Analysis Premier League

ပရီးမီးယားလိဂ် ဘာလဲ တူဟယ်လ် စသိသွားတဲ့ ဝက်စ်ဟမ်း 3-2 ချဲလ်ဆီးပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7ချက်

ပရီးမီးယားလိဂ်ဆိုတာ ဘာလဲ သိသွားတဲ့ တူဟယ်လ်
ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ သူ့ရဲ့ ဒီရာသီ အမှတ်ပေးဇယား ဦးဆောင်မှုတွေကနေ တတိယနေရာအထိ ဆင်းပေးခဲ့ရတဲ့ ပွဲအပြီးမှာတော့ ပရီးမီးယားလိဂ်ဆိုတာ ခါးသီးကြောင်း ရင်ဆိုင်ခဲ့ရပြီး အမှားတစ်ချက်ဟာ ဒီပြိုင်ပွဲမှာ ဘာတွေဖြစ်သွားနိုင်တယ်ဆိုတာ ကောင်းကောင်းကြီး သဘောပေါက်ခွင့်ရသွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အားအကိုးရဆုံး ကစားသမားနှစ်ဦးဖြစ်တဲ့ ဂျော်ဂျင်ညိုနဲ့ ဂိုးသမား မန်ဒီတို့ ထဖောက်ခဲ့ချိန်မှာ မေဆန်မောင့်လည်း ကယ်တင်ဖို့ မတတ်နိုင်ခဲ့ဘဲ အားလုံးကတော့ အသင်းရဲ့ တိုက်စစ်ကို အတွဲအဖက် ပျက်သွားစေခဲ့တဲ့ လူကာကူးကို မလိုအပ်ဘဲ လူစားလဲမှုကို လက်ညှိုးထိုးခဲ့ကြတာပါ။ တူဟယ်လ်အနေနဲ့ ပရီးမီးယားလိဂ်မှာ စိတ်ကူးပေါက်ရာ လျှောက်လုပ်တာက ကောင်းကျိုးမပေးကြောင်းကို သင်ခန်းစာရသွားခဲ့ပြီလည်းဖြစ်ပါတယ်။

အသင်းရဲ့ စံချိန်သစ်ကို ရေးထိုးတဲ့ သီယာဂို ဆေးလ်ဗား
ပြီးခဲ့တဲ့ ပွဲတွေက ချေးလ်ဝဲလ်၊ ရီးစ်ဂျိမ်းစ်၊ ချာလိုဘာ၊ ရူဒီဂါတို့ အသင်းအတွက် ဂိုးတွေ သွင်းယူနိုင်ခဲ့အပြီးမှာ ဒီနေ့မှာတော့ ဂိုးသွင်းယူခဲ့သူက သီယာဂို ဆေးလ်ဗားဖြစ်ပါတယ်။ အသက် ၃၇ နှစ်နဲ့ ၇၃ ရက်အရွယ်မှာ ပရီးမီးယားလိဂ်ဂိုး ရရှိခဲ့တဲ့ ဘရာဇီးလ်သားဟာ အသည်းစွဲတိုက်စစ်မှူး ဒီဒီယေး ဒရော့ဘာရဲ့ ၃၇ နှစ်၊ ၄၉ ရက် စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့တာလည်းဖြစ်ပြီး ဒီနေ့ပွဲမှာ ဂိုးဝင်နိုင်တဲ့ အနေအထားကိုလည်း ဂိုးစည်းရှေ့က ရှင်းထုတ်နိုင်ခဲ့တာပါ။ ချဲလ်ဆီးအသင်းရဲ့ ပြိုင်ပွဲစုံ အသက်အကြီးဆုံး ဂိုးသွင်းရှင်စံချိန်ကိုတော့ ချိုးဖျက်ဖို့က မသေချာလောက်ဘူးလို့တော့ ထင်မိရပြီး ထာဝရစံချိန်ရှင် ဂျော်ဒန် စပင့်စ်ကတော့ အသက် ၃၈ နှစ်နဲ့ ၂၈၂ ရက်အရွယ်မှာ သွင်းယူခဲ့လို့ဖြစ်ပါတယ်။

ပထမဆုံးအကြိမ် သုံးဂိုးပေးခဲ့ရတဲ့ ခံစစ်
ချဲလ်ဆီးအသင်းရဲ့ ခံစစ်ကတော့ ဒီရာသီမှာ ပထမဆုံးအကြိမ်အဖြစ် ၃ ဂိုးအထိ ခွင့်ပြုခဲ့ရတာဖြစ်ပြီး သူတို့ရဲ့ နောက်ဆုံး နိုင်ငံတကာပွဲစဉ်တွေနဲ့ ရပ်နားချိန်မတိုင်ခင်မှာ ထားရှိခဲ့တဲ့ မှတ်တမ်းကောင်းကို လွှင့်ပစ်ခဲ့တာလည်းဖြစ်ပါတယ်။ လန်ဒန်ဒါဘီမှာ အဆင့် ၄ မပြုတ်ဖို့ ရုန်းကန်ခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ပွဲပန်းနေတဲ့ ချဲလ်ဆီးတို့ အတွေ့မှာတော့ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ခံစစ်အကောင်းဆုံးစံချိန်က မန်စီးတီးနဲ့ တူသွားခဲ့တာဖြစ်ပြီး တူဟယ်လ်ရဲ့ လက်အောက်မှာတော့ ဒါဟာ တတိယအကြိမ်မြောက် သုံးဂိုး ပေးခဲ့ရတဲ့ ပွဲလည်းဖြစ်လာခဲ့တာပါ။ သူတို့ရဲ့ ခံစစ်ပိုင်း ပြိုလဲမှုက တောင်ပံကစားသမားတွေ ဒဏ်ရာရမှုကနေ မြစ်ဖျားခံခဲ့ပြီး ညာခြမ်းထက် ဘယ်ခြမ်းခံစစ်ကနေ ဂိုးတွေကို ခွင့်ပြုခဲ့ရတာလည်းဖြစ်ပါတယ်။

အသင်းကြီးတွေနဲ့ဆို ခြေစွမ်းပြတဲ့ ဝက်စ်ဟမ်း
မန်ချက်စတာယူနိုက်တက်ကို မျက်လုံးပြူးစေခဲ့သလို လီဗာပူးလ်ကိုလည်း အိမ်ကွင်းမှာ သုံးဂိုး-နှစ်ဂိုးနဲ့ပဲ ထိုးနှက်ခဲ့တဲ့ ဝက်စ်ဟမ်းတို့အနေနဲ့ ဒီနေ့ပွဲမှာလည်း ချဲလ်ဆီးကို တူညီတဲ့ ရလဒ်နဲ့ ထိုးနှက်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့လို့ သူတို့ကို ဒီနေ့ပွဲအတွက် လူတွေက လျှော့တွက်ခဲ့ကြပေမယ့် အိမ်ကွင်း ပုံစံကောင်းကို ပြသနိုင်ခဲ့ပြီး ဒေးဗစ် မွိုက်စ်ရဲ့ လူတွေအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို လွယ်လွယ်နဲ့တော့ လက်လျှော့မှာ မဟုတ်ဘူးလို့ အားလုံးကို သတိပေးလိုက်တာပါ။ လန်ဒန် စတေဒီယမ်က တစ်ခဲနက် အားပေးမှုနဲ့ အိမ်ကွင်းရုန်းအားဟာ ဟမ်းမားတွေအတွက် ကြီးမားတဲ့ စွမ်းရည်လည်းဖြစ်ပြီး ဒီနေ့မှာတော့ ခြင်္သေ့တွေ တူထုခံခဲ့ရတာဖြစ်ပါတယ်။

မေဆန်မောင့် အကောင်းဆုံးပုံစံပြခဲ့ပေမယ့်လည်း…
ပြီးခဲ့တဲ့ပွဲမှာ ဝတ်ဖို့ဒ်ဘက်က တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပြီး အနိုင်ယူပေးခဲ့တဲ့ မေဆန်မောင့်အတွက် ဒီနေ့ပွဲမှာလည်း တူညီတဲ့ စွမ်းဆောင်ရည်ကို ထပ်ပြီး ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲကတော့ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းနဲ့ လိုက်ဖက်မညီခဲ့ဘဲ အသင်းရဲ့ အမှားများခဲ့တဲသူတွေကြောင့် သုံးမှတ်စလုံး ဆုံးရှုံးခဲ့ရသလို ကာလကြာရှည်ဦးဆောင်ထားနိုင်တဲ့ ဇယားထိပ်ကနေရာကိုလည်း ဖယ်ပေးခဲ့ရတာပါ။ ဒီနေ့မှာ အင်္ဂလန်ကွင်းလယ်လူရဲ့ သွင်းယူခဲ့တဲ့ ဂိုးက အဆင့်မြင့်ခဲ့သလို ဂိုးပေါက်ကန်ချက် ၃ ကြိမ်နဲ့ အခွင့်အရေးဖန်တီးမှု ၄ ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပြီး ခြေစွမ်းပြခဲ့သလို ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားအဖြစ်လည်း သတ်မှတ်ခံခဲ့ရတာကြောင့် လာမယ့်ပွဲတွေမှာ ချဲလ်ဆီးကို သူပြန်ဆွဲတင်နိုင်မလား စောင့်ကြည့်ရပါလိမ့်မယ်။

ချန်ပီယံရှစ် ရော်ဘင် >>> ပရီးမီးယားလိဂ် ရော်ဘင်ဖြစ်ပြီလား
ဟားလ်စီးတီးနဲ့ ချန်ပီယံရှစ်မှာ သုံးရာသီဆက်တိုက် ခြေစွမ်းပြခဲ့ပြီး နောက်ဆုံးရာသီဖြစ်တဲ့ ၂၀၁၉-၂၀ ပထမဝက်မှာ ၁၆ ဂိုး သွင်းယူနိုင်ခဲ့လို့ ဝက်စ်ဟမ်းက ခေါ်ယူဖြစ်ခဲ့တဲ့ ဂျားရော့ဒ် ဘိုဝင်ဟာ ကျားတွေနဲ့တော့ ချန်ပီယံရှစ် ရော်ဘင်လို့ နာမည်ကြီးခဲ့သူဖြစ်ပါတယ်။ ညာတောင်ပံကနေ အခြေချ ကစားတဲ့ ဘယ်သန် အင်္ဂလိပ်ကစားသမားဟာ အတွင်းကို ချိုးဝင်ပြီး ကန်သွင်းဖို့ စိတ်အားထက်သန်သူဖြစ်ပြီး ဒီရာသီမှာတော့ ဘရန့်ဖို့ဒ်၊ ဗီလာ၊ ချဲလ်ဆီးတို့နဲ့ သုံးပွဲမှာ ဂိုးသွင်းယူထားနိုင်ခဲ့သလို သူ့ကြောင့် ဂိုးရမှုတွေကို ဖန်တီးမှုအဖြစ်ပါ ထည့်သွင်းရေတွက်မယ်ဆိုရင် ၇ ကြိမ်အထိ ဟမ်းမားတွေအဖို့ စွမ်းဆောင်ပေးထားသူလည်း ဖြစ်နေတာပါ။ ပြီးခဲ့တဲ့ ရာသီမှာ ၈ ဂိုး သွင်းယူပြီး ခြေစွမ်းပြလာနိုင်ခဲ့တဲ့ ဘိုဝင်အနေနဲ့ ချန်ပီယံရှစ် ရော်ဘင်ဆိုတဲ့ ဘွဲ့ကနေ ပရီးမီးယားလိဂ် ရော်ဘင်ဘွဲ့ကို Bachelor ကနေ Master ဘွဲ့ကို ကူးပြောင်းရယူနိုင်သလိုမျိုး လုပ်ဆောင်နိုင်မလား စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ကောင်းလည်း မန်ဒီ၊ ဆိုးလည်း မန်ဒီ
ချဲလ်ဆီးအသင်းရဲ့ Clean Sheet တွေနဲ့ နိုင်ပွဲတွေ၊ အောင်မြင်မှုတွေမှာ အေဒူယာ မန်ဒီရဲ့ လက်စွမ်းပြမှုတွေက အဓိက ကျခဲ့တာကတော့ ငြင်းဖို့ မဖြစ်နိုင်တဲ့ အမှန်တရားပါပဲ။ ဒါပေမယ့် ဒီနောက်ပိုင်းတစ်လလောက်မှာ သူ့ရဲ့ ကာကွယ်နိုင်စွမ်းကလည်း ချဲလ်ဆီးနောက်တန်းရဲ့ ဒဏ်ရာရ ကစားသမားတွေနဲ့အတူ ဆက်တိုက်ဆိုသလို လျော့ကျလာနေခဲ့ပြီး ဝက်စ်ဟမ်းနဲ့ပွဲမှာတော့ သူ့ရဲ့ အမှားနှစ်ကြိမ်ကနေ နှစ်ဂိုးပေးခဲ့ရသလို အသင်းကို ရှုံးနိမ့်စေတဲ့ ဗီလိန်တစ်ဦးဖြစ်စေခဲ့တာပါ။ တချို့တွေကတော့ အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုမှာ အရန်ခုံက ဂိုးသမား ကီပါ အာရီဇာဘာလာဂါလောက် လုပ်ခတိုးမြှင့်မပေးခဲ့တာကြောင့်လားလို့ မေးခွန်းထုတ်နေကြပြီး နောက်ဆုံး ပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ပွဲ ဂိုးပေးထားခဲ့ရတဲ့ ဆီနီဂေါသားအနေနဲ့ သူ့ပုံစံကောင်းကို အမြန်ဆုံး ရှာတွေ့နိုင်ဖို့တော့ ဆုတောင်းမိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္ဆိုတာ ဘာလဲ သိသြားတဲ့ တူဟယ္လ္
ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ သူ႔ရဲ႕ ဒီရာသီ အမွတ္ေပးဇယား ဦးေဆာင္မႈေတြကေန တတိယေနရာအထိ ဆင္းေပးခဲ့ရတဲ့ ပြဲအၿပီးမွာေတာ့ ပရီးမီးယားလိဂ္ဆိုတာ ခါးသီးေၾကာင္း ရင္ဆိုင္ခဲ့ရၿပီး အမွားတစ္ခ်က္ဟာ ဒီၿပိဳင္ပြဲမွာ ဘာေတြျဖစ္သြားႏိုင္တယ္ဆိုတာ ေကာင္းေကာင္းႀကီး သေဘာေပါက္ခြင့္ရသြားခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕ အားအကိုးရဆုံး ကစားသမားႏွစ္ဦးျဖစ္တဲ့ ေဂ်ာ္ဂ်င္ညိဳနဲ႔ ဂိုးသမား မန္ဒီတို႔ ထေဖာက္ခဲ့ခ်ိန္မွာ ေမဆန္ေမာင့္လည္း ကယ္တင္ဖို႔ မတတ္ႏိုင္ခဲ့ဘဲ အားလုံးကေတာ့ အသင္းရဲ႕ တိုက္စစ္ကို အတြဲအဖက္ ပ်က္သြားေစခဲ့တဲ့ လူကာကူးကို မလိုအပ္ဘဲ လူစားလဲမႈကို လက္ညႇိဳးထိုးခဲ့ၾကတာပါ။ တူဟယ္လ္အေနနဲ႔ ပရီးမီးယားလိဂ္မွာ စိတ္ကူးေပါက္ရာ ေလွ်ာက္လုပ္တာက ေကာင္းက်ိဳးမေပးေၾကာင္းကို သင္ခန္းစာရသြားခဲ့ၿပီလည္းျဖစ္ပါတယ္။

အသင္းရဲ႕ စံခ်ိန္သစ္ကို ေရးထိုးတဲ့ သီယာဂို ေဆးလ္ဗား
ၿပီးခဲ့တဲ့ ပြဲေတြက ေခ်းလ္ဝဲလ္၊ ရီးစ္ဂ်ိမ္းစ္၊ ခ်ာလိုဘာ၊ ႐ူဒီဂါတို႔ အသင္းအတြက္ ဂိုးေတြ သြင္းယူႏိုင္ခဲ့အၿပီးမွာ ဒီေန႔မွာေတာ့ ဂိုးသြင္းယူခဲ့သူက သီယာဂို ေဆးလ္ဗားျဖစ္ပါတယ္။ အသက္ ၃၇ ႏွစ္နဲ႔ ၇၃ ရက္အ႐ြယ္မွာ ပရီးမီးယားလိဂ္ဂိုး ရရွိခဲ့တဲ့ ဘရာဇီးလ္သားဟာ အသည္းစြဲတိုက္စစ္မႉး ဒီဒီေယး ဒေရာ့ဘာရဲ႕ ၃၇ ႏွစ္၊ ၄၉ ရက္ စံခ်ိန္ေဟာင္းကို ခ်ိဳးဖ်က္ႏိုင္ခဲ့တာလည္းျဖစ္ၿပီး ဒီေန႔ပြဲမွာ ဂိုးဝင္ႏိုင္တဲ့ အေနအထားကိုလည္း ဂိုးစည္းေရွ႕က ရွင္းထုတ္ႏိုင္ခဲ့တာပါ။ ခ်ဲလ္ဆီးအသင္းရဲ႕ ၿပိဳင္ပြဲစုံ အသက္အႀကီးဆုံး ဂိုးသြင္းရွင္စံခ်ိန္ကိုေတာ့ ခ်ိဳးဖ်က္ဖို႔က မေသခ်ာေလာက္ဘူးလို႔ေတာ့ ထင္မိရၿပီး ထာဝရစံခ်ိန္ရွင္ ေဂ်ာ္ဒန္ စပင့္စ္ကေတာ့ အသက္ ၃၈ ႏွစ္နဲ႔ ၂၈၂ ရက္အ႐ြယ္မွာ သြင္းယူခဲ့လို႔ျဖစ္ပါတယ္။

ပထမဆုံးအႀကိမ္ သုံးဂိုးေပးခဲ့ရတဲ့ ခံစစ္
ခ်ဲလ္ဆီးအသင္းရဲ႕ ခံစစ္ကေတာ့ ဒီရာသီမွာ ပထမဆုံးအႀကိမ္အျဖစ္ ၃ ဂိုးအထိ ခြင့္ျပဳခဲ့ရတာျဖစ္ၿပီး သူတို႔ရဲ႕ ေနာက္ဆုံး ႏိုင္ငံတကာပြဲစဥ္ေတြနဲ႔ ရပ္နားခ်ိန္မတိုင္ခင္မွာ ထားရွိခဲ့တဲ့ မွတ္တမ္းေကာင္းကို လႊင့္ပစ္ခဲ့တာလည္းျဖစ္ပါတယ္။ လန္ဒန္ဒါဘီမွာ အဆင့္ ၄ မျပဳတ္ဖို႔ ႐ုန္းကန္ခဲ့တဲ့ ဝက္စ္ဟမ္းနဲ႔ ပြဲပန္းေနတဲ့ ခ်ဲလ္ဆီးတို႔ အေတြ႕မွာေတာ့ ဒီရာသီ ပရီးမီးယားလိဂ္ရဲ႕ ခံစစ္အေကာင္းဆုံးစံခ်ိန္က မန္စီးတီးနဲ႔ တူသြားခဲ့တာျဖစ္ၿပီး တူဟယ္လ္ရဲ႕ လက္ေအာက္မွာေတာ့ ဒါဟာ တတိယအႀကိမ္ေျမာက္ သုံးဂိုး ေပးခဲ့ရတဲ့ ပြဲလည္းျဖစ္လာခဲ့တာပါ။ သူတို႔ရဲ႕ ခံစစ္ပိုင္း ၿပိဳလဲမႈက ေတာင္ပံကစားသမားေတြ ဒဏ္ရာရမႈကေန ျမစ္ဖ်ားခံခဲ့ၿပီး ညာျခမ္းထက္ ဘယ္ျခမ္းခံစစ္ကေန ဂိုးေတြကို ခြင့္ျပဳခဲ့ရတာလည္းျဖစ္ပါတယ္။

အသင္းႀကီးေတြနဲ႔ဆို ေျခစြမ္းျပတဲ့ ဝက္စ္ဟမ္း
မန္ခ်က္စတာယူႏိုက္တက္ကို မ်က္လုံးျပဴးေစခဲ့သလို လီဗာပူးလ္ကိုလည္း အိမ္ကြင္းမွာ သုံးဂိုး-ႏွစ္ဂိုးနဲ႔ပဲ ထိုးႏွက္ခဲ့တဲ့ ဝက္စ္ဟမ္းတို႔အေနနဲ႔ ဒီေန႔ပြဲမွာလည္း ခ်ဲလ္ဆီးကို တူညီတဲ့ ရလဒ္နဲ႔ ထိုးႏွက္ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ သုံးပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ခဲ့လို႔ သူတို႔ကို ဒီေန႔ပြဲအတြက္ လူေတြက ေလွ်ာ့တြက္ခဲ့ၾကေပမယ့္ အိမ္ကြင္း ပုံစံေကာင္းကို ျပသႏိုင္ခဲ့ၿပီး ေဒးဗစ္ မြိဳက္စ္ရဲ႕ လူေတြအေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို လြယ္လြယ္နဲ႔ေတာ့ လက္ေလွ်ာ့မွာ မဟုတ္ဘူးလို႔ အားလုံးကို သတိေပးလိုက္တာပါ။ လန္ဒန္ စေတဒီယမ္က တစ္ခဲနက္ အားေပးမႈနဲ႔ အိမ္ကြင္း႐ုန္းအားဟာ ဟမ္းမားေတြအတြက္ ႀကီးမားတဲ့ စြမ္းရည္လည္းျဖစ္ၿပီး ဒီေန႔မွာေတာ့ ျခေသၤ့ေတြ တူထုခံခဲ့ရတာျဖစ္ပါတယ္။

ေမဆန္ေမာင့္ အေကာင္းဆုံးပုံစံျပခဲ့ေပမယ့္လည္း…
ၿပီးခဲ့တဲ့ပြဲမွာ ဝတ္ဖို႔ဒ္ဘက္က တစ္ဂိုးသြင္း၊ တစ္ဂိုးဖန္တီးၿပီး အႏိုင္ယူေပးခဲ့တဲ့ ေမဆန္ေမာင့္အတြက္ ဒီေန႔ပြဲမွာလည္း တူညီတဲ့ စြမ္းေဆာင္ရည္ကို ထပ္ၿပီး ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီေန႔ပြဲကေတာ့ သူ႔ရဲ႕ အေကာင္းဆုံးေျခစြမ္းနဲ႔ လိုက္ဖက္မညီခဲ့ဘဲ အသင္းရဲ႕ အမွားမ်ားခဲ့တဲသူေတြေၾကာင့္ သုံးမွတ္စလုံး ဆုံးရႈံးခဲ့ရသလို ကာလၾကာရွည္ဦးေဆာင္ထားႏိုင္တဲ့ ဇယားထိပ္ကေနရာကိုလည္း ဖယ္ေပးခဲ့ရတာပါ။ ဒီေန႔မွာ အဂၤလန္ကြင္းလယ္လူရဲ႕ သြင္းယူခဲ့တဲ့ ဂိုးက အဆင့္ျမင့္ခဲ့သလို ဂိုးေပါက္ကန္ခ်က္ ၃ ႀကိမ္နဲ႔ အခြင့္အေရးဖန္တီးမႈ ၄ ႀကိမ္လည္း ျပဳလုပ္ႏိုင္ခဲ့ၿပီး ေျခစြမ္းျပခဲ့သလို ပြဲစဥ္ရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္လည္း သတ္မွတ္ခံခဲ့ရတာေၾကာင့္ လာမယ့္ပြဲေတြမွာ ခ်ဲလ္ဆီးကို သူျပန္ဆြဲတင္ႏိုင္မလား ေစာင့္ၾကည့္ရပါလိမ့္မယ္။

ခ်န္ပီယံရွစ္ ေရာ္ဘင္ >>> ပရီးမီးယားလိဂ္ ေရာ္ဘင္ျဖစ္ၿပီလား
ဟားလ္စီးတီးနဲ႔ ခ်န္ပီယံရွစ္မွာ သုံးရာသီဆက္တိုက္ ေျခစြမ္းျပခဲ့ၿပီး ေနာက္ဆုံးရာသီျဖစ္တဲ့ ၂၀၁၉-၂၀ ပထမဝက္မွာ ၁၆ ဂိုး သြင္းယူႏိုင္ခဲ့လို႔ ဝက္စ္ဟမ္းက ေခၚယူျဖစ္ခဲ့တဲ့ ဂ်ားေရာ့ဒ္ ဘိုဝင္ဟာ က်ားေတြနဲ႔ေတာ့ ခ်န္ပီယံရွစ္ ေရာ္ဘင္လို႔ နာမည္ႀကီးခဲ့သူျဖစ္ပါတယ္။ ညာေတာင္ပံကေန အေျခခ် ကစားတဲ့ ဘယ္သန္ အဂၤလိပ္ကစားသမားဟာ အတြင္းကို ခ်ိဳးဝင္ၿပီး ကန္သြင္းဖို႔ စိတ္အားထက္သန္သူျဖစ္ၿပီး ဒီရာသီမွာေတာ့ ဘရန႔္ဖို႔ဒ္၊ ဗီလာ၊ ခ်ဲလ္ဆီးတို႔နဲ႔ သုံးပြဲမွာ ဂိုးသြင္းယူထားႏိုင္ခဲ့သလို သူ႔ေၾကာင့္ ဂိုးရမႈေတြကို ဖန္တီးမႈအျဖစ္ပါ ထည့္သြင္းေရတြက္မယ္ဆိုရင္ ၇ ႀကိမ္အထိ ဟမ္းမားေတြအဖို႔ စြမ္းေဆာင္ေပးထားသူလည္း ျဖစ္ေနတာပါ။ ၿပီးခဲ့တဲ့ ရာသီမွာ ၈ ဂိုး သြင္းယူၿပီး ေျခစြမ္းျပလာႏိုင္ခဲ့တဲ့ ဘိုဝင္အေနနဲ႔ ခ်န္ပီယံရွစ္ ေရာ္ဘင္ဆိုတဲ့ ဘြဲ႕ကေန ပရီးမီးယားလိဂ္ ေရာ္ဘင္ဘြဲ႕ကို Bachelor ကေန Master ဘြဲ႕ကို ကူးေျပာင္းရယူႏိုင္သလိုမ်ိဳး လုပ္ေဆာင္ႏိုင္မလား ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ေကာင္းလည္း မန္ဒီ၊ ဆိုးလည္း မန္ဒီ
ခ်ဲလ္ဆီးအသင္းရဲ႕ Clean Sheet ေတြနဲ႔ ႏိုင္ပြဲေတြ၊ ေအာင္ျမင္မႈေတြမွာ ေအဒူယာ မန္ဒီရဲ႕ လက္စြမ္းျပမႈေတြက အဓိက က်ခဲ့တာကေတာ့ ျငင္းဖို႔ မျဖစ္ႏိုင္တဲ့ အမွန္တရားပါပဲ။ ဒါေပမယ့္ ဒီေနာက္ပိုင္းတစ္လေလာက္မွာ သူ႔ရဲ႕ ကာကြယ္ႏိုင္စြမ္းကလည္း ခ်ဲလ္ဆီးေနာက္တန္းရဲ႕ ဒဏ္ရာရ ကစားသမားေတြနဲ႔အတူ ဆက္တိုက္ဆိုသလို ေလ်ာ့က်လာေနခဲ့ၿပီး ဝက္စ္ဟမ္းနဲ႔ပြဲမွာေတာ့ သူ႔ရဲ႕ အမွားႏွစ္ႀကိမ္ကေန ႏွစ္ဂိုးေပးခဲ့ရသလို အသင္းကို ရႈံးနိမ့္ေစတဲ့ ဗီလိန္တစ္ဦးျဖစ္ေစခဲ့တာပါ။ တခ်ိဳ႕ေတြကေတာ့ အသင္းရဲ႕ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈမွာ အရန္ခုံက ဂိုးသမား ကီပါ အာရီဇာဘာလာဂါေလာက္ လုပ္ခတိုးျမႇင့္မေပးခဲ့တာေၾကာင့္လားလို႔ ေမးခြန္းထုတ္ေနၾကၿပီး ေနာက္ဆုံး ပရီးမီးယားလိဂ္ ၅ ပြဲမွာ ၄ ပြဲ ဂိုးေပးထားခဲ့ရတဲ့ ဆီနီေဂါသားအေနနဲ႔ သူ႔ပုံစံေကာင္းကို အျမန္ဆုံး ရွာေတြ႕ႏိုင္ဖို႔ေတာ့ ဆုေတာင္းမိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.