Match Report Premier League

နောက်ကျအနိုင်ဂိုးနဲ့ ပဲလေ့စ်ကို ကျော်ဖြတ်ပြီး တန်းဆင်းဇုန်က ရုန်းထွက်တဲ့ လိဒ်စ်

လိဒ်စ်ယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ခရစ္စတယ်လ် ပဲလေ့စ်အသင်းတို့ တွေ့ဆုံခဲ့တဲ့ ပွဲစဉ်ကတော့ ဘောလုံးပရိသတ်တွေအတွက် စိတ်ဝင်စားစရာဖြစ်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေးတဲ့ နှစ်သင်းရဲ့ ယှဉ်ပြိုင်မှုမှာ ဝါရင့်နည်းပြ ဘီယယ်လ်ဆာနဲ့ လူငယ်နည်းပြ ဗီယာရာတို့ရဲ့ မတူညီတဲ့ ပုံစံတွေကို စောင့်ကြည့်ဖို့ ဖြစ်လာခဲ့ပါတယ်။

လိဒ်စ်တို့အနေနဲ့ သူတို့ရဲ့ ဒဏ်ရာကြောင့် မပါဝင်နိုင်သေးတဲ့ တိုက်စစ်မှူးနှစ်ဦးကို ချန်ထားခဲ့ရပြီး ရိုဒရီဂိုကိုတော့ အရန်ခုံမှာ ထည့်သွင်းခဲ့သလို စပါးစ်နဲ့ပွဲက ခြေစွမ်းပြတဲ့ လူငယ် ဂါးဟာ့ဒ်အစား တိုင်လာ ရောဘတ်စ်ကို အထောင်ထားခဲ့ချိန်မှာ ရာဖင်ညာ၊ ဒန်ဂျိမ်းစ်၊ ဖိလစ်၊ ကလစ်ချ်၊ ဒါးလက်စ်တို့ကိ ထည့်သွင်းလာခဲ့တာပါ။

ပဲလေ့စ်တို့ကတော့ ဝါရင့်တိုက်စစ်မှူး ဘန်တီကီကို အရန်ခုံမှာထားခဲ့ပြီး အေဒူယာကို ဇာဟာနဲ့ အာယူးတို့ ခြံရံပြီး ပွဲထွက်လာခဲ့သလို ကွင်းလယ်မှာတော့ ဂယ်လာဂါ၊ ကူယာတေးနဲ့ ရှလု(ပ်)တို့ကို ထည့်သွင်းခဲ့ချိန်မှာ အဓိက နောက်ခံလူတစ်ဦးဖြစ်တဲ့ အန်ဒါဆန်ကတော့ ဒီနေ့ပွဲကိုလည်း ဆက်လက်လွဲချော်ခဲ့ပြီး မြန်မာပရိသတ်တွေ နောက်ပြောင်ပြီး ခေါ်တဲ့ ခံစစ်မှူး ထွန်းခင်(တွမ်ကင်းစ်)ကိုပဲ သုံးစွဲခဲ့ရပါတယ်။

ပရိသတ်တွေ သိချင်နေကြတဲ့ အဖြေဖြစ်တဲ့ ဘောလုံးပိုင်ဆိုင်မှုကတော့ ဝါရင့်အာဂျင်တီးနားနည်းပြကြီး အိမ်ရှင်အသင်းဘက်ကပဲ ရရှိသွားခဲ့ပြီး အယ်လန်ရုဒ်မှာ ပွဲကို စိုးမိုးကစားခဲ့သလို ကွင်းလယ်မှာ လူကြီးပါမလာဘဲ ကလေးတွေနဲ့ လွှတ်ထားခဲ့တဲ့ ပဲလေ့စ်တို့ကတော့ လိဒ်စ်ကွင်းလယ်ကို ယှဉ်ပြီး ကစားနိုင်ဖို့ ခက်ခဲနေခဲ့တာပါ။

လိဒ်စ်ရဲ့ ညာခြမ်းက ရာဖင်ညာကို ပဲလေ့စ်တို့ မထိန်းနိုင်ခဲ့သလို ပဲလေ့စ်တို့ရဲ့ တန်ပြန်တိုက်စစ်က ဇာဟာတို့ရဲ့ တွဲလုံးတွေကိုတော့ လိဒ်စ်တို့လည်း မနည်းထိန်းခဲ့ရပြီး ဒီအသက်ဒီအရွယ်အထိ ဘာမှဖြစ်မလာခဲ့ဘဲ ခေါင်းသုံးမကစားတတ်တဲ့ ဂျော်ဒန် အာယူးသာ မဟုတ်ခဲ့ရင် သူတို့တွေ ပိုပြီး အခွင့်အရေးရဖို့လည်း ရှိခဲ့တာဖြစ်ပါတယ်။

ပဲလေ့စ်တို့ ကန်ချက်တွေက ဂိုးဘေးဝဲယာမှာချည်းဖြစ်နေခဲ့သလို အဆုံးသတ်ပိုင်းတွေက နည်းပြ ဗီယာရာကို စိတ်ပျက်စေခဲ့ပြီး လိဒ်စ်ကလည်း ကစားကွက်က ကောင်းပြီး ဂိုးရှေ့ရောက်တော့မှ အဖျားရှူးသွားခဲ့လို့ ပထမပိုင်းက ဟင်ဟာတောက်ကျွတ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ရပြီး စိတ်လှုပ်ရှားစရာအချို့တော့ ရှိခဲ့ပေမယ့် ဂိုးမရှိသရေဘဝက မတက်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း လိဒ်စ်တို့ပဲ ဘောလုံးပိုင်ဆိုင်မှုကို ဆက်ထိန်းနိုင်ခဲ့ပြီး ပဲလေ့စ်တို့ကတော့ ကောင်တာကစားသွားခဲ့သလို ဧည့်သည်ခံစစ်ရဲ့ ကျစ်လျစ်မှုတွေမှာ အိမ်ရှင်တွေ အနည်းငယ် အချိတ်အဆက်လွဲခဲ့ရပြီး ပွဲချိန် ၅၃ မိနစ်မှာတော့ မြန်နှုန်းမြင့် ဒန်ဂျိမ်းစ်ရဲ့ ဖောက်ထွက်ပြီး ဖန်တီးပေးမှုကနေ လူစားဝင်တိုက်စစ်မှူး ရိုဒရီဂိုက ပိတ်ရမယ့် ဘောလုံးကို အရှိန်နဲ့ လိမ်ဖို့ ကြိုးစားရာမှာတော့ ဂိုးလွန်ဘောဖြစ်ပြီး နစ်နာခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာ လိဒ်စ်တို့ ဆက်တိုက်ဖိကစားခဲ့ပြီး ပဲလေ့စ်ကတော့ ဒါကို တုံ့ပြန်နိုင်ဖို့ အေဒူယာအစား ဘန်တီကီကို လူစားသွင်းခဲ့သလို တန်ပြန်တိုက်စစ်ကနေ ပြန်လည်ဖိအားပေးဖို့ ကြိုးစားခဲ့ပေမယ့် တစ်ပွဲလုံးမှာ ဂိုးပေါက်တစ်ကြိမ်သာ တည့်ခဲ့တာကတော့ သူတို့တွေအတွက် ခါးသီးမှုပဲ ဖြစ်ခဲ့ပါတယ်။

ဂိုးနားရောက်ရင် လိဒ်စ်ရော ပဲလေ့စ်ပါ အလုပ်မဖြစ်တာကြောင့် ဂိုးသမားတွေတောင် သိပ်မကာကွယ်ခဲ့ရချိန်မှာ ပွဲချိန် ၇၉ မိနစ်မှာ ဂိုးသမား မေလီယေးနဲ့ အသင်းခေါင်းဆောင် နောက်ခံလူ ကူးပါးတို့ နားလည်မှု လွဲရာကနေ ဘန်တီကီက ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့် ကန်ချက်က ပျော့တာကြောင့် ဂိုးစည်းမကျော်ခင်မှာ
ပြန်လည်ဖမ်းယူသွားနိုင်ခဲ့လို့ ပဲလေ့စ်တို့ နစ်နာခဲ့ရတာပါ။

ဂိုးပေါက်နဲ့ ဘောလုံး ရန်ဖြစ်ထားကြတဲ့ အခြေအနေမှာ ဂိုးမရှိသရေနဲ့ပဲ ပွဲပြီးတော့မယ်လို့ ထင်နေတုန်း နာကျင်အချိန်ပို ၁ မိနစ်မှာတော့ လိဒ်စ်တို့ ပင်နယ်တီရခဲ့ပြီး ရာဖင်ညာရဲ့ ထောင့်ကန်ဘောကနေ နောက်ခံလူ ကူးပါး ခေါင်းတိုက်ခဲ့ရာမှာ ပဲလေ့စ်ခံစစ်မှူး ဂေဟီရဲ့ လက်နဲ့ ထိခဲ့လို့ စောဒက တက်ခဲ့ကြအပြီးမှာတော့ VAR နဲ့ အတည်ပြုပေးခဲ့ရတာဖြစ်ပါတယ်။

ဒီအခွင့်အရေးကိုတော့ ကျန်နေကျ ရိုဒရီဂိုက မကန်ဘဲ ရာဖင်ညာက တာဝန်ယူကန်သွင်းခဲ့ရပြီး တစ်ချက်တုံ့ရပ်ပြီးမှ ကန်သွင်းရဲ့ ဘရာဇီးလ်သားရဲ့ ပင်နယ်တီကန်ချက်ကို ဂိုးသမား ဂွိုင်တာ စောင့်ပြီးကာကွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဒိုက်ပစ်ရာမှာ မမီခဲ့တာကြောင့် တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ လိဒ်စ်တို့ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

ဒီပွဲအနိုင်ကြောင့် လိဒ်စ်ယူနိုက်တက်တို့ တန်းဆင်းဇုန်နဲ့ အဝေးကို တက်ရောက်လာနိုင်ခဲ့ပြီး ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်နိုင်ခဲ့သလို ဗီလာနည်းပြ စတီဗင် ဂျရတ်နဲ့ ယှဉ်ရင် အမှတ်လျှော့ရတော့မယ့် ဗီယာရာရဲ့ ပဲလေ့စ်တို့ကတော့ နောက်ဆုံးသုံးပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးပြီး ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၁၂ မှာ ရပ်တည်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လိဒ္စ္ယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ခရစၥတယ္လ္ ပဲေလ့စ္အသင္းတို႔ ေတြ႕ဆုံခဲ့တဲ့ ပြဲစဥ္ကေတာ့ ေဘာလုံးပရိသတ္ေတြအတြက္ စိတ္ဝင္စားစရာျဖစ္ခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈကို ဦးစားေပးတဲ့ ႏွစ္သင္းရဲ႕ ယွဥ္ၿပိဳင္မႈမွာ ဝါရင့္နည္းျပ ဘီယယ္လ္ဆာနဲ႔ လူငယ္နည္းျပ ဗီယာရာတို႔ရဲ႕ မတူညီတဲ့ ပုံစံေတြကို ေစာင့္ၾကည့္ဖို႔ ျဖစ္လာခဲ့ပါတယ္။

လိဒ္စ္တို႔အေနနဲ႔ သူတို႔ရဲ႕ ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္ေသးတဲ့ တိုက္စစ္မႉးႏွစ္ဦးကို ခ်န္ထားခဲ့ရၿပီး ႐ိုဒရီဂိုကိုေတာ့ အရန္ခုံမွာ ထည့္သြင္းခဲ့သလို စပါးစ္နဲ႔ပြဲက ေျခစြမ္းျပတဲ့ လူငယ္ ဂါးဟာ့ဒ္အစား တိုင္လာ ေရာဘတ္စ္ကို အေထာင္ထားခဲ့ခ်ိန္မွာ ရာဖင္ညာ၊ ဒန္ဂ်ိမ္းစ္၊ ဖိလစ္၊ ကလစ္ခ်္၊ ဒါးလက္စ္တို႔ကိ ထည့္သြင္းလာခဲ့တာပါ။

ပဲေလ့စ္တို႔ကေတာ့ ဝါရင့္တိုက္စစ္မႉး ဘန္တီကီကို အရန္ခုံမွာထားခဲ့ၿပီး ေအဒူယာကို ဇာဟာနဲ႔ အာယူးတို႔ ၿခံရံၿပီး ပြဲထြက္လာခဲ့သလို ကြင္းလယ္မွာေတာ့ ဂယ္လာဂါ၊ ကူယာေတးနဲ႔ ရွလု(ပ္)တို႔ကို ထည့္သြင္းခဲ့ခ်ိန္မွာ အဓိက ေနာက္ခံလူတစ္ဦးျဖစ္တဲ့ အန္ဒါဆန္ကေတာ့ ဒီေန႔ပြဲကိုလည္း ဆက္လက္လြဲေခ်ာ္ခဲ့ၿပီး ျမန္မာပရိသတ္ေတြ ေနာက္ေျပာင္ၿပီး ေခၚတဲ့ ခံစစ္မႉး ထြန္းခင္(တြမ္ကင္းစ္)ကိုပဲ သုံးစြဲခဲ့ရပါတယ္။

ပရိသတ္ေတြ သိခ်င္ေနၾကတဲ့ အေျဖျဖစ္တဲ့ ေဘာလုံးပိုင္ဆိုင္မႈကေတာ့ ဝါရင့္အာဂ်င္တီးနားနည္းျပႀကီး အိမ္ရွင္အသင္းဘက္ကပဲ ရရွိသြားခဲ့ၿပီး အယ္လန္႐ုဒ္မွာ ပြဲကို စိုးမိုးကစားခဲ့သလို ကြင္းလယ္မွာ လူႀကီးပါမလာဘဲ ကေလးေတြနဲ႔ လႊတ္ထားခဲ့တဲ့ ပဲေလ့စ္တို႔ကေတာ့ လိဒ္စ္ကြင္းလယ္ကို ယွဥ္ၿပီး ကစားႏိုင္ဖို႔ ခက္ခဲေနခဲ့တာပါ။

လိဒ္စ္ရဲ႕ ညာျခမ္းက ရာဖင္ညာကို ပဲေလ့စ္တို႔ မထိန္းႏိုင္ခဲ့သလို ပဲေလ့စ္တို႔ရဲ႕ တန္ျပန္တိုက္စစ္က ဇာဟာတို႔ရဲ႕ တြဲလုံးေတြကိုေတာ့ လိဒ္စ္တို႔လည္း မနည္းထိန္းခဲ့ရၿပီး ဒီအသက္ဒီအ႐ြယ္အထိ ဘာမွျဖစ္မလာခဲ့ဘဲ ေခါင္းသုံးမကစားတတ္တဲ့ ေဂ်ာ္ဒန္ အာယူးသာ မဟုတ္ခဲ့ရင္ သူတို႔ေတြ ပိုၿပီး အခြင့္အေရးရဖို႔လည္း ရွိခဲ့တာျဖစ္ပါတယ္။

ပဲေလ့စ္တို႔ ကန္ခ်က္ေတြက ဂိုးေဘးဝဲယာမွာခ်ည္းျဖစ္ေနခဲ့သလို အဆုံးသတ္ပိုင္းေတြက နည္းျပ ဗီယာရာကို စိတ္ပ်က္ေစခဲ့ၿပီး လိဒ္စ္ကလည္း ကစားကြက္က ေကာင္းၿပီး ဂိုးေရွ႕ေရာက္ေတာ့မွ အဖ်ားရႉးသြားခဲ့လို႔ ပထမပိုင္းက ဟင္ဟာေတာက္ကြၽတ္နဲ႔ပဲ ပြဲၿပီးဆုံးခဲ့ရၿပီး စိတ္လႈပ္ရွားစရာအခ်ိဳ႕ေတာ့ ရွိခဲ့ေပမယ့္ ဂိုးမရွိသေရဘဝက မတက္ႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း လိဒ္စ္တို႔ပဲ ေဘာလုံးပိုင္ဆိုင္မႈကို ဆက္ထိန္းႏိုင္ခဲ့ၿပီး ပဲေလ့စ္တို႔ကေတာ့ ေကာင္တာကစားသြားခဲ့သလို ဧည့္သည္ခံစစ္ရဲ႕ က်စ္လ်စ္မႈေတြမွာ အိမ္ရွင္ေတြ အနည္းငယ္ အခ်ိတ္အဆက္လြဲခဲ့ရၿပီး ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ျမန္ႏႈန္းျမင့္ ဒန္ဂ်ိမ္းစ္ရဲ႕ ေဖာက္ထြက္ၿပီး ဖန္တီးေပးမႈကေန လူစားဝင္တိုက္စစ္မႉး ႐ိုဒရီဂိုက ပိတ္ရမယ့္ ေဘာလုံးကို အရွိန္နဲ႔ လိမ္ဖို႔ ႀကိဳးစားရာမွာေတာ့ ဂိုးလြန္ေဘာျဖစ္ၿပီး နစ္နာခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာ လိဒ္စ္တို႔ ဆက္တိုက္ဖိကစားခဲ့ၿပီး ပဲေလ့စ္ကေတာ့ ဒါကို တုံ႔ျပန္ႏိုင္ဖို႔ ေအဒူယာအစား ဘန္တီကီကို လူစားသြင္းခဲ့သလို တန္ျပန္တိုက္စစ္ကေန ျပန္လည္ဖိအားေပးဖို႔ ႀကိဳးစားခဲ့ေပမယ့္ တစ္ပြဲလုံးမွာ ဂိုးေပါက္တစ္ႀကိမ္သာ တည့္ခဲ့တာကေတာ့ သူတို႔ေတြအတြက္ ခါးသီးမႈပဲ ျဖစ္ခဲ့ပါတယ္။

ဂိုးနားေရာက္ရင္ လိဒ္စ္ေရာ ပဲေလ့စ္ပါ အလုပ္မျဖစ္တာေၾကာင့္ ဂိုးသမားေတြေတာင္ သိပ္မကာကြယ္ခဲ့ရခ်ိန္မွာ ပြဲခ်ိန္ ၇၉ မိနစ္မွာ ဂိုးသမား ေမလီေယးနဲ႔ အသင္းေခါင္းေဆာင္ ေနာက္ခံလူ ကူးပါးတို႔ နားလည္မႈ လြဲရာကေန ဘန္တီကီက ဂိုးသြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ကန္ခ်က္က ေပ်ာ့တာေၾကာင့္ ဂိုးစည္းမေက်ာ္ခင္မွာ
ျပန္လည္ဖမ္းယူသြားႏိုင္ခဲ့လို႔ ပဲေလ့စ္တို႔ နစ္နာခဲ့ရတာပါ။

ဂိုးေပါက္နဲ႔ ေဘာလုံး ရန္ျဖစ္ထားၾကတဲ့ အေျခအေနမွာ ဂိုးမရွိသေရနဲ႔ပဲ ပြဲၿပီးေတာ့မယ္လို႔ ထင္ေနတုန္း နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ လိဒ္စ္တို႔ ပင္နယ္တီရခဲ့ၿပီး ရာဖင္ညာရဲ႕ ေထာင့္ကန္ေဘာကေန ေနာက္ခံလူ ကူးပါး ေခါင္းတိုက္ခဲ့ရာမွာ ပဲေလ့စ္ခံစစ္မႉး ေဂဟီရဲ႕ လက္နဲ႔ ထိခဲ့လို႔ ေစာဒက တက္ခဲ့ၾကအၿပီးမွာေတာ့ VAR နဲ႔ အတည္ျပဳေပးခဲ့ရတာျဖစ္ပါတယ္။

ဒီအခြင့္အေရးကိုေတာ့ က်န္ေနက် ႐ိုဒရီဂိုက မကန္ဘဲ ရာဖင္ညာက တာဝန္ယူကန္သြင္းခဲ့ရၿပီး တစ္ခ်က္တုံ႔ရပ္ၿပီးမွ ကန္သြင္းရဲ႕ ဘရာဇီးလ္သားရဲ႕ ပင္နယ္တီကန္ခ်က္ကို ဂိုးသမား ဂြိဳင္တာ ေစာင့္ၿပီးကာကြယ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဒိုက္ပစ္ရာမွာ မမီခဲ့တာေၾကာင့္ တစ္လုံးတည္းေသာ အႏိုင္ဂိုးနဲ႔ လိဒ္စ္တို႔ ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။

ဒီပြဲအႏိုင္ေၾကာင့္ လိဒ္စ္ယူႏိုက္တက္တို႔ တန္းဆင္းဇုန္နဲ႔ အေဝးကို တက္ေရာက္လာႏိုင္ခဲ့ၿပီး ရမွတ္ ၁၅ မွတ္နဲ႔ အဆင့္ ၁၅ ေနရာမွာ ရပ္တည္ႏိုင္ခဲ့သလို ဗီလာနည္းျပ စတီဗင္ ဂ်ရတ္နဲ႔ ယွဥ္ရင္ အမွတ္ေလွ်ာ့ရေတာ့မယ့္ ဗီယာရာရဲ႕ ပဲေလ့စ္တို႔ကေတာ့ ေနာက္ဆုံးသုံးပြဲဆက္တိုက္ ႏိုင္ပြဲ ေပ်ာက္ဆုံးၿပီး ရမွတ္ ၁၆ မွတ္နဲ႔ အဆင့္ ၁၂ မွာ ရပ္တည္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.