Serie A

ဖလားအသိမ်းခံရပြီး စီးရီးဘီကို တန်းဆင်းကစားရမယ့်အနေအထားနဲ့ ရင်ဆိုင်နေရတဲ့ ဂျူဗင်တပ်

ဂျူဗင်တပ်အသင်းဟာ ၎င်းတို့ရဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုကို စုံစမ်းစစ်ဆေးခြင်းကို ခံနေရတာကြောင့် ၂၀၂၀ ခုနှစ် စီးရီးအေဖလားကို ပြန်သိမ်းယူပြီး စီးရီဘီကို တန်းဆင်းရဖွယ်ရှိတယ်လို့ အီတလီက စားသုံးသူအခွင့်အရေးစောင့်ကြည့်လေ့လာသူက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ အီတလီထိပ်သီးအသင်းကြီးရဲ့ ရုံးခန်းတွေကို ဝင်ရောက်စီးနင်းပြီး ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း အပြောင်းအရွှေ့သဘောတူညီမှုတွေ၊ သဘောတူညီမှုတွေကနေ ရရှိလာတဲ့ အသင်းရဲ့အမြတ်အစွန်းနဲ့ အေးဂျင့်ခတွေကို စုံစမ်းစစ်ဆေးခြင်း ခံခဲ့ရပါတယ်။

စီးရီးအေထိပ်သီးအသင်းကြီးဟာ စာရင်းမှားပြခဲ့တယ်လို့ စွပ်စွဲခြင်း ခံခဲ့ရပြီး CODACONS အုပ်စုရဲ့ ဥက္ကဌ မာကို ဒွန်ဇဲလ်လီက ဂျူဗင်တပ်အသင်းအနေနဲ့ မမှန်မကန် အသာစီးရယူမှုတွေ ပြုလုပ်ထားတာ ရှာဖွေတွေ့ရှိခဲ့မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေအကြောင်းကို ပြောကြားသွားခဲ့ပါတယ်။

“ပြန်လည်ချေပဖို့အတွက် စွပ်စွဲမှုတွေက အရမ်းကို ပြင်းထန်ပြီး နောက်ဆုံးဘောလုံးချန်ပီယံရှစ်အပေါ်မှာ ယုတ်မာကောက်ကျစ်မှုတွေ ရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အမှန်တကယ်လည်း ဂျူဗင်တပ်က ပြီးခဲ့တဲ့နှစ်တွေမှာ လွှမ်းမိုးမှု ရှိနေခဲ့ပါတယ်။ တကယ်လို့ ဂျူဗင်တပ်သာ ပြိုင်ဘက်အသင်းတွေအပေါ်မှာ ဒီလိုပုံစံမျိုးလုပ်ဆောင်ပြီး တရားမဝင် အသာစီးရယူမှုတွေ ပြုလုပ်ခဲ့မယ်ဆိုရင် နောက်ဆုံးဘောလုံးချန်ပီယံရှစ်ရဲ့ အမှန်တရားဟာ ကျဆုံးနိုင်ပြီး နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ စျေးကွက်ယှဉ်ပြိုင်မှုအတွက် ဖက်ဒရေးရှင်းနဲ့ အာဏာပိုင်တွေက ကြားဝင်ပြီး တာဝန်ရှိသူတွေကို ဒဏ်ခတ် အရေးယူရပါလိမ့်မယ်”

“တစ်ဦးချင်း တာဝန်ယူမှုတွေထက်ကို ကျော်လွန်ပြီး အသင်းအနေနဲ့ အပြစ်ပေးမှုကနေ ကင်းလွတ်ခွင့်ရမှာမဟုတ်ပါဘူး။ ဒီအကြောင်းအရင်းအတွက်နဲ့ ပရိသတ်ထောင်ပေါင်းများစွာကို ကာကွယ်ဖို့ ကျွန်တော်တို့ ဖက်ဒရယ် အစိုုးရရှေ့နေရုံးကို ဂျူဗင်တပ်အသင်းကို စီးရီးဘီကို တန်းဆင်းကစားစေဖို့နဲ့ ဒီတရားမဝင်လုပ်ဆောင်မှုအောက်မှာ ရရှိခဲ့တဲ့ နောက်ဆုံးလိဂ်ဖလားတွေကို ပြန်လည်ရုတ်သိမ်းပေးဖို့ တောင်းဆိုသွားမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အီတလီအာဏာပိုင်တွေဟာ တူရင်နဲ့ မီလန်မှာ ရှိတဲ့ ဂျူဗင်တပ်အသင်းရုံးခန်းတွေက အပြောင်းအရွှေ့၊ ငွေတောင်းခံလွှာနဲ့ ဘဏ္ဍာရေးထုတ်ပြန်ချက်နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ သိမ်းယူခဲ့ပြီး အသင်းဥက္ကဌ အန်ဒရဲယား အက်ဂ်ညယ်လီ၊ ဒုဥက္ကဌ နက်ဗက်တို့ အပါအဝင် ဂျူဗင်တပ်တာဝန်ရှိသူ ၆ ဦးကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ တော့တင်ဟမ်ဟော့စပါးအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ အားကစားဒါရိုက်တာဟောင်း ပရာတီစီကိုလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး အီတလီရဲ့ ဘောလုံးလေ့လာစောင့်ကြည့်ရေးအဖွဲ့ COVISOC နဲ့ ဘဏ္ဍာရေး ထိန်းညှိမှုတွေပြုလုပ်တဲ့ အစိုးရအာဏာပိုင်အဖွဲ့ကလည်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ကလည်း ၂၄ လအတွင်း ဂျူဗင်တပ်အသင်းရရှိခဲ့တဲ့ အမြတ်ငွေ ယူရိုသန်း ၅၀ ကို ဘယ်လို ရရှိလာတယ်ဆိုတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းဟာ ၂၀၀၅ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်တို့မှာ လုပ်ပွဲကစားပြီး စီးရီးအေဖလားတွေကို ရရှိခဲ့တယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် စီးရီးဘီကို တန်းဆင်းခဲ့ရပြီး ဂျူဗင်တပ်အသင်းတာဝန်ရှိသူတွေနဲ့ ဒိုင်အဖွဲ့အစည်းကြားက တိုက်ရိုက် ပတ်သက်ဆက်နွယ်မှုကို ဖုန်းခေါ်ဆိုမှု ကြားဖြတ်နားထောင်ရာကနေ စစ်ဆေး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ၂၀၀၅ ခုနှစ်မှာ ဂျူဗင်တပ်အသင်း ရရှိခဲ့တဲ့ဖလားကို ပြန်လည်သိမ်းယူခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ရရှိခဲ့တဲ့ ဖလားကို အင်တာမီလန်အသင်းကို လွှဲပြောင်းပေးအပ်ခဲ့သလို ဂျူဗင်တပ်အသင်းကိုလည်း အလိုအလျောက် အမှတ်ပေးဇယားအောက်ဆုံးကို ပို့ခဲ့တာဖြစ်ပါတယ်။

Calciopoli လို့ အမည်ပေးထားတဲ့ စီးရီးအေလုပ်ပွဲအရှုပ်တော်ပုံထဲမှာ အေစီမီလန်၊ ဖီအိုရင်တီးနား၊ လာဇီယိုနဲ့ ရက်ဂျီနာတို့ ပါဝင်ခဲ့ပေမယ့်လည်း တန်းဆင်းရမယ့်အရေးကနေ ရှောင်လွှဲနိုင်ခဲ့ပြီး ရမှတ်လျော့တဲ့ပြစ်ဒဏ်သာ ချမှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ဖီအိုရင်တီးနားနဲ့ လာဇီယိုတို့ဟာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကနေ ကန်ထုတ်ခံခဲ့ရပြီး အေစီမီလန်ကတော့ အယူခံအောင်မြင်သွားခဲ့ပြီးနောက် ၂၀၀၆-၂၀၀၇ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဂ်ဴဗင္တပ္အသင္းဟာ ၎တို႔ရဲ့ ေငြေၾကးရင္းႏွီးျမႇုပ္ႏွံမႈကို စုံစမ္းစစ္ေဆးျခင္းကို ခံေနရတာေၾကာင့္ ၂၀၂၀ ခုႏွစ္ စီးရီးေအဖလားကို ျပန္သိမ္းယူၿပီး စီးရီဘီကို တန္းဆင္းရဖြယ္ရွိတယ္လို႔ အီတလီက စားသုံးသူအခြင့္အေရးေစာင့္ၾကည့္ေလ့လာသူက ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရက္သတၱပတ္မွာ အီတလီထိပ္သီးအသင္းႀကီးရဲ့ ႐ုံးခန္းေတြကို ဝင္ေရာက္စီးနင္းၿပီး ၂၀၁၉ ခုႏွစ္ကေန ၂၀၂၁ ခုႏွစ္အတြင္း အေျပာင္းအေရႊ႕သေဘာတူညီမႈေတြ၊ သေဘာတူညီမႈေတြကေန ရရွိလာတဲ့ အသင္းရဲ့အျမတ္အစြန္းနဲ႔ ေအးဂ်င့္ခေတြကို စုံစမ္းစစ္ေဆးျခင္း ခံခဲ့ရပါတယ္။

စီးရီးေအထိပ္သီးအသင္းႀကီးဟာ စာရင္းမွားျပခဲ့တယ္လို႔ စြပ္စြဲျခင္း ခံခဲ့ရၿပီး CODACONS အုပ္စုရဲ့ ဥကၠဌ မာကို ဒြန္ဇဲလ္လီက ဂ်ဴဗင္တပ္အသင္းအေနနဲ႔ မမွန္မကန္ အသာစီးရယူမႈေတြ ျပဳလုပ္ထားတာ ရွာေဖြေတြ႕ရွိခဲ့မယ္ဆိုရင္ ျဖစ္လာနိုင္တဲ့ အက်ိဳးသက္ေရာက္မႈေတြအေၾကာင္းကို ေျပာၾကားသြားခဲ့ပါတယ္။

“ျပန္လည္ေခ်ပဖို႔အတြက္ စြပ္စြဲမႈေတြက အရမ္းကို ျပင္းထန္ၿပီး ေနာက္ဆုံးေဘာလုံးခ်န္ပီယံရွစ္အေပၚမွာ ယုတ္မာေကာက္က်စ္မႈေတြ ရွိခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ အမွန္တကယ္လည္း ဂ်ဴဗင္တပ္က ၿပီးခဲ့တဲ့ႏွစ္ေတြမွာ လႊမ္းမိုးမႈ ရွိေနခဲ့ပါတယ္။ တကယ္လို႔ ဂ်ဴဗင္တပ္သာ ၿပိဳင္ဘက္အသင္းေတြအေပၚမွာ ဒီလိုပုံစံမ်ိဳးလုပ္ေဆာင္ၿပီး တရားမဝင္ အသာစီးရယူမႈေတြ ျပဳလုပ္ခဲ့မယ္ဆိုရင္ ေနာက္ဆုံးေဘာလုံးခ်န္ပီယံရွစ္ရဲ့ အမွန္တရားဟာ က်ဆုံးနိုင္ၿပီး ေနာက္ဆက္တြဲအက်ိဳးဆက္အေနနဲ႔ ေစ်းကြက္ယွဥ္ၿပိဳင္မႈအတြက္ ဖက္ဒေရးရွင္းနဲ႔ အာဏာပိုင္ေတြက ၾကားဝင္ၿပီး တာဝန္ရွိသူေတြကို ဒဏ္ခတ္ အေရးယူရပါလိမ့္မယ္”

“တစ္ဦးခ်င္း တာဝန္ယူမႈေတြထက္ကို ေက်ာ္လြန္ၿပီး အသင္းအေနနဲ႔ အျပစ္ေပးမႈကေန ကင္းလြတ္ခြင့္ရမွာမဟုတ္ပါဘူး။ ဒီအေၾကာင္းအရင္းအတြက္နဲ႔ ပရိသတ္ေထာင္ေပါင္းမ်ားစြာကို ကာကြယ္ဖို႔ ကၽြန္ေတာ္တို႔ ဖက္ဒရယ္ အစိုုးရေရွ႕ေန႐ုံးကို ဂ်ဴဗင္တပ္အသင္းကို စီးရီးဘီကို တန္းဆင္းကစားေစဖို႔နဲ႔ ဒီတရားမဝင္လုပ္ေဆာင္မႈေအာက္မွာ ရရွိခဲ့တဲ့ ေနာက္ဆုံးလိဂ္ဖလားေတြကို ျပန္လည္႐ုတ္သိမ္းေပးဖို႔ ေတာင္းဆိုသြားမွာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အီတလီအာဏာပိုင္ေတြဟာ တူရင္နဲ႔ မီလန္မွာ ရွိတဲ့ ဂ်ဴဗင္တပ္အသင္း႐ုံးခန္းေတြက အေျပာင္းအေရႊ႕၊ ေငြေတာင္းခံလႊာနဲ႔ ဘ႑ာေရးထုတ္ျပန္ခ်က္နဲ႔ သက္ဆိုင္တဲ့ စာရြက္စာတမ္းေတြ သိမ္းယူခဲ့ၿပီး အသင္းဥကၠဌ အန္ဒရဲယား အက္ဂ္ညယ္လီ၊ ဒုဥကၠဌ နက္ဗက္တို႔ အပါအဝင္ ဂ်ဴဗင္တပ္တာဝန္ရွိသူ ၆ ဦးကို စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီမွာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကို ေျပာင္းေရႊ႕သြားခဲ့တဲ့ အားကစားဒါရိုက္တာေဟာင္း ပရာတီစီကိုလည္း စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနၿပီး အီတလီရဲ့ ေဘာလုံးေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕ COVISOC နဲ႔ ဘ႑ာေရး ထိန္းညႇိမႈေတြျပဳလုပ္တဲ့ အစိုးရအာဏာပိုင္အဖြဲ႕ကလည္း စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။

ရဲတပ္ဖြဲ႕ကလည္း ၂၄ လအတြင္း ဂ်ဴဗင္တပ္အသင္းရရွိခဲ့တဲ့ အျမတ္ေငြ ယူရိုသန္း ၅၀ ကို ဘယ္လို ရရွိလာတယ္ဆိုတာနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ ဂ်ဴဗင္တပ္အသင္းဟာ ၂၀၀၅ ခုႏွစ္နဲ႔ ၂၀၀၆ ခုႏွစ္တို႔မွာ လုပ္ပြဲကစားၿပီး စီးရီးေအဖလားေတြကို ရရွိခဲ့တယ္ဆိုတာ စစ္ေဆးေတြ႕ရွိခဲ့တဲ့အတြက္ စီးရီးဘီကို တန္းဆင္းခဲ့ရၿပီး ဂ်ဴဗင္တပ္အသင္းတာဝန္ရွိသူေတြနဲ႔ ဒိုင္အဖြဲ႕အစည္းၾကားက တိုက္ရိုက္ ပတ္သက္ဆက္ႏြယ္မႈကို ဖုန္းေခၚဆိုမႈ ၾကားျဖတ္နားေထာင္ရာကေန စစ္ေဆး ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ၂၀၀၅ ခုႏွစ္မွာ ဂ်ဴဗင္တပ္အသင္း ရရွိခဲ့တဲ့ဖလားကို ျပန္လည္သိမ္းယူခဲ့ၿပီး ၂၀၀၆ ခုႏွစ္မွာ ရရွိခဲ့တဲ့ ဖလားကို အင္တာမီလန္အသင္းကို လႊဲေျပာင္းေပးအပ္ခဲ့သလို ဂ်ဴဗင္တပ္အသင္းကိုလည္း အလိုအေလ်ာက္ အမွတ္ေပးဇယားေအာက္ဆုံးကို ပို႔ခဲ့တာျဖစ္ပါတယ္။

Calciopoli လို႔ အမည္ေပးထားတဲ့ စီးရီးေအလုပ္ပြဲအရႈပ္ေတာ္ပုံထဲမွာ ေအစီမီလန္၊ ဖီအိုရင္တီးနား၊ လာဇီယိုနဲ႔ ရက္ဂ်ီနာတို႔ ပါဝင္ခဲ့ေပမယ့္လည္း တန္းဆင္းရမယ့္အေရးကေန ေရွာင္လႊဲနိုင္ခဲ့ၿပီး ရမွတ္ေလ်ာ့တဲ့ျပစ္ဒဏ္သာ ခ်မွတ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။ ဖီအိုရင္တီးနားနဲ႔ လာဇီယိုတို႔ဟာ ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ၿပိဳင္ပြဲကေန ကန္ထုတ္ခံခဲ့ရၿပီး ေအစီမီလန္ကေတာ့ အယူခံေအာင္ျမင္သြားခဲ့ၿပီးေနာက္ ၂၀၀၆-၂၀၀၇ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.