Match Report Premier League

ဂျရတ်ကို ပညာပေးလိုက်ပြီး ဒုတိယနေရာကနေ ဆက်ပြေးနေဆဲ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာလည်း သူတို့ရဲ့ ပုံမှန်လူစာရင်းကိုပဲ ထုတ်သုံးခဲ့ပြီး ငါးဝါပြည့်လို့ ပွဲပယ်ထိခဲ့တဲ့ လာပေါ့တ်အစား အာကေ ဝင်ကစားခဲ့သလို အကြောင်းသိပ်မသိသေးတဲ့ တစ်ဖက်နည်းပြ ဂျရတ်ကို ရင်ဆိုင်ဖို့ ဖာနန်ဒင်ညိုနဲ့ ရိုဒရီအတွဲကို ကွင်းလယ်မှာ ဂွါဒီယိုလာက အထိုင်ချခဲ့ပြီး ဇင်ချန်ကိုလည်း ပါဝင်ခဲ့ချိန်မှာ ဒဏ်ရာက သက်သာလာတဲ့ ဂရီးလစ်ရှ်နဲ့ ဖိုဒန်တို့ကတော့ အရန်ခုံမှာ တွေ့မြင်ခဲ့ရပါတယ်။

ဗီလာတို့ကတော့ ၄-၃-၂-၁ ပုံစံနဲ့ ကစားခဲ့ကြပြီး ခံစစ်မှာ ကစားနေကျ အတွဲအဖက်တွေကိုပဲ သုံးခဲ့သလို ကွင်းလယ်မှာတော့ မန်စီးတီးရဲ့ အင်အားကို ယှဉ်နိုင်ဖို့ လုပ်အားနှုန်းဦးစားပေးတဲ့ မက်ဂင်း၊ နာကမ်ဘာ၊ ဒေါက်ဂလပ်စ် လူးဝစ်ဇ်တို့ကို နေရာချထားခဲ့ပြီး တိုက်စစ်မှာတော့ ဝပ်ကင်းစ်၊ ဘေလီနဲ့ ဘွင်ဒီယာတို့ ပွဲထွက်လာခဲ့ကြတာပါ။

ပွဲချိန် ၁ မိနစ်မှာပဲ ဒီနေ့မှာ ညာခြမ်းက ပွဲထွက်လာတဲ့ ကန်ဆယ်လိုရဲ့ ထောင့်ကျဉ်းကန်ချက်ကို မာတီနက်ဇ် ကာကွယ်ခဲ့ရပြီး ပွဲချိန် ၄ မိနစ်မှာလည်း ရိုဒရီရဲ့ ဧရိယာအတွင်းက ကန်ချက်ကို အာဂျင်တီးနားသားက အမှားအယွင်းမရှိ ပုတ်ထုတ်သွားခဲ့လို့ မန်စီးတီးတို့ ဂိုးရဖို့ ခက်နေခဲ့ပါတယ်။

ပွဲချိန် ၁၁ မိနစ်မှာတော့ ဗီလာတို့ တန်ပြန်တိုက်စစ်ကနေ ဝပ်ကင်းစ်၊ ဘွင်ဒီယာနဲ့ ဘေလီတို့ သုံးယောက်ရဲ့ တိုးအားနဲ့ စီးတီးတို့ကို ဒီအတိုင်း ငြိမ်ခံနေမှာ မဟုတ်ကြောင်း သတိပြန်ပေးခဲ့ပြီး ပွဲချိန် ၂၁ မိနစ်မှာတော့ တားဂက်ရဲ့ ဖရီးကစ်ကနေ ဖြတ်တင်ပေးတာကို ကွန်ဆာ ခေါင်းတိုက်ရာမှာ အီဒါဆန် ကာကွယ်ခဲ့ရပါတယ်။

ဝေါ်လ်ကာကို အနားပေးခဲ့ချိန်မှာ ဘယ်ခြမ်းမှာ ဝင်ကစားတဲ့ ဇင်ချန်ကိုကတော့ ကန်ဆယ်လိုလောက် မထက်မြက်ခဲ့လို့ စီးတီးတို့ ဒီနေ့မှာ သိပ်ပြီး စိတ်သွားတိုင်း ကိုယ်မပါဘဲဖြစ်နေခဲ့သလို စတာလင်တစ်ယောက်တည်း ရုန်းကန်နေခဲ့ရပြီး ပိတ်ကစားခဲ့တဲ့ ဗီလာခံစစ်ကို ဖြည်မထုတ်နိုင်ဘဲ ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၂၇ မိနစ်မှာတော့ ထင်မှတ်မထားတဲ့ အနေအထားကနေ ခံစစ်ကစားနေတဲ့ ဗီလာတို့ ထိုးနှက်ခံလိုက်ရပြီး ဘယ်ခြမ်းကနေ အတွင်းကို ပြန်ဝင်လာတဲ့ စတာလင်က နောက်ကို ပြန်ခင်းပေးခဲ့ရာမှာ ကွင်းလယ်အထိ တက်လာတဲ့ နောက်ခံလူ ရူဘင် ဒီယက်စ်ရဲ့ ကန်ချက်က ဝေ့ဝိုက်ပြီး ညာဘက် တိုင်ခြေကို ဝင်သွားခဲ့လို့ ဂိုးသမား မာတီနက်ဇ် အငိုက်မိသွားခဲ့သလို စီးတီးတို့ စပြီး ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဝပ်ကင်းစ်နဲ့ ဘွင်ဒီယာတို့ရဲ့ ဗီလာဘယ်ခြမ်းက တော်တော်လေး လှုပ်ခဲ့ပြီး ဒီယက်စ်တို့ အဖွဲ့ကို အလုပ်များစေခဲ့သလို ဒေါက်ဂလပ်စ် လူးဝစ်ဇ်၊ မက်ဂင်းနဲ့ နာကမ်ဘာတို့ရဲ့ Full Back နှစ်ဦးနဲ့အတူ Overload High Pressing လုပ်မှုဒဏ်ကို စီးတီးတို့ အတော်လေး တောင့်ခံခဲ့ရပြီး ကံမကောင်းချင်တော့ ဒါက နည်းပြ ဂျရတ်အတွက် အားနည်းချက် ပြန်ဖြစ်သွားခဲ့ပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာတော့ အတင်းတက်ဖိနေတဲ့ ဗီလာကွင်းလယ်နဲ့ ဘောလုံးပြိုင်လုပြီး ဖာနန်ဒင်ညို ကန်တင်ပေးခဲ့ရာမှာ ညာခြမ်းက ဂျေဆူးစ် ဘောလုံးရသွားခဲ့ပြီး တစ်ဖက်နောက်ခံလူတွေ နေရာကို ပြန်မရောက်တာကို အခွင့်ကောင်းယူပြီး ဖြတ်တင်ပေးခဲ့ရာမှာ တစ်ယောက်တည်း လွတ်နေခဲ့တဲ့ ဘာနာဒို ဆေးလ်ဗားက မြေမကျ ကန်သွင်းယူခဲ့ပြီး ဂိုးသမား မာတီနက်ဇ်ကို အနိုင်ယူခဲ့လို့ စီးတီးတို့ ဒုတိယဦးဆောင်ဂိုး ရရှိခဲ့တာပါ။

ပထမပိုင်းမှာတော့ ဧည့်သည် မန်စီးတီးတို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ထိန်းချုပ်ကစားသွားခဲ့သလို ဗီလာတို့ကတော့ ဘိုင်လီရဲ့ ဒဏ်ရာကြောင့် အက်ရှ်လီယန်းကို လူစားလဲကစားခဲ့ရပြီး ကစားကွက်ပြောင်းလဲခဲ့ရသလို တိုက်စစ်ဆင်နိုင်မှု နည်းသွားခဲ့တာကြောင့် အိမ်ရှင်တွေ နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး သိပ်မကြာခင်မှာတော့ ဗီလာတို့ရဲ့ ညာခြမ်းတိုက်စစ်ဆင်မှုကနေ ထောင့်ကန်ဘော ရရှိခဲ့ပြီး ပွဲချိန် ၄၇ မိနစ်မှာ ဒေါက်ဂလပ်စ် လူးဝစ်ဇ် ကန်တင်ပေးတဲ့ ဘောလုံးကို မာကင်လွတ်နေတဲ့ ဝပ်ကင်းစ်က Half Volley ကန်သွင်းခဲ့ရာမှာ ခံစစ်သမားတွေနဲ့ ကွယ်ပြီး ဂိုးဝင်သွားခဲ့လို့ အီဒါဆန် ဘာမှ မတတ်နိုင်ဘဲ ချေပဂိုးတစ်ဂိုး ပြန်ပေးခဲ့ရတာပါ။

ဒီနေ့ပွဲမှာ စီးတီးရဲ့ ခံစစ်အစွန်တွေ ပြောင်းလဲမှုက သူတို့ရဲ့ ကစားကွက်ကို သိသိသာသာ ကျဆင်းစေခဲ့ပြီး ညာနောက်ခံလူအဖြစ်ကစားတဲ့ ကန်ဆယ်လိုက မာရက်ဇ်၊ ဂျေဆူးစ်တို့နဲ့ အတွဲသိပ်မမိသလို ဘယ်နောက်ခံလူ ဇင်ချန်ကိုကလည်း သူ့အခြမ်းမှာ ဖြုန်းတီးမှု များနေခဲ့တာကြောင့် ဗီလာခံစစ်ကို မကျော်နိုင်ဘဲ ဖြစ်နေခဲ့ရပါတယ်။

ဘုန်းမောက်က ရောက်လာတဲ့ ဒတ်ချ်လက်ရွေးစင် နာသန် အာကေကတော့ မန်စီးတီးအဆင့် မဟုတ်သေးဘူးလို့ပဲ ဆိုရမှာဖြစ်သလို သူ့ရဲ့ အလန့်တကြား ဖျက်ထုတ်မှုက ပင်နယ်တီပေးရနိုင်တဲ့ အနေအထားမှာ ရှိခဲ့ပြီး ဗီလာတို့ စောဒကတက်ခဲ့ကြပေမယ့် ကံကောင်းတာက VAR နဲ့ အလုပ်မလုပ်ချင်တဲ့ သောက်တလွဲ မိုက်ဒင်းန်က ဒိုင်ဖြစ်နေခဲ့လို့ သူတို့တွေ သက်သာခဲ့ရတာလည်းဖြစ်ပါတယ်။

ဂျေဆူးစ်ကတော့ ဒီနေ့မှာ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို ပွဲချိန် ၇၂ မိနစ်မှာ ပင်နယ်တီအမှတ်နားက ကန်ခွင့်ရခဲ့ အခွင့်အရေးကို ဘယ်ခြေနဲ့ ထောင်ကန်ပစ်ခဲ့ပြီး ပွဲချိန် ၇၄ မိနစ်မှာတော့ လူစားဝင် လူငယ်ကစားသမား ချူကွယ်မီကာရဲ့ ကန်ချက်ကို အီဒါဆန် လက်စွမ်းပြပြီး ပိတ်ဆို့ ကာကွယ်သွားနိုင်ခဲ့လို့ စီးတီးတို့တွေ မိုးထဲရေထဲ မရောက်ခဲ့ရတာပါ။

ပွဲပြီးဖို့ ၃ မိနစ်အလိုမှာတော့ ဂရီးလစ်ရှ်ကို အသင်းဟောင်းနဲ့ ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ဖို့ လူစားလဲကစားသွားခဲ့ပြီး ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ မန်ချက်စတာစီးတီးတို့ နှစ်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြသလို ဒီပွဲအနိုင်ကြောင့် သူတို့တွေ ချဲလ်ဆီးကို တစ်မှတ်အကွာက ဖိအားပေးနိုင်ဆဲဖြစ်ပြီး အက်စ်တန်ဗီလာတို့ကတော့ ဂျရတ်ရဲ့ ပထမဆုံးရှုံးပွဲနဲ့အတူ အဆင့် ၁၃ နေရာမှာ ရပ်တည်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာလည္း သူတို႔ရဲ႕ ပုံမွန္လူစာရင္းကိုပဲ ထုတ္သုံးခဲ့ၿပီး ငါးဝါျပည့္လို႔ ပြဲပယ္ထိခဲ့တဲ့ လာေပါ့တ္အစား အာေက ဝင္ကစားခဲ့သလို အေၾကာင္းသိပ္မသိေသးတဲ့ တစ္ဖက္နည္းျပ ဂ်ရတ္ကို ရင္ဆိုင္ဖို႔ ဖာနန္ဒင္ညိဳနဲ႔ ႐ိုဒရီအတြဲကို ကြင္းလယ္မွာ ဂြါဒီယိုလာက အထိုင္ခ်ခဲ့ၿပီး ဇင္ခ်န္ကိုလည္း ပါဝင္ခဲ့ခ်ိန္မွာ ဒဏ္ရာက သက္သာလာတဲ့ ဂရီးလစ္ရွ္နဲ႔ ဖိုဒန္တို႔ကေတာ့ အရန္ခုံမွာ ေတြ႕ျမင္ခဲ့ရပါတယ္။

ဗီလာတို႔ကေတာ့ ၄-၃-၂-၁ ပုံစံနဲ႔ ကစားခဲ့ၾကၿပီး ခံစစ္မွာ ကစားေနက် အတြဲအဖက္ေတြကိုပဲ သုံးခဲ့သလို ကြင္းလယ္မွာေတာ့ မန္စီးတီးရဲ႕ အင္အားကို ယွဥ္ႏိုင္ဖို႔ လုပ္အားႏႈန္းဦးစားေပးတဲ့ မက္ဂင္း၊ နာကမ္ဘာ၊ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္တို႔ကို ေနရာခ်ထားခဲ့ၿပီး တိုက္စစ္မွာေတာ့ ဝပ္ကင္းစ္၊ ေဘလီနဲ႔ ဘြင္ဒီယာတို႔ ပြဲထြက္လာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၁ မိနစ္မွာပဲ ဒီေန႔မွာ ညာျခမ္းက ပြဲထြက္လာတဲ့ ကန္ဆယ္လိုရဲ႕ ေထာင့္က်ဥ္းကန္ခ်က္ကို မာတီနက္ဇ္ ကာကြယ္ခဲ့ရၿပီး ပြဲခ်ိန္ ၄ မိနစ္မွာလည္း ႐ိုဒရီရဲ႕ ဧရိယာအတြင္းက ကန္ခ်က္ကို အာဂ်င္တီးနားသားက အမွားအယြင္းမရွိ ပုတ္ထုတ္သြားခဲ့လို႔ မန္စီးတီးတို႔ ဂိုးရဖို႔ ခက္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၁၁ မိနစ္မွာေတာ့ ဗီလာတို႔ တန္ျပန္တိုက္စစ္ကေန ဝပ္ကင္းစ္၊ ဘြင္ဒီယာနဲ႔ ေဘလီတို႔ သုံးေယာက္ရဲ႕ တိုးအားနဲ႔ စီးတီးတို႔ကို ဒီအတိုင္း ၿငိမ္ခံေနမွာ မဟုတ္ေၾကာင္း သတိျပန္ေပးခဲ့ၿပီး ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ တားဂက္ရဲ႕ ဖရီးကစ္ကေန ျဖတ္တင္ေပးတာကို ကြန္ဆာ ေခါင္းတိုက္ရာမွာ အီဒါဆန္ ကာကြယ္ခဲ့ရပါတယ္။

ေဝၚလ္ကာကို အနားေပးခဲ့ခ်ိန္မွာ ဘယ္ျခမ္းမွာ ဝင္ကစားတဲ့ ဇင္ခ်န္ကိုကေတာ့ ကန္ဆယ္လိုေလာက္ မထက္ျမက္ခဲ့လို႔ စီးတီးတို႔ ဒီေန႔မွာ သိပ္ၿပီး စိတ္သြားတိုင္း ကိုယ္မပါဘဲျဖစ္ေနခဲ့သလို စတာလင္တစ္ေယာက္တည္း ႐ုန္းကန္ေနခဲ့ရၿပီး ပိတ္ကစားခဲ့တဲ့ ဗီလာခံစစ္ကို ျဖည္မထုတ္ႏိုင္ဘဲ ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ထင္မွတ္မထားတဲ့ အေနအထားကေန ခံစစ္ကစားေနတဲ့ ဗီလာတို႔ ထိုးႏွက္ခံလိုက္ရၿပီး ဘယ္ျခမ္းကေန အတြင္းကို ျပန္ဝင္လာတဲ့ စတာလင္က ေနာက္ကို ျပန္ခင္းေပးခဲ့ရာမွာ ကြင္းလယ္အထိ တက္လာတဲ့ ေနာက္ခံလူ ႐ူဘင္ ဒီယက္စ္ရဲ႕ ကန္ခ်က္က ေဝ့ဝိုက္ၿပီး ညာဘက္ တိုင္ေျခကို ဝင္သြားခဲ့လို႔ ဂိုးသမား မာတီနက္ဇ္ အငိုက္မိသြားခဲ့သလို စီးတီးတို႔ စၿပီး ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ ဝပ္ကင္းစ္နဲ႔ ဘြင္ဒီယာတို႔ရဲ႕ ဗီလာဘယ္ျခမ္းက ေတာ္ေတာ္ေလး လႈပ္ခဲ့ၿပီး ဒီယက္စ္တို႔ အဖြဲ႕ကို အလုပ္မ်ားေစခဲ့သလို ေဒါက္ဂလပ္စ္ လူးဝစ္ဇ္၊ မက္ဂင္းနဲ႔ နာကမ္ဘာတို႔ရဲ႕ Full Back ႏွစ္ဦးနဲ႔အတူ Overload High Pressing လုပ္မႈဒဏ္ကို စီးတီးတို႔ အေတာ္ေလး ေတာင့္ခံခဲ့ရၿပီး ကံမေကာင္းခ်င္ေတာ့ ဒါက နည္းျပ ဂ်ရတ္အတြက္ အားနည္းခ်က္ ျပန္ျဖစ္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ အတင္းတက္ဖိေနတဲ့ ဗီလာကြင္းလယ္နဲ႔ ေဘာလုံးၿပိဳင္လုၿပီး ဖာနန္ဒင္ညိဳ ကန္တင္ေပးခဲ့ရာမွာ ညာျခမ္းက ေဂ်ဆူးစ္ ေဘာလုံးရသြားခဲ့ၿပီး တစ္ဖက္ေနာက္ခံလူေတြ ေနရာကို ျပန္မေရာက္တာကို အခြင့္ေကာင္းယူၿပီး ျဖတ္တင္ေပးခဲ့ရာမွာ တစ္ေယာက္တည္း လြတ္ေနခဲ့တဲ့ ဘာနာဒို ေဆးလ္ဗားက ေျမမက် ကန္သြင္းယူခဲ့ၿပီး ဂိုးသမား မာတီနက္ဇ္ကို အႏိုင္ယူခဲ့လို႔ စီးတီးတို႔ ဒုတိယဦးေဆာင္ဂိုး ရရွိခဲ့တာပါ။

ပထမပိုင္းမွာေတာ့ ဧည့္သည္ မန္စီးတီးတို႔ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ထိန္းခ်ဳပ္ကစားသြားခဲ့သလို ဗီလာတို႔ကေတာ့ ဘိုင္လီရဲ႕ ဒဏ္ရာေၾကာင့္ အက္ရွ္လီယန္းကို လူစားလဲကစားခဲ့ရၿပီး ကစားကြက္ေျပာင္းလဲခဲ့ရသလို တိုက္စစ္ဆင္ႏိုင္မႈ နည္းသြားခဲ့တာေၾကာင့္ အိမ္ရွင္ေတြ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး သိပ္မၾကာခင္မွာေတာ့ ဗီလာတို႔ရဲ႕ ညာျခမ္းတိုက္စစ္ဆင္မႈကေန ေထာင့္ကန္ေဘာ ရရွိခဲ့ၿပီး ပြဲခ်ိန္ ၄၇ မိနစ္မွာ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ ကန္တင္ေပးတဲ့ ေဘာလုံးကို မာကင္လြတ္ေနတဲ့ ဝပ္ကင္းစ္က Half Volley ကန္သြင္းခဲ့ရာမွာ ခံစစ္သမားေတြနဲ႔ ကြယ္ၿပီး ဂိုးဝင္သြားခဲ့လို႔ အီဒါဆန္ ဘာမွ မတတ္ႏိုင္ဘဲ ေခ်ပဂိုးတစ္ဂိုး ျပန္ေပးခဲ့ရတာပါ။

ဒီေန႔ပြဲမွာ စီးတီးရဲ႕ ခံစစ္အစြန္ေတြ ေျပာင္းလဲမႈက သူတို႔ရဲ႕ ကစားကြက္ကို သိသိသာသာ က်ဆင္းေစခဲ့ၿပီး ညာေနာက္ခံလူအျဖစ္ကစားတဲ့ ကန္ဆယ္လိုက မာရက္ဇ္၊ ေဂ်ဆူးစ္တို႔နဲ႔ အတြဲသိပ္မမိသလို ဘယ္ေနာက္ခံလူ ဇင္ခ်န္ကိုကလည္း သူ႔အျခမ္းမွာ ျဖဳန္းတီးမႈ မ်ားေနခဲ့တာေၾကာင့္ ဗီလာခံစစ္ကို မေက်ာ္ႏိုင္ဘဲ ျဖစ္ေနခဲ့ရပါတယ္။

ဘုန္းေမာက္က ေရာက္လာတဲ့ ဒတ္ခ်္လက္ေ႐ြးစင္ နာသန္ အာေကကေတာ့ မန္စီးတီးအဆင့္ မဟုတ္ေသးဘူးလို႔ပဲ ဆိုရမွာျဖစ္သလို သူ႔ရဲ႕ အလန႔္တၾကား ဖ်က္ထုတ္မႈက ပင္နယ္တီေပးရႏိုင္တဲ့ အေနအထားမွာ ရွိခဲ့ၿပီး ဗီလာတို႔ ေစာဒကတက္ခဲ့ၾကေပမယ့္ ကံေကာင္းတာက VAR နဲ႔ အလုပ္မလုပ္ခ်င္တဲ့ ေသာက္တလြဲ မိုက္ဒင္းန္က ဒိုင္ျဖစ္ေနခဲ့လို႔ သူတို႔ေတြ သက္သာခဲ့ရတာလည္းျဖစ္ပါတယ္။

ေဂ်ဆူးစ္ကေတာ့ ဒီေန႔မွာ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့သလို ပြဲခ်ိန္ ၇၂ မိနစ္မွာ ပင္နယ္တီအမွတ္နားက ကန္ခြင့္ရခဲ့ အခြင့္အေရးကို ဘယ္ေျခနဲ႔ ေထာင္ကန္ပစ္ခဲ့ၿပီး ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ လူစားဝင္ လူငယ္ကစားသမား ခ်ဴကြယ္မီကာရဲ႕ ကန္ခ်က္ကို အီဒါဆန္ လက္စြမ္းျပၿပီး ပိတ္ဆို႔ ကာကြယ္သြားႏိုင္ခဲ့လို႔ စီးတီးတို႔ေတြ မိုးထဲေရထဲ မေရာက္ခဲ့ရတာပါ။

ပြဲၿပီးဖို႔ ၃ မိနစ္အလိုမွာေတာ့ ဂရီးလစ္ရွ္ကို အသင္းေဟာင္းနဲ႔ ပထမဆုံးအႀကိမ္ ျပန္လည္ရင္ဆိုင္ဖို႔ လူစားလဲကစားသြားခဲ့ၿပီး ပြဲသိမ္းခရာမႈတ္ခ်ိန္မွာေတာ့ မန္ခ်က္စတာစီးတီးတို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို ဒီပြဲအႏိုင္ေၾကာင့္ သူတို႔ေတြ ခ်ဲလ္ဆီးကို တစ္မွတ္အကြာက ဖိအားေပးႏိုင္ဆဲျဖစ္ၿပီး အက္စ္တန္ဗီလာတို႔ကေတာ့ ဂ်ရတ္ရဲ႕ ပထမဆုံးရႈံးပြဲနဲ႔အတူ အဆင့္ ၁၃ ေနရာမွာ ရပ္တည္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.