Premier League

ယခုရာသီမှာ ပုံမှန်ခြေစွမ်းအောက်ကျဆင်းနေတဲ့ ချဲလ်ဆီးကြယ်ပွင့် ၅ ဦး

ချဲလ်ဆီးအသင်းဟာ ယခုရာသီမှာ ပုံစံကောင်းရရှိနေပြီး ပြိုင်ပွဲစုံမှာလည်း ၂ ပွဲသာ ရှုံးနိမ့်ခဲ့ထားခဲ့တာကြောင့် ကစားသမားတွေအားလုံးဟာ ကောင်းကောင်း ကူညီပေးထားနိုင်တဲ့ပုံ ပေါ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မတူညီတဲ့ ဂိုးသွင်းရှင် ၁၅ ဦးကို ပိုင်ဆိုင်ထားပေမယ့်လည်း တူဟယ်ရဲ့ လူစာရင်းထဲမှာ ပိုပြီး အားစိုက်လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ ကစားသမားအနည်းငယ်လည်း ရှိနေပါတယ်။ နည်းပြ သောမတ်စ် တူဟယ်အနေနဲ့ ပုံမှန်စွမ်းဆောင်ရည်အောက်ကျဆင်းနေတဲ့ ကစားသမားတွေဆီကနေ ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို မျှော်လင့်နေမှာဖြစ်ပြီး ယခုရာသီမှာ ဆုဖလားတွေကို ရရှိဖို့အတွက် အသင်းမှာရှိသမျှ ကစားသမားတိုင်းဟာ အကောင်းဆုံးဖြစ်နေဖို့လိုအပ်မှာဖြစ်တာကြောင့် ယခုရာသီမှာ ပုံမှန်ခြေစွမ်းအောက်ကျဆင်းနေတဲ့ ကစားသမား ၅ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

၅။ ဟာကင်း ဇီယက်ရှ်

ပြီးခဲ့တဲ့ရာသီမှာ အိုင်းယက်စ်ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာပြီးကတည်းက တော်တော်လေး ခြေစွမ်းမတည်မငြိမ်ဖြစ်နေခဲ့တဲ့ ဇီယက်ရှ်ဆီကနေ တူဟယ်အနေနဲ့ ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းကို မြင်ချင်နေမှာဖြစ်ပါတယ်။ မော်ရိုကိုလက်ရွေးစင်တောင်ပံကစားသမားဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ၆ ပွဲပါဝင်ကစားပေးထားပေမယ့် ၁ ကြိမ်သာ ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်သေးပြီး ချန်ပီယံလိဂ်မှာလည်း ထူးမခြားနားပါပဲ။ ဇီယက်ရှ်ဟာ ချဲလ်ဆီးအတွက် ကစားပေးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၄ ပွဲမှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်ထားနိုင်သေးတာဖြစ်ပြီး သတင်းတွေက ဇီယက်ရှ်ဟာ ပွဲကစားချိန်မရတာကြောင့် လာမယ့် ဇန်နဝါရီမှာ ချဲလ်ဆီးကို စွန့်ခွာတော့မယ်လို့ ဖော်ပြခဲ့ပါတယ်။

၄။ လူကာကူး

ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူးတစ်ဦးမဖြစ်မနေ လိုအပ်နေတာကြောင့် ယခုနှစ်နွေရာသီမှာ လူကာကူးကို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ယခုရာသီ ဆုဖလားတွေကို ပိုမိုစိန်ခေါ်ချင်တာကြောင့် တူဟယ် လိုချင်တဲ့ကစားသမားကို အရခေါ်ယူပေးခဲ့တာဖြစ်ပြီး အာဆင်နယ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပွဲဦးထွက်ပါဝင်ကစားခဲ့ရင်း ဘယ်လ်ဂျီယမ်တိုက်စစ်မှူးဟာ ဂိုးပါသွင်းယူနိုင်ခဲ့တဲ့အချိန်မှာ ချဲလ်ဆီးရဲ့ပဟေဋ္ဌိမှာ ပျောက်ဆုံးနေတဲ့ အပိုင်းတစ်ခုကို ရှာတွေ့ခဲ့ပုံပေါ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း လူကာကူးဟာ ပွဲဦးထွက်ပွဲစဉ်နောက်ပိုင်း တစ်ပွဲသာ ဂိုးပေါက် ရှာတွေ့ခဲ့ပြီး အဲဒီပွဲစဉ်ကတော့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ အက်စ်တန် ဗီလာကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာဖြစ်ပါတယ်။ လူကာကူးဟာ ပြီးခဲ့တဲ့ပွဲအနည်းငယ်ကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပေမယ့် လက်ရှိမှာတော့ ချက်ချင်း ပြန်ခြေစွမ်းပြသဖို့ မျှော်လင့်နေမှာဖြစ်ပြီး တူဟယ်အနေနဲ့ လူကာကူးအတွက် အကူအညီအများကြီးဖြစ်စေမယ့် တိုက်စစ်မှာ ဗာနာနဲ့အတူ ၃-၅-၂ ကစားကွက်ကို ပြောင်းလဲအသုံးပြုမယ့်ပုံပေါ်ပါတယ်။

၃။ ခိုင် ဟားဗတ်ဇ်

ခိုင် ဟားဇတ်ဇ်ကို ဒီရာသီအစမှာ ပွဲထွက်ကစားသမား ၁၁ ဦးထဲကို ထည့်ဖို့က တူဟယ်အတွက် ခေါင်းကိုက်စရာဖြစ်ခဲ့ပေမယ့် ဗာနာနဲ့ လူကာကူးတို့ ၂ ယောက်စလုံး အတူတူ ဒဏ်ရာရရှိသွားခဲ့ချိန်မှာတော့ အဲဒါက လွယ်ကူသွားခဲ့ပါတယ်။ ဟားဗတ်ဇ်ဟာ အထောင်တိုက်စစ်နေရာမှာ ကစားရပေမယ့် ဂျာမန်ကွင်းလယ်ကြယ်ပွင့်ဟာ လက်ခံနိုင်လောက်တဲ့ စွမ်းဆောင်ရည်ထက်တောင် ပိုမို လုပ်ပြထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဟားဗတ်ဇ်ဟာ ယခုရာသီမှာ ၂ ဂိုးသာ သွင်းယူထားနိုင်သေးပေမယ့် အဲဒီ ၂ ဂိုးစလုံးက လီဗာပူးလ်၊ ဘန်လေတို့နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်တွေမှာ သွင်းယူပေးခဲ့တာကြောင့် အရေးကြီးတဲ့ဂိုးတွေလို့ ပြောရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စွမ်းဆောင်ရည်အားလုံးခြုံကြည့်မယ်ဆိုရင် ဟားဗတ်ဇ်အနေနဲ့ လုပ်စရာတွေ အများကြီးရှိနေသေးပြီး လျင်လျင်မြန်မြန် တိုးတက်အောင်မလုပ်နိုင်ဘူးဆိုရင်တော့ ပွဲထွက်ကစားသမားစာရင်းမှာ နေရာရမှာမဟုတ်လောက်ပါဘူး။

၂။ တီမို ဗာနာ

ဂျာမန်တိုက်စစ်မှူးဟာ လိုက်ပ်ဇစ်နဲ့အတူ ဘွန်ဒက်စ်လီဂါမှာ အလွန်တောက်ပတဲ့ ခြေစွမ်းပြသခဲ့သူဖြစ်ပြီး ဥရောပတလွှားက အသင်းတွေအားလုံးက ခေါ်ယူချင်ခဲ့ကြတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက ၂၀၂၀ မှာ ဗာနာကို အရခေါ်ယူနိုင်ခဲ့ပြီး ကြိုတင်မှန်းဆနိုင်တဲ့ အနာဂတ်အတွက် ၎င်းတို့ လိုအပ်နေတဲ့ တိုက်စစ်မှူးကို ရခဲ့တဲ့ပုံ ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗာနာရဲ့ ပွဲဦးထွက်ပြီးကတည်းက အရာအားလုံးက လုံးဝကို ပြောင်းပြန်ဖြစ်နေခဲ့တာဖြစ်ပြီး ဂျာမန်တိုက်စစ်မှူးဟာ တော်တော်လေးခြေစွမ်းမတည်ငြိမ်ခဲ့တာဖြစ်ပါတယ်။

ဗာနာဟာ မှန်ကန်တဲ့ ပြေးလွှားထိုးဖောက်မှုတွေ၊ ဘောလုံးပေးပို့မှုတွေကို လျင်လျင်မြန်မြန် ရှာဖွေနိုင်တာနဲ့ အသင်းဖော်တွေအတွက် နေရာလွတ်တွေ ရရှိအောင် လုပ်ပေးနိုင်ပေမယ့် ဂိုးရှေ့ရောက်လို့ ကန်သွင်းလိုက်ပြီဆိုတာနဲ့ တော်တော်လေး လွဲချော်နေခဲ့တာဖြစ်ပါတယ်။ နည်းပြ တူဟယ်ဟာ ဗာနာနဲ့အတူ လာမယ့်လအနည်းငယ်မှာ အနီးကပ် အလုပ်လုပ်ဖို့ လိုအပ်နေပြီး ဂျာမန်တိုက်စစ်မှူးအနေနဲ့ ယုံကြည်မှု ပြန်လည်ရရှိချင်တယ်ဆိုရင် ဂိုးအနည်းငယ်ကို လျင်လျင်မြန်မြန်သွင်းယူဖို့ လိုအပ်မှာဖြစ်ပါတယ်။

၁။ ဆာအူးလ် နီဂယ်

ဆာအူးလ်ဟာ ယခုနွေရာသီမှာ အငှားနဲ့ ခေါ်ယူခဲ့တဲ့ အလားအလာများစွာရှိတဲ့ ကစားသမားဖြစ်ပြီး ဥရောပတလွှားက ထိပ်တန်းအသင်းအနည်းငယ်က အက်သလက်တီကို မက်ဒရစ်ကနေ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ချဲလ်ဆီးအသင်းက စပိန်ကွင်းလယ်ကြယ်ပွင့်ကို အပြောင်းအရွှေ့စျေးကွက် နောက်ဆုံးနေ့မှာ အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပေမယ့်လည်း ဆာအူးလ်က အပြီးသတ်ခေါ်ယူရလောက်တဲ့အရာတစ်ခုမှ လုပ်ဆောင်ထားနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်ကြယ်ပွင့်ဟာ အက်စ်တန်ဗီလာနဲ့ ကစားခဲ့တဲ့ပွဲဦးထွက်ပွဲစဉ်မှာ ဖိအားတွေအောက် ရောက်ရှိနေခဲ့တာကြောင့် အလွဲလွဲအချော်ချော်ဖြစ်နေခဲ့ပြီး ပထမပိုင်းအပြီးမှာ နည်းပြတူဟယ်ရဲ့ လူစားလဲလှယ်ခြင်းကို ခံခဲ့ရပါတယ်။ ဆာအူးလ်ဟာ အငှားနဲ့ ပြောင်းရွှေ့လာပြီးကတည်းက ချဲလ်ဆီးအတွက် ၅ ပွဲသာ ပါဝင်ကစားပေးထားရသေးပြီး စတမ်းဖို့ဒ် ဘရစ်ဂျ်က ပထမအသင်းကစားသမားတွေလုပ်နိုင်မယ်လို့ မျှော်မှန်းထားတဲ့အရာတွေနဲ့ နီးစပ်တဲ့အရာတစ်ခုလောက်တောင် လုပ်ဆောင်ထားနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ အကောင်းဘက်ကကြည့်မယ်ဆိုရင်တော့ ဆာအူးလ်အနေနဲ့ ဇန်နဝါရီမှာ စပိန်ကို ပြန်သွားနိုင်ဖို့ အရမ်းကောင်းမွန်တဲ့ အခွင့်အရေးရှိနေတာဖြစ်ပြီး ချဲလ်ဆီးကတော့ အက်သလက်တီကို မက်ဒရစ်ကွင်းလယ်လူကို အပြီးသတ် ခေါ်ယူမှာမဟုတ်တော့တာ ကျိန်းသေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ ယခုရာသီမွာ ပုံစံေကာင္းရရွိေနၿပီး ၿပိဳင္ပြဲစုံမွာလည္း ၂ ပြဲသာ ရႈံးနိမ့္ခဲ့ထားခဲ့တာေၾကာင့္ ကစားသမားေတြအားလုံးဟာ ေကာင္းေကာင္း ကူညီေပးထားနိုင္တဲ့ပုံ ေပၚပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ယခုရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ မတူညီတဲ့ ဂိုးသြင္းရွင္ ၁၅ ဦးကို ပိုင္ဆိုင္ထားေပမယ့္လည္း တူဟယ္ရဲ့ လူစာရင္းထဲမွာ ပိုၿပီး အားစိုက္လုပ္ေဆာင္ဖို႔ လိုအပ္ေနတဲ့ ကစားသမားအနည္းငယ္လည္း ရွိေနပါတယ္။ နည္းၿပ ေသာမတ္စ္ တူဟယ္အေနနဲ႔ ပုံမွန္စြမ္းေဆာင္ရည္ေအာက္က်ဆင္းေနတဲ့ ကစားသမားေတြဆီကေန ပိုမိုေကာင္းမြန္တဲ့စြမ္းေဆာင္ရည္ကို ေမၽွာ္လင့္ေနမွာျဖစ္ၿပီး ယခုရာသီမွာ ဆုဖလားေတြကို ရရွိဖို႔အတြက္ အသင္းမွာရွိသမၽွ ကစားသမားတိုင္းဟာ အေကာင္းဆုံးျဖစ္ေနဖို႔လိုအပ္မွာျဖစ္တာေၾကာင့္ ယခုရာသီမွာ ပုံမွန္ေျခစြမ္းေအာက္က်ဆင္းေနတဲ့ ကစားသမား ၅ ဦးကို ေဖာ္ျပေပးလိုက္ပါတယ္။

၅။ ဟာကင္း ဇီယက္ရွ္

ၿပီးခဲ့တဲ့ရာသီမွာ အိုင္းယက္စ္ကေန ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕လာၿပီးကတည္းက ေတာ္ေတာ္ေလး ေျခစြမ္းမတည္မၿငိမ္ျဖစ္ေနခဲ့တဲ့ ဇီယက္ရွ္ဆီကေန တူဟယ္အေနနဲ႔ ပိုမိုေကာင္းမြန္တဲ့ ေျခစြမ္းကို ျမင္ခ်င္ေနမွာျဖစ္ပါတယ္။ ေမာ္ရိုကိုလက္ေရြးစင္ေတာင္ပံကစားသမားဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ ၆ ပြဲပါဝင္ကစားေပးထားေပမယ့္ ၁ ႀကိမ္သာ ဂိုးဖန္တီးမႈ ျပဳလုပ္ထားနိုင္ေသးၿပီး ခ်န္ပီယံလိဂ္မွာလည္း ထူးမျခားနားပါပဲ။ ဇီယက္ရွ္ဟာ ခ်ဲလ္ဆီးအတြက္ ကစားေပးခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ ၄ ပြဲမွာ သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္သာ ျပဳလုပ္ထားနိုင္ေသးတာျဖစ္ၿပီး သတင္းေတြက ဇီယက္ရွ္ဟာ ပြဲကစားခ်ိန္မရတာေၾကာင့္ လာမယ့္ ဇန္နဝါရီမွာ ခ်ဲလ္ဆီးကို စြန႔္ခြာေတာ့မယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

၄။ လူကာကူး

ခ်ဲလ္ဆီးအသင္းဟာ တိုက္စစ္မႉးတစ္ဦးမျဖစ္မေန လိုအပ္ေနတာေၾကာင့္ ယခုႏွစ္ေႏြရာသီမွာ လူကာကူးကို အသင္းစံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၉၇.၅ သန္းနဲ႔ ေခၚယူခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ယခုရာသီ ဆုဖလားေတြကို ပိုမိုစိန္ေခၚခ်င္တာေၾကာင့္ တူဟယ္ လိုခ်င္တဲ့ကစားသမားကို အရေခၚယူေပးခဲ့တာျဖစ္ၿပီး အာဆင္နယ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ပြဲဦးထြက္ပါဝင္ကစားခဲ့ရင္း ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးဟာ ဂိုးပါသြင္းယူနိုင္ခဲ့တဲ့အခ်ိန္မွာ ခ်ဲလ္ဆီးရဲ့ပေဟ႒ိမွာ ေပ်ာက္ဆုံးေနတဲ့ အပိုင္းတစ္ခုကို ရွာေတြ႕ခဲ့ပုံေပၚခဲ့ပါတယ္။

ဒါေပမယ့္လည္း လူကာကူးဟာ ပြဲဦးထြက္ပြဲစဥ္ေနာက္ပိုင္း တစ္ပြဲသာ ဂိုးေပါက္ ရွာေတြ႕ခဲ့ၿပီး အဲဒီပြဲစဥ္ကေတာ့ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ အက္စ္တန္ ဗီလာကို ၃-၀ နဲ႔ အနိုင္ရခဲ့တဲ့ပြဲမွာျဖစ္ပါတယ္။ လူကာကူးဟာ ၿပီးခဲ့တဲ့ပြဲအနည္းငယ္ကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ေပမယ့္ လက္ရွိမွာေတာ့ ခ်က္ခ်င္း ျပန္ေျခစြမ္းျပသဖို႔ ေမၽွာ္လင့္ေနမွာျဖစ္ၿပီး တူဟယ္အေနနဲ႔ လူကာကူးအတြက္ အကူအညီအမ်ားႀကီးျဖစ္ေစမယ့္ တိုက္စစ္မွာ ဗာနာနဲ႔အတူ ၃-၅-၂ ကစားကြက္ကို ေျပာင္းလဲအသုံးျပဳမယ့္ပုံေပၚပါတယ္။

၃။ ခိုင္ ဟားဗတ္ဇ္

ခိုင္ ဟားဇတ္ဇ္ကို ဒီရာသီအစမွာ ပြဲထြက္ကစားသမား ၁၁ ဦးထဲကို ထည့္ဖို႔က တူဟယ္အတြက္ ေခါင္းကိုက္စရာျဖစ္ခဲ့ေပမယ့္ ဗာနာနဲ႔ လူကာကူးတို႔ ၂ ေယာက္စလုံး အတူတူ ဒဏ္ရာရရွိသြားခဲ့ခ်ိန္မွာေတာ့ အဲဒါက လြယ္ကူသြားခဲ့ပါတယ္။ ဟားဗတ္ဇ္ဟာ အေထာင္တိုက္စစ္ေနရာမွာ ကစားရေပမယ့္ ဂ်ာမန္ကြင္းလယ္ၾကယ္ပြင့္ဟာ လက္ခံနိုင္ေလာက္တဲ့ စြမ္းေဆာင္ရည္ထက္ေတာင္ ပိုမို လုပ္ျပထားနိုင္ခဲ့တာျဖစ္ပါတယ္။

ဟားဗတ္ဇ္ဟာ ယခုရာသီမွာ ၂ ဂိုးသာ သြင္းယူထားနိုင္ေသးေပမယ့္ အဲဒီ ၂ ဂိုးစလုံးက လီဗာပူးလ္၊ ဘန္ေလတို႔နဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္ေတြမွာ သြင္းယူေပးခဲ့တာေၾကာင့္ အေရးႀကီးတဲ့ဂိုးေတြလို႔ ေျပာရမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း စြမ္းေဆာင္ရည္အားလုံးျခဳံၾကည့္မယ္ဆိုရင္ ဟားဗတ္ဇ္အေနနဲ႔ လုပ္စရာေတြ အမ်ားႀကီးရွိေနေသးၿပီး လ်င္လ်င္ျမန္ျမန္ တိုးတက္ေအာင္မလုပ္နိုင္ဘူးဆိုရင္ေတာ့ ပြဲထြက္ကစားသမားစာရင္းမွာ ေနရာရမွာမဟုတ္ေလာက္ပါဘူး။

၂။ တီမို ဗာနာ

ဂ်ာမန္တိုက္စစ္မႉးဟာ လိုက္ပ္ဇစ္နဲ႔အတူ ဘြန္ဒက္စ္လီဂါမွာ အလြန္ေတာက္ပတဲ့ ေျခစြမ္းျပသခဲ့သူျဖစ္ၿပီး ဥေရာပတလႊားက အသင္းေတြအားလုံးက ေခၚယူခ်င္ခဲ့ၾကတာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းက ၂၀၂၀ မွာ ဗာနာကို အရေခၚယူနိုင္ခဲ့ၿပီး ႀကိဳတင္မွန္းဆနိုင္တဲ့ အနာဂတ္အတြက္ ၎တို႔ လိုအပ္ေနတဲ့ တိုက္စစ္မႉးကို ရခဲ့တဲ့ပုံ ေပၚခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဗာနာရဲ့ ပြဲဦးထြက္ၿပီးကတည္းက အရာအားလုံးက လုံးဝကို ေျပာင္းျပန္ျဖစ္ေနခဲ့တာျဖစ္ၿပီး ဂ်ာမန္တိုက္စစ္မႉးဟာ ေတာ္ေတာ္ေလးေျခစြမ္းမတည္ၿငိမ္ခဲ့တာျဖစ္ပါတယ္။

ဗာနာဟာ မွန္ကန္တဲ့ ေျပးလႊားထိုးေဖာက္မႈေတြ၊ ေဘာလုံးေပးပို႔မႈေတြကို လ်င္လ်င္ျမန္ျမန္ ရွာေဖြနိုင္တာနဲ႔ အသင္းေဖာ္ေတြအတြက္ ေနရာလြတ္ေတြ ရရွိေအာင္ လုပ္ေပးနိုင္ေပမယ့္ ဂိုးေရွ႕ေရာက္လို႔ ကန္သြင္းလိုက္ၿပီဆိုတာနဲ႔ ေတာ္ေတာ္ေလး လြဲေခ်ာ္ေနခဲ့တာျဖစ္ပါတယ္။ နည္းၿပ တူဟယ္ဟာ ဗာနာနဲ႔အတူ လာမယ့္လအနည္းငယ္မွာ အနီးကပ္ အလုပ္လုပ္ဖို႔ လိုအပ္ေနၿပီး ဂ်ာမန္တိုက္စစ္မႉးအေနနဲ႔ ယုံၾကည္မႈ ျပန္လည္ရရွိခ်င္တယ္ဆိုရင္ ဂိုးအနည္းငယ္ကို လ်င္လ်င္ျမန္ျမန္သြင္းယူဖို႔ လိုအပ္မွာျဖစ္ပါတယ္။

၁။ ဆာအူးလ္ နီဂယ္

ဆာအူးလ္ဟာ ယခုေႏြရာသီမွာ အငွားနဲ႔ ေခၚယူခဲ့တဲ့ အလားအလာမ်ားစြာရွိတဲ့ ကစားသမားျဖစ္ၿပီး ဥေရာပတလႊားက ထိပ္တန္းအသင္းအနည္းငယ္က အက္သလက္တီကို မက္ဒရစ္ကေန ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။ ေနာက္ဆုံးမွာေတာ့ ခ်ဲလ္ဆီးအသင္းက စပိန္ကြင္းလယ္ၾကယ္ပြင့္ကို အေျပာင္းအေရႊ႕ေစ်းကြက္ ေနာက္ဆုံးေန႔မွာ အၿပီးသတ္ေခၚယူခြင့္ပါဝင္တဲ့ အငွားစာခ်ဳပ္နဲ႔ ေခၚယူနိုင္ခဲ့ေပမယ့္လည္း ဆာအူးလ္က အၿပီးသတ္ေခၚယူရေလာက္တဲ့အရာတစ္ခုမွ လုပ္ေဆာင္ထားနိုင္ျခင္းမရွိေသးတာျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္ၾကယ္ပြင့္ဟာ အက္စ္တန္ဗီလာနဲ႔ ကစားခဲ့တဲ့ပြဲဦးထြက္ပြဲစဥ္မွာ ဖိအားေတြေအာက္ ေရာက္ရွိေနခဲ့တာေၾကာင့္ အလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္ေနခဲ့ၿပီး ပထမပိုင္းအၿပီးမွာ နည္းျပတူဟယ္ရဲ့ လူစားလဲလွယ္ျခင္းကို ခံခဲ့ရပါတယ္။ ဆာအူးလ္ဟာ အငွားနဲ႔ ေျပာင္းေရႊ႕လာၿပီးကတည္းက ခ်ဲလ္ဆီးအတြက္ ၅ ပြဲသာ ပါဝင္ကစားေပးထားရေသးၿပီး စတမ္းဖို႔ဒ္ ဘရစ္ဂ်္က ပထမအသင္းကစားသမားေတြလုပ္နိုင္မယ္လို႔ ေမၽွာ္မွန္းထားတဲ့အရာေတြနဲ႔ နီးစပ္တဲ့အရာတစ္ခုေလာက္ေတာင္ လုပ္ေဆာင္ထားနိုင္ျခင္းမရွိေသးတာျဖစ္ပါတယ္။ အေကာင္းဘက္ကၾကည့္မယ္ဆိုရင္ေတာ့ ဆာအူးလ္အေနနဲ႔ ဇန္နဝါရီမွာ စပိန္ကို ျပန္သြားနိုင္ဖို႔ အရမ္းေကာင္းမြန္တဲ့ အခြင့္အေရးရွိေနတာျဖစ္ၿပီး ခ်ဲလ္ဆီးကေတာ့ အက္သလက္တီကို မက္ဒရစ္ကြင္းလယ္လူကို အၿပီးသတ္ ေခၚယူမွာမဟုတ္ေတာ့တာ က်ိန္းေသပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.