Match Report Premier League

ဆော်ဒီရည်မှန်းချက်နဲ့ လားလားမှ မဆိုင်သေးဘဲ စာဝါကို မနိုင်သော ငှက်ကျားများ

ဒီတစ်ပတ်ရဲ့ အစောဆုံးပွဲစဉ်ဖြစ်တဲ့ စိန့်ဂျိမ်းစ်ပါ့ခ်က ပွဲစဉ်မှာတော့ ငှက်နှစ်ကောင်တွေ့ဆုံခဲ့တာဖြစ်သလို အိမ်ရှင် နယူးကာဆယ်လ်တို့အနေနဲ့ နည်းပြသစ် အက်ဒီဟောင်းရဲ့ လက်ထဲမှာ အနိုင်ရဖို့ တိုက်စစ်ဦးစားပေး ၄-၄-၂ ကစားကွက်နဲ့ ဟန်ပန်တစ်ခွဲသား ပြင်ဆင်လာခဲ့ပြီး ဝီလ်ဆန်၊ ဂျိုလင်တန်၊ စန်မက်ဇီမန်၊ ရှယ်လ်ဗီ၊ ဝီလော့ခ်တို့နဲ့အတူ သူ့ရဲ့ ဘုန်းမောက်က တပည့်ဟောင်း ဖရေဆာကိုလည်း ပုံမှန်နေရာ ပေးလာခဲ့တာပါ။

နော့ဝစ်ချ်နဲ့ ရှုံးပွဲမရှိသေးတဲ့ ဒင်းန် စမစ်ကတော့ ပူကီကို အထောင်ထားပြီး အာရွန်စ်၊ ဘရန်ဒန် ဝီလီယမ်စ်၊ ဂီးလ်မိုးစတဲ့ ကစားသမားတွေ ပါဝင်တဲ့ လူစာရင်းကို သုံးခဲ့ပြီး နည်းပြဟောင်းလက်ထက်က အမြဲကစားနေကျ ကာဘက်ခ်၊ လီးမေလူး၊ ဂျန်နူလစ္စတို့လို ကစားသမားတွေကိုတော့ အရန်ခုံမှာပဲ ထားခဲ့တာလည်းဖြစ်ပါတယ်။

နယူးကာဆယ်လ်တို့အနေနဲ့ ကွင်းလယ်အဖျက်စစ်စစ် မပါတဲ့ လူစာရင်းကို သုံးခဲ့ချိန်မှာ စန်မက်ဇီမန်၊ ဂျိုလင်တန်၊ ဝီလ်ဆန်တို့ရဲ့ တိုးအားကို အသုံးပြုခဲ့တာကြောင့် ပွဲတွင်းမှာတော့ ကစားကွက်က ၄-၃-၃ ပုံစံကို ကူးပြောင်းသွားခဲ့ပြီး နော့ဝစ်ချ်တို့ကတော့ ချဲလ်ဆီးတို့ စိတ်ကျေနပ်စရာအဖြစ် အငှားကစားသမား ဂီးလ်မိုးကို ဂျော်ဂျင်ညိုရဲ့ Deep Lying Playmaker နေရာမှာ ထားပြီး ကစားကွက်ဖော်လာခဲ့တာပါ။

ပွဲချိန် ၉ မိနစ်မှာတော့ ကွင်းလယ်အဖျက်ကစားသမား မထားတဲ့ ဒဏ်ကို အက်ဒီဟောင်း ခံခဲ့ရပြီး တစ်ဖက်တိုက်စစ်သမားတွေနဲ့ သူ့ရဲ့ ခံစစ်ကစားသမားတွေ တိုက်ရိုက်ရင်ဆိုင်နေရချိန်မှာ ဝါရင့်နောက်ခံလူ ကီရန် ကလာ့ခ် ရှင်းထုတ်ပုံ မသေသပ်ရာကနေ ပူကီက ပြန်ရယူသွားခဲ့ရာမှာ ဧရိယာနား မရောက်ခင် နောက်ကနေ ဆွဲလှဲမိခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး ၁၀ ယောက်နဲ့ ကစားခဲ့ရပါတယ်။

နည်းပြ အက်ဒီဟောင်းကတော့ ခံစစ်မှာ လူပြန်ဖြည့်ဖို့ ဖရေဆာအစား ဖာနန်ဒက်ဇ်ကို လူစားလဲခဲ့ရပြီး ဒီကနေရတဲ့ ဖရီးကစ်ကို ပွဲချိန် ၁၁ မိနစ်မှာ ဂီးလ်မိုးရဲ့
ကန်ချက် ကောင်းခဲ့ပေမယ့် ဂိုးသမား ဒူဗရက်ဘ်ကာက သတိကြီးကြီးနဲ့ ပုတ်ထုတ်သွားခဲ့လို့ နော့ဝစ်ချ်တို့ အဖွင့်ဂိုးနဲ့ ဝေးခဲ့ရပြီး ကောင်တာ ကစားဖို့ကိုပဲ မဖြစ်မနေ ရွေးချယ်ခဲ့ရတဲ့ တစ်ယောက်လျော့ ငှက်ကျားတွေကတော့ စန်မက်ဇီမန်ရဲ့ ဖန်တီးမှုတွေကို အသုံးမချနိုင်ဘဲဖြစ်နေခဲ့တာပါ။

ဘောလုံးပိုင်ဆိုင်မှုနဲ့ ဖိကစားနေတဲ့ နော့ဝစ်ချ်တို့အနေနဲ့ End Product နဲ့ Final Ball တွေမှာ မစွံသလို နယူးကာဆယ်လ်တိုက်စစ်မှူးတွေလည်း နေရာယူပုံနဲ့ အဆုံးသတ်ပိုင်းတွေမှာ အချိုးမပြေခဲ့တာကြောင့် ပထမပိုင်းက ရင်ခုန်စရာလည်း မရှိခဲ့ဘဲ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ငှက်နှစ်ကောင် ဥမကွဲ သိုက်မပျက်ဘဲ ဂိုးမရှိသရေရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ပွဲချိန် ၅၃ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ ပင်နယ်တီရနိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ခံခဲ့ရပြီး ပွဲချိန် ၅၇ မိနစ်မှာတော့ ထောင့်ကန်ဘောကို အိမ်ရှင်နောက်ခံလူ ဖာနန်ဒက်ဇ်ရဲ့ ခေါင်းတိုက်ချက်က မြှောက်ထားခဲ့တဲ့ ဧည့်သည်ကွင်းလယ်လူ ဂီးလ်မိုးရဲ့ လက်နဲ့ထိခဲ့လို့ စောဒကတက်ခဲ့ကြအပြီးမှာ VAR နဲ့ ပင်နယ်တီ သတ်မှတ်ပေးခဲ့ပါတယ်။

ဒီပင်နယ်တီကိုတော့ ဒီနေ့ပွဲမှာ အသင်းခေါင်းဆောင်တာဝန်ကို ရယူထားခဲ့တဲ့ တိုက်စစ်မှူး ကယ်လမ် ဝီလ်ဆန်က ကန်သွင်းရာမှာ ပင်နယ်တီ နာမည်ကြီးတဲ့ နော့ဝစ်ချ်ဂိုးသမား ကရူးလ်က မှန်မှန်ကန်ကန် ခန့်မှန်းနိုင်ခဲ့ပေမယ့် အသက်အရွယ်အရ လေးလံနေခဲ့လို့ လက်နဲ့ထိပြီး ဂိုးပိုက်အမိုးထဲ ဝင်သွားခဲ့လို့ နယူးကာဆယ်လ်တို့ အိမ်ကွင်းမှာ စတင်ဦးဆောင်နိုင်ခဲ့တာပါ။

ပွဲချိန် ၇၉ မိနစ်မှာတော့ လူတစ်ယောက်သာနေတဲ့ နော့ဝစ်ချ်တို့ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ဖြတ်တင်ဘောကို ဂိုးသမား ဒူဘရက်ဗ်ကာ ထွက်ပုတ်ရာက ပြန်ကျလာတဲ့ ဘောလုံးကို လူစားဝင်နောက်ခံလူ ဂျန်နူလစ်က အလယ်ကို ပြန်တင်ပေးခဲ့ရာမှာ မာကင်လွတ်နေခဲ့တဲ့ တိုက်စစ်မှူး ပူကီက ဘယ်ခြေနဲ့ Volley အပြင်းကန်သွင်းပြီး ပြန်လည်ချေပသွားနိုင်ခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ နော့ဝစ်ချ်တို့ ဖိကစားခဲ့ပေမယ့် နယူးကာဆယ်လ်တို့ ကြံ့ကြံ့ခံသွားခဲ့သလို နာကျင်အချိန်ပို ၃ မိနစ်မှာ အိမ်ရှင်နောက်ခံလူ ဖာနန်ဒက်ဇ်ရဲ့ အမှားကနေ ရရှိခဲ့တဲ့ အနီးကပ် အခွင့်အရေးကို လူစားဝင်ကွင်းလယ်လူ လီးမေလူးက ဂိုးသမား ဒူဘရက်ဗ်ကာတည့်တည့်ကို ကန်ခဲ့လို့ ဘေးက လိုက်လာတဲ့ ပူကီ စိတ်ပျက်ခဲ့ရအပြီးမှာတော့ တစ်ဂိုးစီသရေနဲ့ပဲ ပွဲက ပြီးဆုံးသွားခဲ့တာပါ။

သူတို့ ငှက်နှစ်ကောင်ရဲ့ တန်းဆင်းဇုန်တိုက်ပွဲကတော့ အဖြေမပေါ်ခဲ့ဘဲ ငှက်ကျားတွေရဲ့ စိန့်ဂျိမ်းစ်ပါ့ခ်အသိုက်မှာ တစ်မှတ်စီ ခွဲယူခဲ့ရချိန်မှာ အိမ်ရှင်တို့အနေနဲ့ နောက်ထပ် သရေပွဲတစ်ပွဲနဲ့ အဆင့် ၂၀ ကနေ ရုန်းမထွက်နိုင်သေးဘဲ ရပ်တည်နေပြီး ဧည့်သည် ကနေရီ စာဝါတွေကတော့ ဘန်လေထက် နှစ်ပွဲပိုကစားပြီး တစ်မှတ်အသာနဲ့ အဆင့် ၁၈ မှာ ရပ်တည်နေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီတစ်ပတ်ရဲ့ အစောဆုံးပွဲစဉ်ဖြစ်တဲ့ စိန့်ဂျိမ်းစ်ပါ့ခ်က ပွဲစဉ်မှာတော့ ငှက်နှစ်ကောင်တွေ့ဆုံခဲ့တာဖြစ်သလို အိမ်ရှင် နယူးကာဆယ်လ်တို့အနေနဲ့ နည်းပြသစ် အက်ဒီဟောင်းရဲ့ လက်ထဲမှာ အနိုင်ရဖို့ တိုက်စစ်ဦးစားပေး ၄-၄-၂ ကစားကွက်နဲ့ ဟန်ပန်တစ်ခွဲသား ပြင်ဆင်လာခဲ့ပြီး ဝီလ်ဆန်၊ ဂျိုလင်တန်၊ စန်မက်ဇီမန်၊ ရှယ်လ်ဗီ၊ ဝီလော့ခ်တို့နဲ့အတူ သူ့ရဲ့ ဘုန်းမောက်က တပည့်ဟောင်း ဖရေဆာကိုလည်း ပုံမှန်နေရာ ပေးလာခဲ့တာပါ။

နော့ဝစ်ခ်ျနဲ့ ရှုံးပွဲမရှိသေးတဲ့ ဒင်းန် စမစ်ကတော့ ပူကီကို အထောင်ထားပြီး အာရွန်စ်၊ ဘရန်ဒန် ဝီလီယမ်စ်၊ ဂီးလ်မိုးစတဲ့ ကစားသမားတွေ ပါဝင်တဲ့ လူစာရင်းကို သုံးခဲ့ပြီး နည်းပြဟောင်းလက်ထက်က အမြဲကစားနေကျ ကာဘက်ခ်၊ လီးမေလူး၊ ဂျန်နူလစ္စတို့လို ကစားသမားတွေကိုတော့ အရန်ခုံမှာပဲ ထားခဲ့တာလည်းဖြစ်ပါတယ်။

နယူးကာဆယ်လ်တို့အနေနဲ့ ကွင်းလယ်အဖျက်စစ်စစ် မပါတဲ့ လူစာရင်းကို သုံးခဲ့ချိန်မှာ စန်မက်ဇီမန်၊ ဂျိုလင်တန်၊ ဝီလ်ဆန်တို့ရဲ့ တိုးအားကို အသုံးပြုခဲ့တာကြောင့် ပွဲတွင်းမှာတော့ ကစားကွက်က ၄-၃-၃ ပုံစံကို ကူးပြောင်းသွားခဲ့ပြီး နော့ဝစ်ခ်ျတို့ကတော့ ချဲလ်ဆီးတို့ စိတ်ကျေနပ်စရာအဖြစ် အငှားကစားသမား ဂီးလ်မိုးကို ဂျော်ဂျင်ညိုရဲ့ Deep Lying Playmaker နေရာမှာ ထားပြီး ကစားကွက်ဖော်လာခဲ့တာပါ။


ကန်ချက် ကောင်းခဲ့ပေမယ့် ဂိုးသမား ဒူဗရက်ဘ်ကာက သတိကြီးကြီးနဲ့ ပုတ်ထုတ်သွားခဲ့လို့ နော့ဝစ်ခ်ျတို့ အဖွင့်ဂိုးနဲ့ ဝေးခဲ့ရပြီး ကောင်တာ ကစားဖို့ကိုပဲ မဖြစ်မနေ ရွေးချယ်ခဲ့ရတဲ့ တစ်ယောက်လျော့ ငှက်ကျားတွေကတော့ စန်မက်ဇီမန်ရဲ့ ဖန်တီးမှုတွေကို အသုံးမချနိုင်ဘဲဖြစ်နေခဲ့တာပါ။

ဘောလုံးပိုင်ဆိုင်မှုနဲ့ ဖိကစားနေတဲ့ နော့ဝစ်ခ်ျတို့အနေနဲ့ End Product နဲ့ Final Ball တွေမှာ မစွံသလို နယူးကာဆယ်လ်တိုက်စစ်မှူးတွေလည်း နေရာယူပုံနဲ့ အဆုံးသတ်ပိုင်းတွေမှာ အချိုးမပြေခဲ့တာကြောင့် ပထမပိုင်းက ရင်ခုန်စရာလည်း မရှိခဲ့ဘဲ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ငှက်နှစ်ကောင် ဥမကွဲ သိုက်မပျက်ဘဲ ဂိုးမရှိသရေရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။


ဒီပင်နယ်တီကိုတော့ ဒီနေ့ပွဲမှာ အသင်းခေါင်းဆောင်တာဝန်ကို ရယူထားခဲ့တဲ့ တိုက်စစ်မှူး ကယ်လမ် ဝီလ်ဆန်က ကန်သွင်းရာမှာ ပင်နယ်တီ နာမည်ကြီးတဲ့ နော့ဝစ်ခ်ျဂိုးသမား ကရူးလ်က မှန်မှန်ကန်ကန် ခန့်မှန်းနိုင်ခဲ့ပေမယ့် အသက်အရွယ်အရ လေးလံနေခဲ့လို့ လက်နဲ့ထိပြီး ဂိုးပိုက်အမိုးထဲ ဝင်သွားခဲ့လို့ နယူးကာဆယ်လ်တို့ အိမ်ကွင်းမှာ စတင်ဦးဆောင်နိုင်ခဲ့တာပါ။

ပွဲချိန် ၇၉ မိနစ်မှာတော့ လူတစ်ယောက်သာနေတဲ့ နော့ဝစ်ခ်ျတို့ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ဖြတ်တင်ဘောကို ဂိုးသမား ဒူဘရက်ဗ်ကာ ထွက်ပုတ်ရာက ပြန်ကျလာတဲ့ ဘောလုံးကို လူစားဝင်နောက်ခံလူ ဂျန်နူလစ်က အလယ်ကို ပြန်တင်ပေးခဲ့ရာမှာ မာကင်လွတ်နေခဲ့တဲ့ တိုက်စစ်မှူး ပူကီက ဘယ်ခြေနဲ့ Volley အပြင်းကန်သွင်းပြီး ပြန်လည်ချေပသွားနိုင်ခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ နော့ဝစ်ခ်ျတို့ ဖိကစားခဲ့ပေမယ့် နယူးကာဆယ်လ်တို့ ကြံ့ကြံ့ခံသွားခဲ့သလို နာကျင်အချိန်ပို ၃ မိနစ်မှာ အိမ်ရှင်နောက်ခံလူ ဖာနန်ဒက်ဇ်ရဲ့ အမှားကနေ ရရှိခဲ့တဲ့ အနီးကပ် အခွင့်အရေးကို လူစားဝင်ကွင်းလယ်လူ လီးမေလူးက ဂိုးသမား ဒူဘရက်ဗ်ကာတည့်တည့်ကို ကန်ခဲ့လို့ ဘေးက လိုက်လာတဲ့ ပူကီ စိတ်ပျက်ခဲ့ရအပြီးမှာတော့ တစ်ဂိုးစီသရေနဲ့ပဲ ပွဲက ပြီးဆုံးသွားခဲ့တာပါ။


REF: INTERNET SOURCES
SPORTS A2Z.