Analysis Article Premier League

အဲဗာတန်နဲ့ပွဲမှာ အာဆင်နယ်တို့ ဘာတွေ ပြောင်းလဲပြင်ဆင်သင့်သလဲ

အာဆင်နယ်အသင်းရဲ့ ပြီးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ နိုင်နိုင်လျက်နဲ့ ရှုံးခဲ့ရတဲ့ မရေမရာ ပုံစံက ပရိသတ်တွေကို တော်တော်လေး ဒေါသထွက်စေခဲ့ပြီး အစဉ်အလာပြိုင်ဘက်ရဲ့ အားနည်းချက်တွေကို အသုံးမချနိုင်ခဲ့သလို အသင်းရဲ့ ကျောရိုးလို့ ယူဆထားတဲ့ ကစားသမားတွေရဲ့ အချိန်ပေးဖို့ မကောင်းတော့တဲ့ ပုံစံတွေကလည်း စိတ်ပျက်စေခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်နဲ့ ခံစစ်ပိုင်း ရွေးချယ်မှုတွေမှာ အာတီတာအနေနဲ့ စိတ်ချလက်ချ ရွေးချယ်နိုင်ခဲ့ခြင်း မရှိသလို ခံစစ်မှာ ဘာလာလာ ဖျက်မယ်ဆိုတဲ့ ဟိုးလ်ဒင်းလို ကစားသမားမျိုး နေရာမရတာ၊ ကွင်းလယ်မှာ ချာကာကလွဲရင် ဖိအားဒဏ်ခံနိုင်ရည်မရှိတာ၊ သူမရှိချိန်မှာ ဦးဆောင်မှုပေးရမယ့် ပါတေးက ကိုယ့်ဘာသာကိုယ် အနိုင်နိုင် အမှားတွေနဲ့ ရုန်းကန်နေရတာကတွေက ခက်ခဲစေပြီး မိတ်လန်းနိုင်းလ်စ်နဲ့ လိုကွန်ဂါတို့ကို ပွဲကြီး မသုံးရဲသေးတာကလည်း ပြဿနာဖြစ်နေခဲ့ပါတယ်။

တိုက်စစ်မှာတော့ အားလုံးသိတော်မူကြသည့်အတိုင်း အသင်းခေါင်းဆောင် အူဘာမီယန်းရော လာကာဇက်ပါ ခေါင်းဆောင်မှု မပေးနိုင်ဘဲ အလေအလွင့်များနေချိန်မှာ စမစ်ရိုး၊ ဆာကာနဲ့ အော်ဒီဂွါဒ်တို့မှ ခြေစွမ်းမပြနိုင်ရင် ဂိုးရဖို့ မရှိတာက သိသာခဲ့ပြီး နောက်ပိုင်းပွဲတွေမှာ မာတီနယ်လီရဲ့ တောက်ပလာမှုကြောင့်သာ အပေါင်းလက္ခဏာတစ်ခု ရှားရှားပါးပါးရှိနေတာဖြစ်လို့ အာဆင်နယ်တို့ အဲဗာတန်နဲ့ပွဲမှာ ဘာတွေ ပြောင်းလဲသင့်တယ်ဆိုတာ စဉ်းစားကြည့်ကြရအောင်ပါ။

၁။ အော်ဒီဂွါဒ်ကို ပွဲထွက်ခိုင်းပါ
အော်ဒီဂွါဒ်ကို ပျော့တယ်လို့ ပြောနေကြတာ ပရီးမီးယားလိဂ်နဲ့ နှစ်ပေါက်အောင် မကစားရသေးလို့ဖြစ်ပြီး ဒီရာသီမှာ တစ်ပွဲထက်တစ်ပွဲ ပိုပြီး ကြံ့ခိုင်မှုနဲ့ ဂိုးရှာဖွေနိုင်မှုတွေကို ပြသနေခဲ့ပြီဖြစ်ပါတယ်။ လာကာဇက်ရဲ့ ဦးနှောက်မပါဘဲ ရှေ့နောက်ပြေးနေတာထက်စာရင် ထိပ်တန်း Playmaker အဆင့် ရှိတဲ့ နော်ဝေလက်ရွေးစင်ကပ္ပတိန်ဟာ အာဆင်နယ်မှာ ပွဲထွက်ခွင့် ပိုရလာတာနဲ့အမျှ ဦးဆောင်မှုပေးနိုင်မယ့်သူမျိုးလည်းဖြစ်ပါတယ်။ အသင်းကွင်းလယ်မှာ ဘောလုံးဖြန့်နိုင်ဖို့အတွက် ဆွစ်ကပ္ပတိန် ချာကာ မရှိသေးချိန်မှာ အော်ဒီဂွါဒ်ကို မဖြစ်မနေ ထည့်သွင်းထားသင့်ပြီး ရှိရှိမရှိရှိ ဂိုးမသွင်းနိုင်တဲ့ လာကာဇက် အစား အဲဗာတန်နဲ့ပွဲကို ဆက်လက်ပွဲထွက်ခိုင်းရမှာဖြစ်ပါတယ်။

၂။ ပါတေးကို အရန်ခုံထိုင်ခိုင်းပါ
ပြီးခဲ့တဲ့ ပွဲက မန်ချက်စတာယူနိုက်တက်လို ပွဲကြီးမို့လို့ ဖိအားဒဏ်ကို မခံနိုင်ခဲ့တာလို့ ကာကွယ်ပေးမယ်ဆိုရင် ပေါင် ၄၅ သန်းကို တစ်ချက် ကြည့်ပေးပါ။ နယူးကာဆယ်လ်နဲ့ပွဲမှာ ရှယ်လ်ဗီဆီ ဘောလုံးတွေ ပေးနေတာကို ပြန်ကြည့်ပါ။ ဂါနာသားဟာ စိတ်ပိုင်းဆိုင်ရာ မာကျောသူတစ်ယောက်လို့ ဘယ်လိုမှ ယူဆလို့ မရတဲ့ ပုံစံတွေကို တွေ့မြင်နေရပြီး ဒဏ်ရာက ပြန်အလာမှာ ဒဏ်ရာထပ်ရမှာ ကြောက်နေတဲ့ ပုံစံနဲ့ ကစားနေသလို ကလပ်အသင်းမှာ ကစားရင်း လက်ရွေးစင်အသင်းနဲ့ လွဲချော်မှာကို စိုးရိမ်နေရင် ဘာက ပရော်ဖက်ရှင်နယ်လဲဆိုတာ စာပြန်ဖတ်သင့်ပါပြီ။ လင်းတလောက်တော့ ငှက်တိုင်း လှတယ်ဆိုရင် အသင်းကြီးပြိုင်ဘက်နဲ့ မတွေ့တဲ့ပွဲတွေမှာ မိတ်လန်းနိုင်းလ်စ်နဲ့ လိုကွန်ဂါတို့ကို တွဲဖက်သုံးစွဲနိုင်ပါတယ်။ အဲဗာတန်ဟာ ဒီလောက်တော့ ခက်ခဲတဲ့ အသင်းမျိုး မဟုတ်လို့ပါပဲ။

၃။ တီယာနီ ပြန်လာဖို့ အချိန်ကောင်းပါ
တိုက်စစ်မှာ လိုက်ပါကစားနိုင်မှုနဲ့ လျင်မြန်မှုတွေကို လိုချင်ရုံနဲ့ ပရမ်းပတာကစားပြီး ခံစစ်မှာ အကွက်မမြင်မှုတွေကို ပေးဆပ်လို့ မရနိုင်ပါဘူး။ တာဗာရက်စ်ဟာ အသင်းငယ်တွေနဲ့ပွဲမှာပဲ စိတ်ချလက်ချ သုံးစွဲနိုင်သူဖြစ်ပြီး လှည့်မကြည့်ဘဲ စိတ်ချချင်တယ်ဆိုရင်တော့ တီယာနီကမှ တည်ငြိမ်သူကြီးပါ။ တိုက်စစ်လိုက်ပါချင်ဇောနဲ့ ဘောလုံးအထိန်းအသိမ်းမှာ အလေအလွင့်များနေတဲ့ ပုံစံကို တွေ့နေရတဲ့ ပေါ်တူဂီသားဟာ အိုးလ်ထရက်ဖို့ဒ်က ဒုတိယဂိုးမှာ ဘောလုံးပျက်မှုကြောင့် တရားခံစာရင်း သွင်းလို့ရသူဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ကစားချင်ရင် ဘယ်လို အန္တရာယ်နည်းအောင် ကစားရမလဲဆိုတာ အချိန်ပေး သင်ယူရဦးမယ့်သူမျိုးဖြစ်လို့ ဒီနေ့ပွဲကတော့ မျက်စိမှိတ် ယုံနေဖို့ထက် စိတ်ဓာတ်ခွန်အားအတွက် နိုင်ပွဲရှာဖွေဖို့ အပြောင်းအလဲလုပ်ရမယ့်အချိန်ဖြစ်ပါတယ်။

၄။ အူဘာမီယန်းကို ထုတ်ပယ်ထားပါ
အားလုံးတစ်ညီတစ်ညွတ်တည်း မေးနေကြတာက အာဆင်နယ်မှာ သူက ဘာလဲဆိုတာပါ။ သူ့ကိုယ်သူတောင် ဘာမှန်းသိပုံမရတဲ့ ဂါဘွန်သားကို လူစာရင်းက ချန်ထားဖို့ဆိုတာ ပရိသတ်တွေရဲ့ တူညီတဲ့ ဆန္ဒဖြစ်ပြီး အဲဗာတန်လို ပြိုင်ဘက်မျိုးနဲ့ ပွဲက ဒီလိုလုပ်ဖို့ အဆင်ပြေတဲ့ အချိန်ကောင်းဖြစ်စေမှာပါ။ ဘာတွေထဲမှာ နစ်မျောနေမှန်းမသိတဲ့ အသင်းခေါင်းဆောင်ဆိုသူနဲ့ ဆယ်ယောက်ထဲ ကစားနေရသလား ထင်ရတဲ့ ဂန်းနားတွေအတွက် လာကာဇက်နဲ့ မာတီနယ်လီတို့ကို အစားထိုးသုံးစွဲခဲ့ရင် စိတ်ဓာတ်ပိုင်းက ပိုကောင်းလာမှာဖြစ်လည်း ဖြစ်ပါတယ်။ ဝတ်ကျေတန်းကျေ ကစားနေပြီး ဂိုးမသွင်းနိုင်တာ ၅ ပွဲ ရှိပြီဖြစ်သလို ကလေးတွေ ရုန်းကန်နေရတဲ့ ပွဲမျိုးမှာ အဝါကတ် ဝင်ယူတဲ့ အသင်းခေါင်းဆောင်ကိုတော့ ဘယ်သူတွေ ယုံသေးသလဲပဲ မေးချင်ပါတယ်။

၅။ မာတီနယ်လီကို မဖြစ်မနေ သုံးစွဲပါ
ဂန်းနားတွေအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ၁၈ ကြိမ် ကန်ခွင့်မှာ ၈ ကြိမ် ဂိုးပေါက်တည့်ခဲ့ပြီး ၅ ကြိမ်က ဂိုးသမားနဲ့ ချစ်ကြည်ရေးလုပ်တဲ့ အူဘာမီယန်းက ခိုးယူသွားတာပါ။ ဒီအချိန်မှာ နယူးကာဆယ်လ်ပွဲက ဂိုးသွင်းရှင် မာတီနယ်လီကတော့ ညာတောင်ပံ ထွက်ကစားပြီး အော်ဒီဂွါဒ်အတွက် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဆာကာနဲ့ စမစ်ရိုးတို့သာ တောင်ပံတွေမှာ ကစားနိုင်မယ်ဆိုရင် စိတ်အားထက်သန်ပြီး ဘောလုံးလိုချင်လို့ တစ်ပိုင်းသေနေတဲ့ ဘရာဇီးလ်လူငယ်ဟာ အထောင်တိုက်စစ်မှာ အော်ဒီဂွါဒ်ရှေ့က စိတ်ချလက်ချ ကစားနိုင်ပြီး သူတို့ရဲ့ ဗဟိုအတွဲအဖက်က စိတ်လှုပ်ရှားစရာကောင်းလာနိုင်ပါတယ်။ သူ့ရဲ့ အမြန်နှုန်းနဲ့ မတွန့်မဆုတ် ကစားတတ်ပုံက လက်ရှိ Deadwood နှစ်ယောက်ထက် ကိုးဆယ်ဆ သာစေနိုင်မှာပါ။

ဒါတွေက နည်းပြ အာတီတာအနေနဲ့ ရာဖာ ဘင်နီတက်ဇ်ရဲ့ ဂွတ်ဒီဆန်ပါ့ခ်နေ့ရက်တွေကို လက်ချိုးရေတွက်နေရတဲ့ အဲဗာတန်နဲ့ပွဲမှာ အပြောင်းအလဲလုပ်ဖို့နဲ့ စမ်းသပ်ဖို့ လုပ်ဆောင်ရမယ့် အရာတွေဖြစ်ပြီး အသင်းရဲ့ အဝေးကွင်းနောက်ဆုံးနှစ်ပွဲမှာ ကျောရိုးမဲ့ပုံစံနဲ့ ရှုံးနိမ့်ခဲ့မှုကို ပြန်လည်ဖာထေးဖို့ အချိန်ကောင်းမှာ လက်လွတ်မခံသင့်တဲ့ အခွင့်အရေးလည်းဖြစ်ကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းရဲ႕ ၿပီးခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္ကို အိုးလ္ထရက္ဖို႔ဒ္မွာ ႏိုင္ႏိုင္လ်က္နဲ႔ ရႈံးခဲ့ရတဲ့ မေရမရာ ပုံစံက ပရိသတ္ေတြကို ေတာ္ေတာ္ေလး ေဒါသထြက္ေစခဲ့ၿပီး အစဥ္အလာၿပိဳင္ဘက္ရဲ႕ အားနည္းခ်က္ေတြကို အသုံးမခ်ႏိုင္ခဲ့သလို အသင္းရဲ႕ ေက်ာ႐ိုးလို႔ ယူဆထားတဲ့ ကစားသမားေတြရဲ႕ အခ်ိန္ေပးဖို႔ မေကာင္းေတာ့တဲ့ ပုံစံေတြကလည္း စိတ္ပ်က္ေစခဲ့တာျဖစ္ပါတယ္။

ကြင္းလယ္နဲ႔ ခံစစ္ပိုင္း ေ႐ြးခ်ယ္မႈေတြမွာ အာတီတာအေနနဲ႔ စိတ္ခ်လက္ခ် ေ႐ြးခ်ယ္ႏိုင္ခဲ့ျခင္း မရွိသလို ခံစစ္မွာ ဘာလာလာ ဖ်က္မယ္ဆိုတဲ့ ဟိုးလ္ဒင္းလို ကစားသမားမ်ိဳး ေနရာမရတာ၊ ကြင္းလယ္မွာ ခ်ာကာကလြဲရင္ ဖိအားဒဏ္ခံႏိုင္ရည္မရွိတာ၊ သူမရွိခ်ိန္မွာ ဦးေဆာင္မႈေပးရမယ့္ ပါေတးက ကိုယ့္ဘာသာကိုယ္ အႏိုင္ႏိုင္ အမွားေတြနဲ႔ ႐ုန္းကန္ေနရတာကေတြက ခက္ခဲေစၿပီး မိတ္လန္းႏိုင္းလ္စ္နဲ႔ လိုကြန္ဂါတို႔ကို ပြဲႀကီး မသုံးရဲေသးတာကလည္း ျပႆနာျဖစ္ေနခဲ့ပါတယ္။

တိုက္စစ္မွာေတာ့ အားလုံးသိေတာ္မူၾကသည့္အတိုင္း အသင္းေခါင္းေဆာင္ အူဘာမီယန္းေရာ လာကာဇက္ပါ ေခါင္းေဆာင္မႈ မေပးႏိုင္ဘဲ အေလအလြင့္မ်ားေနခ်ိန္မွာ စမစ္႐ိုး၊ ဆာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔မွ ေျခစြမ္းမျပႏိုင္ရင္ ဂိုးရဖို႔ မရွိတာက သိသာခဲ့ၿပီး ေနာက္ပိုင္းပြဲေတြမွာ မာတီနယ္လီရဲ႕ ေတာက္ပလာမႈေၾကာင့္သာ အေပါင္းလကၡဏာတစ္ခု ရွားရွားပါးပါးရွိေနတာျဖစ္လို႔ အာဆင္နယ္တို႔ အဲဗာတန္နဲ႔ပြဲမွာ ဘာေတြ ေျပာင္းလဲသင့္တယ္ဆိုတာ စဥ္းစားၾကည့္ၾကရေအာင္ပါ။

၁။ ေအာ္ဒီဂြါဒ္ကို ပြဲထြက္ခိုင္းပါ
ေအာ္ဒီဂြါဒ္ကို ေပ်ာ့တယ္လို႔ ေျပာေနၾကတာ ပရီးမီးယားလိဂ္နဲ႔ ႏွစ္ေပါက္ေအာင္ မကစားရေသးလို႔ျဖစ္ၿပီး ဒီရာသီမွာ တစ္ပြဲထက္တစ္ပြဲ ပိုၿပီး ႀကံ့ခိုင္မႈနဲ႔ ဂိုးရွာေဖြႏိုင္မႈေတြကို ျပသေနခဲ့ၿပီျဖစ္ပါတယ္။ လာကာဇက္ရဲ႕ ဦးေႏွာက္မပါဘဲ ေရွ႕ေနာက္ေျပးေနတာထက္စာရင္ ထိပ္တန္း Playmaker အဆင့္ ရွိတဲ့ ေနာ္ေဝလက္ေ႐ြးစင္ကပၸတိန္ဟာ အာဆင္နယ္မွာ ပြဲထြက္ခြင့္ ပိုရလာတာနဲ႔အမွ် ဦးေဆာင္မႈေပးႏိုင္မယ့္သူမ်ိဳးလည္းျဖစ္ပါတယ္။ အသင္းကြင္းလယ္မွာ ေဘာလုံးျဖန႔္ႏိုင္ဖို႔အတြက္ ဆြစ္ကပၸတိန္ ခ်ာကာ မရွိေသးခ်ိန္မွာ ေအာ္ဒီဂြါဒ္ကို မျဖစ္မေန ထည့္သြင္းထားသင့္ၿပီး ရွိရွိမရွိရွိ ဂိုးမသြင္းႏိုင္တဲ့ လာကာဇက္ အစား အဲဗာတန္နဲ႔ပြဲကို ဆက္လက္ပြဲထြက္ခိုင္းရမွာျဖစ္ပါတယ္။

၂။ ပါေတးကို အရန္ခုံထိုင္ခိုင္းပါ
ၿပီးခဲ့တဲ့ ပြဲက မန္ခ်က္စတာယူႏိုက္တက္လို ပြဲႀကီးမို႔လို႔ ဖိအားဒဏ္ကို မခံႏိုင္ခဲ့တာလို႔ ကာကြယ္ေပးမယ္ဆိုရင္ ေပါင္ ၄၅ သန္းကို တစ္ခ်က္ ၾကည့္ေပးပါ။ နယူးကာဆယ္လ္နဲ႔ပြဲမွာ ရွယ္လ္ဗီဆီ ေဘာလုံးေတြ ေပးေနတာကို ျပန္ၾကည့္ပါ။ ဂါနာသားဟာ စိတ္ပိုင္းဆိုင္ရာ မာေက်ာသူတစ္ေယာက္လို႔ ဘယ္လိုမွ ယူဆလို႔ မရတဲ့ ပုံစံေတြကို ေတြ႕ျမင္ေနရၿပီး ဒဏ္ရာက ျပန္အလာမွာ ဒဏ္ရာထပ္ရမွာ ေၾကာက္ေနတဲ့ ပုံစံနဲ႔ ကစားေနသလို ကလပ္အသင္းမွာ ကစားရင္း လက္ေ႐ြးစင္အသင္းနဲ႔ လြဲေခ်ာ္မွာကို စိုးရိမ္ေနရင္ ဘာက ပေရာ္ဖက္ရွင္နယ္လဲဆိုတာ စာျပန္ဖတ္သင့္ပါၿပီ။ လင္းတေလာက္ေတာ့ ငွက္တိုင္း လွတယ္ဆိုရင္ အသင္းႀကီးၿပိဳင္ဘက္နဲ႔ မေတြ႕တဲ့ပြဲေတြမွာ မိတ္လန္းႏိုင္းလ္စ္နဲ႔ လိုကြန္ဂါတို႔ကို တြဲဖက္သုံးစြဲႏိုင္ပါတယ္။ အဲဗာတန္ဟာ ဒီေလာက္ေတာ့ ခက္ခဲတဲ့ အသင္းမ်ိဳး မဟုတ္လို႔ပါပဲ။

၃။ တီယာနီ ျပန္လာဖို႔ အခ်ိန္ေကာင္းပါ
တိုက္စစ္မွာ လိုက္ပါကစားႏိုင္မႈနဲ႔ လ်င္ျမန္မႈေတြကို လိုခ်င္႐ုံနဲ႔ ပရမ္းပတာကစားၿပီး ခံစစ္မွာ အကြက္မျမင္မႈေတြကို ေပးဆပ္လို႔ မရႏိုင္ပါဘူး။ တာဗာရက္စ္ဟာ အသင္းငယ္ေတြနဲ႔ပြဲမွာပဲ စိတ္ခ်လက္ခ် သုံးစြဲႏိုင္သူျဖစ္ၿပီး လွည့္မၾကည့္ဘဲ စိတ္ခ်ခ်င္တယ္ဆိုရင္ေတာ့ တီယာနီကမွ တည္ၿငိမ္သူႀကီးပါ။ တိုက္စစ္လိုက္ပါခ်င္ေဇာနဲ႔ ေဘာလုံးအထိန္းအသိမ္းမွာ အေလအလြင့္မ်ားေနတဲ့ ပုံစံကို ေတြ႕ေနရတဲ့ ေပၚတူဂီသားဟာ အိုးလ္ထရက္ဖို႔ဒ္က ဒုတိယဂိုးမွာ ေဘာလုံးပ်က္မႈေၾကာင့္ တရားခံစာရင္း သြင္းလို႔ရသူျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ကစားခ်င္ရင္ ဘယ္လို အႏၲရာယ္နည္းေအာင္ ကစားရမလဲဆိုတာ အခ်ိန္ေပး သင္ယူရဦးမယ့္သူမ်ိဳးျဖစ္လို႔ ဒီေန႔ပြဲကေတာ့ မ်က္စိမွိတ္ ယုံေနဖို႔ထက္ စိတ္ဓာတ္ခြန္အားအတြက္ ႏိုင္ပြဲရွာေဖြဖို႔ အေျပာင္းအလဲလုပ္ရမယ့္အခ်ိန္ျဖစ္ပါတယ္။

၄။ အူဘာမီယန္းကို ထုတ္ပယ္ထားပါ
အားလုံးတစ္ညီတစ္ၫြတ္တည္း ေမးေနၾကတာက အာဆင္နယ္မွာ သူက ဘာလဲဆိုတာပါ။ သူ႔ကိုယ္သူေတာင္ ဘာမွန္းသိပုံမရတဲ့ ဂါဘြန္သားကို လူစာရင္းက ခ်န္ထားဖို႔ဆိုတာ ပရိသတ္ေတြရဲ႕ တူညီတဲ့ ဆႏၵျဖစ္ၿပီး အဲဗာတန္လို ၿပိဳင္ဘက္မ်ိဳးနဲ႔ ပြဲက ဒီလိုလုပ္ဖို႔ အဆင္ေျပတဲ့ အခ်ိန္ေကာင္းျဖစ္ေစမွာပါ။ ဘာေတြထဲမွာ နစ္ေမ်ာေနမွန္းမသိတဲ့ အသင္းေခါင္းေဆာင္ဆိုသူနဲ႔ ဆယ္ေယာက္ထဲ ကစားေနရသလား ထင္ရတဲ့ ဂန္းနားေတြအတြက္ လာကာဇက္နဲ႔ မာတီနယ္လီတို႔ကို အစားထိုးသုံးစြဲခဲ့ရင္ စိတ္ဓာတ္ပိုင္းက ပိုေကာင္းလာမွာျဖစ္လည္း ျဖစ္ပါတယ္။ ဝတ္ေက်တန္းေက် ကစားေနၿပီး ဂိုးမသြင္းႏိုင္တာ ၅ ပြဲ ရွိၿပီျဖစ္သလို ကေလးေတြ ႐ုန္းကန္ေနရတဲ့ ပြဲမ်ိဳးမွာ အဝါကတ္ ဝင္ယူတဲ့ အသင္းေခါင္းေဆာင္ကိုေတာ့ ဘယ္သူေတြ ယုံေသးသလဲပဲ ေမးခ်င္ပါတယ္။

၅။ မာတီနယ္လီကို မျဖစ္မေန သုံးစြဲပါ
ဂန္းနားေတြအေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ ၁၈ ႀကိမ္ ကန္ခြင့္မွာ ၈ ႀကိမ္ ဂိုးေပါက္တည့္ခဲ့ၿပီး ၅ ႀကိမ္က ဂိုးသမားနဲ႔ ခ်စ္ၾကည္ေရးလုပ္တဲ့ အူဘာမီယန္းက ခိုးယူသြားတာပါ။ ဒီအခ်ိန္မွာ နယူးကာဆယ္လ္ပြဲက ဂိုးသြင္းရွင္ မာတီနယ္လီကေတာ့ ညာေတာင္ပံ ထြက္ကစားၿပီး ေအာ္ဒီဂြါဒ္အတြက္ ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ဆာကာနဲ႔ စမစ္႐ိုးတို႔သာ ေတာင္ပံေတြမွာ ကစားႏိုင္မယ္ဆိုရင္ စိတ္အားထက္သန္ၿပီး ေဘာလုံးလိုခ်င္လို႔ တစ္ပိုင္းေသေနတဲ့ ဘရာဇီးလ္လူငယ္ဟာ အေထာင္တိုက္စစ္မွာ ေအာ္ဒီဂြါဒ္ေရွ႕က စိတ္ခ်လက္ခ် ကစားႏိုင္ၿပီး သူတို႔ရဲ႕ ဗဟိုအတြဲအဖက္က စိတ္လႈပ္ရွားစရာေကာင္းလာႏိုင္ပါတယ္။ သူ႔ရဲ႕ အျမန္ႏႈန္းနဲ႔ မတြန႔္မဆုတ္ ကစားတတ္ပုံက လက္ရွိ Deadwood ႏွစ္ေယာက္ထက္ ကိုးဆယ္ဆ သာေစႏိုင္မွာပါ။

ဒါေတြက နည္းျပ အာတီတာအေနနဲ႔ ရာဖာ ဘင္နီတက္ဇ္ရဲ႕ ဂြတ္ဒီဆန္ပါ့ခ္ေန႔ရက္ေတြကို လက္ခ်ိဳးေရတြက္ေနရတဲ့ အဲဗာတန္နဲ႔ပြဲမွာ အေျပာင္းအလဲလုပ္ဖို႔နဲ႔ စမ္းသပ္ဖို႔ လုပ္ေဆာင္ရမယ့္ အရာေတြျဖစ္ၿပီး အသင္းရဲ႕ အေဝးကြင္းေနာက္ဆုံးႏွစ္ပြဲမွာ ေက်ာ႐ိုးမဲ့ပုံစံနဲ႔ ရႈံးနိမ့္ခဲ့မႈကို ျပန္လည္ဖာေထးဖို႔ အခ်ိန္ေကာင္းမွာ လက္လြတ္မခံသင့္တဲ့ အခြင့္အေရးလည္းျဖစ္ေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.