Match Report Premier League

လူစုံမထုတ်ခဲ့လို့ ရုန်းကန်ခဲ့ရပြီး ဝတ်ဖို့ဒ်ကို ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ခံစစ်ကို ခရစ္စတင်ဆန်၊ ရူဒီဂါ၊ ချာလိုဘာတို့နဲ့ ပွဲထွက်လာခဲ့သလို ကွင်းလယ်မှာလည်း လော့ဖ်တပ်စ်ချိခ်နဲ့ ဆာအူးလ်တို့ကို တွဲပေးခဲ့ပြီး တိုက်စစ်မှာတော့ မေဆန်မောင့်နဲ့ ဟာဗတ်ဇ်တို့ ပြန်လည်ပါဝင်လာခဲ့သလို ပူလီရှစ်ချ်၊ အက်ဇ်ပီလီကွေတာနဲ့ အလွန်ဆိုတို့လို ကစားသမားတွေနဲ့ ဝန်းရံလာခဲ့ပါတယ်။

ဝတ်ဖို့ဒ်ကတော့ သူတို့ရဲ့ စမ်းသပ်ဆဲ လူစာရင်းမှာ ခြေစွမ်းပြနေတဲ့ အီမန်ညူယယ် ဒင်းနစ်ကို ညာခြမ်းက ထားခဲ့ပြီး ဂျာအို ပက်ဒရို၊ ဂျိုရှူအာ ကင်းတို့ သုံးယောက်တိုက်စစ်အတွဲနဲ့ ၄-၃-၃ ပုံစံ ကစားခဲ့ချိန်မှာ လူမစုံတဲ့ ချဲလ်ဆီးအသင်းကို အိမ်ကွင်းမှာ ကောင်းကောင်းဖိအားပေးနိုင်ခဲ့ပြီး ကွင်းလယ်က ဆစ်ဆိုကို၊ လူဇာနဲ့ ကလယ်ဗာလီတို့ကလည်း ကစားအားကောင်းခဲ့တာဖြစ်ပါတယ်။

နည်းပြ တူဟယ်လ်အနေနဲ့ ဝတ်ဖို့ဒ်ကို လွယ်မယ်ထင်ပြီး လူတွေ စမ်းခဲ့တာဖြစ်ပေမယ့် သူတို့တွေ ထင်သလိုမဖြစ်ခဲ့ဘဲ အိမ်ရှင်ရဲ့ ရုန်းအားနဲ့ ကြုံတွေ့ခဲ့သလို ပြိုင်ဘက်နည်းပြ ရာနီရေးရီအနေနဲ့ အလွန်ဆိုရဲ့ဘက်ခြမ်းကို အချဉ်မှန်းသိနေပြီး အဓိက ထိုးနှက်သွားခဲ့ချိန်မှာ လက်ရှိအချိန်အထိ အသင်းနဲ့ အံမဝင်သေးတဲ့ ဆာအူးလ်ကြောင့်ပါ ပိုပြီး ဖရိုဖရဲဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၃ မိနစ်မှာပဲ ဝတ်ဖို့ဒ်တို့ရဲ့ ညာခြမ်းကနေ တိုက်စစ်ဆင်လာပြီး ကလယ်ဗာလီ အနိမ့်ဘောချိုးပေးတာကို ဂျာအို ပက်ဒရိုက အနီးကပ် ကန်သွင်းခဲ့ရာမှာ ဂိုးဝင်နိုင်တဲ့ အနေအထားကနေ ချာလိုဘာ ရှင်းထုတ်ခဲ့ရပြီး ပွဲချိန် ၅ မိနစ်မှာလည်း ဖာမင်နီယာရဲ့ ဖြတ်တင်ဘောကနေ ဂျာအို ပက်ဒရိုပဲ ခေါင်းတိုက်ခဲ့တာကို ဂိုးသမား မန်ဒီ ကာကွယ်ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၁၁ မိနစ်မှာတော့ ဒဏ်ရာရသွားတဲ့ ဝတ်ဖို့ဒ်နောက်ခံလူ မာဆီနာအစား ဒန်နီရို့စ်ကို လူစားလဲခဲရပြီး တစ်ချိန်တည်းမှာပဲ အိမ်ရှင်ပရိသတ် တစ်ယောက် နှလုံးထဖောက်လို့ ဆေးအဖွဲ့တွေက ပြုစုကုသပေးခဲ့ရသလို ပွဲကို ၂၅ မိနစ်လောက် ရပ်နားခဲ့ရပြီးမှ ပွဲကို ဒိုင်လူကြီး ဒေးဗစ် ကူးထ်က ပြန်လည်စတင်ခဲ့ရတာပါ။

ပွဲချိန် ၁၆ မိနစ်မှာ ရူဒီဂါကို ဖြတ်ကျော်လာခဲ့ပြီး အန္တရာယ်ပေးခဲ့တဲ့ ဒင်းနစ်ကို ဆွဲလှဲခဲ့လို့ ဆာအူးလ် အဝါထိခဲ့သလို ပွဲချိန် ၁၉ မိနစ်မှာတော့ လော့ဖ်တပ်စ်ချိခ် ခေါင်းတိုက်ချပေးတာကနေ ကြိုးစားခဲ့တဲ့ မေဆန်မောင့်ရဲ့ ထောင့်ကျဉ်းကန်ချက်က တိုင်ထိထွက်ခဲ့ပြီး ချဲလ်ဆီးတို့ နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၂၉ မိနစ်မှာတော့ ဧည့်သည်ချဲလ်ဆီးတို့ စတင်ဦးဆောင်နိုင်ခဲ့ပြီး ကွင်းလယ်ကနေ ရူဒီဂါက ဝတ်ဖို့ဒ်နောက်တန်းပေါ်က ကျော်ချပေးလိုက်တဲ့ ဘောလုံးကို ရှေ့မှာ ရှိနေတဲ့ အလွန်ဆိုက ရယူခဲ့ပြီး အတွင်းကို ပြန်ချိုးပေးရာမှာ ဟာဗတ်ဇ်က သူမကန်ဘဲ ဘေးက အခွင့်အရေးပိုကောင်းတဲ့နေရာမှာ ရှိနေတဲ့ မေဆန်မောင့်ကို ပေးခဲ့ရာမှာတော့ အင်္ဂလန်ကွင်းလယ်လူက လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းပြီး တစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ဝတ်ဖို့ဒ်တို့အနေနဲ့ ချဲလ်ဆီးရဲ့ လေးလံပြီး နေရာယူပုံညံ့တဲ့ စပိန်သားနှစ်ဦးကြောင့် အားနည်းနေတဲ့ ဘယ်ခြမ်းကပဲ အဓိက ထိုးဖောက်နေခဲ့ပြီး ဆစ်ဆိုကိုနဲ့ ဒင်းနစ်တို့ ကြိုးစားခဲ့ပေမယ့် မန်ယူလူဟောင်း ကလယ်ဗာလီရဲ့ လိုအပ်ချက်တွေ များနေမှုကြောင့် တိုက်စစ်တွေ ရပ်တန့်ခဲ့ရသလို ပွဲချိန် ၃၅ မိနစ်မှာတော့ ညာခြမ်းက ဖြတ်တင်ဘော ပြန်ကျလာတာကို ဘယ်နောက်ခံလူ ဒန်နီရို့စ်က ကန်သွင်းရာမှာ ဂိုးသမား မန်ဒီ ပိတ်ဆို့ကာကွယ်ခဲ့ရပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာတော့ မလိုအပ်ဘဲ လိမ်ခေါက်ခဲ့တဲ့ လော့ဖ်တပ်စ်ချိခ် ဘောလုံးပျက်ရာကနေ ဆစ်ဆိုကိုက ပြန်လည်ရယူသွားခဲ့ပြီး အလွန်ဆို ဘယ်နားရောက်နေမှန်းမသိတဲ့ ညာခြမ်းကို ထိုးပေးခဲ့ရာမှာ ဒင်းနစ်က စိတ်ကြိုက်ခြေယောင်ပြပြီးမှ ရူဒီဂါရဲ့ ခြေထောက်ကြားက လှမ်းကန်ခဲ့ရာမှာ ဂိုးသမား မန်ဒီ အငိုက်မိသွားခဲ့ပြီး ဝတ်ဖို့ဒ်တို့ ချေပဂိုး ပြန်လည်ရရှိခဲ့ပါတယ်။

ဒီဂိုးမှာ ကွင်းလယ်ရဲ့ ဟန်ချက်ကို သတိမပြုဘဲ လိုတာထက် ရှေ့ပိုတက်နေတဲ့ ဆာအူးလ်နဲ့ ဒင်းနစ်ရဲ့ နောက်ဆုံးကန်ချက်ပြုလုပ်ပြီးတာတောင် ကိုယ့်ကွင်းခြမ်းတစ်ဝက်အထိပဲ ပြန်လာနိုင်ခဲ့တဲ့ ဘယ်နောက်ခံလူ အလွန်ဆိုတို့မှာ တာဝန်ရှိခဲ့ပြီး ကစားကွက်စမ်းနိုင်တဲ့ ပွဲမျိုးမှာ အရန်ခုံက မာလန်း ဆားရ်ကို အသုံးမပြုခဲ့တဲ့ တူဟယ်လ်မှာလည်း တာဝန်ရှိခဲ့တယ်လို့ပဲ ဆိုရမှာပါ။

ပထမပိုင်းပြီးခါနီးမှာ ဝတ်ဖို့ဒ်ရဲ့ ညာခြမ်းတိုက်စစ်ကနေ ဒင်းနစ်က လူကျွံထောင်ချောက်ကြားက ထိုးပေးတာကို အသင်းခေါင်းဆောင် ဆစ်ဆိုကို အနီးကပ် ကန်ခွင့်ရခဲ့ပေမယ့် ကန်ချက်က ပျော့နေခဲ့လို့ ဂိုးသမား မန်ဒီ ဖမ်းယူသွားနိုင်ခဲ့လို့ ချဲလ်ဆီးတို့ သက်သာခဲ့ရပြီး ရပ်နားချိန်မှာ တစ်ဂိုးစီ သရေကျနေခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာတော့ နည်းပြ တူဟယ်လ်အနေနဲ့ ဇန်နဝါရီမှာ ပြန်လွှတ်ရဖို့ များနေတဲ့ ဆာအူးလ်အစား သီယာဂို ဆေးလ်ဗားကို ထည့်သွင်းခဲ့ပြီး နောက်ခံလူ ချာလိုဘာကိုတော့ သူကစားနိုင်တဲ့ နောက်တစ်နေရာဖြစ်တဲ့ ကွင်းလယ်အဖျက်နေရာကို ရှေ့တက်ကစားခိုင်းခဲ့သလို ဘရာဇီးလ်သားကြီးကိုတော့ ခံစစ်ကို ပိုမိုတည်ငြိမ်စေဖို့ ထည့်သွင်းခဲ့ပုံ ရပါတယ်။

အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၅၁ ရာခိုင်နှုန်းအထိ ယူကစားပြီး အသင်းကြီး ချဲလ်ဆီးထက် ပိုမိုသာလွန်ခဲ့တဲ့ ဝတ်ဖို့ဒ်တို့ဘက်ကို သိပ်မကြာခင်မှာ မေဆန်မောင့်နဲ့ ဟာဗတ်ဇ်တို့ တန်ပြန်တိုက်စစ်တွေနေ ထိုးဖောက်နိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းတွေမှာ မထိရောက်ခဲ့တာက ဆိုးခဲ့ပြီး အိမ်ရှင်တွေရဲ့ တန်ပြန်တိုက်စစ်က အခွင့်အရေးကောင်းကတော့ ကလယ်ဗာလီ လေးလံနေခဲ့လို့ မန်ဒီ ရှင်းထုတ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် မိနစ် ၆၀ မှာတော့ ကွင်းလယ်အဖျက် ချာလိုဘာအစား တိုက်စစ်သမား ဇီးယက်ရှ်ကို လူစားထည့်သွင်းခဲ့ပြီး ဒီနောက်ပိုင်းမှာ ဝတ်ဖို့ဒ်တို့ကတော့ ကစားအား ကျသွားခဲ့သလို ပွဲချိန် ၆၉ မိနစ်မှာတော့ ချဲလ်ဆီးနည်းပြ တူဟယ်လ်က ဖောင်ဖျက်တိုက်ဖို့ ကြိုးစားခဲ့ပြီး အသင်းကပ္ပတိန် အက်ဇ်ပီလီကွေတာအစား လူကာကူးကို ထည့်သွင်းပြီး ပူလီရှစ်ချ်ကို Right Wing Back မှာ ကစားခိုင်းခဲ့တာကို တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာတော့ တူဟယ်လ်ရဲ့ အပြောင်းအလဲက အလုပ်ဖြစ်ခဲ့ပြီး ဘယ်ခြမ်းကနေ အလွန်ဆို ခေါင်းတိုက်ချပေးတာကို မေဆန်မောင့်က ဆွဲပြေးခဲ့ပြီး ဧရိယာအတွင်းကို ချိုးပေးခဲ့ရာမှာ ဟာဗတ်ဇ်နဲ့ လူကာကူးနောက် ပါသွားခဲ့ကြတဲ့ ဝတ်ဖို့ဒ်နောက်တန်းတွေကြောင့် လွတ်သွားတဲ့ ဇီးယက်ရှ်က အနီးကပ် အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား ဘက်ခ်မန်းရဲ့ မပုတ်ထုတ်နိုင်ခင်မှာပဲ ဂိုးဝင်သွားခဲ့လို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ချဲလ်ဆီးတို့ ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန် ၈၂ မိနစ်မှာ ဟာဗတ်ဇ်ရဲ့ ဖြတ်တင်ဘောကနေ ဇီးယက်ရှ် ခေါင်းတိုက်နိုင်ခဲ့ပေမယ့် ဂိုးသမား ဘက်ခ်မန်း ဖမ်းယူသွားခဲ့သလို ဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးတို့ ခံစစ်ကိုပဲ အာရုံစိုက်ကစားခဲ့ပြီး နာကျင်အချိန်ပို ၂ မိနစ်မှာလည်း ဝတ်ဖို့ဒ်ကွင်းလယ်လူ ကွတ်ကာရဲ့ ကန်ချက်ကို မန်ဒီ ပုတ်ထုတ်နိုင်ခဲ့လို့ ပွဲချိန်အပြည့်မှာ နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ တူဟယ်လ်ရဲ့လူတွေ အောင်ပွဲခံနိုင်ခဲ့ကြတာပါ။

ဒီပွဲအနိုင်ရလဒ်ကြောင့် ချဲလ်ဆီးတို့ ရမှတ် ၃၃ မှတ်နဲ့အတူ နိုင်ပွဲရခဲ့တဲ့ ချန်ပီယံပြိုင်ဘက်အသင်းတွေဖြစ်ကြတဲ့ မန်စီးတီး၊ လီဗာပူးလ်တို့ရဲ့ရှေ့က တစ်မှတ်အသာနဲ့ ဆက်လက်ဦးဆောင်နိုင်ခဲ့သလို နည်းပြ တူဟယ်လ်အတွက်တော့ ပွဲကျပ်ချိန်မှာ အဖိုးတန် ၃ မှတ်ကို ရယူနိုင်ခဲ့ပြီး တိုက်စစ်မှာ မဆိုးပေမယ့် ရွေ့လျားပုံနဲ့ အတက်အဆင်း Mobility နည်းပါးတဲ့ အလွန်ဆိုအတွက် လာမယ့်ပွဲတွေမှာ ဘယ်လိုပြောင်းလဲသွားနိုင်ဦးမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ခံစစ္ကို ခရစၥတင္ဆန္၊ ႐ူဒီဂါ၊ ခ်ာလိုဘာတို႔နဲ႔ ပြဲထြက္လာခဲ့သလို ကြင္းလယ္မွာလည္း ေလာ့ဖ္တပ္စ္ခ်ိခ္နဲ႔ ဆာအူးလ္တို႔ကို တြဲေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ ေမဆန္ေမာင့္နဲ႔ ဟာဗတ္ဇ္တို႔ ျပန္လည္ပါဝင္လာခဲ့သလို ပူလီရွစ္ခ်္၊ အက္ဇ္ပီလီေကြတာနဲ႔ အလြန္ဆိုတို႔လို ကစားသမားေတြနဲ႔ ဝန္းရံလာခဲ့ပါတယ္။

ဝတ္ဖို႔ဒ္ကေတာ့ သူတို႔ရဲ႕ စမ္းသပ္ဆဲ လူစာရင္းမွာ ေျခစြမ္းျပေနတဲ့ အီမန္ညဴယယ္ ဒင္းနစ္ကို ညာျခမ္းက ထားခဲ့ၿပီး ဂ်ာအို ပက္ဒ႐ို၊ ဂ်ိဳရႉအာ ကင္းတို႔ သုံးေယာက္တိုက္စစ္အတြဲနဲ႔ ၄-၃-၃ ပုံစံ ကစားခဲ့ခ်ိန္မွာ လူမစုံတဲ့ ခ်ဲလ္ဆီးအသင္းကို အိမ္ကြင္းမွာ ေကာင္းေကာင္းဖိအားေပးႏိုင္ခဲ့ၿပီး ကြင္းလယ္က ဆစ္ဆိုကို၊ လူဇာနဲ႔ ကလယ္ဗာလီတို႔ကလည္း ကစားအားေကာင္းခဲ့တာျဖစ္ပါတယ္။

နည္းျပ တူဟယ္လ္အေနနဲ႔ ဝတ္ဖို႔ဒ္ကို လြယ္မယ္ထင္ၿပီး လူေတြ စမ္းခဲ့တာျဖစ္ေပမယ့္ သူတို႔ေတြ ထင္သလိုမျဖစ္ခဲ့ဘဲ အိမ္ရွင္ရဲ႕ ႐ုန္းအားနဲ႔ ႀကဳံေတြ႕ခဲ့သလို ၿပိဳင္ဘက္နည္းျပ ရာနီေရးရီအေနနဲ႔ အလြန္ဆိုရဲ႕ဘက္ျခမ္းကို အခ်ဥ္မွန္းသိေနၿပီး အဓိက ထိုးႏွက္သြားခဲ့ခ်ိန္မွာ လက္ရွိအခ်ိန္အထိ အသင္းနဲ႔ အံမဝင္ေသးတဲ့ ဆာအူးလ္ေၾကာင့္ပါ ပိုၿပီး ဖ႐ိုဖရဲျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၃ မိနစ္မွာပဲ ဝတ္ဖို႔ဒ္တို႔ရဲ႕ ညာျခမ္းကေန တိုက္စစ္ဆင္လာၿပီး ကလယ္ဗာလီ အနိမ့္ေဘာခ်ိဳးေပးတာကို ဂ်ာအို ပက္ဒ႐ိုက အနီးကပ္ ကန္သြင္းခဲ့ရာမွာ ဂိုးဝင္ႏိုင္တဲ့ အေနအထားကေန ခ်ာလိုဘာ ရွင္းထုတ္ခဲ့ရၿပီး ပြဲခ်ိန္ ၅ မိနစ္မွာလည္း ဖာမင္နီယာရဲ႕ ျဖတ္တင္ေဘာကေန ဂ်ာအို ပက္ဒ႐ိုပဲ ေခါင္းတိုက္ခဲ့တာကို ဂိုးသမား မန္ဒီ ကာကြယ္ခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၁ မိနစ္မွာေတာ့ ဒဏ္ရာရသြားတဲ့ ဝတ္ဖို႔ဒ္ေနာက္ခံလူ မာဆီနာအစား ဒန္နီ႐ို႕စ္ကို လူစားလဲခဲရၿပီး တစ္ခ်ိန္တည္းမွာပဲ အိမ္ရွင္ပရိသတ္ တစ္ေယာက္ ႏွလုံးထေဖာက္လို႔ ေဆးအဖြဲ႕ေတြက ျပဳစုကုသေပးခဲ့ရသလို ပြဲကို ၂၅ မိနစ္ေလာက္ ရပ္နားခဲ့ရၿပီးမွ ပြဲကို ဒိုင္လူႀကီး ေဒးဗစ္ ကူးထ္က ျပန္လည္စတင္ခဲ့ရတာပါ။

ပြဲခ်ိန္ ၁၆ မိနစ္မွာ ႐ူဒီဂါကို ျဖတ္ေက်ာ္လာခဲ့ၿပီး အႏၲရာယ္ေပးခဲ့တဲ့ ဒင္းနစ္ကို ဆြဲလွဲခဲ့လို႔ ဆာအူးလ္ အဝါထိခဲ့သလို ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ ေလာ့ဖ္တပ္စ္ခ်ိခ္ ေခါင္းတိုက္ခ်ေပးတာကေန ႀကိဳးစားခဲ့တဲ့ ေမဆန္ေမာင့္ရဲ႕ ေထာင့္က်ဥ္းကန္ခ်က္က တိုင္ထိထြက္ခဲ့ၿပီး ခ်ဲလ္ဆီးတို႔ နစ္နာခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ ဧည့္သည္ခ်ဲလ္ဆီးတို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ၿပီး ကြင္းလယ္ကေန ႐ူဒီဂါက ဝတ္ဖို႔ဒ္ေနာက္တန္းေပၚက ေက်ာ္ခ်ေပးလိုက္တဲ့ ေဘာလုံးကို ေရွ႕မွာ ရွိေနတဲ့ အလြန္ဆိုက ရယူခဲ့ၿပီး အတြင္းကို ျပန္ခ်ိဳးေပးရာမွာ ဟာဗတ္ဇ္က သူမကန္ဘဲ ေဘးက အခြင့္အေရးပိုေကာင္းတဲ့ေနရာမွာ ရွိေနတဲ့ ေမဆန္ေမာင့္ကို ေပးခဲ့ရာမွာေတာ့ အဂၤလန္ကြင္းလယ္လူက လြတ္လြတ္ကြၽတ္ကြၽတ္ ကန္သြင္းၿပီး တစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ဝတ္ဖို႔ဒ္တို႔အေနနဲ႔ ခ်ဲလ္ဆီးရဲ႕ ေလးလံၿပီး ေနရာယူပုံညံ့တဲ့ စပိန္သားႏွစ္ဦးေၾကာင့္ အားနည္းေနတဲ့ ဘယ္ျခမ္းကပဲ အဓိက ထိုးေဖာက္ေနခဲ့ၿပီး ဆစ္ဆိုကိုနဲ႔ ဒင္းနစ္တို႔ ႀကိဳးစားခဲ့ေပမယ့္ မန္ယူလူေဟာင္း ကလယ္ဗာလီရဲ႕ လိုအပ္ခ်က္ေတြ မ်ားေနမႈေၾကာင့္ တိုက္စစ္ေတြ ရပ္တန႔္ခဲ့ရသလို ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ ညာျခမ္းက ျဖတ္တင္ေဘာ ျပန္က်လာတာကို ဘယ္ေနာက္ခံလူ ဒန္နီ႐ို႕စ္က ကန္သြင္းရာမွာ ဂိုးသမား မန္ဒီ ပိတ္ဆို႔ကာကြယ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ မလိုအပ္ဘဲ လိမ္ေခါက္ခဲ့တဲ့ ေလာ့ဖ္တပ္စ္ခ်ိခ္ ေဘာလုံးပ်က္ရာကေန ဆစ္ဆိုကိုက ျပန္လည္ရယူသြားခဲ့ၿပီး အလြန္ဆို ဘယ္နားေရာက္ေနမွန္းမသိတဲ့ ညာျခမ္းကို ထိုးေပးခဲ့ရာမွာ ဒင္းနစ္က စိတ္ႀကိဳက္ေျခေယာင္ျပၿပီးမွ ႐ူဒီဂါရဲ႕ ေျခေထာက္ၾကားက လွမ္းကန္ခဲ့ရာမွာ ဂိုးသမား မန္ဒီ အငိုက္မိသြားခဲ့ၿပီး ဝတ္ဖို႔ဒ္တို႔ ေခ်ပဂိုး ျပန္လည္ရရွိခဲ့ပါတယ္။

ဒီဂိုးမွာ ကြင္းလယ္ရဲ႕ ဟန္ခ်က္ကို သတိမျပဳဘဲ လိုတာထက္ ေရွ႕ပိုတက္ေနတဲ့ ဆာအူးလ္နဲ႔ ဒင္းနစ္ရဲ႕ ေနာက္ဆုံးကန္ခ်က္ျပဳလုပ္ၿပီးတာေတာင္ ကိုယ့္ကြင္းျခမ္းတစ္ဝက္အထိပဲ ျပန္လာႏိုင္ခဲ့တဲ့ ဘယ္ေနာက္ခံလူ အလြန္ဆိုတို႔မွာ တာဝန္ရွိခဲ့ၿပီး ကစားကြက္စမ္းႏိုင္တဲ့ ပြဲမ်ိဳးမွာ အရန္ခုံက မာလန္း ဆားရ္ကို အသုံးမျပဳခဲ့တဲ့ တူဟယ္လ္မွာလည္း တာဝန္ရွိခဲ့တယ္လို႔ပဲ ဆိုရမွာပါ။

ပထမပိုင္းၿပီးခါနီးမွာ ဝတ္ဖို႔ဒ္ရဲ႕ ညာျခမ္းတိုက္စစ္ကေန ဒင္းနစ္က လူကြၽံေထာင္ေခ်ာက္ၾကားက ထိုးေပးတာကို အသင္းေခါင္းေဆာင္ ဆစ္ဆိုကို အနီးကပ္ ကန္ခြင့္ရခဲ့ေပမယ့္ ကန္ခ်က္က ေပ်ာ့ေနခဲ့လို႔ ဂိုးသမား မန္ဒီ ဖမ္းယူသြားႏိုင္ခဲ့လို႔ ခ်ဲလ္ဆီးတို႔ သက္သာခဲ့ရၿပီး ရပ္နားခ်ိန္မွာ တစ္ဂိုးစီ သေရက်ေနခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္အစမွာေတာ့ နည္းျပ တူဟယ္လ္အေနနဲ႔ ဇန္နဝါရီမွာ ျပန္လႊတ္ရဖို႔ မ်ားေနတဲ့ ဆာအူးလ္အစား သီယာဂို ေဆးလ္ဗားကို ထည့္သြင္းခဲ့ၿပီး ေနာက္ခံလူ ခ်ာလိုဘာကိုေတာ့ သူကစားႏိုင္တဲ့ ေနာက္တစ္ေနရာျဖစ္တဲ့ ကြင္းလယ္အဖ်က္ေနရာကို ေရွ႕တက္ကစားခိုင္းခဲ့သလို ဘရာဇီးလ္သားႀကီးကိုေတာ့ ခံစစ္ကို ပိုမိုတည္ၿငိမ္ေစဖို႔ ထည့္သြင္းခဲ့ပုံ ရပါတယ္။

အိမ္ကြင္းမွာ ေဘာလုံးပိုင္ဆိုင္မႈ ၅၁ ရာခိုင္ႏႈန္းအထိ ယူကစားၿပီး အသင္းႀကီး ခ်ဲလ္ဆီးထက္ ပိုမိုသာလြန္ခဲ့တဲ့ ဝတ္ဖို႔ဒ္တို႔ဘက္ကို သိပ္မၾကာခင္မွာ ေမဆန္ေမာင့္နဲ႔ ဟာဗတ္ဇ္တို႔ တန္ျပန္တိုက္စစ္ေတြေန ထိုးေဖာက္ႏိုင္ခဲ့ေပမယ့္ အဆုံးသတ္ပိုင္းေတြမွာ မထိေရာက္ခဲ့တာက ဆိုးခဲ့ၿပီး အိမ္ရွင္ေတြရဲ႕ တန္ျပန္တိုက္စစ္က အခြင့္အေရးေကာင္းကေတာ့ ကလယ္ဗာလီ ေလးလံေနခဲ့လို႔ မန္ဒီ ရွင္းထုတ္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ကြင္းလယ္အဖ်က္ ခ်ာလိုဘာအစား တိုက္စစ္သမား ဇီးယက္ရွ္ကို လူစားထည့္သြင္းခဲ့ၿပီး ဒီေနာက္ပိုင္းမွာ ဝတ္ဖို႔ဒ္တို႔ကေတာ့ ကစားအား က်သြားခဲ့သလို ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ခ်ဲလ္ဆီးနည္းျပ တူဟယ္လ္က ေဖာင္ဖ်က္တိုက္ဖို႔ ႀကိဳးစားခဲ့ၿပီး အသင္းကပၸတိန္ အက္ဇ္ပီလီေကြတာအစား လူကာကူးကို ထည့္သြင္းၿပီး ပူလီရွစ္ခ်္ကို Right Wing Back မွာ ကစားခိုင္းခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ တူဟယ္လ္ရဲ႕ အေျပာင္းအလဲက အလုပ္ျဖစ္ခဲ့ၿပီး ဘယ္ျခမ္းကေန အလြန္ဆို ေခါင္းတိုက္ခ်ေပးတာကို ေမဆန္ေမာင့္က ဆြဲေျပးခဲ့ၿပီး ဧရိယာအတြင္းကို ခ်ိဳးေပးခဲ့ရာမွာ ဟာဗတ္ဇ္နဲ႔ လူကာကူးေနာက္ ပါသြားခဲ့ၾကတဲ့ ဝတ္ဖို႔ဒ္ေနာက္တန္းေတြေၾကာင့္ လြတ္သြားတဲ့ ဇီးယက္ရွ္က အနီးကပ္ အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား ဘက္ခ္မန္းရဲ႕ မပုတ္ထုတ္ႏိုင္ခင္မွာပဲ ဂိုးဝင္သြားခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ခ်ဲလ္ဆီးတို႔ ဦးေဆာင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၂ မိနစ္မွာ ဟာဗတ္ဇ္ရဲ႕ ျဖတ္တင္ေဘာကေန ဇီးယက္ရွ္ ေခါင္းတိုက္ႏိုင္ခဲ့ေပမယ့္ ဂိုးသမား ဘက္ခ္မန္း ဖမ္းယူသြားခဲ့သလို ဒီေနာက္ပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ ခံစစ္ကိုပဲ အာ႐ုံစိုက္ကစားခဲ့ၿပီး နာက်င္အခ်ိန္ပို ၂ မိနစ္မွာလည္း ဝတ္ဖို႔ဒ္ကြင္းလယ္လူ ကြတ္ကာရဲ႕ ကန္ခ်က္ကို မန္ဒီ ပုတ္ထုတ္ႏိုင္ခဲ့လို႔ ပြဲခ်ိန္အျပည့္မွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ပဲ တူဟယ္လ္ရဲ႕လူေတြ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာပါ။

ဒီပြဲအႏိုင္ရလဒ္ေၾကာင့္ ခ်ဲလ္ဆီးတို႔ ရမွတ္ ၃၃ မွတ္နဲ႔အတူ ႏိုင္ပြဲရခဲ့တဲ့ ခ်န္ပီယံၿပိဳင္ဘက္အသင္းေတြျဖစ္ၾကတဲ့ မန္စီးတီး၊ လီဗာပူးလ္တို႔ရဲ႕ေရွ႕က တစ္မွတ္အသာနဲ႔ ဆက္လက္ဦးေဆာင္ႏိုင္ခဲ့သလို နည္းျပ တူဟယ္လ္အတြက္ေတာ့ ပြဲက်ပ္ခ်ိန္မွာ အဖိုးတန္ ၃ မွတ္ကို ရယူႏိုင္ခဲ့ၿပီး တိုက္စစ္မွာ မဆိုးေပမယ့္ ေ႐ြ႕လ်ားပုံနဲ႔ အတက္အဆင္း Mobility နည္းပါးတဲ့ အလြန္ဆိုအတြက္ လာမယ့္ပြဲေတြမွာ ဘယ္လိုေျပာင္းလဲသြားႏိုင္ဦးမလဲဆိုတာကေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.