Premier League

ဆာကာနဲ႔ သေဘာတူညီဖို႔ နီးစပ္ေနၿပီး ေဒးဗစ္ လူးဝစ္ဇ္နဲ႔ စာခ်ဳပ္အဆင္မေျပေသးတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းအေနနဲ႔ လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာရဲ႕ စာခ်ဳပ္သစ္အတြက္ သေဘာတူညီမွဳ ရရွိဖို႔ နီးစပ္ေနၿပီး အသက္ ၁၈ ႏွစ္အရြယ္ ကစားသမားအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ လီဗာပူးလ္တုိ႔ကို ေျပာင္းေရႊ႕ဖို႔ ပယ္ခ်ထားခဲ့တယ္လို႔ သိရပါတယ္။

အသင္းရဲ႕ ေဟးလ္အန္႔ဒ္အကယ္ဒမီထြက္ ဆာကာဟာ အသင္းႀကီးရဲ႕ ဘယ္ေတာင္ပံနဲ႔ ဘယ္ေနာက္ခံလူေနရာေတြမွာ ေျခစြမ္းျပႏုိင္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ မန္ခ်က္စတာစီးတီးနဲ႔ပြဲမွာေတာ့ နည္းျပ မီခယ္လ္ အာတီတာရဲ႕ အတတ္ဆန္းမွဳေအာက္မွာ ေျခစြမ္းေပ်ာက္ဆုံးေနခဲ့တာကိုေတာ့ ေတြ႕ရွိခဲ့ရပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ဒီႏုိင္ဂ်ီးရီးယားႏြယ္ဖြား အဂၤလန္ေတာင္ပံကစားသမားအတြက္ တစ္ပတ္ကို ေပါင္သုံးေသာင္းခြဲနဲ႔ ငါးႏွစ္စာခ်ဳပ္သစ္ကို ကမ္းလွမ္းထားတယ္လုိ႔ သိရၿပီး သူ႕ရဲ႕ လက္ရွိစာခ်ဳပ္ကေတာ့ လာမယ့္ ၂၀၂၁ ေႏြရာသီမွာ ကုန္ဆုံးမယ္လို႔ သတင္းေတြက ေဖာ္ျပထားခဲ့ၾကပါတယ္။

တစ္ဆက္တည္းမွာပဲ အသင္းရဲ႕ ေနာက္ဆုံး႐ွဳံးပြဲမွာ တာဝန္ရွိခဲ့တဲ့ ဘရာဇီးလ္ခံစစ္မွဴး ေဒးဗစ္ လူးဝစ္ဇ္ကိုေတာ့ စာခ်ဳပ္သက္တမ္းတုိးဖို႔ သေဘာတူညီမွဳ မရရွိေသးဘဲ အသင္းဘက္က တစ္ႏွစ္စာခ်ဳပ္သက္တမ္းတုိးခ်င္ေနတာကို ကစားသမားဘက္က ႏွစ္ႏွစ္ေတာင္းဆုိထားခဲ့တယ္လို႔ ဆုိပါတယ္။

အသက္ ၃၃ ႏွစ္အရြယ္ ခ်ဲလ္ဆီးေနာက္ခံလူေဟာင္းအေနနဲ႔ ၿပီးခဲ့တဲ့ ၂၀၁၉ ေႏြရာသီက အသင္းကို တစ္ႏွစ္စာခ်ဳပ္+တစ္ႏွစ္သက္တမ္းတိုးခြင့္နဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး သူ႕အတြက္ စုစုေပါင္းကုန္က်စရိတ္ ေပါင္ ၂၄ သန္းအထိ ရွိခဲ့တယ္လို႔ အက္သလက္တစ္သတင္းဌာနက ေဖာ္ထုတ္ထားခဲ့တဲ့အတြက္ အာဆင္နယ္ပရိသတ္ေတြရဲ႕ ၿငဳိျငင္ခံေနရၿပီး လက္ရွိေျခစြမ္းအရလည္း စိတ္ပ်က္ေနၾကတယ္လို႔ သိရွိရပါတယ္။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာရဲ့ စာချုပ်သစ်အတွက် သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီး အသက် ၁၈ နှစ်အရွယ် ကစားသမားအနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်တို့ကို ပြောင်းရွှေ့ဖို့ ပယ်ချထားခဲ့တယ်လို့ သိရပါတယ်။

အသင်းရဲ့ ဟေးလ်အန့်ဒ်အကယ်ဒမီထွက် ဆာကာဟာ အသင်းကြီးရဲ့ ဘယ်တောင်ပံနဲ့ ဘယ်နောက်ခံလူနေရာတွေမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ မန်ချက်စတာစီးတီးနဲ့ပွဲမှာတော့ နည်းပြ မီခယ်လ် အာတီတာရဲ့ အတတ်ဆန်းမှုအောက်မှာ ခြေစွမ်းပျောက်ဆုံးနေခဲ့တာကိုတော့ တွေ့ရှိခဲ့ရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဒီနိုင်ဂျီးရီးယားနွယ်ဖွား အင်္ဂလန်တောင်ပံကစားသမားအတွက် တစ်ပတ်ကို ပေါင်သုံးသောင်းခွဲနဲ့ ငါးနှစ်စာချုပ်သစ်ကို ကမ်းလှမ်းထားတယ်လို့ သိရပြီး သူ့ရဲ့ လက်ရှိစာချုပ်ကတော့ လာမယ့် ၂၀၂၁ နွေရာသီမှာ ကုန်ဆုံးမယ်လို့ သတင်းတွေက ဖော်ပြထားခဲ့ကြပါတယ်။

တစ်ဆက်တည်းမှာပဲ အသင်းရဲ့ နောက်ဆုံးရှုံးပွဲမှာ တာဝန်ရှိခဲ့တဲ့ ဘရာဇီးလ်ခံစစ်မှူး ဒေးဗစ် လူးဝစ်ဇ်ကိုတော့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု မရရှိသေးဘဲ အသင်းဘက်က တစ်နှစ်စာချုပ်သက်တမ်းတိုးချင်နေတာကို ကစားသမားဘက်က နှစ်နှစ်တောင်းဆိုထားခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၃၃ နှစ်အရွယ် ချဲလ်ဆီးနောက်ခံလူဟောင်းအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ နွေရာသီက အသင်းကို တစ်နှစ်စာချုပ်+တစ်နှစ်သက်တမ်းတိုးခွင့်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူ့အတွက် စုစုပေါင်းကုန်ကျစရိတ် ပေါင် ၂၄ သန်းအထိ ရှိခဲ့တယ်လို့ အက်သလက်တစ်သတင်းဌာနက ဖော်ထုတ်ထားခဲ့တဲ့အတွက် အာဆင်နယ်ပရိသတ်တွေရဲ့ ငြိုငြင်ခံနေရပြီး လက်ရှိခြေစွမ်းအရလည်း စိတ်ပျက်နေကြတယ်လို့ သိရှိရပါတယ်။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.