Premier League

ဘလွန်ဒေါဆုနဲ့ပတ်သက်ပြီး ဖီရီရဲ့ အလိမ်အညာတွေကို ဖွင့်ချလိုက်တဲ့ ရော်နယ်လ်ဒို

ဘလွန်ဒေါဆုပေးပွဲအကြီးအကဲဖြစ်တဲ့ ပက်စ်ကယ် ဖရီဟာ ပြီးခဲ့တဲ့အပတ်မှာ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးရဲ့ အကြီးမားဆုံးရည်မှန်းချက်ဟာ လီယွန်နယ် မက်ဆီထက် ဘလွန်ဒေါဆု ပိုမိုရရှိပြီး ကစားသမားဘဝကနေ အနားယူဖို့လို့ ပြောကြားခဲ့ပြီး လက်ရှိအချိန်မှာတော့ ယူနိုက်တက်တိုက်စစ်မှူးက အဖြစ်မှန်ကို ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟာ ၎င်းရဲ့ ကာလရှည် ပြိုင်ဘက်ဖြစ်ခဲ့တဲ့ မက်ဆီထက် ဘလွန်ဒေါဆု ပိုမိုရရှိပြီး ကစားသမားဘဝကို အဆုံးသတ်ချင်တယ်လို့ နှစ်ကိုယ်ကြား ပြောကြားခဲ့ကြောင်း ပက်စ်ကယ် ဖီရီက ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ Telefoot နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်လ်ဒိုက ဘလွန်ဒေါဆုပေးပွဲအကြီးအကဲရဲ့ ပြောကြားချက်ဟာ လိမ်ညာမှုသာဖြစ်ပြီး တနင်္လာနေ့ညမှာ ၎င်းအနေနဲ့ ဘလွန်ဒေါ ဆုပေးပွဲ တက်ရောက်မှု မရှိခဲ့တာကြောင့် ဖရီက သူ့ရဲ့ပြောဆိုမှုဟာ မှန်ကန်တဲ့ပုံစံနဲ့ လိမ်ညာနေဆဲဖြစ်တယ်လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

“ပက်စ်ကယ် ဖီရီရဲ့ ထုတ်ဖော်ပြောကြားမှုနဲ့ ပတ်သက်လို့ ကျွန်တော် ပြောချင်တာက ကျွန်တော့်ရဲ့တစ်ခုတည်းသော ရည်မှန်းချက်က လီယွန်နယ် မက်ဆီထက် ရွှေဘောလုံးတွေ ပိုမိုရရှိပြီး ကစားသမားဘဝကို အဆုံးသတ်ချင်တယ်ဆိုပြီး သူပြောခဲ့တဲ့ စကားတွေက အလိမ်အညာတွေပါ။ ပက်စ်ကယ် ဖီရီက ကျွန်တော့်နာမည်ကို သုံးပြီး သူ့ကိုယ်သူနဲ့ သူ အလုပ်လုပ်နေတဲ့နေရာကို လူတွေ ပိုသိအောင် ပရိုမိုးရှင်းလုပ်ခဲ့တာပါ။ ဒီလို ဂုဏ်သိက္ခာကြီးမားတဲ့ဆုကို ပေးအပ်ခွင့် အပ်နှင်းခံထားရတဲ့ လူတစ်ယောက်က French football နဲ့ ဘလွန်ဒေါကို အမြဲတမ်း လေးစားမှုထားရှိခဲ့တဲ့ သူတယောက်ကို လုံးဝ မထီမဲ့မမြင် ပြုလုပ်ရာကျပါတယ်”

“နောက်ပြီးတော့ ကျွန်တော် ဆုပေးပွဲကို တက်ရောက်ခဲ့ခြင်းမရှိတာကို သူ ပြောတာ မှန်သလိုနဲ့ ခုထိ လိမ်ညာနေတုန်းပါပဲ။ အားကစားကို အထောက်အကူပေးနေတဲ့ ဆုရရှိသူကို ကျွန်တော် ဂုဏ်ပြုပါတယ်။ fair play ဆိုတာက ကျွန်တော့် ကစားသမားဘဝအစကနေ ကျင့်သုံးခဲ့တဲ့အရာဖြစ်ပြီး အဲဒါကို ကျွန်တော် ကျင့်သုံးပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ မတိုက်ခိုက်ခဲ့ပါဘူး။ ကျွန်တော်ကိုယ်တိုင်နဲ့ ကျွန်တော် ကိုယ်စားပြုတဲ့ကလပ်အတွက်ပဲ အမြဲတမ်း အနိုင်ရဖို့ လုပ်ပါတယ်။ ကျွန်တော့်ကိုယ်တိုင်အတွက်နဲ့ ကျွန်တော့်ကို ကြီးမားတဲ့ ကစားသမားဖြစ်လာစေချင်တဲ့သူတွေအတွက်ပဲ အနိုင်ရဖို့ လုပ်ခဲ့တာပါ”

“ဘယ်တုန်းကမှ ဘယ်သူ့ကို အနိုင်ယူတယ်ဆိုတာမျိုး မရှိခဲ့ပါဘူး။ ကျွန်တော့် ကစားသမားဘဝရဲ့ အကြီးမားဆုံးရည်မှန်းချက်က ပြည်တွင်းနဲ့ နိုင်ငံတကာဖလားတွေကို ကျွန်တော် ကိုယ်စားပြုကစားပေးတဲ့ ကလပ်နဲ့ နိုင်ငံအသင်းအတွက်ပါ ရယူပေးဖို့ပါပဲ။ ကျွန်တော့်ကစားသမားဘဝရဲ့ အကြီးမားဆုံး ရည်မှန်းချက်က ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်လာချင်တဲ့လူတိုင်းအတွက် စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာဖို့ပါ။ ကျွန်တော့် ကစားသမားဘဝရဲ့အကြီးမားဆုံးရည်မှန်းချက်က ကမ္ဘာ့ဘောလုံးသမိုင်းမှာ ကျွန်တော့်နာမည်ကို ရွှေရောင်စာလုံးနဲ့ ရေးထိုးပြီး ချန်ရစ်ထားနိုင်ခဲ့ဖို့ပါ”လို့ ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘလြန္ေဒါဆုေပးပြဲအႀကီးအကဲျဖစ္တဲ့ ပက္စ္ကယ္ ဖရီဟာ ၿပီးခဲ့တဲ့အပတ္မွာ ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးရဲ့ အႀကီးမားဆုံးရည္မွန္းခ်က္ဟာ လီယြန္နယ္ မက္ဆီထက္ ဘလြန္ေဒါဆု ပိုမိုရရွိၿပီး ကစားသမားဘဝကေန အနားယူဖို႔လို႔ ေျပာၾကားခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ယူနိုက္တက္တိုက္စစ္မႉးက အျဖစ္မွန္ကို ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉးဟာ ၎ရဲ့ ကာလရွည္ ၿပိဳင္ဘက္ျဖစ္ခဲ့တဲ့ မက္ဆီထက္ ဘလြန္ေဒါဆု ပိုမိုရရွိၿပီး ကစားသမားဘဝကို အဆုံးသတ္ခ်င္တယ္လို႔ ႏွစ္ကိုယ္ၾကား ေျပာၾကားခဲ့ေၾကာင္း ပက္စ္ကယ္ ဖီရီက ၿပီးခဲ့တဲ့ရက္သတၱပတ္မွာ Telefoot နဲ႔ ေတြ႕ဆုံရာမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေရာ္နယ္လ္ဒိုက ဘလြန္ေဒါဆုေပးပြဲအႀကီးအကဲရဲ့ ေျပာၾကားခ်က္ဟာ လိမ္ညာမႈသာျဖစ္ၿပီး တနလၤာေန႔ညမွာ ၎အေနနဲ႔ ဘလြန္ေဒါ ဆုေပးပြဲ တက္ေရာက္မႈ မရွိခဲ့တာေၾကာင့္ ဖရီက သူ႔ရဲ့ေျပာဆိုမႈဟာ မွန္ကန္တဲ့ပုံစံနဲ႔ လိမ္ညာေနဆဲျဖစ္တယ္လို႔ အင္စတာဂရမ္မွာ ေရးသားခဲ့ပါတယ္။

“ပက္စ္ကယ္ ဖီရီရဲ့ ထုတ္ေဖာ္ေျပာၾကားမႈနဲ႔ ပတ္သက္လို႔ ကၽြန္ေတာ္ ေျပာခ်င္တာက ကၽြန္ေတာ့္ရဲ့တစ္ခုတည္းေသာ ရည္မွန္းခ်က္က လီယြန္နယ္ မက္ဆီထက္ ေရႊေဘာလုံးေတြ ပိုမိုရရွိၿပီး ကစားသမားဘဝကို အဆုံးသတ္ခ်င္တယ္ဆိုၿပီး သူေျပာခဲ့တဲ့ စကားေတြက အလိမ္အညာေတြပါ။ ပက္စ္ကယ္ ဖီရီက ကၽြန္ေတာ့္နာမည္ကို သုံးၿပီး သူ႔ကိုယ္သူနဲ႔ သူ အလုပ္လုပ္ေနတဲ့ေနရာကို လူေတြ ပိုသိေအာင္ ပရိုမိုးရွင္းလုပ္ခဲ့တာပါ။ ဒီလို ဂုဏ္သိကၡာႀကီးမားတဲ့ဆုကို ေပးအပ္ခြင့္ အပ္ႏွင္းခံထားရတဲ့ လူတစ္ေယာက္က French football နဲ႔ ဘလြန္ေဒါကို အျမဲတမ္း ေလးစားမႈထားရွိခဲ့တဲ့ သူတေယာက္ကို လုံးဝ မထီမဲ့မျမင္ ျပဳလုပ္ရာက်ပါတယ္”

“ေနာက္ၿပီးေတာ့ ကၽြန္ေတာ္ ဆုေပးပြဲကို တက္ေရာက္ခဲ့ျခင္းမရွိတာကို သူ ေျပာတာ မွန္သလိုနဲ႔ ခုထိ လိမ္ညာေနတုန္းပါပဲ။ အားကစားကို အေထာက္အကူေပးေနတဲ့ ဆုရရွိသူကို ကၽြန္ေတာ္ ဂုဏ္ျပဳပါတယ္။ fair play ဆိုတာက ကၽြန္ေတာ့္ ကစားသမားဘဝအစကေန က်င့္သုံးခဲ့တဲ့အရာျဖစ္ၿပီး အဲဒါကို ကၽြန္ေတာ္ က်င့္သုံးပါတယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္ ဘယ္တုန္းကမွ ဘယ္သူ႔ကိုမွ မတိုက္ခိုက္ခဲ့ပါဘူး။ ကၽြန္ေတာ္ကိုယ္တိုင္နဲ႔ ကၽြန္ေတာ္ ကိုယ္စားျပဳတဲ့ကလပ္အတြက္ပဲ အျမဲတမ္း အနိုင္ရဖို႔ လုပ္ပါတယ္။ ကၽြန္ေတာ့္ကိုယ္တိုင္အတြက္နဲ႔ ကၽြန္ေတာ့္ကို ႀကီးမားတဲ့ ကစားသမားျဖစ္လာေစခ်င္တဲ့သူေတြအတြက္ပဲ အနိုင္ရဖို႔ လုပ္ခဲ့တာပါ”

“ဘယ္တုန္းကမွ ဘယ္သူ႔ကို အနိုင္ယူတယ္ဆိုတာမ်ိဳး မရွိခဲ့ပါဘူး။ ကၽြန္ေတာ့္ ကစားသမားဘဝရဲ့ အႀကီးမားဆုံးရည္မွန္းခ်က္က ျပည္တြင္းနဲ႔ နိုင္ငံတကာဖလားေတြကို ကၽြန္ေတာ္ ကိုယ္စားျပဳကစားေပးတဲ့ ကလပ္နဲ႔ နိုင္ငံအသင္းအတြက္ပါ ရယူေပးဖို႔ပါပဲ။ ကၽြန္ေတာ့္ကစားသမားဘဝရဲ့ အႀကီးမားဆုံး ရည္မွန္းခ်က္က ပေရာ္ဖက္ရွင္နယ္ကစားသမားျဖစ္လာခ်င္တဲ့လူတိုင္းအတြက္ စံျပပုဂၢိဳလ္တစ္ေယာက္ျဖစ္လာဖို႔ပါ။ ကၽြန္ေတာ့္ ကစားသမားဘဝရဲ့အႀကီးမားဆုံးရည္မွန္းခ်က္က ကမၻာ့ေဘာလုံးသမိုင္းမွာ ကၽြန္ေတာ့္နာမည္ကို ေရႊေရာင္စာလုံးနဲ႔ ေရးထိုးၿပီး ခ်န္ရစ္ထားနိုင္ခဲ့ဖို႔ပါ”လို႔ ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.