Premier League

အာဆင်နယ်လူသစ်ရဲ့ စွမ်းရည်ကို အသင်းဟောင်းနဲ့ပွဲမတိုင်မီ ချီးကျူးလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်က သူ့ရဲ့ အသင်းဟောင်းနဲ့ လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့ညမှာ ယှဉ်ပြိုင်ကစားရမယ့် အာဆင်နယ်အသင်းရဲ့ လူငယ်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ရဲ့ ထူးကဲတဲ့ လက်စွမ်းနဲ့ လက်ရှိပုံစံအတွက် ချီးကျူးလိုက်ပြီး ဂန်းနားလူသစ်ဟာ အားလုံးကို အကောင်းဆုံးခေါ်ယူမှုအဖြစ် လေးစားစေခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

ခေါ်ယူစဉ်တုန်းက အသက် ၂၃ နှစ်အရွယ် အင်္ဂလန်သားအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၂၄ သန်း ပေးခဲ့ရတာအတွက် အာဆင်နယ်တို့ကို အားလုံးက ဝေဖန်ခဲ့ကြပြီး အရန်ခုံမှာ ထားမယ့် ကစားသမားအတွက် ဒီပမာဏကို သုံးခဲ့တယ်လို့ ဆိုခဲ့ကြချိန်မှာ တစ်ဖက်ကနေ ဒီပမာဏကို သုံးထားမှတော့ အရန်ခုံမှာ ထားပါ့မလားဆိုတဲ့ အတွေးကို တွေးဖို့ မေ့နေခဲ့ကြပြီး ဒီထဲမှာ နံပါတ်တစ်ဂိုးသမား ဘန်းဒ် လီနိုလည်း ပါဝင်ခဲ့ပါတယ်။

ဒီလိုနဲ့ ပထမဆုံး ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ချိန်မှာ အရင်ရာသီကလို သူ့ကို ဖိအားပေးနိုင်မယ့်သူ မရှိလောက်ဘူးဆိုပြီး အမှားများခဲ့တဲ့ ဂျာမန်သားတစ်ယောက် ဦးစားပေးရာထူးက ပြုတ်သွားခဲ့ပြီး ပွဲစဉ် ၄ ကနေစလို့ ပွဲစဉ် ၁၃ အထိ ပရီးမီးယားလိဂ် ၁၀ ပွဲဆက်တိုက်ကို ရမ်းစ်ဒေးလ်က နည်းပြ မီခယ်လ် အာတီတာစိတ်ကြိုက် ကစားပေးနိုင်ခဲ့သလို ဒီရာသီမှာ စုစုပေါင်း ၁၁ ပွဲ ကစားခွင့်ရထားပြီး Clean Sheet ၇ ပွဲအထိ ရယူပေးထားနိုင်ခဲ့တာပါ။

“ရမ်းစ်ဒေးလ်က လူတွေ အထင်ကြီးအားကျရမယ့် ခေါ်ယူမှုမျိုးဖြစ်လာခဲ့တာပဲဗျ”လို့ ဖာဒီနန်က Vibe with Five အစီအစဉ်မှာ အစချီလိုက်ပြီး “တကယ်တော့ လူတွေက သူ့ကို သံသယတွေနဲ့ စောင့်ကြည့်ခဲ့ရပြီး သူ့မှာ တန်းဆင်းတဲ့ အတွေ့အကြုံ နှစ်ခုသုံးခုရှိနေတာက အဆိုးဖြစ်ခဲ့တာကိုး”လို့ အင်္ဂလန်လက်ရွေးစင် ပူပူနွေးနွေးရဲ့ ချက်စတာဖီးလ်ဒ်၊ ဘုန်းမောက်နဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်တို့က ဇာတ်ကြောင်းနဲ့ စတင်ခဲ့ပါတယ်။

“ဒါပေမယ့် ကာကွယ်မှုတွေ ပုံမှန်ပြုလုပ်နိုင်ပြီး Clean Sheet တွေ ရနိုင်ဖို့လည်း ထောက်ကူပေးနိုင်ခဲ့တယ်။ ၁၀ ပွဲမှာ ၆ ပွဲဆိုတာက တော်တော်လေး ထူးခြားတဲ့ ခံစစ်စွမ်းရည်ဖြစ်ပါတယ်”လို့ ဖာဒီနန်က ဆိုလိုက်ပြီး ရမ်းစ်ဒေးလ်ရဲ့ Clean Sheet ၆ ပွဲမှာ ၅ ပွဲအနိုင်ရခဲ့တဲ့ မှတ်တမ်းကောင်းကို အိုးလ်ထရက်ဖို့ဒ်မှာရော တွေ့မြင်ရမလားလို့ ယူဆနေတာပါ။

ရမ်းစ်ဒေးလ်အနေနဲ့ ဒီရာသီမှာ ကစားပြီးသမျှ ပရီးမီးယားလိဂ် ၁၀ ပွဲထဲက ဂိုးပေးခဲ့ရတဲ့ ၄ ပွဲမှာ လီဗာပူးလ်ကို ၄ ဂိုး၊ ခရစ္စတယ်လ်ပဲလေ့စ်ကို ၂ ဂိုးနဲ့ တစ်ပွဲတစ်ဂိုးထက် ပိုပေးရတဲ့ပွဲ နှစ်ပွဲရှိခဲ့ပြီး ကျန်တဲ့ စပါးစ်၊ အက်စ်တန်ဗီလာတို့နဲ့ ပွဲတွေမှာတော့ တစ်ဂိုးစီ ပေးထားခဲ့ရတာဖြစ်ပေမယ့် သူ့ရဲ့ ကာကွယ်မှုတွေကတော့ ပွဲတိုင်းမှာ သာမန်အထက် လက်စွမ်းမှာ ရှိခဲ့တာဖြစ်ပါတယ်။

သူ့ကို အင်္ဂလန်နည်းပြ ဂယ်ရက်သ် ဆောက်ဂိတ်ကလည်း ချီးကျူးထားခဲ့ပြီး အာဆင်နယ်အသင်းက စိန်ခေါ်မှုတွေကို သူ့ဂိုးသမားအနေနဲ့ အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့တယ်လို့ ဆိုထားခဲ့တာကြောင့် လာမယ့်ပွဲတွေမှာ အဲဗာတန်ရဲ့ ဂျော်ဒန် ပစ်ခ်ဖို့ဒ် အမှားလုပ်ခဲ့ရင် လက်ရွေးစင်ပွဲထွက်ခွင့်နေရာကို ရမ်းစ်ဒေးလ်က သိမ်းပိုက်သွားနိုင်ဖွယ်ရှိနေချိန်မှာ ပရီးမီးယားလိဂ်ရဲ့ Big Six မှာ တစ်ဦးတည်းသော နံပါတ်တစ် အင်္ဂလန်ဂိုးသမားအဖြစ်ပါ ချီးကျူးခံနိုင်မှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဂႏၴဝင္ခံစစ္မႉးေဟာင္း ရီယို ဖာဒီနန္က သူ႔ရဲ႕ အသင္းေဟာင္းနဲ႔ လာမယ့္ ဒီဇင္ဘာလ ၂ ရက္ေန႔ညမွာ ယွဥ္ၿပိဳင္ကစားရမယ့္ အာဆင္နယ္အသင္းရဲ႕ လူငယ္ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္ရဲ႕ ထူးကဲတဲ့ လက္စြမ္းနဲ႔ လက္ရွိပုံစံအတြက္ ခ်ီးက်ဴးလိုက္ၿပီး ဂန္းနားလူသစ္ဟာ အားလုံးကို အေကာင္းဆုံးေခၚယူမႈအျဖစ္ ေလးစားေစခဲ့တယ္လို႔ ဆိုလိုက္ပါတယ္။

ေခၚယူစဥ္တုန္းက အသက္ ၂၃ ႏွစ္အ႐ြယ္ အဂၤလန္သားအတြက္ ကနဦးေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၄ သန္း ေပးခဲ့ရတာအတြက္ အာဆင္နယ္တို႔ကို အားလုံးက ေဝဖန္ခဲ့ၾကၿပီး အရန္ခုံမွာ ထားမယ့္ ကစားသမားအတြက္ ဒီပမာဏကို သုံးခဲ့တယ္လို႔ ဆိုခဲ့ၾကခ်ိန္မွာ တစ္ဖက္ကေန ဒီပမာဏကို သုံးထားမွေတာ့ အရန္ခုံမွာ ထားပါ့မလားဆိုတဲ့ အေတြးကို ေတြးဖို႔ ေမ့ေနခဲ့ၾကၿပီး ဒီထဲမွာ နံပါတ္တစ္ဂိုးသမား ဘန္းဒ္ လီႏိုလည္း ပါဝင္ခဲ့ပါတယ္။

ဒီလိုနဲ႔ ပထမဆုံး ၃ ပြဲဆက္တိုက္ ရႈံးနိမ့္ခဲ့ခ်ိန္မွာ အရင္ရာသီကလို သူ႔ကို ဖိအားေပးႏိုင္မယ့္သူ မရွိေလာက္ဘူးဆိုၿပီး အမွားမ်ားခဲ့တဲ့ ဂ်ာမန္သားတစ္ေယာက္ ဦးစားေပးရာထူးက ျပဳတ္သြားခဲ့ၿပီး ပြဲစဥ္ ၄ ကေနစလို႔ ပြဲစဥ္ ၁၃ အထိ ပရီးမီးယားလိဂ္ ၁၀ ပြဲဆက္တိုက္ကို ရမ္းစ္ေဒးလ္က နည္းျပ မီခယ္လ္ အာတီတာစိတ္ႀကိဳက္ ကစားေပးႏိုင္ခဲ့သလို ဒီရာသီမွာ စုစုေပါင္း ၁၁ ပြဲ ကစားခြင့္ရထားၿပီး Clean Sheet ၇ ပြဲအထိ ရယူေပးထားႏိုင္ခဲ့တာပါ။

“ရမ္းစ္ေဒးလ္က လူေတြ အထင္ႀကီးအားက်ရမယ့္ ေခၚယူမႈမ်ိဳးျဖစ္လာခဲ့တာပဲဗ်”လို႔ ဖာဒီနန္က Vibe with Five အစီအစဥ္မွာ အစခ်ီလိုက္ၿပီး “တကယ္ေတာ့ လူေတြက သူ႔ကို သံသယေတြနဲ႔ ေစာင့္ၾကည့္ခဲ့ရၿပီး သူ႔မွာ တန္းဆင္းတဲ့ အေတြ႕အႀကဳံ ႏွစ္ခုသုံးခုရွိေနတာက အဆိုးျဖစ္ခဲ့တာကိုး”လို႔ အဂၤလန္လက္ေ႐ြးစင္ ပူပူေႏြးေႏြးရဲ႕ ခ်က္စတာဖီးလ္ဒ္၊ ဘုန္းေမာက္နဲ႔ ရွက္ဖီးလ္ဒ္ယူႏိုက္တက္တို႔က ဇာတ္ေၾကာင္းနဲ႔ စတင္ခဲ့ပါတယ္။

“ဒါေပမယ့္ ကာကြယ္မႈေတြ ပုံမွန္ျပဳလုပ္ႏိုင္ၿပီး Clean Sheet ေတြ ရႏိုင္ဖို႔လည္း ေထာက္ကူေပးႏိုင္ခဲ့တယ္။ ၁၀ ပြဲမွာ ၆ ပြဲဆိုတာက ေတာ္ေတာ္ေလး ထူးျခားတဲ့ ခံစစ္စြမ္းရည္ျဖစ္ပါတယ္”လို႔ ဖာဒီနန္က ဆိုလိုက္ၿပီး ရမ္းစ္ေဒးလ္ရဲ႕ Clean Sheet ၆ ပြဲမွာ ၅ ပြဲအႏိုင္ရခဲ့တဲ့ မွတ္တမ္းေကာင္းကို အိုးလ္ထရက္ဖို႔ဒ္မွာေရာ ေတြ႕ျမင္ရမလားလို႔ ယူဆေနတာပါ။

ရမ္းစ္ေဒးလ္အေနနဲ႔ ဒီရာသီမွာ ကစားၿပီးသမွ် ပရီးမီးယားလိဂ္ ၁၀ ပြဲထဲက ဂိုးေပးခဲ့ရတဲ့ ၄ ပြဲမွာ လီဗာပူးလ္ကို ၄ ဂိုး၊ ခရစၥတယ္လ္ပဲေလ့စ္ကို ၂ ဂိုးနဲ႔ တစ္ပြဲတစ္ဂိုးထက္ ပိုေပးရတဲ့ပြဲ ႏွစ္ပြဲရွိခဲ့ၿပီး က်န္တဲ့ စပါးစ္၊ အက္စ္တန္ဗီလာတို႔နဲ႔ ပြဲေတြမွာေတာ့ တစ္ဂိုးစီ ေပးထားခဲ့ရတာျဖစ္ေပမယ့္ သူ႔ရဲ႕ ကာကြယ္မႈေတြကေတာ့ ပြဲတိုင္းမွာ သာမန္အထက္ လက္စြမ္းမွာ ရွိခဲ့တာျဖစ္ပါတယ္။

သူ႔ကို အဂၤလန္နည္းျပ ဂယ္ရက္သ္ ေဆာက္ဂိတ္ကလည္း ခ်ီးက်ဴးထားခဲ့ၿပီး အာဆင္နယ္အသင္းက စိန္ေခၚမႈေတြကို သူ႔ဂိုးသမားအေနနဲ႔ အေကာင္းဆုံး တုံ႔ျပန္ႏိုင္ခဲ့တယ္လို႔ ဆိုထားခဲ့တာေၾကာင့္ လာမယ့္ပြဲေတြမွာ အဲဗာတန္ရဲ႕ ေဂ်ာ္ဒန္ ပစ္ခ္ဖို႔ဒ္ အမွားလုပ္ခဲ့ရင္ လက္ေ႐ြးစင္ပြဲထြက္ခြင့္ေနရာကို ရမ္းစ္ေဒးလ္က သိမ္းပိုက္သြားႏိုင္ဖြယ္ရွိေနခ်ိန္မွာ ပရီးမီးယားလိဂ္ရဲ႕ Big Six မွာ တစ္ဦးတည္းေသာ နံပါတ္တစ္ အဂၤလန္ဂိုးသမားအျဖစ္ပါ ခ်ီးက်ဴးခံႏိုင္မွာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.