Bundesliga Premier League Serie A

ဒဏ်ရာတွေကြောင့် အလားအလာရှိသလောက် အောင်မြင်မှုမရခဲ့တဲ့ ကစားသမား ၅ ဦး

ဘောလုံးအားကစားဟာ တစ်ခါတရံမှာ အလွန်ဆိုးရွားတဲ့ ကစားပွဲတစ်ခု ဖြစ်နိုင်ပြီး ဘယ်လို အားကစားမဆို ဒဏ်ရာ ရရှိနိုင်တယ်ဆိုတာ ကစားသမားတိုင်းက လက်ခံကြပေမယ့် အဲဒီလို ဖြစ်ပျက်လာမယ်လို့တော့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြတာဖြစ်ပါတယ်။

ကစားသမားတစ်ယောက်အနေနဲ့ ဘယ်လောက်ပဲ မိုးပျံနေအောင် ကောင်းနေပေမယ့်လည်း ကစားသမားဘဝ အစောပိုင်းမှာ ရရှိတဲ့ ဒဏ်ရာပြဿနာက ကစားသမားဘဝတစ်ခုလုံးကို အလွယ်တကူပဲ ဖျက်ဆီး ပစ်လိုက်နိုင်ပါတယ်။ ကစားသမားအများအပြားဟာ ၎င်းတို့ရဲ့ အကောင်းဆုံးပုံစံကို ရောက်ရှိနိုင်ခဲ့ကြတာကို မြင်တွေ့ခဲ့ရသလို အကောင်းဆုံးပုံစံကို မရောက်ရှိဘဲ လမ်းတဝက်မှာတင် ရှေ့မဆက်နိုင်တော့တဲ့ ကစားသမား အများအပြားကိုလည်း မြင်တွေ့ကြဖူးမှာဖြစ်ပါတယ်။

ဒဏ်ရာပြဿနာဟာ ဘောလုံးကစားပွဲရဲ့ တစ်စိတ်တပိုင်းဖြစ်ပြီး ယေဘုယျအားဖြင့် ကစားသမားတွေဟာ တစ်ချိန်မဟုတ် တစ်ချိန်မှာ ဒဏ်ရာကြောင့် အနားယူရတာမျိုး ရှိလာနိုင်ပါတယ်။ အများစုကတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး ပုံမှန်ခြေစွမ်း ပြန်လည် ပြသနိုင်ခဲ့ကြပေမယ့်လည်း အချို့ကစားသမားတွေကတော့ ပြင်းထန်လွန်းတဲ့ ဒဏ်ရာကို မတွန်းလှန်နိုင်ဘဲ အလားအလာတွေအားလုံးကို လက်လွှတ်ခဲ့ရပါတယ်။

အခု ဖော်ပြပေးသွားမှာကတော့ ဒဏ်ရာပြဿနာကြောင့် အလားအလာရှိသလောက် မရောက်ရှိနိုင်ခဲ့တဲ့ လက်ရှိ ဘောလုံးထဲမှာ ကျင်လည်နေဆဲဖြစ်တဲ့ အကောင်းဆုံးကစားသမား ၅ ဦးအကြောင်းပဲ ဖြစ်ပါတယ်။

၅။ ဗစ်တာ ဗက်ဇ်ကွက်ဇ်

တစ်ခါတုန်းက ဗက်ဇ်ကွက်ဇ်ဟာ မက်ဆီရဲ့နေရာကိုတောင် စိန်ခေါ်ခဲ့ဖူးတယ်လို့ ပြောရင် ယုံကြမယ်မထင်ပါဘူး။ တစ်ခါတုန်းက ဗက်ဇ်ကွက်ဇ်ဟာ အာဂျင်တီးနားကြယ်ပွင့်ထက်တောင် ပိုကောင်းတယ်လို့ ယူဆခြင်း ခံခဲ့ရဖူးပေမယ့် ကံတရားကတော့ သူ့ကို မျက်နှာသာ မပေးခဲ့ပါဘူး။ လာမာစီယာအကယ်ဒမီထွက်ကစားသမားဖြစ်တဲ့ ဗက်ဇ်ကွက်ဇ်ဟာ ဘာစီလိုနာလူငယ်အသင်းမှာ လျင်လျင်မြန်မြန်နဲ့ အထင်ကြီးမှုတွေ ရရှိအောင် ကစားပြနိုင်ခဲ့ပြီး ဘာစီလိုနာ စီအသင်းအတွက် ပွဲဦးထွက်ကစားပေးခဲ့ပြီးနောက် စပိန်ကစားသမားဟာ ဘာစီလိုနာက အချိန်အများစုကို ဘာစီလိုနာ ဘီအသင်းအတွက် ကစားပေးခဲ့ပါတယ်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီမှာ လက်ကျန်ရာသီတစ်ခုလုံး လွဲချော်စေခဲ့တဲ့ ပြင်းထန်လှတဲ့ ဒူးဒဏ်ရာ ရရှိခဲ့ပြီး ဒီဒဏ်ရာက ပုံမှန်ခြေစွမ်း လျင်လျင်မြန်မြန် ပြန်လည်ရရှိချင်တဲ့ကစားသမားတစ်ယောက်အတွက် အဓိကပြဿနာဖြစ်ခဲ့ပါတယ်။ ဗက်ဇ်ကွက်ဇ်ရဲ့ စပိန်က ကာလဟာ ၂၀၁၁ ခုနှစ်မှာ ဘာစီလိုနာအသင်းအတွက် ၃ ပွဲသာ ပါဝင်ကစားပေးရသေးချိန်မှာ ကုန်ဆုံးခဲ့ပြီး ဘရုဂျက်ကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ဘရုဂျက်နဲ့အတူ ၅ ရာသီကုန်ဆုံးခဲ့ပြီးနောက် မက္ကဆီကိုကလပ်ဖြစ်တဲ့ ခရုဇ် အေဇူးလ်၊ တိုရွန်တို၊ အယ်လ်-အာရာဘီ၊ အမ် ဆာလာ၊ ယူပန်အသင်းတို့ကို ပြောင်းရွှေ့ကစားပြီးနောက် ယခုနှစ် မတ်လမှာ အယ်လ်အေ ဂလက်ဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။

၄။ ဒန်နီရယ် စတားရစ်ဂျ်

ဥရောပရဲ့ ကြောက်မက်ဖွယ်အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ခဲ့ရမယ့် ကစားသမားဟာ ဒဏ်ရာပြဿနာတွေကြောင့် ကစားသမားဘဝ ပျက်စီးခဲ့ရပြီး မန်စီးတီးအကယ်ဒမီထွက် အင်္ဂလန်တိုက်စစ်မှူးဟာ ချဲလ်ဆီး၊ လီဗာပူးလ်တို့အတွက် ကစားပေးခဲ့သူဖြစ်ပါတယ်။ မှတ်မှတ်ရရ စတားရစ်ဂျ်ဟာ အန်းဖီးမှာ အကောင်းဆုံးအောင်မြင်မှုတွေ ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ အန်းဖီးကို ပြောင်းရွှေ့ပြီးနောက် လူးဝစ္စ ဆွာရက်ဇ်နဲ့အတူ ကြောက်မက်ဖွယ် တိုက်စစ်အတွဲကို ပုံဖော်နိုင်ခဲ့ပါတယ်။ စတားရစ်ဂျ်ဟာ ဆွာရက်ဇ်အတွက် ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုမျိုး ပေးနိုင်ခဲ့ပြီး ၎င်းတို့ ၂ ဦးစလုံးဟာ အဲဒီရာသီ လီဗာပူးလ်အသင်းရဲ့ သွင်းဂိုး တစ်ဝက်ကို သွင်းယူပေးခဲ့ကြပါတယ်။

ကံဆိုးစွာနဲ့ နောက်ရာသီမှာ အင်္ဂလန်တိုက်စစ်မှူးဟာ ဒဏ်ရာ ရရှိခဲ့ပြီး ရာသီရဲ့အချိန်အများစုကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။ နောက်ရာသီမှာတော့ စတားရစ်ဂျ်ရဲ့ ဂိုးသွင်းစွမ်းရည်ဟာ အလွန်ကောင်းမွန်ခဲ့ပေမယ့်လည်း ဒဏ်ရာက ၎င်းထက် နောက်ထပ်တစ်ကြိမ် ပိုမိုကောင်းမွန်နေခဲ့ပါတယ်။ ဒီဆိုးရွားတဲ့မှတ်တမ်းတွေက စတားရစ်ဂျ်ကို လူစာရင်းထဲမှာ ပွဲထွက်ခွင့်နေရာတစ်နေရာ ဆုံးရှုံးစေခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အန်းဖီးကို စွန့်ခွာပြီးနောက် တူရကီအသင်းဖြစ်တဲ့ ထရက်ဇွန်စပေါ်ကို ပြောင်းရွှေ့ကစားခဲ့ပြီး လက်ရှိမှာတော့ ပါ့သ် ဂလိုရီအတွက် ကစားပေးနေပါတယ်။

၃။ မာရီယို ဂေါ့ဇဲ

မာရီယို ဂေါ့ဇဲဟာ ၂၀၁၄ ကမ္ဘာ့ဖလားကို ရရှိခဲ့တဲ့ ဂျာမန်ကစားသမားအဖြစ် အမြဲတမ်း အမှတ်ရခြင်း ခံနေရမှာဖြစ်ပေမယ့် ဒဏ်ရာပြဿနာသာမရှိခဲ့ဘူးဆိုရင် ၎င်းရဲ့ ကစားသမားဘဝက ဘယ်လိုဖြစ်ခဲ့မလဲဆိုတာ အားလုံး သိချင်ကြမှာဖြစ်ပါတယ်။ ဂေါ့ဇဲဟာ ဒေါ့မွန်အကယ်ဒမီကနေ ထွက်ပေါ်လာပြီးနောက် ၂၀၀၉ ခုနှစ်မှာ စီနီယာကစားသမားဘဝ ပွဲဦးထွက်ပါဝင်ကစားခွင့်ရခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်ကို မပြောင်းရွှေ့မီ မာကို ရွိုက်စ်နဲ့အတူ ကြောက်မက်ဖွယ် တွဲဘက်အဖြစ် ကစားပေးခဲ့သူဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ််နဲ့အတူ အောင်မြင်တဲ့ကာလကို ပိုင်ဆိုင်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် ဒေါ့မွန်ကို ပြန်လာခဲ့ပြီး အဲဒီရာသီဝက်မှာတင် မဖော်ပြနိုင်တဲ့ နာမကျန်းဖြစ်မှုကြောင့် လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ ဂေါ့ဇဲဟာ myopathy လို့ ခေါ်တဲ့ အလိုအလျောက်လှုပ်ရှားမှုကို ထိန်းချုပ်တဲ့ ကြွက်သားကို အကျိုးသက်ရောက်မှုရှိစေတဲ့ ရောဂါကို ခံစားနေရတာလို့ အတည်ပြုခဲ့ပြီး ဒီဒဏ်ရာကြောင့် ဂျာမန်ကွင်းလယ်ကစားသမားဟာ မောပန်းနွမ်းနယ်ပြီး ကိုယ်အလေးချိန်တက်လာခဲ့ပါတယ်။ ကံဆိုးစွာနဲ့ ဒီရောဂါကို ကုသဖို့အတွက်က ဆေးသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ အနားယူခြင်းသာ ရွေးချယ်စရာရှိခဲ့ပြီး ၂၀၁၁ ခုနှစ် ဂိုးဒင်းဘွိုင်းဆုရှင်ဟာ ဘယ်တော့မှ အရင်တုန်းက ခြေစွမ်းမျိုး ပြန်လည်မပြသနိုင်တော့တာဖြစ်ပါတယ်။ ဂေါ့ဇဲဟာ ၂၀၂၀ ခုနှစ်မှာ ဒေါ့မွန်နဲ့ လမ်းခွဲခဲ့ပြီး ပီအက်စ်ဗွီအသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

၂။ ဂျက်ခ် ဝီလ်ရှိုင်းယား

ဂျက်ခ် ဝီလ်ရှိုင်းယားဟာ အသက် ၁၆ နှစ်နဲ့ ၂၅၆ ရက်အရွယ်သာရှိသေးတဲ့ ၂၀၀၈ ခုနှစ်မှာ အာဆင်နယ်အသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တဲ့ အလားအလာများစွာရှိတဲ့ လူငယ်ကစားသမားတစ်ယောက်ဖြစ်ပြီး အာဆင်နယ်အတွက် အသက်အငယ်ဆုံးပွဲဦးထွက်ကစားပေးတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ ၂၀၁၀-၂၀၁၁ ခုနှစ်မှာ ၄၉ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ပထမဆုံးရာသီအပြည့် ကစားခွင့်ရခဲ့သလို အင်္ဂလန်လက်ရွေးစင်လူစာရင်းမှာလည်း ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ ဝီလ်ရှိုင်းယားရဲ့ ကစားသမားဘဝဟာ အရာအားလုံး စတင်ပြီး အထိုင်ကျလာချိန်မှာ ဒဏ်ရာပြဿနာက အားလုံးကို အပြီးတိုင်ပြောင်းလဲပစ်လိုက်တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဝီလ်ရှိုင်းယားဟာ ရာသီကြိုခြေစမ်းပွဲအတွင်း ခြေချင်းဝတ်ရိုးကျိုး ဒဏ်ရာ ရရှိခဲ့ပြီး တစ်ရာသီလုံး အနားယူခဲ့ရပါတယ်။

၅၂၇ ရက်အကြာမှာ ဝီလ်ရှိုင်းယား ပြန်လည်ကစားနိုင်ခဲ့ပြီး အသင်းအတွက် ၂ ရာသီဆက်တိုက် အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် နောက်ထပ်ကြီးမားတဲ့ ဒဏ်ရာပြဿနာကြီးတစ်ခုကို ကြုံခဲ့ရပြန်ပါတယ်။ အဲဒီဒဏ်ရာကြောင့်် ၁၀ လလောက် အနားယူပြီးနောက် ပြန်လည်ကစားပေးနိုင်ခဲ့ပြီး ပွဲအနည်းငယ်သာ ပါဝင်ကစားခွင့် ရရှိခဲ့ပြီးနောက် နောက်ရာသီမှာ အငှားချခြင်း ခံခဲ့ရပါတယ်။ အငှားစာချုပ်ပြည့်လို့ အသင်းကို ပြန်လည်ရောက်ရှိလာချိန်မှာ ဝီလ်ရှိုင်းယားဟာ အရင်တုန်းကနဲ့ လုံးဝမတူညီတော့ဘဲ ၂၀၁၈ ခုနှစ်မှာ မြောက်လန်ဒန်ကို စွန့်ခွာပြီး ဝက်စ်ဟမ်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒါပေမယ့် ဝီလ်ရှိုင်းယားရဲ့ ဒဏ်ရာပြဿနာက အရိပ်လို နောက်ကလိုက်ပါနေပြီး ပုံမှန်ခြေစွမ်း ပြန်ရနိုင်မယ့် အခွင့်အရေးကို ဖျက်ဆီးခဲ့တာကြောင့် ဝက်စ်ဟမ်းအတွက် ၃ နှစ်အတွင်း ၁၉ ပွဲသာ ကစားပေးနိုင်ခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ၂၀၂၀-၂၀၂၁ ရာသီမှာ ဘုန်းမောက်မှာ ကာလတို ကစားခွင့်ရရှိခဲ့ပြီးနောက် လက်ရှိမှာတော့ အသင်းလက်မဲ့ဖြစ်နေပါတယ်။

၁။ အလက်ဇန်းဒါး ပါတို

အလက်ဇန်းဒါး ပါတိုဟာ လီယွန်နယ် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့လို အဆင့်မျိုးရောက်နိုင်တဲ့ အလားအလာအကုန်လုံး ရှိခဲ့သူဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ အေစီမီလန်ကို ပြောင်းရွှေ့ခဲ့တဲ့အချိန်မှာ တဟုန်ထိုး ခြေစွမ်းပြသခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက လူငယ်ကြယ်ပွင့်ကစားသမားဘဝသာ ရှိသေးပေမယ့် ၎င်းရဲ့ အလားအလာကြောင့် အချိန်တိုအတွင်း လူသိများ ကျော်ကြားလာခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ အားလုံးရဲ့အာရုံစိုက်မှုကို ရယူနိုင်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ပါတိုဟာ ပွဲကစားချိန် ၂၄ စက္ကန့်သာ ရှိသေးချိန်မှာ ဘာစီလိုနာအသင်းဘက်ကို ဂိုးသွင်းယူခဲ့ပြီး ချန်ပီယံလိဂ်ရဲ့ ပဥ္စမမြောက်အမြန်ဆုံးသွင်းဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာတော့ ပါတိုရဲ့အလားအလာထက် ဒဏ်ရာက ပိုမိုကောင်းမွန်ခဲ့ပြီး အကြိမ်ပေါင်းများစွာ ဒဏ်ရာပြဿနာတွေက ၎င်းရဲ့ စွမ်းဆောင်ရည်ကို အနှောင့်အယှက်ပေးခဲ့တာကြောင့် ၂၀၁၃ ခုနှစ်မှာတော့ အေစီမီလန်က ပါတိုကို ကိုရင်သီယန်အသင်းကို ရောင်းထုတ်ခဲ့ပါတယ်။ ဘရာဇီးလ်ကို ပြန်လည်ပြောင်းရွှေ့ပြီးကတည်းက ပါတီုဟာ အရင်တုန်းက ခြေစွမ်းမျိုး ပြန်လည်ပြသနိုင်ခြင်းမရှိတော့ဘဲ အသက် ၃၂ နှစ်အရွယ်တိုက်စစ်မှူးဟာ တစ်ခါတုန်းကလို ကြီးမားတဲ့အဆင့်တစ်ခုမှာ ပြန်လည်ကစားဖို့ ကြိုးပမ်းခဲ့ပေမယ့် ချဲလ်ဆီး၊ ဗီလာရီးရဲလ်တို့မှာ ကစားခဲ့တဲ့ကာလဟာ အကျိုးသက်ရောက်မှု မရှိခဲ့တာဖြစ်ပါတယ်။ ပါတိုဟာ မေဂျာလိဂ်အသင်းဖြစ်တဲ့ အော်လန်ဒိုစီးတီးကို ၂၀၂၁ ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ပြီး ကစားသမားဘဝကို အမေရိကမှာ အဆုံးသတ်သွားဖွယ် ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေဘာလုံးအားကစားဟာ တစ္ခါတရံမွာ အလြန္ဆိုးရြားတဲ့ ကစားပြဲတစ္ခု ျဖစ္နိုင္ၿပီး ဘယ္လို အားကစားမဆို ဒဏ္ရာ ရရွိနိုင္တယ္ဆိုတာ ကစားသမားတိုင္းက လက္ခံၾကေပမယ့္ အဲဒီလို ျဖစ္ပ်က္လာမယ္လို႔ေတာ့ ဘယ္တုန္းကမွ မေမၽွာ္လင့္ထားခဲ့ၾကတာျဖစ္ပါတယ္။

ကစားသမားတစ္ေယာက္အေနနဲ႔ ဘယ္ေလာက္ပဲ မိုးပ်ံေနေအာင္ ေကာင္းေနေပမယ့္လည္း ကစားသမားဘဝ အေစာပိုင္းမွာ ရရွိတဲ့ ဒဏ္ရာျပႆနာက ကစားသမားဘဝတစ္ခုလုံးကို အလြယ္တကူပဲ ဖ်က္ဆီး ပစ္လိုက္နိုင္ပါတယ္။ ကစားသမားအမ်ားအျပားဟာ ၎တို႔ရဲ့ အေကာင္းဆုံးပုံစံကို ေရာက္ရွိနိုင္ခဲ့ၾကတာကို ျမင္ေတြ႕ခဲ့ရသလို အေကာင္းဆုံးပုံစံကို မေရာက္ရွိဘဲ လမ္းတဝက္မွာတင္ ေရွ႕မဆက္နိုင္ေတာ့တဲ့ ကစားသမား အမ်ားအျပားကိုလည္း ျမင္ေတြ႕ၾကဖူးမွာျဖစ္ပါတယ္။

ဒဏ္ရာျပႆနာဟာ ေဘာလုံးကစားပြဲရဲ့ တစ္စိတ္တပိုင္းျဖစ္ၿပီး ေယဘုယ်အားျဖင့္ ကစားသမားေတြဟာ တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္မွာ ဒဏ္ရာေၾကာင့္ အနားယူရတာမ်ိဳး ရွိလာနိုင္ပါတယ္။ အမ်ားစုကေတာ့ ဒဏ္ရာကေန ျပန္လည္သက္သာလာၿပီး ပုံမွန္ေျခစြမ္း ျပန္လည္ ျပသနိုင္ခဲ့ၾကေပမယ့္လည္း အခ်ိဳ႕ကစားသမားေတြကေတာ့ ျပင္းထန္လြန္းတဲ့ ဒဏ္ရာကို မတြန္းလွန္နိုင္ဘဲ အလားအလာေတြအားလုံးကို လက္လႊတ္ခဲ့ရပါတယ္။

အခု ေဖာ္ျပေပးသြားမွာကေတာ့ ဒဏ္ရာျပႆနာေၾကာင့္ အလားအလာရွိသေလာက္ မေရာက္ရွိနိုင္ခဲ့တဲ့ လက္ရွိ ေဘာလုံးထဲမွာ က်င္လည္ေနဆဲျဖစ္တဲ့ အေကာင္းဆုံးကစားသမား ၅ ဦးအေၾကာင္းပဲ ျဖစ္ပါတယ္။

၅။ ဗစ္တာ ဗက္ဇ္ကြက္ဇ္

တစ္ခါတုန္းက ဗက္ဇ္ကြက္ဇ္ဟာ မက္ဆီရဲ့ေနရာကိုေတာင္ စိန္ေခၚခဲ့ဖူးတယ္လို႔ ေျပာရင္ ယုံၾကမယ္မထင္ပါဘူး။ တစ္ခါတုန္းက ဗက္ဇ္ကြက္ဇ္ဟာ အာဂ်င္တီးနားၾကယ္ပြင့္ထက္ေတာင္ ပိုေကာင္းတယ္လို႔ ယူဆျခင္း ခံခဲ့ရဖူးေပမယ့္ ကံတရားကေတာ့ သူ႔ကို မ်က္ႏွာသာ မေပးခဲ့ပါဘူး။ လာမာစီယာအကယ္ဒမီထြက္ကစားသမားျဖစ္တဲ့ ဗက္ဇ္ကြက္ဇ္ဟာ ဘာစီလိုနာလူငယ္အသင္းမွာ လ်င္လ်င္ျမန္ျမန္နဲ႔ အထင္ႀကီးမႈေတြ ရရွိေအာင္ ကစားျပနိုင္ခဲ့ၿပီး ဘာစီလိုနာ စီအသင္းအတြက္ ပြဲဦးထြက္ကစားေပးခဲ့ၿပီးေနာက္ စပိန္ကစားသမားဟာ ဘာစီလိုနာက အခ်ိန္အမ်ားစုကို ဘာစီလိုနာ ဘီအသင္းအတြက္ ကစားေပးခဲ့ပါတယ္။

၂၀၀၉ ခုႏွစ္ ေဖေဖာ္ဝါရီမွာ လက္က်န္ရာသီတစ္ခုလုံး လြဲေခ်ာ္ေစခဲ့တဲ့ ျပင္းထန္လွတဲ့ ဒူးဒဏ္ရာ ရရွိခဲ့ၿပီး ဒီဒဏ္ရာက ပုံမွန္ေျခစြမ္း လ်င္လ်င္ျမန္ျမန္ ျပန္လည္ရရွိခ်င္တဲ့ကစားသမားတစ္ေယာက္အတြက္ အဓိကျပႆနာျဖစ္ခဲ့ပါတယ္။ ဗက္ဇ္ကြက္ဇ္ရဲ့ စပိန္က ကာလဟာ ၂၀၁၁ ခုႏွစ္မွာ ဘာစီလိုနာအသင္းအတြက္ ၃ ပြဲသာ ပါဝင္ကစားေပးရေသးခ်ိန္မွာ ကုန္ဆုံးခဲ့ၿပီး ဘ႐ုဂ်က္ကို ေျပာင္းေရႊ႕ကစားခဲ့ပါတယ္။ ဘ႐ုဂ်က္နဲ႔အတူ ၅ ရာသီကုန္ဆုံးခဲ့ၿပီးေနာက္ မကၠဆီကိုကလပ္ျဖစ္တဲ့ ခ႐ုဇ္ ေအဇူးလ္၊ တိုရြန္တို၊ အယ္လ္-အာရာဘီ၊ အမ္ ဆာလာ၊ ယူပန္အသင္းတို႔ကို ေျပာင္းေရႊ႕ကစားၿပီးေနာက္ ယခုႏွစ္ မတ္လမွာ အယ္လ္ေအ ဂလက္ဆီကို ေျပာင္းေရႊ႕ခဲ့ပါတယ္။

၄။ ဒန္နီရယ္ စတားရစ္ဂ်္

ဥေရာပရဲ့ ေၾကာက္မက္ဖြယ္အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္ခဲ့ရမယ့္ ကစားသမားဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ ကစားသမားဘဝ ပ်က္စီးခဲ့ရၿပီး မန္စီးတီးအကယ္ဒမီထြက္ အဂၤလန္တိုက္စစ္မႉးဟာ ခ်ဲလ္ဆီး၊ လီဗာပူးလ္တို႔အတြက္ ကစားေပးခဲ့သူျဖစ္ပါတယ္။ မွတ္မွတ္ရရ စတားရစ္ဂ်္ဟာ အန္းဖီးမွာ အေကာင္းဆုံးေအာင္ျမင္မႈေတြ ရရွိခဲ့ၿပီး ၂၀၁၂ ခုႏွစ္မွာ အန္းဖီးကို ေျပာင္းေရႊ႕ၿပီးေနာက္ လူးဝစၥ ဆြာရက္ဇ္နဲ႔အတူ ေၾကာက္မက္ဖြယ္ တိုက္စစ္အတြဲကို ပုံေဖာ္နိုင္ခဲ့ပါတယ္။ စတားရစ္ဂ်္ဟာ ဆြာရက္ဇ္အတြက္ ျပင္းထန္တဲ့ ယွဥ္ၿပိဳင္မႈမ်ိဳး ေပးနိုင္ခဲ့ၿပီး ၎တို႔ ၂ ဦးစလုံးဟာ အဲဒီရာသီ လီဗာပူးလ္အသင္းရဲ့ သြင္းဂိုး တစ္ဝက္ကို သြင္းယူေပးခဲ့ၾကပါတယ္။

ကံဆိုးစြာနဲ႔ ေနာက္ရာသီမွာ အဂၤလန္တိုက္စစ္မႉးဟာ ဒဏ္ရာ ရရွိခဲ့ၿပီး ရာသီရဲ့အခ်ိန္အမ်ားစုကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ပါတယ္။ ေနာက္ရာသီမွာေတာ့ စတားရစ္ဂ်္ရဲ့ ဂိုးသြင္းစြမ္းရည္ဟာ အလြန္ေကာင္းမြန္ခဲ့ေပမယ့္လည္း ဒဏ္ရာက ၎ထက္ ေနာက္ထပ္တစ္ႀကိမ္ ပိုမိုေကာင္းမြန္ေနခဲ့ပါတယ္။ ဒီဆိုးရြားတဲ့မွတ္တမ္းေတြက စတားရစ္ဂ်္ကို လူစာရင္းထဲမွာ ပြဲထြက္ခြင့္ေနရာတစ္ေနရာ ဆုံးရႈံးေစခဲ့ၿပီး ၂၀၁၉ ခုႏွစ္မွာ အန္းဖီးကို စြန႔္ခြာၿပီးေနာက္ တူရကီအသင္းျဖစ္တဲ့ ထရက္ဇြန္စေပၚကို ေျပာင္းေရႊ႕ကစားခဲ့ၿပီး လက္ရွိမွာေတာ့ ပါ့သ္ ဂလိုရီအတြက္ ကစားေပးေနပါတယ္။

၃။ မာရီယို ေဂါ့ဇဲ

မာရီယို ေဂါ့ဇဲဟာ ၂၀၁၄ ကမၻာ့ဖလားကို ရရွိခဲ့တဲ့ ဂ်ာမန္ကစားသမားအျဖစ္ အျမဲတမ္း အမွတ္ရျခင္း ခံေနရမွာျဖစ္ေပမယ့္ ဒဏ္ရာျပႆနာသာမရွိခဲ့ဘူးဆိုရင္ ၎ရဲ့ ကစားသမားဘဝက ဘယ္လိုျဖစ္ခဲ့မလဲဆိုတာ အားလုံး သိခ်င္ၾကမွာျဖစ္ပါတယ္။ ေဂါ့ဇဲဟာ ေဒါ့မြန္အကယ္ဒမီကေန ထြက္ေပၚလာၿပီးေနာက္ ၂၀၀၉ ခုႏွစ္မွာ စီနီယာကစားသမားဘဝ ပြဲဦးထြက္ပါဝင္ကစားခြင့္ရခဲ့ၿပီး ၂၀၁၃ ခုႏွစ္မွာ ဘိုင္ယန္ျမဴးနစ္ကို မေျပာင္းေရႊ႕မီ မာကို ရြိဳက္စ္နဲ႔အတူ ေၾကာက္မက္ဖြယ္ တြဲဘက္အျဖစ္ ကစားေပးခဲ့သူျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္္နဲ႔အတူ ေအာင္ျမင္တဲ့ကာလကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ ၂၀၁၆ ခုႏွစ္ ေဒါ့မြန္ကို ျပန္လာခဲ့ၿပီး အဲဒီရာသီဝက္မွာတင္ မေဖာ္ျပနိုင္တဲ့ နာမက်န္းျဖစ္မႈေၾကာင့္ လူစာရင္းကေန ခ်န္လွပ္ျခင္း ခံခဲ့ရပါတယ္။

ေနာက္ပိုင္းမွာေတာ့ ေဂါ့ဇဲဟာ myopathy လို႔ ေခၚတဲ့ အလိုအေလ်ာက္လႈပ္ရွားမႈကို ထိန္းခ်ဳပ္တဲ့ ႂကြက္သားကို အက်ိဳးသက္ေရာက္မႈရွိေစတဲ့ ေရာဂါကို ခံစားေနရတာလို႔ အတည္ျပဳခဲ့ၿပီး ဒီဒဏ္ရာေၾကာင့္ ဂ်ာမန္ကြင္းလယ္ကစားသမားဟာ ေမာပန္းႏြမ္းနယ္ၿပီး ကိုယ္အေလးခ်ိန္တက္လာခဲ့ပါတယ္။ ကံဆိုးစြာနဲ႔ ဒီေရာဂါကို ကုသဖို႔အတြက္က ေဆးေသာက္ျခင္း၊ ေလ့က်င့္ခန္းလုပ္ျခင္းနဲ႔ အနားယူျခင္းသာ ေရြးခ်ယ္စရာရွိခဲ့ၿပီး ၂၀၁၁ ခုႏွစ္ ဂိုးဒင္းဘြိဳင္းဆုရွင္ဟာ ဘယ္ေတာ့မွ အရင္တုန္းက ေျခစြမ္းမ်ိဳး ျပန္လည္မျပသနိုင္ေတာ့တာျဖစ္ပါတယ္။ ေဂါ့ဇဲဟာ ၂၀၂၀ ခုႏွစ္မွာ ေဒါ့မြန္နဲ႔ လမ္းခြဲခဲ့ၿပီး ပီအက္စ္ဗြီအသင္းကို ေျပာင္းေရႊ႕သြားခဲ့ပါတယ္။

၂။ ဂ်က္ခ္ ဝီလ္ရွိုင္းယား

ဂ်က္ခ္ ဝီလ္ရွိုင္းယားဟာ အသက္ ၁၆ ႏွစ္နဲ႔ ၂၅၆ ရက္အရြယ္သာရွိေသးတဲ့ ၂၀၀၈ ခုႏွစ္မွာ အာဆင္နယ္အသင္းအတြက္ ပြဲဦးထြက္ပါဝင္ကစားေပးခဲ့တဲ့ အလားအလာမ်ားစြာရွိတဲ့ လူငယ္ကစားသမားတစ္ေယာက္ျဖစ္ၿပီး အာဆင္နယ္အတြက္ အသက္အငယ္ဆုံးပြဲဦးထြက္ကစားေပးတဲ့ ကစားသမားျဖစ္ခဲ့ပါတယ္။ ၂၀၁၀-၂၀၁၁ ခုႏွစ္မွာ ၄၉ ပြဲ ပါဝင္ကစားေပးခဲ့ၿပီး ပထမဆုံးရာသီအျပည့္ ကစားခြင့္ရခဲ့သလို အဂၤလန္လက္ေရြးစင္လူစာရင္းမွာလည္း ေရြးခ်ယ္ျခင္း ခံခဲ့ရပါတယ္။ ဝီလ္ရွိုင္းယားရဲ့ ကစားသမားဘဝဟာ အရာအားလုံး စတင္ၿပီး အထိုင္က်လာခ်ိန္မွာ ဒဏ္ရာျပႆနာက အားလုံးကို အၿပီးတိုင္ေျပာင္းလဲပစ္လိုက္တာျဖစ္ပါတယ္။ ၂၀၁၁ ခုႏွစ္မွာ ဝီလ္ရွိုင္းယားဟာ ရာသီႀကိဳေျခစမ္းပြဲအတြင္း ေျခခ်င္းဝတ္ရိုးက်ိဳး ဒဏ္ရာ ရရွိခဲ့ၿပီး တစ္ရာသီလုံး အနားယူခဲ့ရပါတယ္။

၅၂၇ ရက္အၾကာမွာ ဝီလ္ရွိုင္းယား ျပန္လည္ကစားနိုင္ခဲ့ၿပီး အသင္းအတြက္ ၂ ရာသီဆက္တိုက္ ေအာင္ျမင္မႈရရွိေအာင္ စြမ္းေဆာင္ေပးနိုင္ခဲ့ေပမယ့္ ေနာက္ထပ္ႀကီးမားတဲ့ ဒဏ္ရာျပႆနာႀကီးတစ္ခုကို ၾကဳံခဲ့ရျပန္ပါတယ္။ အဲဒီဒဏ္ရာေၾကာင့္္ ၁၀ လေလာက္ အနားယူၿပီးေနာက္ ျပန္လည္ကစားေပးနိုင္ခဲ့ၿပီး ပြဲအနည္းငယ္သာ ပါဝင္ကစားခြင့္ ရရွိခဲ့ၿပီးေနာက္ ေနာက္ရာသီမွာ အငွားခ်ျခင္း ခံခဲ့ရပါတယ္။ အငွားစာခ်ဳပ္ျပည့္လို႔ အသင္းကို ျပန္လည္ေရာက္ရွိလာခ်ိန္မွာ ဝီလ္ရွိုင္းယားဟာ အရင္တုန္းကနဲ႔ လုံးဝမတူညီေတာ့ဘဲ ၂၀၁၈ ခုႏွစ္မွာ ေျမာက္လန္ဒန္ကို စြန႔္ခြာၿပီး ဝက္စ္ဟမ္းကို ေျပာင္းေရႊ႕သြားခဲ့ပါတယ္။ ဒါေပမယ့္ ဝီလ္ရွိုင္းယားရဲ့ ဒဏ္ရာျပႆနာက အရိပ္လို ေနာက္ကလိုက္ပါေနၿပီး ပုံမွန္ေျခစြမ္း ျပန္ရနိုင္မယ့္ အခြင့္အေရးကို ဖ်က္ဆီးခဲ့တာေၾကာင့္ ဝက္စ္ဟမ္းအတြက္ ၃ ႏွစ္အတြင္း ၁၉ ပြဲသာ ကစားေပးနိုင္ခဲ့ပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားဟာ ၂၀၂၀-၂၀၂၁ ရာသီမွာ ဘုန္းေမာက္မွာ ကာလတို ကစားခြင့္ရရွိခဲ့ၿပီးေနာက္ လက္ရွိမွာေတာ့ အသင္းလက္မဲ့ျဖစ္ေနပါတယ္။

၁။ အလက္ဇန္းဒါး ပါတို

အလက္ဇန္းဒါး ပါတိုဟာ လီယြန္နယ္ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔လို အဆင့္မ်ိဳးေရာက္နိုင္တဲ့ အလားအလာအကုန္လုံး ရွိခဲ့သူျဖစ္ၿပီး ၂၀၀၇ ခုႏွစ္မွာ ေအစီမီလန္ကို ေျပာင္းေရႊ႕ခဲ့တဲ့အခ်ိန္မွာ တဟုန္ထိုး ေျခစြမ္းျပသခဲ့တာျဖစ္ပါတယ္။ အဲဒီအခ်ိန္တုန္းက လူငယ္ၾကယ္ပြင့္ကစားသမားဘဝသာ ရွိေသးေပမယ့္ ၎ရဲ့ အလားအလာေၾကာင့္ အခ်ိန္တိုအတြင္း လူသိမ်ား ေက်ာ္ၾကားလာခဲ့ၿပီး ၂၀၁၁ ခုႏွစ္မွာ ဘာစီလိုနာနဲ႔ ခ်န္ပီယံလိဂ္မွာ ယွဥ္ၿပိဳင္ခဲ့တဲ့ပြဲစဥ္မွာ အားလုံးရဲ့အာ႐ုံစိုက္မႈကို ရယူနိုင္ခဲ့ပါတယ္။ အဲဒီပြဲစဥ္မွာ ပါတိုဟာ ပြဲကစားခ်ိန္ ၂၄ စကၠန႔္သာ ရွိေသးခ်ိန္မွာ ဘာစီလိုနာအသင္းဘက္ကို ဂိုးသြင္းယူခဲ့ၿပီး ခ်န္ပီယံလိဂ္ရဲ့ ပဥၥမေျမာက္အျမန္ဆုံးသြင္းဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာေတာ့ ပါတိုရဲ့အလားအလာထက္ ဒဏ္ရာက ပိုမိုေကာင္းမြန္ခဲ့ၿပီး အႀကိမ္ေပါင္းမ်ားစြာ ဒဏ္ရာျပႆနာေတြက ၎ရဲ့ စြမ္းေဆာင္ရည္ကို အေႏွာင့္အယွက္ေပးခဲ့တာေၾကာင့္ ၂၀၁၃ ခုႏွစ္မွာေတာ့ ေအစီမီလန္က ပါတိုကို ကိုရင္သီယန္အသင္းကို ေရာင္းထုတ္ခဲ့ပါတယ္။ ဘရာဇီးလ္ကို ျပန္လည္ေျပာင္းေရႊ႕ၿပီးကတည္းက ပါတီုဟာ အရင္တုန္းက ေျခစြမ္းမ်ိဳး ျပန္လည္ျပသနိုင္ျခင္းမရွိေတာ့ဘဲ အသက္ ၃၂ ႏွစ္အရြယ္တိုက္စစ္မႉးဟာ တစ္ခါတုန္းကလို ႀကီးမားတဲ့အဆင့္တစ္ခုမွာ ျပန္လည္ကစားဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ခ်ဲလ္ဆီး၊ ဗီလာရီးရဲလ္တို႔မွာ ကစားခဲ့တဲ့ကာလဟာ အက်ိဳးသက္ေရာက္မႈ မရွိခဲ့တာျဖစ္ပါတယ္။ ပါတိုဟာ ေမဂ်ာလိဂ္အသင္းျဖစ္တဲ့ ေအာ္လန္ဒိုစီးတီးကို ၂၀၂၁ ခုႏွစ္မွာ ေျပာင္းေရႊ႕ခဲ့ၿပီး ကစားသမားဘဝကို အေမရိကမွာ အဆုံးသတ္သြားဖြယ္ ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.