာ တသက်တာအကောင်းဆုံးဘောလုံးသမားတွေထဲကတစ်ဦးအဖြစ် ကျိန်းသေပေါက် ယူဆခံသင့်တဲ့ ကစားသမားတွေဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဂျာမန်လူမျိုးနည်းပြ ရာ့လ်ဖ် ရန်းနစ်ခ် ပြောဆိုခဲ့တဲ့စကားထဲမှာ လက်ရှိ ကြယ်ပွင့်ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုပါဝင်ခဲ့ပေမယ့်လည်း မာရာဒိုနာနဲ့ ယိုဟန် ခရိုက်ဖ်တို့အကြောင်းကို ပြောဖို့ ပိုမို စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ ရန်းနစ်ခ်ရဲ့ မှတ်ချက်စကားကတော့ အများစုက GOATလို့ သတ်မှတ်ခြင်း ခံထားရတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုအတွက် ရင်တွေဘာတွေနာတယ်ဆိုပြီး ဖြစ်သွားနိုင်လောက်တဲ့ ထိုးနှက်ချက် ဖြစ်ပါလိမ့်မယ်။

ပြီးခဲ့တဲ့စက်တင်ဘာလက မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ဂယ်ရီ နဗီးက ရော်နယ်လ်ဒိုဟာ ၂၀၂၁ ခုနှစ်အတွက် ဘလွန်ဒေါဆုကို လီယွန်နယ် မက်ဆီကို ကျော်ဖြတ်ပြီး ရရှိလိမ့်မယ်လို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ “ဒီမှာကြည့်။ မက်ဆီက ဂိုးပမာဏ အများကြီးသွင်းယူမယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး။ သူက ဖျော်ဖြေမှုပေးနိုင်တဲ့ ကစားသမားပါ။ ရော်နယ်လ်ဒိုက သူ့ရဲ့ အားနည်းတဲ့ခြေထောက်နဲ့ ဂိုးတွေ ၃၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၄၀ ရာခိုင်နှုန်းလောက် ပိုသွင်းနိုင်ပြီး ပင်နယ်တီသွင်းဂိုးတွေလည်း ပိုသွင်းယူနိုင်ခဲ့တယ်”

“အဲဒီတော့ သူက ပြိုင်ပွဲရဲ့ အရေးအကြီးဆုံးအပိုင်းတွေနဲ့ပတ်သက်ရင် ပိုပြီး ပြီးပြည့်စုံတယ်ဆိုတဲ့ အချက်ကို ကျွန်တော် သွားတွေ့တယ်။ အဲဒီထက် ပိုတဲ့အချက်က နိုင်ငံတကာမှတ်တမ်းတွေမှာ ပိုလို့တောင် သာတာဖြစ်ပြီး နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားဖြစ်နေတာပါ။ သူက မက်ဆီရဲ့အသင်းလောက်တောင် မကောင်းတဲ့အသင်းတွေနဲ့ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်အထိ အနိုင်ရခဲ့ပါတယ်။ မက်ဆီက ဘာစီလိုနာနဲ့အတူ လိဂ်ဖလား ပိုမို ရရှိခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာသွင်းဂိုးမှတ်တမ်းနဲ့ ချန်ပီယံလိဂ်ဖလားအရေအတွက်ကို ကျွန်တော် ခံစားရပါတယ်”

“သူ သွင်းယူခဲ့တဲ့ ဂိုးအမျိုးမျိုးနဲ့ ကြည့်ရင် ဂိုးတွေက အရမ်း ဆင်တူတယ်ဆိုတာတောင်မှပဲ သူက တသက်တာအကောင်းဆုံးကစားသမားလို့ ကျွန်တော့်ကို တွေးမိစေပါတယ်”လို့ ဂယ်ရီ နဗီးက ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ယာယီနည်းပြသစ် ရန်းနစ်ခ်က United ရဲ့ဝက်ဆိုက်နဲ့ စကားပြောဆိုခဲ့ပြီး ဘယ်သူက GOAT လဲလို့ မေးမြန်းခံခဲ့ရတဲ့အခါမှာ မာရာဒိုနာနဲ့ ခရိုက်ဖ်တို့ရဲ့ လွှမ်းမိုးနိုင်မှုကို အဓိကထား ပြောကြားချင်ခဲ့တာဖြစ်ပါတယ်။

“အဲဒီလို ယူဆဖို့အတွက် ကစားသမားအနညး်ငယ်ပဲ ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီယေဂို မာရာဒိုနာက အဲဒီလို သတ်မှတ်ရမယ့် သူတွေထဲက တစ်ဦးဆိုတာ ကျိန်းသေတယ်လို့ ထင်ပါတယ်။ နည်းပြတစ်ယောက်အဖြစ် ကျွန်တော့်ရဲ့ချဉ်းကပ်မှုကို လွှမ်းမိုးမှုရှိခဲ့တဲ့ တစ်စုံတယောက်ကလည်း ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူက ဘောလုံးလောရဲ့ ပထမဆုံး ခေတ်သစ် ကျောနံပါတ် ၁၀ ဖြစ်ခဲ့လို့ဖြစ်ပြီး အဲဒါက ယိုဟန် ခရိုက်ဖ်ပါ”

“သူကလည်း ကြီးမားတဲ့ လွှမ်းမိုးမှုရှိခဲ့ပြီး ကစားသမားတစ်ယောက်အနေနဲ့ရော နောက်ပိုင်း သူ အိုင်းယက်စ်နဲ့ ဘာစီလိုနာတို့လို ကလပ်တွေကို နည်းပြခဲ့တဲ့အချိန်မှာ နည်းပြအဖြစ်နဲ့ပါ လွှမ်းမိုးနိုင်ခဲ့တာပါ။ ကျွန်တော် အဲဒီတုန်းက အသက် ၁၃၊ ၁၄ နှစ်လောက်ပဲရှိသေးတာ သတိရပါတယ်။ ကျွန်တော်က မိခင်ကလပ်ရဲ့ လူငယ်အသင်းမှာ ကစားနေခဲ့တာပါ။ ကျွန်တော့်နည်းပြကို ကျွန်တော်က ကျောနံပါတ် ၁၄(ယိုဟန် ခရိုက်ဖ်ရဲ့ကျောနံပါတ်)ဝတ်ဆင်ပြီး ကစားလို့ ရနိုင်မလားလို့ မေးခဲ့ပါတယ်”

“အဲဒီအချိန်မှာ အဲဒီလို မေးတာက လုံးဝကို ပုံမှန်မဟုတ်တဲ့အရာပါ။ ဘာလို့လဲဆိုတော့ ခင်ဗျား ရွေးစရာက နံပါတ် ၁ ကနေ ၁၁ အထိပဲ ရှိပြီး နည်းပြက ကျွန်တော့်ကို အရန်အသင်းနံပါတ် ၁၄ ကို ဝတ်ဆင်ကစားခွင့် ပြုခဲ့ပါတယ်။ ကျွန်တော်ကတော့ သူတို့ ၂ ယောက်ကို GOAT လို့ သတ်မှတ်ရပါလိမ့်မယ်။ ဒါပေမယ့် နောက်ထပ် နည်းနည်းလောက် ရှိဦးမယ်ဆိုတာ သိသာပါတယ်”

“ကျွန်တော်တို့ ဒီမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရှိတယ်။ ကျွန်တော်တို့မှာ လီယွန်နယ် မက်ဆီရှိတယ် အခုဆိုရင် လီဗန်ဒေါ့ဗ်စကီးပါ ရှိနေပြီ။ အဲဒီတော့ သူတို့ထဲက တစ်ယောက်ကို GOAT ဆိုပြီး သတ်မှတ်ဖို့က ခက်ခဲပါတယ်။ ကျွန်တော်ကတော့ ဒီယေဂိုနဲ့ ယိုဟန်တို့က GOAT လို့ သတ်မှတ်ခံရသင့်တဲ့ ကျိန်းသေတဲ့သူတွေလို့ ပြောရပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္ ယာယီနည္းျပသစ္ ရာ့လ္ဖ္ ရန္းနစ္ခ္က ဒီေယဂို မာရာဒိုနာနဲ႔ ယိုဟန္ ခရိုက္ဖ္တို႔ဟာ တသက္တာအေကာင္းဆုံးေဘာလုံးသမားေတြထဲကတစ္ဦးအျဖစ္ က်ိန္းေသေပါက္ ယူဆခံသင့္တဲ့ ကစားသမားေတြျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ဂ်ာမန္လူမ်ိဳးနည္းၿပ ရာ့လ္ဖ္ ရန္းနစ္ခ္ ေျပာဆိုခဲ့တဲ့စကားထဲမွာ လက္ရွိ ၾကယ္ပြင့္ကစားသမား ခရစၥတီယာနို ေရာ္နယ္လ္ဒိုပါဝင္ခဲ့ေပမယ့္လည္း မာရာဒိုနာနဲ႔ ယိုဟန္ ခရိုက္ဖ္တို႔အေၾကာင္းကို ေျပာဖို႔ ပိုမို စိတ္ဝင္စားခဲ့တာျဖစ္ပါတယ္။ ရန္းနစ္ခ္ရဲ့ မွတ္ခ်က္စကားကေတာ့ အမ်ားစုက GOATလို႔ သတ္မွတ္ျခင္း ခံထားရတဲ့ ခရစၥတီယာနို ေရာ္နယ္လ္ဒိုအတြက္ ရင္ေတြဘာေတြနာတယ္ဆိုၿပီး ျဖစ္သြားနိုင္ေလာက္တဲ့ ထိုးႏွက္ခ်က္ ျဖစ္ပါလိမ့္မယ္။

ၿပီးခဲ့တဲ့စက္တင္ဘာလက မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ေနာက္ခံကစားသမား ဂယ္ရီ နဗီးက ေရာ္နယ္လ္ဒိုဟာ ၂၀၂၁ ခုႏွစ္အတြက္ ဘလြန္ေဒါဆုကို လီယြန္နယ္ မက္ဆီကို ေက်ာ္ျဖတ္ၿပီး ရရွိလိမ့္မယ္လို႔ ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ “ဒီမွာၾကည့္။ မက္ဆီက ဂိုးပမာဏ အမ်ားႀကီးသြင္းယူမယ္ဆိုတာ သံသယျဖစ္စရာမရွိဘူး။ သူက ေဖ်ာ္ေျဖမႈေပးနိုင္တဲ့ ကစားသမားပါ။ ေရာ္နယ္လ္ဒိုက သူ႔ရဲ့ အားနည္းတဲ့ေျခေထာက္နဲ႔ ဂိုးေတြ ၃၀ ရာခိုင္ႏႈန္း ဒါမွမဟုတ္ ၄၀ ရာခိုင္ႏႈန္းေလာက္ ပိုသြင္းနိုင္ၿပီး ပင္နယ္တီသြင္းဂိုးေတြလည္း ပိုသြင္းယူနိုင္ခဲ့တယ္”

“အဲဒီေတာ့ သူက ၿပိဳင္ပြဲရဲ့ အေရးအႀကီးဆုံးအပိုင္းေတြနဲ႔ပတ္သက္ရင္ ပိုၿပီး ၿပီးျပည့္စုံတယ္ဆိုတဲ့ အခ်က္ကို ကၽြန္ေတာ္ သြားေတြ႕တယ္။ အဲဒီထက္ ပိုတဲ့အခ်က္က နိုင္ငံတကာမွတ္တမ္းေတြမွာ ပိုလို႔ေတာင္ သာတာျဖစ္ၿပီး နိုင္ငံတကာသြင္းဂိုးအမ်ားဆုံးကစားသမားျဖစ္ေနတာပါ။ သူက မက္ဆီရဲ့အသင္းေလာက္ေတာင္ မေကာင္းတဲ့အသင္းေတြနဲ႔ ခ်န္ပီယံလိဂ္ဖလား ၅ ႀကိမ္အထိ အနိုင္ရခဲ့ပါတယ္။ မက္ဆီက ဘာစီလိုနာနဲ႔အတူ လိဂ္ဖလား ပိုမို ရရွိခဲ့ပါတယ္။ ဒါေပမယ့္ နိုင္ငံတကာသြင္းဂိုးမွတ္တမ္းနဲ႔ ခ်န္ပီယံလိဂ္ဖလားအေရအတြက္ကို ကၽြန္ေတာ္ ခံစားရပါတယ္”

“သူ သြင္းယူခဲ့တဲ့ ဂိုးအမ်ိဳးမ်ိဳးနဲ႔ ၾကည့္ရင္ ဂိုးေတြက အရမ္း ဆင္တူတယ္ဆိုတာေတာင္မွပဲ သူက တသက္တာအေကာင္းဆုံးကစားသမားလို႔ ကၽြန္ေတာ့္ကို ေတြးမိေစပါတယ္”လို႔ ဂယ္ရီ နဗီးက ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ယူနိုက္တက္ယာယီနည္းျပသစ္ ရန္းနစ္ခ္က United ရဲ့ဝက္ဆိုက္နဲ႔ စကားေျပာဆိုခဲ့ၿပီး ဘယ္သူက GOAT လဲလို႔ ေမးျမန္းခံခဲ့ရတဲ့အခါမွာ မာရာဒိုနာနဲ႔ ခရိုက္ဖ္တို႔ရဲ့ လႊမ္းမိုးနိုင္မႈကို အဓိကထား ေျပာၾကားခ်င္ခဲ့တာျဖစ္ပါတယ္။

“အဲဒီလို ယူဆဖို႔အတြက္ ကစားသမားအနညး္ငယ္ပဲ ရွိတယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ကေတာ့ ဒီေယဂို မာရာဒိုနာက အဲဒီလို သတ္မွတ္ရမယ့္ သူေတြထဲက တစ္ဦးဆိုတာ က်ိန္းေသတယ္လို႔ ထင္ပါတယ္။ နည္းျပတစ္ေယာက္အျဖစ္ ကၽြန္ေတာ့္ရဲ့ခ်ဥ္းကပ္မႈကို လႊမ္းမိုးမႈရွိခဲ့တဲ့ တစ္စုံတေယာက္ကလည္း ရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ သူက ေဘာလုံးေလာရဲ့ ပထမဆုံး ေခတ္သစ္ ေက်ာနံပါတ္ ၁၀ ျဖစ္ခဲ့လို႔ျဖစ္ၿပီး အဲဒါက ယိုဟန္ ခရိုက္ဖ္ပါ”

“သူကလည္း ႀကီးမားတဲ့ လႊမ္းမိုးမႈရွိခဲ့ၿပီး ကစားသမားတစ္ေယာက္အေနနဲ႔ေရာ ေနာက္ပိုင္း သူ အိုင္းယက္စ္နဲ႔ ဘာစီလိုနာတို႔လို ကလပ္ေတြကို နည္းျပခဲ့တဲ့အခ်ိန္မွာ နည္းျပအျဖစ္နဲ႔ပါ လႊမ္းမိုးနိုင္ခဲ့တာပါ။ ကၽြန္ေတာ္ အဲဒီတုန္းက အသက္ ၁၃၊ ၁၄ ႏွစ္ေလာက္ပဲရွိေသးတာ သတိရပါတယ္။ ကၽြန္ေတာ္က မိခင္ကလပ္ရဲ့ လူငယ္အသင္းမွာ ကစားေနခဲ့တာပါ။ ကၽြန္ေတာ့္နည္းျပကို ကၽြန္ေတာ္က ေက်ာနံပါတ္ ၁၄(ယိုဟန္ ခရိုက္ဖ္ရဲ့ေက်ာနံပါတ္)ဝတ္ဆင္ၿပီး ကစားလို႔ ရနိုင္မလားလို႔ ေမးခဲ့ပါတယ္”

“အဲဒီအခ်ိန္မွာ အဲဒီလို ေမးတာက လုံးဝကို ပုံမွန္မဟုတ္တဲ့အရာပါ။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ား ေရြးစရာက နံပါတ္ ၁ ကေန ၁၁ အထိပဲ ရွိၿပီး နည္းျပက ကၽြန္ေတာ့္ကို အရန္အသင္းနံပါတ္ ၁၄ ကို ဝတ္ဆင္ကစားခြင့္ ျပဳခဲ့ပါတယ္။ ကၽြန္ေတာ္ကေတာ့ သူတို႔ ၂ ေယာက္ကို GOAT လို႔ သတ္မွတ္ရပါလိမ့္မယ္။ ဒါေပမယ့္ ေနာက္ထပ္ နည္းနည္းေလာက္ ရွိဦးမယ္ဆိုတာ သိသာပါတယ္”

“ကၽြန္ေတာ္တို႔ ဒီမွာ ခရစၥတီယာနို ေရာ္နယ္လ္ဒိုရွိတယ္။ ကၽြန္ေတာ္တို႔မွာ လီယြန္နယ္ မက္ဆီရွိတယ္ အခုဆိုရင္ လီဗန္ေဒါ့ဗ္စကီးပါ ရွိေနၿပီ။ အဲဒီေတာ့ သူတို႔ထဲက တစ္ေယာက္ကို GOAT ဆိုၿပီး သတ္မွတ္ဖို႔က ခက္ခဲပါတယ္။ ကၽြန္ေတာ္ကေတာ့ ဒီေယဂိုနဲ႔ ယိုဟန္တို႔က GOAT လို႔ သတ္မွတ္ခံရသင့္တဲ့ က်ိန္းေသတဲ့သူေတြလို႔ ေျပာရပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.