Serie A

ဗီ႐ိုနာကို ရွဳံးနိမ့္ခဲ့လို႔ ေရာ္နယ္လ္ဒို ေဒါသထြက္ခဲ့ရ

ဗီရိုနာအသင္းကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဂ်ဴဗင္တပ္စ္အသင္းက ရႈံးနိမ့္ခဲ့တဲ့ စီးရီးေအပြဲစဥ္ အၿပီးမွာေတာ့ ေဒါသထြက္ေနတဲ့ ေပၚတူဂီၾကယ္ပြင့္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အမွတ္တရ ဓါတ္ပံုတြဲရိုက္ဖို႔ ေတာင္းဆိုေနတဲ့ ပရိသတ္ေတြကို လစ္လ်ဴရႈၿပီး အ၀တ္လဲခန္းထဲ တန္း၀င္သြားခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းမွာ စီးရီးေအ(၁၀)ပြဲဆက္ ဂိုးသြင္းႏိုင္ခဲ့တဲ့ ေရာ္နယ္လ္ဒိုဟာ ဗီရိုနာနဲ႔ပြဲမွာလည္း အသက္အရြယ္နဲ႔ မလုိက္တဲ့ ႀကံ့ခုိင္လ်င္ျမန္တဲ့ တစ္ကိုယ္ေတာ္ေျပးအားနဲ႔ ပရိသတ္ေတြ ခ်ီးက်ဴးရေလာက္တဲ့ သြင္းဂိုး(၁)ဂိုးကိုသြင္းခဲ့ပါေသးတယ္။

ဒါေပမယ့္ သူ ဦးေဆာင္ဂိုးသြင္းၿပီးေနာက္ (၁၀)မိနစ္ေလာက္အၾကာမွာ ဗီရိုနာကြင္းလယ္လူ ဖာဘီယို ေဘာ္ရီနီက ေခ်ပဂိုးသြင္းခဲ့သလို ၀ါရင့္တုိက္စစ္မွဴး ဂ်မ္ေပၚလို ပက္ဇီနီက ပင္နယ္တီကေန အႏိုင္ဂိုးသြင္းသြားခဲ့လို႔ ဂ်ဴဗင္တပ္စ္အသင္း ရွဳံးနိမ့္ခဲ့ရၿပီး အသင္းအတြက္ေတာ့ စီးရီးေအ အေ၀းကြင္းေနာက္ဆံုး(၅)ပြဲမွာ တတိယေျမာက္ရႈံးပြဲလည္းျဖစ္ခဲ့သလို အမွတ္ေပးဇယားမွာ အင္တာမီလန္အသင္းနဲ႔ရမွတ္တူ ဒုတိယေနရာကိုဆင္းေပးလိုက္ရပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းရႈံးပြဲက ေရာ္နယ္ဒိုကို ေဒါသထြက္ေစခဲ့ၿပီး ပြဲအၿပီးမွာ အမွတ္တရလက္မွတ္ေရးထိုးေပးဖို႔ ေတာင္းဆိုတဲ့ ပရိသတ္ေတြကိုလည္း လစ္လ်ဴရႈခဲ့ပါတယ္။ ဒီေနာက္ပိုင္းမွာ ေရာ္နယ္လ္ဒိုဟာ ပရိသတ္ေတြအေပၚ ဆက္ဆံေရးေကာင္းသူတစ္ေယာက္အျဖစ္ ရႈျမင္သံုးသပ္ခံေနရခ်ိန္မွာ ဗီရိုနာကြင္းအတြင္း လူငယ္ပရိသတ္ေလးေတြရဲ႕ ေတာင္းဆိုမႈကိုလစ္လွ်ဴရႈခဲ့လို႔ မီဒီယာေတြရဲ႕ ေ၀ဖန္ေထာက္ျပစရာလည္းျဖစ္ခဲ့ပါတယ္။

တနလၤာေန႔ထုတ္ တက္တိုစေပါ့သတင္းစာရဲ႕ ေခါင္းစီးပိုင္းမွာ”ေရာ္နယ္လ္ဒို ေဒါသထြက္ေနၿပီ”ဆိုတဲ့ စာသားနဲ႔ ေရးသားခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္ဂိုးသမား ဆက္ဇီနီကလည္း ရႈံးပြဲေၾကာင့္ ေရာ္နယ္လ္ဒို တစ္ေယာက္ဘယ္ေလာက္ေဒါသထြက္ခဲ့သလဲကို ထုတ္ေျပာခဲ့ပါတယ္။ အထူးသျဖင့္ ဗီရိုနာရခဲ့တဲ့ ေခ်ပဂိုးဟာ ကြင္းလယ္လူဘန္တာကာရဲ႕အမွားေၾကာင့္ျဖစ္ခဲ့လို႔လည္း ပိုစိတ္ပ်က္စရာျဖစ္ခဲ့ေၾကာင္း သိရွိရပါတယ္။

REF: TUTTO SPORT & AS
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ဗီရိုနာအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ ဂျူဗင်တပ်စ်အသင်းက ရှုံးနိမ့်ခဲ့တဲ့ စီးရီးအေပွဲစဉ် အပြီးမှာတော့ ဒေါသထွက်နေတဲ့ ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အမှတ်တရ ဓါတ်ပုံတွဲရိုက်ဖို့ တောင်းဆိုနေတဲ့ ပရိသတ်တွေကို လစ်လျူရှုပြီး အဝတ်လဲခန်းထဲ တန်းဝင်သွားခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းမှာ စီးရီးအေ(၁၀)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ဗီရိုနာနဲ့ပွဲမှာလည်း အသက်အရွယ်နဲ့ မလိုက်တဲ့ ကြံ့ခိုင်လျင်မြန်တဲ့ တစ်ကိုယ်တော်ပြေးအားနဲ့ ပရိသတ်တွေ ချီးကျူးရလောက်တဲ့ သွင်းဂိုး(၁)ဂိုးကိုသွင်းခဲ့ပါသေးတယ်။

ဒါပေမယ့် သူ ဦးဆောင်ဂိုးသွင်းပြီးနောက် (၁၀)မိနစ်လောက်အကြာမှာ ဗီရိုနာကွင်းလယ်လူ ဖာဘီယို ဘော်ရီနီက ချေပဂိုးသွင်းခဲ့သလို ဝါရင့်တိုက်စစ်မှူး ဂျမ်ပေါ်လို ပက်ဇီနီက ပင်နယ်တီကနေ အနိုင်ဂိုးသွင်းသွားခဲ့လို့ ဂျူဗင်တပ်စ်အသင်း ရှုံးနိမ့်ခဲ့ရပြီး အသင်းအတွက်တော့ စီးရီးအေ အဝေးကွင်းနောက်ဆုံး(၅)ပွဲမှာ တတိယမြောက်ရှုံးပွဲလည်းဖြစ်ခဲ့သလို အမှတ်ပေးဇယားမှာ အင်တာမီလန်အသင်းနဲ့ရမှတ်တူ ဒုတိယနေရာကိုဆင်းပေးလိုက်ရပါတယ်။

ဂျူဗင်တပ်စ်အသင်းရှုံးပွဲက ရော်နယ်ဒိုကို ဒေါသထွက်စေခဲ့ပြီး ပွဲအပြီးမှာ အမှတ်တရလက်မှတ်ရေးထိုးပေးဖို့ တောင်းဆိုတဲ့ ပရိသတ်တွေကိုလည်း လစ်လျူရှုခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ ရော်နယ်လ်ဒိုဟာ ပရိသတ်တွေအပေါ် ဆက်ဆံရေးကောင်းသူတစ်ယောက်အဖြစ် ရှုမြင်သုံးသပ်ခံနေရချိန်မှာ ဗီရိုနာကွင်းအတွင်း လူငယ်ပရိသတ်လေးတွေရဲ့ တောင်းဆိုမှုကိုလစ်လျှူရှုခဲ့လို့ မီဒီယာတွေရဲ့ ဝေဖန်ထောက်ပြစရာလည်းဖြစ်ခဲ့ပါတယ်။

တနင်္လာနေ့ထုတ် တက်တိုစပေါ့သတင်းစာရဲ့ ခေါင်းစီးပိုင်းမှာ”ရော်နယ်လ်ဒို ဒေါသထွက်နေပြီ”ဆိုတဲ့ စာသားနဲ့ ရေးသားခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဂိုးသမား ဆက်ဇီနီကလည်း ရှုံးပွဲကြောင့် ရော်နယ်လ်ဒို တစ်ယောက်ဘယ်လောက်ဒေါသထွက်ခဲ့သလဲကို ထုတ်ပြောခဲ့ပါတယ်။ အထူးသဖြင့် ဗီရိုနာရခဲ့တဲ့ ချေပဂိုးဟာ ကွင်းလယ်လူဘန်တာကာရဲ့အမှားကြောင့်ဖြစ်ခဲ့လို့လည်း ပိုစိတ်ပျက်စရာဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။

REF: TUTTO SPORT & AS
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.