Premier League

မန္စီးတီးဘက္က ကမ္းလွမ္းတဲ့ စာခ်ဳပ္အႀကိမ္ႀကိမ္ကို ဆာေနးပယ္ခ်ခဲ့တယ္လို႔ ပက္ပ္ထုတ္ေဖာ္

အသင္းကေန ထြက္ခြာေတာ့မယ္လို႔ အတည္ျပဳခဲ့ၿပီးျဖစ္တဲ့ မန္ခ်က္စတာစီးတီးေတာင္ပံကစားသမား လီရြဳိင္း ဆာေနးအေနနဲ႔ ေနာက္ေၾကာင္း ျပန္လွည့္ဖို႔ မရွိေတာ့ဘဲ အသင္းဘက္က ကမ္းလွမ္းတဲ့ စာခ်ဳပ္အႀကိမ္ႀကိမ္ကိုလည္း ပယ္ခ်ထားခဲ့တာျဖစ္တယ္လို႔ နည္းျပ ပက္ပ္ ဂြါဒီယိုလာက ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းကို ေျပာင္းေရႊ႕ဖို႔ ၿပီးခဲ့တဲ့ ေႏြရာသီမွာ သေဘာတူညီခဲ့ေပမယ့္ ဒူးဒဏ္ရာရရွိသြားတာေၾကာင့္ ဆက္လက္ မေဆြးေႏြးျဖစ္ခဲ့တဲ့ ဆာေနးအေနနဲ႔ ကိုးလၾကာတဲ့ ဒဏ္ရာကေန သက္သာလာခဲ့အၿပီးမွာလည္း ဘြန္ဒက္စ္လီဂါကို ျပန္ၿပီး ဘာေဗးရီးယားအေျခစိုက္အသင္းနဲ႔ ပူးေပါင္းဖို႔ကိုပဲ တစ္စိုက္မတ္မတ္ အားထုတ္ေနတာလည္းျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ေတာ့ အသက္ ၂၄ ႏွစ္အရြယ္ ဂ်ာမန္ေတာင္ပံကစားသမားရဲ႕ စိတ္ပါေနတဲ့ အေျခအေနေပၚမွာ မူတည္ၿပီး ေျပာင္းေရႊ႕ေၾကးကို အတင္းဆစ္ၿပီး အႏုိင္က်င့္ဖို႔ ႀကဳိးစားေနတဲ့ ဘုိင္ယန္ျမဴးနစ္ရဲ႕ လုပ္ရပ္ကို ကန္႔ကြက္ထားခဲ့ၿပီး ေဈးေပါေပါနဲ႔ ေရာင္းခ်မွာမဟုတ္ဘူးလုိ႔လည္း တုံ႔ျပန္ထားခဲ့ပါတယ္။

“လီ႐ြဳိင္းအေနနဲ႔ စာခ်ဳပ္သက္တမ္းတုိးဖို႔ စိတ္ကူးမရွိဘူးလို႔ အသင္းဘက္ကို တုံ႔ျပန္ထားခဲ့ပါတယ္”လို႔ ဂြါဒီယိုလာက ဆုိခဲ့ၿပီး “သူ႕အေနနဲ႔ အသင္းက ထြက္ခြာခ်င္ေနပါတယ္။ ဒါက လာမယ့္ေႏြရာသီမွာေရာ သူ႕ရဲ႕ စာခ်ဳပ္သက္တမ္းကုန္မယ့္အခ်ိန္မွာပါ ျဖစ္ႏိုင္ပါတယ္။ အသင္းအေနနဲ႔ သူ႕ကို ကၽြန္ေတာ္သိသေလာက္ေတာ့ ႏွစ္ႀကိမ္သုံးႀကိမ္ထက္မနည္း စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးခဲ့ၿပီးေပမယ့္ ထြက္ခြာဖို႔ပဲ သူက ေျပာခဲ့ပါတယ္”လို႔လည္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ မန္စီးတီးအသင္းနဲ႔ ဆာေနးတုိ႔ ႏွစ္ဦးႏွစ္ဖက္ေဆြးေႏြးခဲ့ၿပီး အသင္းေျပာင္းေရႊ႕ခြင့္ျပဳဖို႔ သေဘာတူညီခဲ့ရတယ္လုိ႔လည္း သိရၿပီး ဂြါဒီယိုလာအေနနဲ႔ သူ႕ကို မစည္း႐ုံးႏုိင္ခဲ့လို႔ စိတ္ပ်က္မိေၾကာင္းနဲ႔ သူတုိ႔အေနနဲ႔ အသင္းအတြက္ အျပည့္အဝ အာ႐ုံစူးစိုက္ၿပီး ကစားေပးမယ့္ ကစားသမားမ်ဳိးကိုပဲ အလိုရွိတာေၾကာင့္ ထြက္ခြင့္ျပဳလုိက္တာျဖစ္တယ္လို႔လည္း ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့ပြီးဖြစ်တဲ့ မန်ချက်စတာစီးတီးတောင်ပံကစားသမား လီရွိုင်း ဆာနေးအနေနဲ့ နောက်ကြောင်း ပြန်လှည့်ဖို့ မရှိတော့ဘဲ အသင်းဘက်က ကမ်းလှမ်းတဲ့ စာချုပ်အကြိမ်ကြိမ်ကိုလည်း ပယ်ချထားခဲ့တာဖြစ်တယ်လို့ နည်းပြ ပက်ပ် ဂွါဒီယိုလာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို့ ပြီးခဲ့တဲ့ နွေရာသီမှာ သဘောတူညီခဲ့ပေမယ့် ဒူးဒဏ်ရာရရှိသွားတာကြောင့် ဆက်လက် မဆွေးနွေးဖြစ်ခဲ့တဲ့ ဆာနေးအနေနဲ့ ကိုးလကြာတဲ့ ဒဏ်ရာကနေ သက်သာလာခဲ့အပြီးမှာလည်း ဘွန်ဒက်စ်လီဂါကို ပြန်ပြီး ဘာဗေးရီးယားအခြေစိုက်အသင်းနဲ့ ပူးပေါင်းဖို့ကိုပဲ တစ်စိုက်မတ်မတ် အားထုတ်နေတာလည်းဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းအနေနဲ့တော့ အသက် ၂၄ နှစ်အရွယ် ဂျာမန်တောင်ပံကစားသမားရဲ့ စိတ်ပါနေတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ပြောင်းရွှေ့ကြေးကို အတင်းဆစ်ပြီး အနိုင်ကျင့်ဖို့ ကြိုးစားနေတဲ့ ဘိုင်ယန်မြူးနစ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ထားခဲ့ပြီး ဈေးပေါပေါနဲ့ ရောင်းချမှာမဟုတ်ဘူးလို့လည်း တုံ့ပြန်ထားခဲ့ပါတယ်။

“လီရွိုင်းအနေနဲ့ စာချုပ်သက်တမ်းတိုးဖို့ စိတ်ကူးမရှိဘူးလို့ အသင်းဘက်ကို တုံ့ပြန်ထားခဲ့ပါတယ်”လို့ ဂွါဒီယိုလာက ဆိုခဲ့ပြီး “သူ့အနေနဲ့ အသင်းက ထွက်ခွာချင်နေပါတယ်။ ဒါက လာမယ့်နွေရာသီမှာရော သူ့ရဲ့ စာချုပ်သက်တမ်းကုန်မယ့်အချိန်မှာပါ ဖြစ်နိုင်ပါတယ်။ အသင်းအနေနဲ့ သူ့ကို ကျွန်တော်သိသလောက်တော့ နှစ်ကြိမ်သုံးကြိမ်ထက်မနည်း စာချုပ်သစ်အတွက် ဆွေးနွေးခဲ့ပြီးပေမယ့် ထွက်ခွာဖို့ပဲ သူက ပြောခဲ့ပါတယ်”လို့လည်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ မန်စီးတီးအသင်းနဲ့ ဆာနေးတို့ နှစ်ဦးနှစ်ဖက်ဆွေးနွေးခဲ့ပြီး အသင်းပြောင်းရွှေ့ခွင့်ပြုဖို့ သဘောတူညီခဲ့ရတယ်လို့လည်း သိရပြီး ဂွါဒီယိုလာအနေနဲ့ သူ့ကို မစည်းရုံးနိုင်ခဲ့လို့ စိတ်ပျက်မိကြောင်းနဲ့ သူတို့အနေနဲ့ အသင်းအတွက် အပြည့်အဝ အာရုံစူးစိုက်ပြီး ကစားပေးမယ့် ကစားသမားမျိုးကိုပဲ အလိုရှိတာကြောင့် ထွက်ခွင့်ပြုလိုက်တာဖြစ်တယ်လို့လည်း ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.