Bundesliga La Liga Ligue1 Premier League Serie A

ပရိသတ်တွေမဲပေးရွေးချယ်တဲ့ ဘလွန်ဒေါဆုမှာ တတိယနေရာပဲ ချိတ်ခဲ့တဲ့ မက်ဆီ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ဘလွန်ဒေါဆုကို ဘယ်သူရရှိနိုင်လဲဆိုတာ ပရိသတ်တွေ မဲပေးရွေးချယ်ခဲ့ရာမှာ တတိယနေရာသာ ရရှိခဲ့ပြီး လီဗန်ဒေါ့ဗ်စကီးကတော့ သက်တောင့်သက်သာနဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဘလွန်ဒေါဆုပေးပွဲကို လာမယ့် တနင်္လာနေ့ညနေမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လက်ရှိပြသနေတဲ့ လက္ခဏာအားလုံးက လီယွန်နယ် မက်ဆီပဲ ၇ ကြိမ်မြောက် ဘလွန်ဒေါဆုကို ဆွတ်ခူးသွားမယ်ဆိုတာကို ညွှန်ပြနေတာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ လာမယ့် တနင်္လာနေ့မှာ ဘလွန်ဒေါဆုကို ကိုင်မြှောက်ရမယ်ဆိုတဲ့အကြောင်းကို အသိပေးခြင်း ခံခဲ့ရပြီးဖြစ်ပြီး သူငယ်ချင်းတွေနဲ့ မိသားစုတွေကိုလည်း ၎င်းရဲ့ သမိုင်းဝင်အောင်မြင်မှုအကြောင်း ပြောကြားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း လူတိုင်းကတော့ ဒီနှစ်ဟာ လီယွန်နယ် မက်ဆီရဲ့ နှစ်လို့ ထင်မြင်ယူဆထားခြင်းမရှိဘဲ Transfermarkt က ဘလွန်ဒေါဆုနဲ့ပတ်သက်ပြီး လိပ်ခဲတည်းလည်းဖြစ်နေတာကို အဖြေရှာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အင်စတာဂရမ်က စစ်တမ်းကောက်ယူမှုကို အသုံးပြုပြီး ဘလွန်ဒေါဆုရှင်အစစ်က ဘယ်သူဖြစ်သင့်လဲဆိုတာကို ဆုံးဖြတ်ဖို့ data whiz က ရှုံးထွက်အဆင့်ပုံစံ ဖန်တီးခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကတော့ အလိုအလျောက် နောက်ဆုံး ၁၆ ဦး စာရင်းထဲကို အလိုအလျောက်တက်ရောက်နိုင်ခဲ့ပြီး data whiz က တွက်ချက်ထားတဲ့ ရလဒ်အပြည့်အစုံကို ဖော်ပြပေးလိုက်ပါတယ်။

၃၂ ဦးအဆင့်

ဘရူနို ဖာနန်ဒက်စ် vs ခေလီနီ- (ဘရူနို ဖာနန်ဒက်စ်)

ကာရင် ဘန်ဇီးမား vs နီကိုလို ဘာရယ်လာ-(ကာရင် ဘန်ဇီးမား)

ကီဗင် ဒီဘရိုင်းနား vs ဆီဇာ အက်ဇ်ပလီကွေတာ-(ကီဗင် ဒီဘရိုင်းနား)

ဒွန်နာရမ်းမား vs ရူဘင် ဒီယက်စ်-(ဒွန်နာရမ်းမား)

ဟာလန်း vs ဖီးလ် ဖိုဒန်-(ဟာလန်း)

ဟာရီ ကိန်း vs ဂျော်ဂျင်ညို-(ဟာရီ ကိန်း)

မိုဟာမက် ဆာလား vs ဘိုနူချီ-(မိုဟာမက် ဆာလား)

လီဗန်ဒေါ့ဗ်စကီး vs မာရက်ဇ်-(လီဗန်ဒေါ့ဗ်စကီး)

လူကာကူး vs လူကာ မိုဒရစ်-(လူကာကူး)

ခီလီယန် အမ်ဘာပေ vs လော်တာရို မာတီနက်ဇ်-(ခီလီယန် အမ်ဘာပေ)

ပီဒရီ vs ရာဟင်း စတားလင်း-(ပီဒရီ)

အန်ဂိုလို ကွန်တေ vs ဂျရတ် မိုရီနို-(အန်ဂိုလို ကွန်တေ)

နေမာ vs မေဆန် မောင့်-(နေမာ)

လူးဝစ္စ ဆွာရက်ဇ် vs ဆီမွန် ကရား-(လူးဝစ္စ ဆွာရက်ဇ်)

နောက်ဆုံး ၁၆ ဦးစာရင်း

လီယွန်နယ် မက်ဆီ vs ဘရူနို ဖာနန်ဒက်စ်-(လီယွန်နယ် မက်ဆီ)

ကာရင် ဘန်ဇီးမား vs ကီဗင် ဒီဘရိုင်းနား-(ကာရင် ဘန်ဇီးမား)

ဒွန်နာရမ်းမား vs ဟာလန်း-(ဟာလန်း)

ဟာရီ ကိန်း vs မိုဟာမက် ဆာလား-(မိုဟာမက် ဆာလား)

လူကာကူ vs လီဗန်ဒေါ့ဗ်စကီး-(လီဗန်ဒေါ့ဗ်စကီး)

ခီလီယန် အမ်ဘာပေ vs ပီဒရီ-(ပီဒရီ)

နေမာ vs ကွန်တေ-(ကွန်တေ)

ခရစ္စတီယာနို ရော်နယ်လ်ဒို vs လူးဝစ္စ ဆွာရက်ဇ်-(ခရစ္စတီယာနို ရော်နယ်လ်ဒို)

ကွာတားဖိုင်နယ်

မိုဟာမက် ဆာလား vs ဟာလန်း-(မိုဟာမက် ဆာလား)

ခီလီယန် အမ်ဘာပေ vs လီဗန်ဒေါ့ဗ်စကီး-(လီဗန်ဒေါ့ဗ်စကီး)

ကွန်တေ vs ခရစ္စတီယာနို ရော်နယ်လ်ဒို-(ခရစ္စတီယာနို ရော်နယ်လ်ဒို)

လီယွန်နယ် မက်ဆီ vs ကာရင် ဘန်ဇီးမား-(လီယွန်နယ် မက်ဆီ)

ဆီမီးဖိုင်နယ်

လီဗန်ဒေါ့ဗ်စကီး vs ခရစ္စတီယာနို ရော်နယ်လ်ဒို-(လီဗန်ဒေါ့ဗ်စကီး)

လီယွန်နယ် မက်ဆီ vs မိုဟာမက် ဆာလား-(မိုဟာမက် ဆာလား)

ဖိုင်နယ်

မိုဟာမက် ဆာလား vs လီဗန်ဒေါ့ဗ်စကီး-(လီဗန်ဒေါ့ဗ်စကီး)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ဘလွန်ဒေါဆုကို ဘယ်သူရရှိနိုင်လဲဆိုတာ ပရိသတ်တွေ မဲပေးရွေးချယ်ခဲ့ရာမှာ တတိယနေရာသာ ရရှိခဲ့ပြီး လီဗန်ဒေါ့ဗ်စကီးကတော့ သက်တောင့်သက်သာနဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။




၃၂ ဦးအဆင့်















နောက်ဆုံး ၁၆ ဦးစာရင်း







နေမာ vs ကွန်တေ-(ကွန်တေ)


ကွာတားဖိုင်နယ်





ဆီမီးဖိုင်နယ်



ဖိုင်နယ်


REF: INTERNET SOURCES
SPORTS A2Z.