Match Report Premier League

မာဆေးဆိုက်ဒါဘီမှာ အဲဗာတန်ကို ပြတ်ပြတ်သားသား ချေမှုန်းခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ အကောင်းဆုံးလူစာရင်းကို ထုတ်သုံးခဲ့သလို ဂိုးသမား အယ်လစ်ဆန်၊ နောက်တန်းမှာ ဗန်ဒိုက်၊ မာတစ်ပ်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ရောဘတ်ဆန်၊ ကွင်းလယ်မှာ ကပ္ပတိန် ဟန်ဒါဆန်၊ ဖာဘင်ညို၊ သီယာဂိုနဲ့ တိုက်စစ်မှာ ဆာလား၊ ဂျိုတာနဲ့ မာနေးတို့ လူစုံထုတ်ကစားလာခဲ့ပြီး မာဆေးဆိုက်ဒါဘီကို အဝေးကွင်းမှာ အနိုင်ရဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ဒဏ်ရာတွေကြောင့် နည်းနည်းနဲ့ ကျဲကျဲဝိုင်းခဲ့တဲ့ အိမ်ရှင် အဲဗာတန်ကတော့ ကွင်းလယ်နဲ့ ခံစစ်မှာ လူပြန်စုံလာခဲ့ပေမယ့် တိုက်စစ်မှာတော့ ကဲလ်ဗတ်-လူဝင် မပါဝင်နိုင်သေးလို့ ရွန်ဒွန်ကိုပဲ သုံးခဲ့ရချိန်မှာ ရစ်ချာလစ်ဆန်၊ ဂရေး၊ တောင်းဆန်းတို့နဲ့ သိပ်ပြီး ဘက်မညီခဲ့ဘဲ အယ်လန်နဲ့ ဒူကူယေးတို့ ကွင်းလယ်နှစ်ဦးကတော့ ရာသီအစက ခြေစွမ်းကို မမီသေးတာကိုလည်း တွေ့ခဲ့ရပါတယ်။

အဲဗာတန်တို့ကတော့ ပွဲစကတည်းက မစည်းလုံးမှုကို ပြသနေခဲ့သလို မာနေးကို အသင်းခေါင်းဆောင် ကိုးလ်မန်းက ကာပေးထားချိန်မှာ ခြေထဲက ဘောလုံးကို ဂိုးသမား ပစ်ခ်ဖို့ဒ်က ဝင်မဆွဲခဲ့လို့ ထောင့်ကန်ဘောပေးခဲ့ရလို့ အော်ဟစ်ခံခဲ့ရပြီး ဒီကနေ ပွဲချိန် ၁ မိနစ်စွန်းစွန်းမှာပဲ အလက်ဇန်းဒါး-အာနိုးလ်ဒ်က ကန်တင်ပေးတာကို မာတစ်ပ် လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်က တိုင်ဘေးက ထွက်သွားခဲ့လို့ အဖွင့်ဂိုးနဲ့ လွဲခဲ့ရတာပါ။

ပွဲချိန် ၃ မိနစ်မှာ ဂျိုတာရဲ့ ဖြတ်တင်ဘောကို ဆာလားက ခေါင်းတိုက်ရမယ့်အစား ခြေထောက်မြှောက်ပိတ်လို့ ဂိုးပေါက်နဲ့ လွဲချော်ခဲ့ရသလို လီဗာပူးလ်တို့ပဲ တောက်လျှောက်ဖိကစားနေခဲ့ပြီး ပွဲချိန် ၈ မိနစ်မှာလည်း ဘယ်ခြမ်းကနေ မာနေးချိုးပေးတာကို ဆာလား ပိတ်သွင်းခဲ့ရာမှာ ဂိုးသမား ပစ်ခ်ဖို့ဒ် အနီးကပ်ဖမ်းယူနိုင်ခဲ့လို့ အဲဗာတန်တို့ သက်သာခဲ့ရတာပါ။

ဒါပေမယ့် ပွဲချိန် ၉ မိနစ်မှာတော့ လီဗာပူးလ်တို့ စတင်ဦးဆောင်နိုင်ခဲ့ကြပြီး မာနေးက ဘယ်ခြမ်းကနေ ပြေးတက်လာခဲ့တဲ့ ရောဘတ်ဆန်ရဲ့ ပြေးလမ်းကြောင်းထဲ ထည့်ပေးခဲ့ရာမှာ ဘယ်နောက်ခံလူက အတွင်းကို ပြန်ချိုးပေးခဲ့တာကို နောက်က လိုက်ပါလာခဲ့တဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်က ဘယ်ခြေနဲ့ ခပ်ဝိုက်ဝိုက်ကန်သွင်းခဲ့ရာမှာ ဂိုးသမား ပစ်ခ်ဖို့ဒ် အငိုက်မိသွားခဲ့ပြီး ဂိုးပေးလိုက်ရတာလည်းဖြစ်ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာတော့ ဂျိုတာပေးတာကို အလက်ဇန်းဒါး-အာနိုးလ်ဒ်က ကန်သွင်းခွင့်ရခဲ့ပေမယ့် ကန်ချက်ကောင်းသလောက် ဂိုးသမား ပစ်ခ်ဖို့ဒ် ကောင်းနေခဲ့တာကြောင့် ကာကွယ်ပုတ်ထုတ်သွားနိုင်ခဲ့သလို အဲဗာတန်တို့ သက်သာခွင့်ရရှိခဲ့ပြီး နှစ်သင်းကြားက အဓိက ကွာခြားချက်ကတော့ ဂိုးပေါက်ကို တိုက်ရိုက်မသွားနိုင်တဲ့ အဲဗာတန်နဲ့ ထက်မြက်တဲ့ လီဗာပူးလ်ရဲ့ တိုက်စစ်ပဲဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၁၉ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဟန်ဒါဆန် ပေးတာကို ဆာလားက ညာခြမ်း တောက်လျှောက်ပြေးတက်သွားခဲ့တဲ့ ဆာလားက တစ်ချက်ထိန်းပြီး ထောင့်ပိတ်ထားတဲ့ အဲဗာတန်ဂိုးသမား ပစ်ခ်ဖို့ဒ်ရဲ့ အဝေးတိုင်ဘက်ကို ဝေ့ဝိုက်ကန်သွင်းသွားနိုင်ခဲ့လို့ လီဗာပူးလ်တို့ ဂွတ်ဒီဆန်ပါ့ခ်မှာ ဒုတိယဂိုးနဲ့ ထပ်ပြီး ဦးဆောင်နိုင်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာ လီဗာပူးလ်တို့အနေနဲ့ ကွင်းတစ်ခြမ်းလောက် ဖိကစားထားနိုင်ခဲ့ပြီး ပွဲချိန် ၃၈ မိနစ်မှာတော့ မာနေး ဘောလုံးပျက်ရာကနေ ကိုယ့်အလုပ် ကိုယ်မလုပ်ပဲ ဗန်ဒိုက်နောက် လိုက်မျောတဲ့ မာတစ်ပ်ကြောင့် သူ့ရဲ့ ဘယ်ဘက်မှာ လွတ်နေခဲ့တဲ့ ဂရေးက ရစ်ချာလစ်ဆန်ပေးတာကို ရသွားခဲ့ပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ အယ်လစ်ဆန် ထိုင်မချခင် ပေါင်ကြားကနေ ကန်သွင်းယူနိုင်ခဲ့တာကြောင့် အဲဗာတန်တို့ တစ်ဂိုးပြန်ချေပနိုင်ခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာတော့ မာနေးရဲ့ အနီးကပ် ခေါင်းတိုက်ချက်ကို ဂေါ့ဒ်ဖရီ ရှင်းထုတ်သွားနိုင်ခဲ့သလို တန်ပြန်တိုက်စစ်ကနေ ဒူကူရေးရဲ့ ကန်ချက်ကိုလည်း သီယာဂို ဖျက်ထုတ်သွားနိုင်ခဲ့လို့ ရလဒ်က ထပ်မပြောင်းတော့ဘဲ ပထမပိုင်းအပြီးမှာ လီဗာပူးလ်တို့ အဲဗာတန်ကွင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်ခဲ့ကြပါတယ်။

ဒီနေ့ပွဲမှာ အဲဗာတန်ကစားသမားတွေကတော့ ကွင်းထဲမှာ လဲကျဖို့ စိတ်အားထက်သန်နေကြသလို တိုက်စစ်မှာ မထိရောက်မှုတွေနဲ့အတူ ဒိုင်လူကြီး ပေါလ် တီယာနီကိုပါ မလှည့်စားနိုင်ခဲ့ဘဲ အဝါပြမှုနှစ်ကြိမ်နဲ့ပါ ရင်ဆိုင်ခဲ့ကြရပြီး ဒုတိယပိုင်းမှာလည်း ကစားကွက်ပါ မဖော်နိုင်ဘဲနဲ့ လီဗာပူးလ်ရဲ့ စိုးမိုးမှုအောက် ကျရောက်ခဲ့ရတာပါ။

ပွဲချိန် ၆၄ မိနစ်မှာတော့ ထောင့်ကန်ဘောက ထွက်လာတဲ့ ဘောလုံးကို ဂရေးက နောက်ပြန်ပေးရာမှာ မထိန်းနိုင်ဘဲ ချော်သွားခဲ့တဲ့ ကိုးလ်မန်းရဲ့ အမှားကနေ ဆာလားက တောက်လျှောက်ဆွဲပြေးသွားခဲ့ပြီး ဂိုးဧရိယာထဲ ရောက်တဲ့အထိ အိုင်းရစ်သားရဲ့ ဆွဲလွဲမှုတွေကို တောင့်ခံပြီးမှ ဂိုးသမား ပစ်ခ်ဖို့ဒ်ရဲ့ အဝေးတိုင်ဘက်ကို တိုင်ခြေနဲ့ ဘောလုံးတစ်လုံးစာလောက်အကွာက ကပ်ဝင်သွားခဲ့လို့ သုံးဂိုး-တစ်ဂိုးနဲ့ လီဗာပူးလ်တို့ ထပ်မံဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာတော့ သီယာဂိုကို အနားပေးပြီး မီလ်နာ ဝင်ကစားခဲ့သလို ပွဲချိန် ၇၉ မိနစ်မှာတော့ ဘယ်ခြမ်းကနေ ရောဘတ်ဆန်က လူကြားထဲကနေ ထိုးပေးလိုက်တဲ့ ဘောလုံးကို ရသွားတဲ့ ဂျိုတာက ထောင့်ကျဉ်းအနေအထားကနေ ဂိုးပိုက်ခေါင်မိုးထဲကို အမြင့်ဘော အပြင်းကန်သွင်းပြီး အသင်းအတွက် စတုတ္ထဂိုး ရယူပေးနိုင်ခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့ လေးဂိုး-တစ်ဂိုးနဲ့ မာဆေးဆိုက်ဒါဘီမှာ အောင်ပွဲခံနိုင်ခဲ့သလို ရမှတ် ၃၁ မှတ်နဲ့ ထိပ်ဆုံးက ချဲလ်ဆီးကို နှစ်မှတ်အကွာကနေ လိုက်လံဖိအားပေးနိုင်ခဲ့ပြီး မန်ချက်စတာစီးတီးရဲ့နောက် တစ်မှတ်အကွာ အဆင့် ၃ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ချိန်မှာ အဲဗာတန်တို့ကတော့ နောက်ဆုံး ၇ ပွဲမှာ ၂ ပွဲသရေ၊ ၅ ပွဲရှုံးပြီး အဆင့် ၁၄ အထိ ကျဆင်းသွားခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ အေကာင္းဆုံးလူစာရင္းကို ထုတ္သုံးခဲ့သလို ဂိုးသမား အယ္လစ္ဆန္၊ ေနာက္တန္းမွာ ဗန္ဒိုက္၊ မာတစ္ပ္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ေရာဘတ္ဆန္၊ ကြင္းလယ္မွာ ကပၸတိန္ ဟန္ဒါဆန္၊ ဖာဘင္ညိဳ၊ သီယာဂိုနဲ႔ တိုက္စစ္မွာ ဆာလား၊ ဂ်ိဳတာနဲ႔ မာေနးတို႔ လူစုံထုတ္ကစားလာခဲ့ၿပီး မာေဆးဆိုက္ဒါဘီကို အေဝးကြင္းမွာ အႏိုင္ရဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

ဒဏ္ရာေတြေၾကာင့္ နည္းနည္းနဲ႔ က်ဲက်ဲဝိုင္းခဲ့တဲ့ အိမ္ရွင္ အဲဗာတန္ကေတာ့ ကြင္းလယ္နဲ႔ ခံစစ္မွာ လူျပန္စုံလာခဲ့ေပမယ့္ တိုက္စစ္မွာေတာ့ ကဲလ္ဗတ္-လူဝင္ မပါဝင္ႏိုင္ေသးလို႔ ႐ြန္ဒြန္ကိုပဲ သုံးခဲ့ရခ်ိန္မွာ ရစ္ခ်ာလစ္ဆန္၊ ဂေရး၊ ေတာင္းဆန္းတို႔နဲ႔ သိပ္ၿပီး ဘက္မညီခဲ့ဘဲ အယ္လန္နဲ႔ ဒူကူေယးတို႔ ကြင္းလယ္ႏွစ္ဦးကေတာ့ ရာသီအစက ေျခစြမ္းကို မမီေသးတာကိုလည္း ေတြ႕ခဲ့ရပါတယ္။

အဲဗာတန္တို႔ကေတာ့ ပြဲစကတည္းက မစည္းလုံးမႈကို ျပသေနခဲ့သလို မာေနးကို အသင္းေခါင္းေဆာင္ ကိုးလ္မန္းက ကာေပးထားခ်ိန္မွာ ေျခထဲက ေဘာလုံးကို ဂိုးသမား ပစ္ခ္ဖို႔ဒ္က ဝင္မဆြဲခဲ့လို႔ ေထာင့္ကန္ေဘာေပးခဲ့ရလို႔ ေအာ္ဟစ္ခံခဲ့ရၿပီး ဒီကေန ပြဲခ်ိန္ ၁ မိနစ္စြန္းစြန္းမွာပဲ အလက္ဇန္းဒါး-အာႏိုးလ္ဒ္က ကန္တင္ေပးတာကို မာတစ္ပ္ လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ခြင့္က တိုင္ေဘးက ထြက္သြားခဲ့လို႔ အဖြင့္ဂိုးနဲ႔ လြဲခဲ့ရတာပါ။

ပြဲခ်ိန္ ၃ မိနစ္မွာ ဂ်ိဳတာရဲ႕ ျဖတ္တင္ေဘာကို ဆာလားက ေခါင္းတိုက္ရမယ့္အစား ေျခေထာက္ေျမႇာက္ပိတ္လို႔ ဂိုးေပါက္နဲ႔ လြဲေခ်ာ္ခဲ့ရသလို လီဗာပူးလ္တို႔ပဲ ေတာက္ေလွ်ာက္ဖိကစားေနခဲ့ၿပီး ပြဲခ်ိန္ ၈ မိနစ္မွာလည္း ဘယ္ျခမ္းကေန မာေနးခ်ိဳးေပးတာကို ဆာလား ပိတ္သြင္းခဲ့ရာမွာ ဂိုးသမား ပစ္ခ္ဖို႔ဒ္ အနီးကပ္ဖမ္းယူႏိုင္ခဲ့လို႔ အဲဗာတန္တို႔ သက္သာခဲ့ရတာပါ။

ဒါေပမယ့္ ပြဲခ်ိန္ ၉ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး မာေနးက ဘယ္ျခမ္းကေန ေျပးတက္လာခဲ့တဲ့ ေရာဘတ္ဆန္ရဲ႕ ေျပးလမ္းေၾကာင္းထဲ ထည့္ေပးခဲ့ရာမွာ ဘယ္ေနာက္ခံလူက အတြင္းကို ျပန္ခ်ိဳးေပးခဲ့တာကို ေနာက္က လိုက္ပါလာခဲ့တဲ့ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ဘယ္ေျခနဲ႔ ခပ္ဝိုက္ဝိုက္ကန္သြင္းခဲ့ရာမွာ ဂိုးသမား ပစ္ခ္ဖို႔ဒ္ အငိုက္မိသြားခဲ့ၿပီး ဂိုးေပးလိုက္ရတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာေတာ့ ဂ်ိဳတာေပးတာကို အလက္ဇန္းဒါး-အာႏိုးလ္ဒ္က ကန္သြင္းခြင့္ရခဲ့ေပမယ့္ ကန္ခ်က္ေကာင္းသေလာက္ ဂိုးသမား ပစ္ခ္ဖို႔ဒ္ ေကာင္းေနခဲ့တာေၾကာင့္ ကာကြယ္ပုတ္ထုတ္သြားႏိုင္ခဲ့သလို အဲဗာတန္တို႔ သက္သာခြင့္ရရွိခဲ့ၿပီး ႏွစ္သင္းၾကားက အဓိက ကြာျခားခ်က္ကေတာ့ ဂိုးေပါက္ကို တိုက္႐ိုက္မသြားႏိုင္တဲ့ အဲဗာတန္နဲ႔ ထက္ျမက္တဲ့ လီဗာပူးလ္ရဲ႕ တိုက္စစ္ပဲျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဟန္ဒါဆန္ ေပးတာကို ဆာလားက ညာျခမ္း ေတာက္ေလွ်ာက္ေျပးတက္သြားခဲ့တဲ့ ဆာလားက တစ္ခ်က္ထိန္းၿပီး ေထာင့္ပိတ္ထားတဲ့ အဲဗာတန္ဂိုးသမား ပစ္ခ္ဖို႔ဒ္ရဲ႕ အေဝးတိုင္ဘက္ကို ေဝ့ဝိုက္ကန္သြင္းသြားႏိုင္ခဲ့လို႔ လီဗာပူးလ္တို႔ ဂြတ္ဒီဆန္ပါ့ခ္မွာ ဒုတိယဂိုးနဲ႔ ထပ္ၿပီး ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာ လီဗာပူးလ္တို႔အေနနဲ႔ ကြင္းတစ္ျခမ္းေလာက္ ဖိကစားထားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ မာေနး ေဘာလုံးပ်က္ရာကေန ကိုယ့္အလုပ္ ကိုယ္မလုပ္ပဲ ဗန္ဒိုက္ေနာက္ လိုက္ေမ်ာတဲ့ မာတစ္ပ္ေၾကာင့္ သူ႔ရဲ႕ ဘယ္ဘက္မွာ လြတ္ေနခဲ့တဲ့ ဂေရးက ရစ္ခ်ာလစ္ဆန္ေပးတာကို ရသြားခဲ့ၿပီး ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ အယ္လစ္ဆန္ ထိုင္မခ်ခင္ ေပါင္ၾကားကေန ကန္သြင္းယူႏိုင္ခဲ့တာေၾကာင့္ အဲဗာတန္တို႔ တစ္ဂိုးျပန္ေခ်ပႏိုင္ခဲ့ပါတယ္။

နာက်င္အခ်ိန္ပိုမွာေတာ့ မာေနးရဲ႕ အနီးကပ္ ေခါင္းတိုက္ခ်က္ကို ေဂါ့ဒ္ဖရီ ရွင္းထုတ္သြားႏိုင္ခဲ့သလို တန္ျပန္တိုက္စစ္ကေန ဒူကူေရးရဲ႕ ကန္ခ်က္ကိုလည္း သီယာဂို ဖ်က္ထုတ္သြားႏိုင္ခဲ့လို႔ ရလဒ္က ထပ္မေျပာင္းေတာ့ဘဲ ပထမပိုင္းအၿပီးမွာ လီဗာပူးလ္တို႔ အဲဗာတန္ကြင္းမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ခဲ့ၾကပါတယ္။

ဒီေန႔ပြဲမွာ အဲဗာတန္ကစားသမားေတြကေတာ့ ကြင္းထဲမွာ လဲက်ဖို႔ စိတ္အားထက္သန္ေနၾကသလို တိုက္စစ္မွာ မထိေရာက္မႈေတြနဲ႔အတူ ဒိုင္လူႀကီး ေပါလ္ တီယာနီကိုပါ မလွည့္စားႏိုင္ခဲ့ဘဲ အဝါျပမႈႏွစ္ႀကိမ္နဲ႔ပါ ရင္ဆိုင္ခဲ့ၾကရၿပီး ဒုတိယပိုင္းမွာလည္း ကစားကြက္ပါ မေဖာ္ႏိုင္ဘဲနဲ႔ လီဗာပူးလ္ရဲ႕ စိုးမိုးမႈေအာက္ က်ေရာက္ခဲ့ရတာပါ။

ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာက ထြက္လာတဲ့ ေဘာလုံးကို ဂေရးက ေနာက္ျပန္ေပးရာမွာ မထိန္းႏိုင္ဘဲ ေခ်ာ္သြားခဲ့တဲ့ ကိုးလ္မန္းရဲ႕ အမွားကေန ဆာလားက ေတာက္ေလွ်ာက္ဆြဲေျပးသြားခဲ့ၿပီး ဂိုးဧရိယာထဲ ေရာက္တဲ့အထိ အိုင္းရစ္သားရဲ႕ ဆြဲလြဲမႈေတြကို ေတာင့္ခံၿပီးမွ ဂိုးသမား ပစ္ခ္ဖို႔ဒ္ရဲ႕ အေဝးတိုင္ဘက္ကို တိုင္ေျခနဲ႔ ေဘာလုံးတစ္လုံးစာေလာက္အကြာက ကပ္ဝင္သြားခဲ့လို႔ သုံးဂိုး-တစ္ဂိုးနဲ႔ လီဗာပူးလ္တို႔ ထပ္မံဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ သီယာဂိုကို အနားေပးၿပီး မီလ္နာ ဝင္ကစားခဲ့သလို ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန ေရာဘတ္ဆန္က လူၾကားထဲကေန ထိုးေပးလိုက္တဲ့ ေဘာလုံးကို ရသြားတဲ့ ဂ်ိဳတာက ေထာင့္က်ဥ္းအေနအထားကေန ဂိုးပိုက္ေခါင္မိုးထဲကို အျမင့္ေဘာ အျပင္းကန္သြင္းၿပီး အသင္းအတြက္ စတုတၳဂိုး ရယူေပးႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ လီဗာပူးလ္တို႔ ေလးဂိုး-တစ္ဂိုးနဲ႔ မာေဆးဆိုက္ဒါဘီမွာ ေအာင္ပြဲခံႏိုင္ခဲ့သလို ရမွတ္ ၃၁ မွတ္နဲ႔ ထိပ္ဆုံးက ခ်ဲလ္ဆီးကို ႏွစ္မွတ္အကြာကေန လိုက္လံဖိအားေပးႏိုင္ခဲ့ၿပီး မန္ခ်က္စတာစီးတီးရဲ႕ေနာက္ တစ္မွတ္အကြာ အဆင့္ ၃ ေနရာမွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ခ်ိန္မွာ အဲဗာတန္တို႔ကေတာ့ ေနာက္ဆုံး ၇ ပြဲမွာ ၂ ပြဲသေရ၊ ၅ ပြဲရႈံးၿပီး အဆင့္ ၁၄ အထိ က်ဆင္းသြားခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.