Bundesliga Premier League Transfer News

တီမို ဗာနာေၾကာင့္ ခ်ဲလ္ဆီးတုိ႔ တစ္ဆင့္ျမင့္သြားမယ္လို႔ ရင္ခုန္ေနတဲ့ အသင္းေခါင္းေဆာင္

ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ ေနာက္ခံလူ ဆီဇာ အက္ဇ္ပီလီေကြတာက အသင္းက ေခၚယူလုိက္တဲ့ ကစားသမားသစ္ တီမို ဗာနာဟာ ထူးျခားေကာင္းမြန္တဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး အသင္းကို ေနာက္တစ္ဆင့္ျမင့္မားေအာင္ လုပ္ေဆာင္ေပးႏိုင္မယ္သူလို႔ ခ်ီးက်ဴးေျပာၾကားလိုက္ပါတယ္။

အသက္ ၃၀ အရြယ္ စပိန္ေနာက္ခံလူက ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြရဲ႕ အေျမာ္အျမင္ရွိတဲ့ ေခၚယူမွဳကိုလည္း ခ်ီးက်ဴးလိုက္ၿပီး သူ႕ကို လိုခ်င္ေနတဲ့ အသင္းေတြ အမ်ားႀကီးရွိတဲ့အထဲကေန ထိထိေရာက္ေရာက္နဲ႔ လက္ဦးမွဳ ရယူႏုိင္လုိက္တာဟာ ဖရန္႔ လမ္းပတ္ရဲ႕ အသင္းအတြက္ေတာ့ ထူးျခားေကာင္းမြန္တဲ့ တုိက္စစ္ကို ရရွိလုိက္တာပဲ ျဖစ္လိမ့္လို႔လည္း ဆုိပါတယ္။

“သူက သိပ္ေကာင္းတဲ့ တုိက္စစ္ကစားသမားတစ္ေယာက္ပါ။ ဘြန္ဒက္စ္လီဂါမွာ အေတြ႕အႀကဳံအမ်ားႀကီး ရွိထားၿပီး ဂိုးေတြလည္း ေတာ္ေတာ္ သြင္းျပႏုိင္ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္နဲ႔ လက္ေရြးစင္အဆင့္မွာလည္း အမ်ားႀကီး အစမ္းသပ္ခံၿပီးၿပီျဖစ္လို႔ သူဟာ အသင္းအတြက္ ႀကီးမားတဲ့ အားျဖည့္မွဳ ျဖစ္လာမွာပါ။ ကၽြန္ေတာ္တုိ႔ရဲ႕ အဆင့္အတန္းကို သူက ျမႇင့္တင္ေပးႏုိင္ပါတယ္”လို႔ အက္ဇ္ပီလီေကြတာက သုံးသပ္ပါတယ္။

“ကၽြန္ေတာ္ ေျပာခဲ့သလိုပဲ သူက ကစားသမားေကာင္းတစ္ေယာက္ျဖစ္ေပမယ့္ ႏုိင္ငံနဲ႔ ၿပဳိင္ပြဲအေျပာင္းအလဲမွာ အသားက်ႏုိင္ဖို႔နဲ႔ ေျခစြမ္းျပႏုိင္ဖို႔ ကူညီေပးသြားရမွာျဖစ္သလို သူ႕ရဲ႕ ဂိုးေတြ သြင္းယူႏုိင္မယ့္ အေကာင္းဆုံးေနရာကို ရွာေဖြေတြ႕ရွိဖို႔ ဝိုင္းဝန္းလုပ္ေဆာင္ေပးသြားရမွာလည္း ျဖစ္ပါတယ္”လို႔ အသင္းေဖာ္သစ္အတြက္ စဥ္းစားေပးထားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဗာနာေရာက္လာခဲ့ရင္ သူ႕ရဲ႕ အႀကဳိက္ဆုံး ေက်ာနံပါတ္ျဖစ္တဲ့ နံပါတ္ ၁၁ ကိုလည္း ေပးအပ္ဖို႔ ျပင္ဆင္ထားၿပီျဖစ္ၿပီး အသင္းကေန ထြက္ခြာသြားေတာ့မယ့္ ပက္ဒ႐ိုေၾကာင့္ ဒီလကုန္မွာပဲ လစ္လပ္သြားဖို႔ ရွိေနလို႔ အသင္းကို ေရာက္ရွိလာတာနဲ႔ တစ္ခါတည္း ဝတ္ဆင္ႏုိင္ဖို႔ ရွိတယ္လုိ႔ သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းခေါင်းဆောင် နောက်ခံလူ ဆီဇာ အက်ဇ်ပီလီကွေတာက အသင်းက ခေါ်ယူလိုက်တဲ့ ကစားသမားသစ် တီမို ဗာနာဟာ ထူးခြားကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသင်းကို နောက်တစ်ဆင့်မြင့်မားအောင် လုပ်ဆောင်ပေးနိုင်မယ်သူလို့ ချီးကျူးပြောကြားလိုက်ပါတယ်။

အသက် ၃၀ အရွယ် စပိန်နောက်ခံလူက ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေရဲ့ အမြော်အမြင်ရှိတဲ့ ခေါ်ယူမှုကိုလည်း ချီးကျူးလိုက်ပြီး သူ့ကို လိုချင်နေတဲ့ အသင်းတွေ အများကြီးရှိတဲ့အထဲကနေ ထိထိရောက်ရောက်နဲ့ လက်ဦးမှု ရယူနိုင်လိုက်တာဟာ ဖရန့် လမ်းပတ်ရဲ့ အသင်းအတွက်တော့ ထူးခြားကောင်းမွန်တဲ့ တိုက်စစ်ကို ရရှိလိုက်တာပဲ ဖြစ်လိမ့်လို့လည်း ဆိုပါတယ်။

“သူက သိပ်ကောင်းတဲ့ တိုက်စစ်ကစားသမားတစ်ယောက်ပါ။ ဘွန်ဒက်စ်လီဂါမှာ အတွေ့အကြုံအများကြီး ရှိထားပြီး ဂိုးတွေလည်း တော်တော် သွင်းပြနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်နဲ့ လက်ရွေးစင်အဆင့်မှာလည်း အများကြီး အစမ်းသပ်ခံပြီးပြီဖြစ်လို့ သူဟာ အသင်းအတွက် ကြီးမားတဲ့ အားဖြည့်မှု ဖြစ်လာမှာပါ။ ကျွန်တော်တို့ရဲ့ အဆင့်အတန်းကို သူက မြှင့်တင်ပေးနိုင်ပါတယ်”လို့ အက်ဇ်ပီလီကွေတာက သုံးသပ်ပါတယ်။

“ကျွန်တော် ပြောခဲ့သလိုပဲ သူက ကစားသမားကောင်းတစ်ယောက်ဖြစ်ပေမယ့် နိုင်ငံနဲ့ ပြိုင်ပွဲအပြောင်းအလဲမှာ အသားကျနိုင်ဖို့နဲ့ ခြေစွမ်းပြနိုင်ဖို့ ကူညီပေးသွားရမှာဖြစ်သလို သူ့ရဲ့ ဂိုးတွေ သွင်းယူနိုင်မယ့် အကောင်းဆုံးနေရာကို ရှာဖွေတွေ့ရှိဖို့ ဝိုင်းဝန်းလုပ်ဆောင်ပေးသွားရမှာလည်း ဖြစ်ပါတယ်”လို့ အသင်းဖော်သစ်အတွက် စဉ်းစားပေးထားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ဗာနာရောက်လာခဲ့ရင် သူ့ရဲ့ အကြိုက်ဆုံး ကျောနံပါတ်ဖြစ်တဲ့ နံပါတ် ၁၁ ကိုလည်း ပေးအပ်ဖို့ ပြင်ဆင်ထားပြီဖြစ်ပြီး အသင်းကနေ ထွက်ခွာသွားတော့မယ့် ပက်ဒရိုကြောင့် ဒီလကုန်မှာပဲ လစ်လပ်သွားဖို့ ရှိနေလို့ အသင်းကို ရောက်ရှိလာတာနဲ့ တစ်ခါတည်း ဝတ်ဆင်နိုင်ဖို့ ရှိတယ်လို့ သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.