Analysis Premier League

ပရီးမီးယားလိဂ် ပွဲစဉ် (၁၄) အတွက် ပေါလ် မာဆန်ရဲ့ ခန့်မှန်းချက်များ

ဆောက်သမ်တန်-လက်စတာစီးတီး
ဆောက်သမ်တန်က လီဗာပူးလ်ကို ရှုံးပေမယ့် အပြတ်အသတ် ချေမှုန်းခံလိုက်ရတာမျိုး မဟုတ်ဘဲ သူတို့အနေနဲ့ အဆိပ်နဲ့ အစွယ်ကို ပြနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ သူတို့က အသားမကျတဲ့ သုံးယောက်တန်းခံစစ်ကို သုံးခဲ့လို့လည်း အန်းဖီးလ်မှာ ခံလိုက်ရတာဖြစ်ပြီး ပုံမှန် လေးယောက်တန်း ခံစစ်နဲ့ဆိုရင် ပွဲက ဒီထက်ပိုပြီး လှခဲ့မှာပါ။ လက်စတာကတော့ ရုန်းကန်နေရပြီး အဓိကအားဖြင့် ခံစစ်ပိုင်းက တော်တော်လေး ဆိုးရွားနေခဲ့ပါတယ်။ ဘယ်လို Clean Sheet ယူရမယ်ဆိုတာ မသိတဲ့ မြေခွေးတွေအနေနဲ့ ဒါက သူတို့ရဲ့ ပျော့ကွက်ဖြစ်သလို ပြိုင်ပွဲစုံမှာ ကြည့်မလှခဲ့တဲ့ နောက်တန်းကြောင့် ဒီနေ့ပွဲမှာ ဆောက်သမ်တန်ကပဲ အနိုင်ယူသွားလိမ့်မှာပါ။ (ဆောက်သမ်တန် 2-1 လက်စတာ)

ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်-ဘန်လေ
ဝုလ်ဗ်စ်တို့က အနိုင်ရသင့်တဲ့ ပွဲမျိုးတွေမှာ အမှားများနေခဲ့ပြီး ပြီးခဲ့တဲ့ နော့ဝစ်ချ်နဲ့ပွဲကို မရှုံးခဲ့ပေမယ့်လည်း သရေဆိုတာက သူတို့အတွက် ရှုံးသလိုမျိုးပဲဖြစ်ခဲ့တာပါ။ ဝက်စ်ဟမ်းကို ထိန်းချုပ်ကစားခဲ့ပြီးမှ နော့ဝစ်ချ်ကို မနိုင်ဘူးဆိုတာကတော့ ရှင်းပြရခက်တဲ့ ဖြစ်ရပ်လို့ ဆိုရမှာဖြစ်သလို ဥရောပ ဝင်ခွင့် ရှာဖွေနေတဲ့ အသင်းအနေနဲ့ ဒီလိုဖြစ်လို့တော့ မရဘူးလို့ သုံးသပ်ရမှာပါ။ ဘန်လေကတော့ ရာသီအစက ခြေစွမ်းနဲ့ လက်ရှိခြေစွမ်းက ဘာမှ သိပ်ပြီး မထူးသေးဘူးလို့ ပြောရမယ့်အချိန်မှာ ရည်မှန်းချက်ပိုကြီးတဲ့ ဝုလ်ဗ်စ်တို့အနေနဲ့ အိမ်ကွင်းမှာ ကပျက်ကချော်လုပ်လို့ မကောင်းတော့တဲ့ အချိန်မျိုးကိုလည်း ရောက်နေခဲ့ပြီဖြစ်လို့ နိုင်ပွဲရအောင် ယူသွားမယ်ထင်ပါတယ်။ (ဝုလ်ဗ်စ် 2-0 ဘန်လေ)

ဝတ်ဖို့ဒ်-ချဲလ်ဆီး
ချဲလ်ဆီးတို့အနေနဲ့ သူတို့ရဲ့ နည်းပြဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရမယ့်ပွဲစဉ်က လွယ်လွယ်ကူကူတော့ မဖြစ်နိုင်လောက်ဘဲ အဝေးကွင်းမှာ သူတို့ရဲ့ ခံစစ်ကို စာမေးပွဲစစ်မယ့် ပွဲမျိုးပဲ ဖြစ်လာနိုင်ပါတယ်။ ရာနီရေးရီအနေနဲ့ ပရီးမီးယားလိဂ်အကြောင်း သိတဲ့သူဖြစ်လို့ ဒီနေ့ပွဲမှာ ဖွင့်ကစားလာဦးမှာဖြစ်သလို ချဲလ်ဆီးတို့ကတော့ သူတို့ရဲ့ ဘောလုံးပိုင်ဆိုင်မှု အသားပေးတဲ့ ပုံစံနဲ့ ပွဲကို စိုးမိုးဖို့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲကလိုပဲ ကြိုးစားဦးမှာပါပဲ။ မေဆန်မောင့်ကို ဒီနေ့ပွဲမှာ မဖြစ်မနေ ထုတ်သုံးရဖို့ ရှိနေပြီး အိမ်ကွင်းမှာ တဒိုင်းဒိုင်းကန်ပြီးမှ သရေကျတာမျိုး မဖြစ်ရအောင် ချဲလ်ဆီးတို့ ဒီတစ်ပွဲမှာ တုံ့ပြန်ပြနိုင်ဖို့ လိုအပ်နေပါတယ်။ ဂိုးသွင်းဖို့ အချိန်ယူရနိုင်ပေမယ့် ချဲလ်ဆီးတို့ပဲ အနိုင်ရမှာပါ။ (ဝတ်ဖို့ဒ် 1-3 ချဲလ်ဆီး)

ဝက်စ်ဟမ်းယူနိုက်တက်-ဘရိုက်တန်
ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးလေးသင်းထဲကို ဝင်ရောက်နိုင်ခဲ့တဲ့ ဝက်စ်ဟမ်းတို့အနေနဲ့ ပြီးခဲ့တဲ့ နှစ်ပွဲဆက်တိုက်ကို ရှုံးနိမ့်ထားခဲ့ပြီး နောက်က လိုက်လာတဲ့ အာဆင်နယ်တို့ရဲ့ ခြိမ်းခြောက်မှုနဲ့ပါ ရင်ဆိုင်လာရတာပါ။ သူတို့အနေနဲ့ စိတ်ပျက်စရာပုံစံကို ရပ်တန့်ပြီး ဒီနေ့ပွဲမှာ အနိုင်ရဖို့ လိုအပ်နေပေမယ့် ပြိုင်ဘက်က ဘရိုက်တန်ဖြစ်နေလို့ စဉ်းစားရဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘရိုက်တန်တို့အနေနဲ့ ရာသီအစကလို ထက်ထက်မြက်မြက် မရှိတော့သလို ပြီးခဲ့တဲ့ ရာသီကုန်က တန်းဆင်းဇုန် ရုန်းနေတဲ့ ပုံစံမျိုးဆီ ပြန်သွားနေတာကြောင့် ပွဲက ဝက်စ်ဟမ်းတို့ဘက်လည်း ရှိနိုင်ပြီး အပြန်အလှန် တိုက်စစ်ဆင် ကစားမယ့်ပွဲကိုလည်း မြင်ရနိုင်ပါတယ်။ နှစ်သင်းစလုံးအနေနဲ့ ကြိုးစားရဦးမှာဖြစ်ပြီး သရေရလဒ်ကပဲ မျှတဦးမှာပါ။ (ဝက်စ်ဟမ်း 1-1 ဘရိုက်တန်)

အဲဗာတန်-လီဗာပူးလ်
မာဆေးဆိုက်ဒါဘီကို ဘယ်သူနိုင်မယ်ဆိုတာ သိသင့်နေပြီး ခင်ဗျားက အဲဗာတန်ဖန် မဟုတ်ဘူးဆိုရင် အမှန်အတိုင်း ပြောမယ်ထင်ပါတယ်။ အိမ်ရှင် တော်ဖီတွေအတွက်တော့ ဒီပွဲက သူတို့ ကိုင်တွယ်နိုင်တာထက် အများကြီး ပိုနေတာဖြစ်ပြီး မဖြစ်မနေ အနိုင်ရချင်တယ်ဆိုရင်တော့ ၁၁ ယောက်လုံး ခံစစ်ပိတ်ကစားပြီးမှ ကောင်တာဖောက်မှပဲ ဖြစ်နိုင်ပါလိမ့်မယ်။ လက်ရှိမှာ လီဗာပူးလ်တို့ကို ရင်ဆိုင်မှာ အဲဗာတန်မှာ လုံလောက်တဲ့ ကစားသမားအင်အား ရှိမနေသလို နှစ်သင်းကြားက ကွာခြားချက် ကြီးမားနေပြီး ဂျိုတာကို ထိန်းချုပ်နိုင်ဖို့လည်း ခက်ခဲဦးမှာပါ။ လီဗာပူးလ်အနေနဲ့ သိပ်ပြီး ခက်ခက်ခဲခဲ ကစားဖို့ မလိုလောက်ဘဲ ကြီးမားတဲ့ နိုင်ပွဲကို ဖော်ဆောင်နိုင်ပါလိမ့်မယ်။ (အဲဗာတန် 0-3 လီဗာပူးလ်)

အက်စ်တန်ဗီလာ-မန်ချက်စတာစီးတီး
ဗီလာတို့အနေနဲ့ ပဲလေ့စ်နဲ့ပွဲမှာ ထူးချွန်ခဲ့တယ်လို့ သုံးသပ်ရမှာဖြစ်ပြီး ဂျရတ်အနေနဲ့ ပရီးမီးယားလိဂ်မှာ တန်းဝင်တဲ့ နည်းပြတစ်ယောက်လို့ သက်သေပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ မန်စီးတီးနဲ့ပွဲမှာတော့ သူတို့တွေ ပိတ်ကစားပြီး ကောင်တာပဲ သုံးလာဖို့ ရှိနေသလို ဂွါဒီယိုလာရဲ့ အကြိုက်ဖြစ်တဲ့ နေရာလွတ်တွေကို တတ်နိုင်သလောက် ဖျက်ဆီးသွားဖို့ပဲ ကြိုးစားကြမှာပါ။ ဒါပေမယ့် မန်စီးတီးရဲ့ လက်ရှိရစ်သမ်အရ သူတို့ ကစားပုံကောင်းရင် ဂိုးရဖို့နဲ့ နိုင်ပွဲရှာဖွေဖို့ လုပ်ဆောင်နိုင်စွမ်းရှိနေပြီး စိတ်ရှည်ရှည်နဲ့ ရိုးရိုးရှင်းရှင်းပဲ ကစားလာကြမှာဖြစ်ပါတယ်။ အိုလီ ဝပ်ကင်းစ်လို လျင်မြန်တဲ့ ကစားသမားတွေက ပက်ပ်ရဲ့ အစီအစဉ်တွေကို မှားယွင်းစေဖို့ ထိုးနှက်နိုင်ပေမယ့် ဒီပွဲက ဂျရတ်ရဲ့ နိုင်ပွဲနှစ်ပွဲအပြီးမှာ မှတ်တမ်းရပ်တန့်သွားရဖို့ပဲ ရှိနေပါတယ်။ (ဗီလာ 1-2 မန်စီးတီး)

တော့တင်ဟမ်ဟော့စပါး-ဘရန့်ဖို့ဒ်
ပြီးခဲ့တဲ့ပွဲက အဲဗာတန်ကို ပင်နယ်တီနဲ့ အနိုင်ရရှိအပြီးမှာ ဒီနေ့ပွဲကို ကစားရမှာကတော့ ဘရန့်ဖို့ဒ်တို့အတွက် ယုံကြည်မှုတွေ ပိုရှိလာနိုင်တဲ့ ပွဲမျိုးလည်းဖြစ်နေပြီး အဝေးကွင်းမှာ ကစားရပေမယ့် သူတို့ကျွမ်းကျင်တဲ့ ကောင်တာတွေနဲ့ စပါးစ်ကို ဖြိုလှဲဖို့ ကြိုးစားလာဦးမှာဖြစ်ပါတယ်။ ကွန်တီရဲ့ အသားမကျသေးတဲ့ အသင်းနဲ့ ဖရိုဖရဲခံစစ်က သူတို့တွေရဲ့ ရလဒ်တွေကို ဆိုးရွားစေပြီး နှင်းသည်းလွန်းလို့ တစ်ပွဲလျှော့ကစားလိုက်ရတဲ့ သူတို့တွေအနေနဲ့ ဒီပွဲကို ဘရန့်ဖို့ဒ်ထက်တော့ လန်းဆန်းတဲ့ ပုံစံနဲ့ ချဉ်းကပ်လာနိုင်ပါတယ်။ ဘရန့်ဖို့ဒ်တစ်သင်းလုံးထက် ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတို့ နှစ်ယောက်ပေါင်း အဆင့်အတန်းက မြင့်မားနေပြီး ပွဲဆက်များနေချိန်မှာ စပါးစ်တို့အနေနဲ့ အတွေ့အကြုံကို သုံးပြီး အနိုင်ရယူဖို့ များနေပါတယ်။ (စပါးစ် 2-1 ဘရန့်ဖို့ဒ်)

မန်ချက်စတာယူနိုက်တက်-အာဆင်နယ်
ဒီတစ်ပတ်ရဲ့ အကြီးမားဆုံးပွဲစဉ်ဖြစ်ပြီး နည်းပြသစ် မကိုင်တွယ်နိုင်သေးတဲ့ မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ အဝေးကွင်းမှာ ရုန်းကန်ရတတ်တဲ့ အာဆင်နယ်နဲ့ပွဲစဉ်မှာ အခွင့်အရေးတချို့တော့ ရှိနေခဲ့ပါတယ်။ အာတီတာအနေနဲ့ အသင်းကို နိုင်သင့်နိုင်ထိုက်တဲ့ ပွဲတွေမှာ အနိုင်ရရှိအောင် ဝတ်ဖို့ဒ်၊ နယူးကာဆယ်လ်တို့နဲ့ ပွဲတွေမှာ လမ်းညွှန်ပေးနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘရိုက်တန်နဲ့ လီဗာပူးလ်တို့ပွဲတွေမှာတော့ အဝေးကွင်း ကစားပုံက အားရစရာ မရှိသေးဘူးလို့ ဆိုရမှာပါ။

မန်ချက်စတာသားတွေကတော့ ချဲလ်ဆီးနဲ့ပွဲမှာ အခွင့်အရေးတွေအားလုံးကို အသုံးမချနိုင်ပေမယ့် ဂျော်ဂျင်ညိုရဲ့ လက်ဆောင်ပေးမှုကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး သရေရယူခဲ့သလို တစ်ဖက်အသင်းရဲ့ စိုးမိုးမှုကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ တောင့်ခံသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားအလွန် ရက်တိုတိုအတွင်းမှာ သူတို့တွေ အသင်းကောင်းတစ်သင်းဖြစ်လာဖို့တော့ မရှိသေးသလို ပေါ်တူဂီကြယ်ပွင့်တွေ မပါရင်လည်း ရုန်းကန်ရဖို့ ရှိနေပြီး ခံစစ်ထက် တိုက်စစ်ညံ့နေချိန်မှာ ဖွင့်ကစားလာဖို့တော့ မဖြစ်နိုင်တာပါ။ နှစ်သင်းစလုံးအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ တစ်မှတ်ရရင်ကို ကျေနပ်ဖို့ ကောင်းနေတာဖြစ်ပါတယ်။ (မန်ယူနိုက်တက် 1-1 အာဆင်နယ်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဆာက္သမ္တန္-လက္စတာစီးတီး
ေဆာက္သမ္တန္က လီဗာပူးလ္ကို ရႈံးေပမယ့္ အျပတ္အသတ္ ေခ်မႈန္းခံလိုက္ရတာမ်ိဳး မဟုတ္ဘဲ သူတို႔အေနနဲ႔ အဆိပ္နဲ႔ အစြယ္ကို ျပႏိုင္ခဲ့တယ္လို႔ ထင္ပါတယ္။ သူတို႔က အသားမက်တဲ့ သုံးေယာက္တန္းခံစစ္ကို သုံးခဲ့လို႔လည္း အန္းဖီးလ္မွာ ခံလိုက္ရတာျဖစ္ၿပီး ပုံမွန္ ေလးေယာက္တန္း ခံစစ္နဲ႔ဆိုရင္ ပြဲက ဒီထက္ပိုၿပီး လွခဲ့မွာပါ။ လက္စတာကေတာ့ ႐ုန္းကန္ေနရၿပီး အဓိကအားျဖင့္ ခံစစ္ပိုင္းက ေတာ္ေတာ္ေလး ဆိုး႐ြားေနခဲ့ပါတယ္။ ဘယ္လို Clean Sheet ယူရမယ္ဆိုတာ မသိတဲ့ ေျမေခြးေတြအေနနဲ႔ ဒါက သူတို႔ရဲ႕ ေပ်ာ့ကြက္ျဖစ္သလို ၿပိဳင္ပြဲစုံမွာ ၾကည့္မလွခဲ့တဲ့ ေနာက္တန္းေၾကာင့္ ဒီေန႔ပြဲမွာ ေဆာက္သမ္တန္ကပဲ အႏိုင္ယူသြားလိမ့္မွာပါ။ (ေဆာက္သမ္တန္ 2-1 လက္စတာ)

ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္-ဘန္ေလ
ဝုလ္ဗ္စ္တို႔က အႏိုင္ရသင့္တဲ့ ပြဲမ်ိဳးေတြမွာ အမွားမ်ားေနခဲ့ၿပီး ၿပီးခဲ့တဲ့ ေနာ့ဝစ္ခ်္နဲ႔ပြဲကို မရႈံးခဲ့ေပမယ့္လည္း သေရဆိုတာက သူတို႔အတြက္ ရႈံးသလိုမ်ိဳးပဲျဖစ္ခဲ့တာပါ။ ဝက္စ္ဟမ္းကို ထိန္းခ်ဳပ္ကစားခဲ့ၿပီးမွ ေနာ့ဝစ္ခ်္ကို မႏိုင္ဘူးဆိုတာကေတာ့ ရွင္းျပရခက္တဲ့ ျဖစ္ရပ္လို႔ ဆိုရမွာျဖစ္သလို ဥေရာပ ဝင္ခြင့္ ရွာေဖြေနတဲ့ အသင္းအေနနဲ႔ ဒီလိုျဖစ္လို႔ေတာ့ မရဘူးလို႔ သုံးသပ္ရမွာပါ။ ဘန္ေလကေတာ့ ရာသီအစက ေျခစြမ္းနဲ႔ လက္ရွိေျခစြမ္းက ဘာမွ သိပ္ၿပီး မထူးေသးဘူးလို႔ ေျပာရမယ့္အခ်ိန္မွာ ရည္မွန္းခ်က္ပိုႀကီးတဲ့ ဝုလ္ဗ္စ္တို႔အေနနဲ႔ အိမ္ကြင္းမွာ ကပ်က္ကေခ်ာ္လုပ္လို႔ မေကာင္းေတာ့တဲ့ အခ်ိန္မ်ိဳးကိုလည္း ေရာက္ေနခဲ့ၿပီျဖစ္လို႔ ႏိုင္ပြဲရေအာင္ ယူသြားမယ္ထင္ပါတယ္။ (ဝုလ္ဗ္စ္ 2-0 ဘန္ေလ)

ဝတ္ဖို႔ဒ္-ခ်ဲလ္ဆီး
ခ်ဲလ္ဆီးတို႔အေနနဲ႔ သူတို႔ရဲ႕ နည္းျပေဟာင္းနဲ႔ ျပန္လည္ရင္ဆိုင္ရမယ့္ပြဲစဥ္က လြယ္လြယ္ကူကူေတာ့ မျဖစ္ႏိုင္ေလာက္ဘဲ အေဝးကြင္းမွာ သူတို႔ရဲ႕ ခံစစ္ကို စာေမးပြဲစစ္မယ့္ ပြဲမ်ိဳးပဲ ျဖစ္လာႏိုင္ပါတယ္။ ရာနီေရးရီအေနနဲ႔ ပရီးမီးယားလိဂ္အေၾကာင္း သိတဲ့သူျဖစ္လို႔ ဒီေန႔ပြဲမွာ ဖြင့္ကစားလာဦးမွာျဖစ္သလို ခ်ဲလ္ဆီးတို႔ကေတာ့ သူတို႔ရဲ႕ ေဘာလုံးပိုင္ဆိုင္မႈ အသားေပးတဲ့ ပုံစံနဲ႔ ပြဲကို စိုးမိုးဖို႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲကလိုပဲ ႀကိဳးစားဦးမွာပါပဲ။ ေမဆန္ေမာင့္ကို ဒီေန႔ပြဲမွာ မျဖစ္မေန ထုတ္သုံးရဖို႔ ရွိေနၿပီး အိမ္ကြင္းမွာ တဒိုင္းဒိုင္းကန္ၿပီးမွ သေရက်တာမ်ိဳး မျဖစ္ရေအာင္ ခ်ဲလ္ဆီးတို႔ ဒီတစ္ပြဲမွာ တုံ႔ျပန္ျပႏိုင္ဖို႔ လိုအပ္ေနပါတယ္။ ဂိုးသြင္းဖို႔ အခ်ိန္ယူရႏိုင္ေပမယ့္ ခ်ဲလ္ဆီးတို႔ပဲ အႏိုင္ရမွာပါ။ (ဝတ္ဖို႔ဒ္ 1-3 ခ်ဲလ္ဆီး)

ဝက္စ္ဟမ္းယူႏိုက္တက္-ဘ႐ိုက္တန္
ပရီးမီးယားလိဂ္ရဲ႕ ထိပ္ဆုံးေလးသင္းထဲကို ဝင္ေရာက္ႏိုင္ခဲ့တဲ့ ဝက္စ္ဟမ္းတို႔အေနနဲ႔ ၿပီးခဲ့တဲ့ ႏွစ္ပြဲဆက္တိုက္ကို ရႈံးနိမ့္ထားခဲ့ၿပီး ေနာက္က လိုက္လာတဲ့ အာဆင္နယ္တို႔ရဲ႕ ၿခိမ္းေျခာက္မႈနဲ႔ပါ ရင္ဆိုင္လာရတာပါ။ သူတို႔အေနနဲ႔ စိတ္ပ်က္စရာပုံစံကို ရပ္တန႔္ၿပီး ဒီေန႔ပြဲမွာ အႏိုင္ရဖို႔ လိုအပ္ေနေပမယ့္ ၿပိဳင္ဘက္က ဘ႐ိုက္တန္ျဖစ္ေနလို႔ စဥ္းစားရဦးမွာျဖစ္ပါတယ္။ ဒါေပမယ့္ ဘ႐ိုက္တန္တို႔အေနနဲ႔ ရာသီအစကလို ထက္ထက္ျမက္ျမက္ မရွိေတာ့သလို ၿပီးခဲ့တဲ့ ရာသီကုန္က တန္းဆင္းဇုန္ ႐ုန္းေနတဲ့ ပုံစံမ်ိဳးဆီ ျပန္သြားေနတာေၾကာင့္ ပြဲက ဝက္စ္ဟမ္းတို႔ဘက္လည္း ရွိႏိုင္ၿပီး အျပန္အလွန္ တိုက္စစ္ဆင္ ကစားမယ့္ပြဲကိုလည္း ျမင္ရႏိုင္ပါတယ္။ ႏွစ္သင္းစလုံးအေနနဲ႔ ႀကိဳးစားရဦးမွာျဖစ္ၿပီး သေရရလဒ္ကပဲ မွ်တဦးမွာပါ။ (ဝက္စ္ဟမ္း 1-1 ဘ႐ိုက္တန္)

အဲဗာတန္-လီဗာပူးလ္
မာေဆးဆိုက္ဒါဘီကို ဘယ္သူႏိုင္မယ္ဆိုတာ သိသင့္ေနၿပီး ခင္ဗ်ားက အဲဗာတန္ဖန္ မဟုတ္ဘူးဆိုရင္ အမွန္အတိုင္း ေျပာမယ္ထင္ပါတယ္။ အိမ္ရွင္ ေတာ္ဖီေတြအတြက္ေတာ့ ဒီပြဲက သူတို႔ ကိုင္တြယ္ႏိုင္တာထက္ အမ်ားႀကီး ပိုေနတာျဖစ္ၿပီး မျဖစ္မေန အႏိုင္ရခ်င္တယ္ဆိုရင္ေတာ့ ၁၁ ေယာက္လုံး ခံစစ္ပိတ္ကစားၿပီးမွ ေကာင္တာေဖာက္မွပဲ ျဖစ္ႏိုင္ပါလိမ့္မယ္။ လက္ရွိမွာ လီဗာပူးလ္တို႔ကို ရင္ဆိုင္မွာ အဲဗာတန္မွာ လုံေလာက္တဲ့ ကစားသမားအင္အား ရွိမေနသလို ႏွစ္သင္းၾကားက ကြာျခားခ်က္ ႀကီးမားေနၿပီး ဂ်ိဳတာကို ထိန္းခ်ဳပ္ႏိုင္ဖို႔လည္း ခက္ခဲဦးမွာပါ။ လီဗာပူးလ္အေနနဲ႔ သိပ္ၿပီး ခက္ခက္ခဲခဲ ကစားဖို႔ မလိုေလာက္ဘဲ ႀကီးမားတဲ့ ႏိုင္ပြဲကို ေဖာ္ေဆာင္ႏိုင္ပါလိမ့္မယ္။ (အဲဗာတန္ 0-3 လီဗာပူးလ္)

အက္စ္တန္ဗီလာ-မန္ခ်က္စတာစီးတီး
ဗီလာတို႔အေနနဲ႔ ပဲေလ့စ္နဲ႔ပြဲမွာ ထူးခြၽန္ခဲ့တယ္လို႔ သုံးသပ္ရမွာျဖစ္ၿပီး ဂ်ရတ္အေနနဲ႔ ပရီးမီးယားလိဂ္မွာ တန္းဝင္တဲ့ နည္းျပတစ္ေယာက္လို႔ သက္ေသျပႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ မန္စီးတီးနဲ႔ပြဲမွာေတာ့ သူတို႔ေတြ ပိတ္ကစားၿပီး ေကာင္တာပဲ သုံးလာဖို႔ ရွိေနသလို ဂြါဒီယိုလာရဲ႕ အႀကိဳက္ျဖစ္တဲ့ ေနရာလြတ္ေတြကို တတ္ႏိုင္သေလာက္ ဖ်က္ဆီးသြားဖို႔ပဲ ႀကိဳးစားၾကမွာပါ။ ဒါေပမယ့္ မန္စီးတီးရဲ႕ လက္ရွိရစ္သမ္အရ သူတို႔ ကစားပုံေကာင္းရင္ ဂိုးရဖို႔နဲ႔ ႏိုင္ပြဲရွာေဖြဖို႔ လုပ္ေဆာင္ႏိုင္စြမ္းရွိေနၿပီး စိတ္ရွည္ရွည္နဲ႔ ႐ိုး႐ိုးရွင္းရွင္းပဲ ကစားလာၾကမွာျဖစ္ပါတယ္။ အိုလီ ဝပ္ကင္းစ္လို လ်င္ျမန္တဲ့ ကစားသမားေတြက ပက္ပ္ရဲ႕ အစီအစဥ္ေတြကို မွားယြင္းေစဖို႔ ထိုးႏွက္ႏိုင္ေပမယ့္ ဒီပြဲက ဂ်ရတ္ရဲ႕ ႏိုင္ပြဲႏွစ္ပြဲအၿပီးမွာ မွတ္တမ္းရပ္တန႔္သြားရဖို႔ပဲ ရွိေနပါတယ္။ (ဗီလာ 1-2 မန္စီးတီး)

ေတာ့တင္ဟမ္ေဟာ့စပါး-ဘရန႔္ဖို႔ဒ္
ၿပီးခဲ့တဲ့ပြဲက အဲဗာတန္ကို ပင္နယ္တီနဲ႔ အႏိုင္ရရွိအၿပီးမွာ ဒီေန႔ပြဲကို ကစားရမွာကေတာ့ ဘရန႔္ဖို႔ဒ္တို႔အတြက္ ယုံၾကည္မႈေတြ ပိုရွိလာႏိုင္တဲ့ ပြဲမ်ိဳးလည္းျဖစ္ေနၿပီး အေဝးကြင္းမွာ ကစားရေပမယ့္ သူတို႔ကြၽမ္းက်င္တဲ့ ေကာင္တာေတြနဲ႔ စပါးစ္ကို ၿဖိဳလွဲဖို႔ ႀကိဳးစားလာဦးမွာျဖစ္ပါတယ္။ ကြန္တီရဲ႕ အသားမက်ေသးတဲ့ အသင္းနဲ႔ ဖ႐ိုဖရဲခံစစ္က သူတို႔ေတြရဲ႕ ရလဒ္ေတြကို ဆိုး႐ြားေစၿပီး ႏွင္းသည္းလြန္းလို႔ တစ္ပြဲေလွ်ာ့ကစားလိုက္ရတဲ့ သူတို႔ေတြအေနနဲ႔ ဒီပြဲကို ဘရန႔္ဖို႔ဒ္ထက္ေတာ့ လန္းဆန္းတဲ့ ပုံစံနဲ႔ ခ်ဥ္းကပ္လာႏိုင္ပါတယ္။ ဘရန႔္ဖို႔ဒ္တစ္သင္းလုံးထက္ ဆြန္ေဟာင္မင္နဲ႔ ဟာရီကိန္းတို႔ ႏွစ္ေယာက္ေပါင္း အဆင့္အတန္းက ျမင့္မားေနၿပီး ပြဲဆက္မ်ားေနခ်ိန္မွာ စပါးစ္တို႔အေနနဲ႔ အေတြ႕အႀကဳံကို သုံးၿပီး အႏိုင္ရယူဖို႔ မ်ားေနပါတယ္။ (စပါးစ္ 2-1 ဘရန႔္ဖို႔ဒ္)

မန္ခ်က္စတာယူႏိုက္တက္-အာဆင္နယ္
ဒီတစ္ပတ္ရဲ႕ အႀကီးမားဆုံးပြဲစဥ္ျဖစ္ၿပီး နည္းျပသစ္ မကိုင္တြယ္ႏိုင္ေသးတဲ့ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ အေဝးကြင္းမွာ ႐ုန္းကန္ရတတ္တဲ့ အာဆင္နယ္နဲ႔ပြဲစဥ္မွာ အခြင့္အေရးတခ်ိဳ႕ေတာ့ ရွိေနခဲ့ပါတယ္။ အာတီတာအေနနဲ႔ အသင္းကို ႏိုင္သင့္ႏိုင္ထိုက္တဲ့ ပြဲေတြမွာ အႏိုင္ရရွိေအာင္ ဝတ္ဖို႔ဒ္၊ နယူးကာဆယ္လ္တို႔နဲ႔ ပြဲေတြမွာ လမ္းၫႊန္ေပးႏိုင္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ဘ႐ိုက္တန္နဲ႔ လီဗာပူးလ္တို႔ပြဲေတြမွာေတာ့ အေဝးကြင္း ကစားပုံက အားရစရာ မရွိေသးဘူးလို႔ ဆိုရမွာပါ။

မန္ခ်က္စတာသားေတြကေတာ့ ခ်ဲလ္ဆီးနဲ႔ပြဲမွာ အခြင့္အေရးေတြအားလုံးကို အသုံးမခ်ႏိုင္ေပမယ့္ ေဂ်ာ္ဂ်င္ညိဳရဲ႕ လက္ေဆာင္ေပးမႈကို ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ၿပီး သေရရယူခဲ့သလို တစ္ဖက္အသင္းရဲ႕ စိုးမိုးမႈကို စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ေတာင့္ခံသြားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ဒါေပမယ့္ ဆိုးလ္ရွားအလြန္ ရက္တိုတိုအတြင္းမွာ သူတို႔ေတြ အသင္းေကာင္းတစ္သင္းျဖစ္လာဖို႔ေတာ့ မရွိေသးသလို ေပၚတူဂီၾကယ္ပြင့္ေတြ မပါရင္လည္း ႐ုန္းကန္ရဖို႔ ရွိေနၿပီး ခံစစ္ထက္ တိုက္စစ္ညံ့ေနခ်ိန္မွာ ဖြင့္ကစားလာဖို႔ေတာ့ မျဖစ္ႏိုင္တာပါ။ ႏွစ္သင္းစလုံးအေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ တစ္မွတ္ရရင္ကို ေက်နပ္ဖို႔ ေကာင္းေနတာျဖစ္ပါတယ္။ (မန္ယူႏိုက္တက္ 1-1 အာဆင္နယ္)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.