Premier League

ဘလွန်ဒေါဆုပေးပွဲက လေးစားမှုကင်းမဲ့တဲ့အခိုက်အတန့်ကြောင့် ဒေါသထွက်နေတဲ့ CR7 ပရိသတ်များ

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ပရိသတ်တွေဟာ တနင်္လာနေ့ညက ဘလွန်ဒေါဆုပေးပွဲမှာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ပါဝင်ခဲ့တဲ့ လေးစားမှုကင်းမဲ့တဲ့ အခိုက်အတန့်ကို မြင်တွေ့ခဲ့ရပြီးနောက်ပိုင်း လူမှုကွန်ရက်အပေါ်မှာ ဒေါသပေါက်ကွဲခဲ့ကြပါတယ်။

ရော်နယ်လ်ဒိုဟာ ပဲရစ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဘလွန်ဒေါဆုပေးပွဲကို တက်ရောက်ခဲ့ခြင်းမရှိသူဖြစ်ပြီး အသက် ၃၆ နှစ်အရွယ်တိုက်စစ်မှူးဟာ ကွန်တေ၊ ဘန်ဇီးမား၊ ဂျော်ဂျင်ညို၊ လီဗန်ဒေါ့ဗ်စကီးနဲ့ လီယွန်နယ် မက်ဆီတို့ရဲ့နောက် အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က မက်ဆီထက် ဘလွန်ဒေါဆုကို ပိုမိုရရှိပြီး ကစားသမားဘဝကနေ အနားယူချင်တာဖြစ်တယ်လို့ ပြောကြားခဲ့တဲ့ France Football အယ်ဒီတာချုပ် ပက်စ်ကယ် ဖီရီကို အင်စတာဂရမ်မှာ လူလိမ်လို့ ထုတ်ဖော်ပြောကြားပြီး ပြစ်တင်ကြိမ်းမောင်းခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုအတွက် တနင်္လာနေ့ည ဘလွန်ဒေါဆု ဆုပေးပွဲအခမ်းအနားကို ကြည့်ရှုရုံထက်ပိုပြီး တခြားလုပ်စရာ ဘာမှမရှိခဲ့တဲ့အချိန်မှာ ၎င်းရဲ့ပရိသတ်တွေကတော့ ပေါ်တူဂီကြယ်ပွင့်ရဲ့ ဘလွန်ဒေါအဆင့်သတ်မှတ်ချက်က ဘယ်လောက်လဲဆိုတာ သိရဖို့အတွက် စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ၂၀၁၀ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ထိပ်ဆုံး ၅ နေရာနဲ့ လွဲချော်ခဲ့တဲ့အတွက် ပရိသတ်တွေဟာ အံ့အားသင့်တုန်လှုပ်ခဲ့ကြပြီး ဘလွန်ဒေါဆုပေးပွဲအခမ်းအနားမှာ ပြသခဲ့တဲ့အရာတစ်ခုကြောင့် ဒေါသမထိန်းနိုင်အောင် ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ ပရိသတ်တွေဟာ ဒရော့ဂ်ဘာနဲ့အတူ အောက်ခံဘောင်းဘီသာ ဝတ်ဆင်ထားတဲ့ Vanity Fair မဂ္ဂဇင်းအဟောင်းရဲ့ ရှေ့မျက်နှာဖုံးမှာ ဖော်ပြထားတဲ့ ရော်နယ်လ်ဒိုရဲ့ ဓာတ်ပုံကို ဆုပေးပွဲအခမ်းအနားမှာ ပြသခဲ့တဲ့အတွက် ဒေါသထွက်ခဲ့ကြတာဖြစ်ပြီး ရုပ်သံရိုက်ကူးနေတဲ့ ကင်မရာက ချက်ချင်းဆိုသလို ရယ်မောနေတဲ့ မက်ဆီ၊ လီဗန်ဒေါ့ဗ်စကီးနဲ့ အမ်ဘာပေတို့ကို ပြသခဲ့တာဖြစ်ပါတယ်။

ဘလွန်ဒေါဆုပေးပွဲကို ပူးတွဲတင်ဆက်သူဖြစ်တဲ့ ဒရော့ဂ်ဘာကိုယ်တိုင်က ဘာကြောင့် ဒီပုံကို ပြသခဲ့တာလဲလို့ မေးမြန်းခဲ့ရပြီး ရော်နယ်လ်ဒိုသာ အခမ်းအနားကို တက်ရောက်ခဲ့မယ်ဆိုရင် တကမ္ဘာလုံးပရိသတ်တွေကို ဒီ မဂ္ဂဇင်း ရှေ့မျက်နှာဖုံးပုံကို ပြသမှာလားလို့ စဉ်းစားစရာဖြစ်ခဲ့ပါတယ်။

ရော်နယ်လ်ဒိုရဲ့ ပရိသတ်တွေကတော့ ဘလွန်ဒေါဆုပေးပွဲအခမ်းအနားကို စီစဉ်သူတွေဟာ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးအပေါ် မလေးမစားပြုမူခဲ့တာဖြစ်တယ်လို့ ယုံကြည်နေပြီး လူမှုကွန်ရက်ပေါ်မှာ ၎င်းတို့ရဲ့ ဒေါသတွေကို ဖောက်ခွဲခဲ့ကြပါတယ်။

“ဒီနှစ်တွေမှာ ငါထင်ခဲ့တာက မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ ပြိုင်ဆိုင်မှုပဲလို့။ ဒါပေမယ့် အခုတော့ အဲဒါက ရှင်းသွားပါပြီ။ အဲဒါက ရော်နယ်လ်ဒိုနဲ့ ဖီဖာတို့ ပြိုင်ဆိုင်မှုပါ။ သူ ဘလွန်ဒေါ ၅ ဆု ရခဲ့တာ ဘယ်လောက်အံ့အားသင့်ရာကောင်းလဲ။ တသက်တာအကောင်းဆုံးကစားသမားအပေါ် မလေးမစားပြုမူတာက ဒီကိစ္စမှာတော့ အရှက်ရစရာပဲ”လို့ ရော်နယ်လ်ဒိုရဲ့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး “အခမ်းအနားအတွင်းမှာ ဒါကို ပြသဖို့က တွေးကြည့်လို့တောင် မရတဲ့ မလေးမစားပြုမူမှုပဲ။ ဒရော့ဂ်ဘာကတောင် ဘာလို့ ဒီဟာကို ပြခဲ့တာလဲလို့ မေးခဲ့ရတယ်”လို့ နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတီယာနို ေရာ္နယ္လ္ဒိုရဲ့ ပရိသတ္ေတြဟာ တနလၤာေန႔ညက ဘလြန္ေဒါဆုေပးပြဲမွာ မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉး ပါဝင္ခဲ့တဲ့ ေလးစားမႈကင္းမဲ့တဲ့ အခိုက္အတန႔္ကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ပိုင္း လူမႈကြန္ရက္အေပၚမွာ ေဒါသေပါက္ကြဲခဲ့ၾကပါတယ္။

ေရာ္နယ္လ္ဒိုဟာ ပဲရစ္ၿမိဳ႕မွာ က်င္းပျပဳလုပ္ခဲ့တဲ့ ဘလြန္ေဒါဆုေပးပြဲကို တက္ေရာက္ခဲ့ျခင္းမရွိသူျဖစ္ၿပီး အသက္ ၃၆ ႏွစ္အရြယ္တိုက္စစ္မႉးဟာ ကြန္ေတ၊ ဘန္ဇီးမား၊ ေဂ်ာ္ဂ်င္ညိဳ၊ လီဗန္ေဒါ့ဗ္စကီးနဲ႔ လီယြန္နယ္ မက္ဆီတို႔ရဲ့ေနာက္ အဆင့္ ၆ ေနရာမွာသာ ရပ္တည္နိုင္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၎ရဲ့ တစ္ခုတည္းေသာ ရည္မွန္းခ်က္က မက္ဆီထက္ ဘလြန္ေဒါဆုကို ပိုမိုရရွိၿပီး ကစားသမားဘဝကေန အနားယူခ်င္တာျဖစ္တယ္လို႔ ေျပာၾကားခဲ့တဲ့ France Football အယ္ဒီတာခ်ဳပ္ ပက္စ္ကယ္ ဖီရီကို အင္စတာဂရမ္မွာ လူလိမ္လို႔ ထုတ္ေဖာ္ေျပာၾကားၿပီး ျပစ္တင္ႀကိမ္းေမာင္းခဲ့တာျဖစ္ပါတယ္။

ခရစၥတီယာနို ေရာ္နယ္လ္ဒိုအတြက္ တနလၤာေန႔ည ဘလြန္ေဒါဆု ဆုေပးပြဲအခမ္းအနားကို ၾကည့္ရႈ႐ုံထက္ပိုၿပီး တျခားလုပ္စရာ ဘာမွမရွိခဲ့တဲ့အခ်ိန္မွာ ၎ရဲ့ပရိသတ္ေတြကေတာ့ ေပၚတူဂီၾကယ္ပြင့္ရဲ့ ဘလြန္ေဒါအဆင့္သတ္မွတ္ခ်က္က ဘယ္ေလာက္လဲဆိုတာ သိရဖို႔အတြက္ ေစာင့္ၾကည့္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၂၀၁၀ ခုႏွစ္ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ထိပ္ဆုံး ၅ ေနရာနဲ႔ လြဲေခ်ာ္ခဲ့တဲ့အတြက္ ပရိသတ္ေတြဟာ အံ့အားသင့္တုန္လႈပ္ခဲ့ၾကၿပီး ဘလြန္ေဒါဆုေပးပြဲအခမ္းအနားမွာ ျပသခဲ့တဲ့အရာတစ္ခုေၾကာင့္ ေဒါသမထိန္းနိုင္ေအာင္ ျဖစ္ခဲ့ၾကတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုရဲ့ ပရိသတ္ေတြဟာ ဒေရာ့ဂ္ဘာနဲ႔အတူ ေအာက္ခံေဘာင္းဘီသာ ဝတ္ဆင္ထားတဲ့ Vanity Fair မဂၢဇင္းအေဟာင္းရဲ့ ေရွ႕မ်က္ႏွာဖုံးမွာ ေဖာ္ျပထားတဲ့ ေရာ္နယ္လ္ဒိုရဲ့ ဓာတ္ပုံကို ဆုေပးပြဲအခမ္းအနားမွာ ျပသခဲ့တဲ့အတြက္ ေဒါသထြက္ခဲ့ၾကတာျဖစ္ၿပီး ႐ုပ္သံရိုက္ကူးေနတဲ့ ကင္မရာက ခ်က္ခ်င္းဆိုသလို ရယ္ေမာေနတဲ့ မက္ဆီ၊ လီဗန္ေဒါ့ဗ္စကီးနဲ႔ အမ္ဘာေပတို႔ကို ျပသခဲ့တာျဖစ္ပါတယ္။

ဘလြန္ေဒါဆုေပးပြဲကို ပူးတြဲတင္ဆက္သူျဖစ္တဲ့ ဒေရာ့ဂ္ဘာကိုယ္တိုင္က ဘာေၾကာင့္ ဒီပုံကို ျပသခဲ့တာလဲလို႔ ေမးျမန္းခဲ့ရၿပီး ေရာ္နယ္လ္ဒိုသာ အခမ္းအနားကို တက္ေရာက္ခဲ့မယ္ဆိုရင္ တကမၻာလုံးပရိသတ္ေတြကို ဒီ မဂၢဇင္း ေရွ႕မ်က္ႏွာဖုံးပုံကို ျပသမွာလားလို႔ စဥ္းစားစရာျဖစ္ခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုရဲ့ ပရိသတ္ေတြကေတာ့ ဘလြန္ေဒါဆုေပးပြဲအခမ္းအနားကို စီစဥ္သူေတြဟာ ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးအေပၚ မေလးမစားျပဳမူခဲ့တာျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး လူမႈကြန္ရက္ေပၚမွာ ၎တို႔ရဲ့ ေဒါသေတြကို ေဖာက္ခြဲခဲ့ၾကပါတယ္။

“ဒီႏွစ္ေတြမွာ ငါထင္ခဲ့တာက မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ ၿပိဳင္ဆိုင္မႈပဲလို႔။ ဒါေပမယ့္ အခုေတာ့ အဲဒါက ရွင္းသြားပါၿပီ။ အဲဒါက ေရာ္နယ္လ္ဒိုနဲ႔ ဖီဖာတို႔ ၿပိဳင္ဆိုင္မႈပါ။ သူ ဘလြန္ေဒါ ၅ ဆု ရခဲ့တာ ဘယ္ေလာက္အံ့အားသင့္ရာေကာင္းလဲ။ တသက္တာအေကာင္းဆုံးကစားသမားအေပၚ မေလးမစားျပဳမူတာက ဒီကိစၥမွာေတာ့ အရွက္ရစရာပဲ”လို႔ ေရာ္နယ္လ္ဒိုရဲ့ ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး “အခမ္းအနားအတြင္းမွာ ဒါကို ျပသဖို႔က ေတြးၾကည့္လို႔ေတာင္ မရတဲ့ မေလးမစားျပဳမူမႈပဲ။ ဒေရာ့ဂ္ဘာကေတာင္ ဘာလို႔ ဒီဟာကို ျပခဲ့တာလဲလို႔ ေမးခဲ့ရတယ္”လို႔ ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.