Premier League

ယူနိုက်တက်ကို မနိုင်တာနဲ့ပဲ ဖလားမရတော့ဘူးလို့ ဟောကိန်းထုတ်ခံလိုက်ရတဲ့ ချဲလ်ဆီး

ရွိုင် ကီးန်နဲ့ ဂျေမီ ကာရေဂါတို့ဟာ ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ကို ကျော်ဖြတ်ပြီး မန်ချက်စတာစီးတီးအသင်းက ရရှိသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ကြပါတယ်။

ချဲလ်ဆီးအသင်းဟာ တနင်္ဂနွေနေ့က မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပေမယ့် မန်ချက်စတာစီးတီးက ဝက်စ်ဟမ်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့အတွက် အမှတ်ကွာဟမှုက ၁ မှတ်သာ ရှိတော့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကတော့ စနေနေ့မှာ ဆောက်သမ်တန်အသင်းကို ၄-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် ချဲလ်ဆီးနဲ့ ၂ မှတ်သာ ကွာဟတော့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးက ၃ သင်းစလုံးဟာ အဆင့် ၄ နေရာက ဝက်စ်ဟမ်းကို ၅ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

ရွိုင် ကီးန်နဲ့ ကာရေဂါတို့ဟာ ဥရောပချန်ပီယံ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ရဲ့ ခြေစွမ်းကို အထင်ကြီးခဲ့ကြပေမယ့် ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးက ၎င်းတို့ရဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်ပြီး ၈ ကြိမ်မြောက် အင်္ဂလိပ်ချန်ပီယံဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေကြဆဲဖြစ်ပါတယ်။

“ကျွန်တော် မနှစ်က မန်စီးတီးကို လျှော့တွက်သလိုမျိုး ဖြစ်ခဲ့ပြီး အဲဒါကို နောင်တရခဲ့မိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက နိုဝင်ဘာလောက်ကနေ ပြန်ကောင်းလာပြီး ဖလားကို လွယ်လွယ်ကူကူနဲ့ပဲ ရသွားခဲ့လို့ပါ။ အခုလို အခိုက်အတန့်မျိုးမှာ လီဗာပူးလ်နဲ့ ချဲလ်ဆီးက အရမ်းကောင်းတယ်ဆိုပေမယ့် ကျွန်တော်ကတော့ မန်စီးတီးဘက်ကပဲ နေမှာပါ”လို့ ရွိုင် ကီးန်က Sky Sports ကို ပြောကြားခဲ့ပါတယ်။

“လီဗာပူးလ်အတွက် ကောင်းမွန်တဲ့ ရက်သတ္တပတ်ဖြစ်ခဲ့ပေမယ့် သူတို့တွေ ဒီရာသီမှာ ရူးကြောင်ကြောင်နိုင်တဲ့အမှတ်လျော့ကျမှုတွေ ရှိခဲ့တယ်။ အဲဒီတော့ ကျွန်တော်လည်း ရွိုင် ကီးန်နဲ့ အမြင်တူပါတယ်။ ကျွန်တော် မန်စီးတီးဘက်က နေရမှာ ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ ထင်ပါတယ်”

“လီဗာပူးလ်က ပေးဂိုးမရှိပွဲအနည်းငယ်ရယူနိုင်ခဲ့ပေမယ့် သူတို့တွေ အချိန်တော်တော်များများမှာ နည်းနည်း ပွင့်နေခဲ့တဲ့ပုံပါပဲ။ မန်စီးတီးက ခုအချိန်မှာ ခံစစ်ပိုင်း အရမ်းကို တောင့်တင်းနေတဲ့ပုံပေါ်တယ်လို့ ထင်ပါတယ်။ လီဗာပူးလ်က ဂိုးတွေ သွင်းယူနေပေမယ့် ကျွန်တော် အခုအချိန်မှာ မန်စီးတီးဘက်ကပဲ နေမှာပါ”လို့ ကာရေဂါကလည်း ရွိုင် ကီးန်ရဲ့ ပြောကြားချက်ကို ထောက်ခံခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ရြိဳင္ ကီးန္နဲ႔ ေဂ်မီ ကာေရဂါတို႔ဟာ ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔ကို ေက်ာ္ျဖတ္ၿပီး မန္ခ်က္စတာစီးတီးအသင္းက ရရွိသြားလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့ၾကပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ တနဂၤေႏြေန႔က မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့ၿပီး အမွတ္ေပးဇယားထိပ္ဆုံးေနရာမွာ ဆက္လက္ရပ္တည္နိုင္ခဲ့ေပမယ့္ မန္ခ်က္စတာစီးတီးက ဝက္စ္ဟမ္းကို ၂-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့အတြက္ အမွတ္ကြာဟမႈက ၁ မွတ္သာ ရွိေတာ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းကေတာ့ စေနေန႔မွာ ေဆာက္သမ္တန္အသင္းကို ၄-၀ နဲ႔ ဂိုးျပတ္အနိုင္ရရွိခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးနဲ႔ ၂ မွတ္သာ ကြာဟေတာ့တာျဖစ္ၿပီး အမွတ္ေပးဇယားထိပ္ဆုံးက ၃ သင္းစလုံးဟာ အဆင့္ ၄ ေနရာက ဝက္စ္ဟမ္းကို ၅ မွတ္အထိ ျဖတ္ထားနိုင္ခဲ့ၿပီးျဖစ္ပါတယ္။

ရြိဳင္ ကီးန္နဲ႔ ကာေရဂါတို႔ဟာ ဥေရာပခ်န္ပီယံ ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔ရဲ့ ေျခစြမ္းကို အထင္ႀကီးခဲ့ၾကေပမယ့္ ပက္ ဂြါဒီယိုလာရဲ့ မန္စီးတီးက ၎တို႔ရဲ့ ခ်န္ပီယံဘြဲ႕ကို ကာကြယ္ၿပီး ၈ ႀကိမ္ေျမာက္ အဂၤလိပ္ခ်န္ပီယံျဖစ္လာလိမ့္မယ္လို႔ ယုံၾကည္ေနၾကဆဲျဖစ္ပါတယ္။

“ကၽြန္ေတာ္ မႏွစ္က မန္စီးတီးကို ေလၽွာ့တြက္သလိုမ်ိဳး ျဖစ္ခဲ့ၿပီး အဲဒါကို ေနာင္တရခဲ့မိပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြက နိုဝင္ဘာေလာက္ကေန ျပန္ေကာင္းလာၿပီး ဖလားကို လြယ္လြယ္ကူကူနဲ႔ပဲ ရသြားခဲ့လို႔ပါ။ အခုလို အခိုက္အတန႔္မ်ိဳးမွာ လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးက အရမ္းေကာင္းတယ္ဆိုေပမယ့္ ကၽြန္ေတာ္ကေတာ့ မန္စီးတီးဘက္ကပဲ ေနမွာပါ”လို႔ ရြိဳင္ ကီးန္က Sky Sports ကို ေျပာၾကားခဲ့ပါတယ္။

“လီဗာပူးလ္အတြက္ ေကာင္းမြန္တဲ့ ရက္သတၱပတ္ျဖစ္ခဲ့ေပမယ့္ သူတို႔ေတြ ဒီရာသီမွာ ႐ူးေၾကာင္ေၾကာင္နိုင္တဲ့အမွတ္ေလ်ာ့က်မႈေတြ ရွိခဲ့တယ္။ အဲဒီေတာ့ ကၽြန္ေတာ္လည္း ရြိဳင္ ကီးန္နဲ႔ အျမင္တူပါတယ္။ ကၽြန္ေတာ္ မန္စီးတီးဘက္က ေနရမွာ ျဖစ္ေကာင္းျဖစ္လိမ့္မယ္လို႔ ထင္ပါတယ္”

“လီဗာပူးလ္က ေပးဂိုးမရွိပြဲအနည္းငယ္ရယူနိုင္ခဲ့ေပမယ့္ သူတို႔ေတြ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ နည္းနည္း ပြင့္ေနခဲ့တဲ့ပုံပါပဲ။ မန္စီးတီးက ခုအခ်ိန္မွာ ခံစစ္ပိုင္း အရမ္းကို ေတာင့္တင္းေနတဲ့ပုံေပၚတယ္လို႔ ထင္ပါတယ္။ လီဗာပူးလ္က ဂိုးေတြ သြင္းယူေနေပမယ့္ ကၽြန္ေတာ္ အခုအခ်ိန္မွာ မန္စီးတီးဘက္ကပဲ ေနမွာပါ”လို႔ ကာေရဂါကလည္း ရြိဳင္ ကီးန္ရဲ့ ေျပာၾကားခ်က္ကို ေထာက္ခံခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.