Premier League

၂၀.၆.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ပထမဝါဆိုလဆန္း ၁ ရက္၊ စေနေန႔။

၂၀.၆.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ပထမဝါဆုိလဆန္း ၁ ရက္၊ စေနေန႔၊ သမားညဳိ၊ သမားျဖဴ၊ မဟာရက္ၾကမ္း။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
မြန္းလြဲ ၁၂:၅၁ အထိ တိထီ ၁၄ လုံး။ ေက်ာ္လွ်င္ ၁၅ လုံး။ ၁၄ လုံးတြင္ သိဒၵိယုဂ္၊ ၿပီးေျမာက္ေအာင္ျမင္ျပည့္စုံေစလိုသည့္ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။ ၁၅ လုံးတြင္ မတယုဂ္၊ လုပ္ငန္းသစ္မ်ား စတင္ျခင္း မျပဳရ၊ ၿပီးျပတ္ခ်ဳပ္ၿငိမ္းေစလိုသည့္အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ေန႔လယ္ ၁၃:၀၀ အထိ ေရာဟိဏီနကၡတ္။ ေက်ာ္လွ်င္ မိဂသီနကၡတ္။ ညေန ၁၅:၂၉ အထိ သူလယုဂ္၊ နာက်င္ခံစားရျခင္း၊ ျငင္းခုံရျခင္း၊ ေဆြးေႏြးမွဳမ်ား၊ သေဘာတူညီမွဳမ်ား ျပဳလုပ္ျခင္းမ်ဳိး ေရွာင္ၾကဥ္ပါ။ ေက်ာ္လွ်င္ ဂ႑ယုဂ္၊ အႏၲရာယ္၊ အတားအဆီး၊ အဖ်က္ႏွင့္ ႀကဳံမည္။ မိမိ၏ မေကာင္းေသာ ဝါသနာမ်ား၊ စြဲလမ္းမွဳမ်ားေၾကာင့္ အလုပ္ ထိခိုက္တတ္၍ ဆႏၵကို သိကၡာျဖင့္ ထိန္းပါ။

တစ္ေန႔တာ က႐ိုဏ္း။
မြန္းလြဲ ၁၂:၅၁ အထိ သကုဏိက႐ိုဏ္း၊ အ႐ိုအေသေပးျခင္း၊ အႀကံေပးျခင္း၊ စိတ္တန္ခိုးရွိျခင္း၊ ကုစားႏိုင္ျခင္း၊ အတိုင္ပင္ခံ အႀကံေပးႏုိင္သည့္အခါျဖစ္ၿပီး မိမိ၏ ဉာဏ္ပညာအတို္င္း ေစတနာထား၍ အကူအညီေပးပါ။ ေနာက္တစ္ေန႔နံနက္ ၁:၀၅ အထိ စတုပၸါဒက႐ိုဏ္း၊ အႀကီးအကဲ၊ ဘိုးဘြား၊ သူေတာ္စင္မ်ားႏွင့္ သက္ဆိုင္သည့္ တစ္လတြင္ တစ္ခါသာရွိသည့္ က႐ိုဏ္းျဖစ္သည္။ အေလးအျမတ္ျပဳ ပူေဇာ္ပါ။ အႀကံဉာဏ္၊ အဆုံးအမအား ခံယူပါ။ ေက်ာ္လွ်င္ နာဂဝက႐ိုဏ္း၊ ရက္စက္ၾကမ္းၾကဳတ္ေသာ အလိုဆႏၵရွိျခင္း၊ စိတ္ေကာင္းမရွိျခင္း၊ အႏၲရာယ္မ်ားျခင္း၊ မတည္ၿငိမ္ျခင္းစသည့္ ထိန္းခ်ဳပ္ထားသင့္သည့္ ဆႏၵမ်ား ေပၚထြက္လာတတ္၍ သူေတာ္ေကာင္းတရားႏွင့္ ဆင္ျခင္ပါေလ။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
မြန္းလြဲ ၁၂:၅၁ အထိ အေရွ႕ႏွင့္ အေရွ႕ေျမာက္၊ အျဖဴေရာင္။ ေက်ာ္လွ်င္ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၂၀.၆.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁ ရက်၊ စနေနေ့၊ သမားညို၊ သမားဖြူ၊ မဟာရက်ကြမ်း။

တစ်နေ့တာ တိထီနှင့် ယုဂ်။
မွန်းလွဲ ၁၂:၅၁ အထိ တိထီ ၁၄ လုံး။ ကျော်လျှင် ၁၅ လုံး။ ၁၄ လုံးတွင် သိဒ္ဒိယုဂ်၊ ပြီးမြောက်အောင်မြင်ပြည့်စုံစေလိုသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။ ၁၅ လုံးတွင် မတယုဂ်၊ လုပ်ငန်းသစ်များ စတင်ခြင်း မပြုရ၊ ပြီးပြတ်ချုပ်ငြိမ်းစေလိုသည့်အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
နေ့လယ် ၁၃:၀၀ အထိ ရောဟိဏီနက္ခတ်။ ကျော်လျှင် မိဂသီနက္ခတ်။ ညနေ ၁၅:၂၉ အထိ သူလယုဂ်၊ နာကျင်ခံစားရခြင်း၊ ငြင်းခုံရခြင်း၊ ဆွေးနွေးမှုများ၊ သဘောတူညီမှုများ ပြုလုပ်ခြင်းမျိုး ရှောင်ကြဉ်ပါ။ ကျော်လျှင် ဂဏ္ဍယုဂ်၊ အန္တရာယ်၊ အတားအဆီး၊ အဖျက်နှင့် ကြုံမည်။ မိမိ၏ မကောင်းသော ဝါသနာများ၊ စွဲလမ်းမှုများကြောင့် အလုပ် ထိခိုက်တတ်၍ ဆန္ဒကို သိက္ခာဖြင့် ထိန်းပါ။

တစ်နေ့တာ ကရိုဏ်း။
မွန်းလွဲ ၁၂:၅၁ အထိ သကုဏိကရိုဏ်း၊ အရိုအသေပေးခြင်း၊ အကြံပေးခြင်း၊ စိတ်တန်ခိုးရှိခြင်း၊ ကုစားနိုင်ခြင်း၊ အတိုင်ပင်ခံ အကြံပေးနိုင်သည့်အခါဖြစ်ပြီး မိမိ၏ ဉာဏ်ပညာအတိုင်း စေတနာထား၍ အကူအညီပေးပါ။ နောက်တစ်နေ့နံနက် ၁:၀၅ အထိ စတုပ္ပါဒကရိုဏ်း၊ အကြီးအကဲ၊ ဘိုးဘွား၊ သူတော်စင်များနှင့် သက်ဆိုင်သည့် တစ်လတွင် တစ်ခါသာရှိသည့် ကရိုဏ်းဖြစ်သည်။ အလေးအမြတ်ပြု ပူဇော်ပါ။ အကြံဉာဏ်၊ အဆုံးအမအား ခံယူပါ။ ကျော်လျှင် နာဂဝကရိုဏ်း၊ ရက်စက်ကြမ်းကြုတ်သော အလိုဆန္ဒရှိခြင်း၊ စိတ်ကောင်းမရှိခြင်း၊ အန္တရာယ်များခြင်း၊ မတည်ငြိမ်ခြင်းစသည့် ထိန်းချုပ်ထားသင့်သည့် ဆန္ဒများ ပေါ်ထွက်လာတတ်၍ သူတော်ကောင်းတရားနှင့် ဆင်ခြင်ပါလေ။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
မွန်းလွဲ ၁၂:၅၁ အထိ အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။ ကျော်လျှင် တောင်နှင့် အရှေ့၊ အနက်ရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)