Premier League

ေမဆန္ဟာ လူႀကီးတစ္ေယာက္နဲ႔ ပုိပိုၿပီး တူလာတယ္လုိ႔ ခ်ီးက်ဴးလုိက္တဲ့ ဆုိးလ္ရွား

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ လူငယ္တုိက္စစ္မွဴး ေမဆန္ ဂရင္းဝုဒ္အေနနဲ႔ ၿပီးခဲ့တဲ့ ကိုဗစ္-၁၉ ေၾကာင့္ ပြဲရပ္နားထားခ်ိန္ေတြထဲမွာ ပုိမို ႀကဳိးစားေလ့က်င့္ခဲ့သလို ဖြံ႕ၿဖဳိးတုိးတက္လာခဲ့ၿပီး လူႀကီးတစ္ေယာက္လိုမ်ဳိး ပိုမိုသန္မာတဲ့ ပုံစံနဲ႔ အဆင္သင့္ရွိေနၿပီလို႔ နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားက ခ်ီးက်ဴးလိုက္ပါတယ္။

ကိုဗစ္ Lock Down ကာလမတုိင္ခင္ အသက္ ၁၈ ႏွစ္အရြယ္ ဂရင္းဝုဒ္ဟာ ပိန္သြယ္တဲ့ ကိုယ္လုံးနဲ႔ လူငယ္တစ္ဦးနဲ႔ ပုိတူခဲ့ေပမယ့္ လက္ရွိမွာေတာ့ သူ႕ရဲ႕ ကိုယ္လုံးကိုယ္ထည္ ႀကံ့ခိုင္မွဳက တုိးတက္လာခဲ့သလို တစ္ဖက္ခံစစ္သမားေတြကို ပိုမိုစိန္ေခၚႏိုင္တဲ့ ယုံၾကည္မွဳအျပည့္နဲ႔ ပုံစံမ်ဳိးလည္း ျဖစ္ေနခဲ့တာပါ။

ေနာ္ေဝသားနည္းျပလက္ထက္မွာ ပြဲထြက္ခြင့္ရရွိထားတဲ့ ၁၆ ပြဲမွာ ဂရင္းဝုဒ္အေနနဲ႔ ၁၂ ဂိုး သြင္းယူေပးထားႏုိင္ခဲ့ၿပီး ဖလားပြဲလူစာရင္းေတြ မွာလည္း အသက္ ၁၈ ႏွစ္အရြယ္နဲ႔ မလုိက္ေအာင္ အေရးပါတဲ့ ေနရာက ကစားခြင့္ရထားသလို သူ႕ရဲ႕အသက္အရြယ္တန္းထဲမွာလည္း အေကာင္းဆုံးတစ္ဦးအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။

“ေမဆန္က လူငယ္တစ္ဦးပါပဲ။ ဒါေပမယ့္ သူတို႔ကို Lock Down ခ်ထားတဲ့ ကာလမွာ ေတာ္ေတာ္ေလးႀကဳိးစားခဲ့ပုံရၿပီး သူ႕ရဲ႕ ခႏၶာကိုယ္က ေတာင့္တင္းႀကံ့ခိုင္လာပါတယ္။ လူႀကီးတစ္ဦးနဲ႔ ပုိၿပီးတူတူလာတဲ့ သူ႕ရဲ႕ ဖြဲ႕စည္းပုံက သူ႕ကို ပုိေကာင္းေအာင္ ကူညီႏုိင္ပါလိမ့္မယ္။ ကေလးကတည္းက ကစားသမားေကာင္းတစ္ဦးအျဖစ္ ရပ္တည္ျပႏုိင္ခဲ့တဲ့ သူ႕အတြက္ ဂိုးေရွ႕မွာ ျမင့္မားခဲ့တဲ့ စြမ္းရည္ကို ႀကံ့ခုိင္မွဳက ပုိအေထာက္အကူေပးပါလိမ့္မယ္”လို႔ ဆုိးလ္ရွားက ခ်ီးက်ဴးသြားပါတယ္။

ဘယ္သန္ကစားသမားတစ္ဦးလို႔ အားလုံးက ယူဆထားၾကတဲ့ ဂရင္းဝုဒ္နဲ႔ ပတ္သက္ၿပီး ဆုိးလ္ရွားက သုံးသပ္ဖူးရာမွာေတာ့ သူဟာ ဘယ္သန္ ဆုိေပမယ့္ ေျခႏွစ္ေခ်ာင္းလုံးကို အသုံးျပဳႏုိင္သူျဖစ္ၿပီး ပင္နယ္တီ၊ ဖရီးကစ္ေတြကို ႏွစ္ဖက္စလုံးနဲ႔ ကန္ႏုိင္တာကို ေတြ႕ရသလို တစ္ဖက္နဲ႔ တစ္ဖက္ ညီတူမွ်တူ ၅၀-၅၀ စီ အသုံးခ်ႏုိင္သူလုိ႔ ခ်ီးက်ဴးထားခဲ့ဖူးၿပီး တကယ္လို႔ သူ႕ကို ဘယ္သန္အျဖစ္ မျဖစ္မေန လက္ခံရမယ္ဆုိရင္ ဘယ္ေျခက ၅၁၊ ညာေျခက ၄၉ ရာခိုင္ႏွဳန္းလို႔ ေျပာရမွာျဖစ္တယ္လို႔လည္း ဆုိထားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL & WIKI
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်အနေနဲ့ ပြီးခဲ့တဲ့ ကိုဗစ်-၁၉ ကြောင့် ပွဲရပ်နားထားချိန်တွေထဲမှာ ပိုမို ကြိုးစားလေ့ကျင့်ခဲ့သလို ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး လူကြီးတစ်ယောက်လိုမျိုး ပိုမိုသန်မာတဲ့ ပုံစံနဲ့ အဆင်သင့်ရှိနေပြီလို့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက ချီးကျူးလိုက်ပါတယ်။

ကိုဗစ် Lock Down ကာလမတိုင်ခင် အသက် ၁၈ နှစ်အရွယ် ဂရင်းဝုဒ်ဟာ ပိန်သွယ်တဲ့ ကိုယ်လုံးနဲ့ လူငယ်တစ်ဦးနဲ့ ပိုတူခဲ့ပေမယ့် လက်ရှိမှာတော့ သူ့ရဲ့ ကိုယ်လုံးကိုယ်ထည် ကြံ့ခိုင်မှုက တိုးတက်လာခဲ့သလို တစ်ဖက်ခံစစ်သမားတွေကို ပိုမိုစိန်ခေါ်နိုင်တဲ့ ယုံကြည်မှုအပြည့်နဲ့ ပုံစံမျိုးလည်း ဖြစ်နေခဲ့တာပါ။

နော်ဝေသားနည်းပြလက်ထက်မှာ ပွဲထွက်ခွင့်ရရှိထားတဲ့ ၁၆ ပွဲမှာ ဂရင်းဝုဒ်အနေနဲ့ ၁၂ ဂိုး သွင်းယူပေးထားနိုင်ခဲ့ပြီး ဖလားပွဲလူစာရင်းတွေ မှာလည်း အသက် ၁၈ နှစ်အရွယ်နဲ့ မလိုက်အောင် အရေးပါတဲ့ နေရာက ကစားခွင့်ရထားသလို သူ့ရဲ့အသက်အရွယ်တန်းထဲမှာလည်း အကောင်းဆုံးတစ်ဦးအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

“မေဆန်က လူငယ်တစ်ဦးပါပဲ။ ဒါပေမယ့် သူတို့ကို Lock Down ချထားတဲ့ ကာလမှာ တော်တော်လေးကြိုးစားခဲ့ပုံရပြီး သူ့ရဲ့ ခန္ဓာကိုယ်က တောင့်တင်းကြံ့ခိုင်လာပါတယ်။ လူကြီးတစ်ဦးနဲ့ ပိုပြီးတူတူလာတဲ့ သူ့ရဲ့ ဖွဲ့စည်းပုံက သူ့ကို ပိုကောင်းအောင် ကူညီနိုင်ပါလိမ့်မယ်။ ကလေးကတည်းက ကစားသမားကောင်းတစ်ဦးအဖြစ် ရပ်တည်ပြနိုင်ခဲ့တဲ့ သူ့အတွက် ဂိုးရှေ့မှာ မြင့်မားခဲ့တဲ့ စွမ်းရည်ကို ကြံ့ခိုင်မှုက ပိုအထောက်အကူပေးပါလိမ့်မယ်”လို့ ဆိုးလ်ရှားက ချီးကျူးသွားပါတယ်။

ဘယ်သန်ကစားသမားတစ်ဦးလို့ အားလုံးက ယူဆထားကြတဲ့ ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီး ဆိုးလ်ရှားက သုံးသပ်ဖူးရာမှာတော့ သူဟာ ဘယ်သန် ဆိုပေမယ့် ခြေနှစ်ချောင်းလုံးကို အသုံးပြုနိုင်သူဖြစ်ပြီး ပင်နယ်တီ၊ ဖရီးကစ်တွေကို နှစ်ဖက်စလုံးနဲ့ ကန်နိုင်တာကို တွေ့ရသလို တစ်ဖက်နဲ့ တစ်ဖက် ညီတူမျှတူ ၅၀-၅၀ စီ အသုံးချနိုင်သူလို့ ချီးကျူးထားခဲ့ဖူးပြီး တကယ်လို့ သူ့ကို ဘယ်သန်အဖြစ် မဖြစ်မနေ လက်ခံရမယ်ဆိုရင် ဘယ်ခြေက ၅၁၊ ညာခြေက ၄၉ ရာခိုင်နှုန်းလို့ ပြောရမှာဖြစ်တယ်လို့လည်း ဆိုထားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL & WIKI
PHOTOS CREDIT TO OWNERS
SPORTS A2Z.