Premier League

ရန်းနစ်ခ် မပါဝင်နိုင်သေးတာက ဂန်းနားတို့အတွက် အားတက်စရာ ဖြစ်လာမှာလား

အာဆင်နယ်အသင်းဟာ ကြာသပတေးနေ့ အိုးထရက်ဖို့ဒ်ကို သွားရောက်ပြီး ယခုရာသီရဲ့ အကြီးမားဆုံး ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက တစ်ပွဲအဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားဖို့ ကြိုတင်ပြင်ဆင်နေပြီဖြစ်ပါတယ်။

အာတီတာရဲ့အသင်းအတွက် ဒီရာသီမှာ ပွဲစဉ်တိုင်းက အရေးပါတယ်ဆိုပေမယ့် လီဗာပူးလ်အသင်းနဲ့ ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်က တခြားပွဲစဉ်တွေထက် အရေးပါတာမျိုးတော့ မဟုတ်ခဲ့ပါဘူး။ ပရီးမီးယားလိဂ်က အကောင်းဆုံး ၃ သင်းနဲ့ ရင်ဆိုင်ကစားရတဲ့ပွဲစဉ်က ရာသီကို သတ်မှတ်ပေးနိုင်မှာမဟုတ်ပေမယ့် ဥရောပဝင်ခွင့်အတွက် ကြိုးပမ်းသွားမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ပွဲစဉ်ကတော့ ကျိန်းသေပေါက် သတ်မှတ်ပေးနိုင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ အန်းဖီးက ရှုံးပွဲကနေ ရုန်းထွက်နိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက် ယာယီနည်းပြသစ် ရန်းနစ်ခ်ဟာ လာမယ့် ကြာသပတေးနေ့ပွဲစဉ်မှာ အသင်းကို ပထမဆုံးတာဝန်ယူကိုင်တွယ်သွားမယ်လို့ မျှော်မှန်းခြင်းခံနေရပါတယ်။

ဒါပေမယ့်လည်း Mirror ရဲ့ မန်ချက်စတာယူနိုက်တက်သတင်းထောက် ဒေးဗစ် မက်ဒွန်နဲလ်ရဲ့ ပြောကြားချက်အရ ယူနိုက်တက်ဟာ ဂျာမန်လူမျိုးနည်းပြရဲ့ ၆ လစာချုပ်နဲ့ပတ်သက်ပြီး အဖြေရှာဖို့ လုပ်ဆောင်နေဆဲဖြစ်တာကြောင့် ကားရစ်ကပဲ အာဆင်နယ်နဲ့ပွဲကို နည်းပြအဖြစ် ဆက်လက်တာဝန်ယူသွားဖို့ ကျိန်းသေလုနီးပါးရှိတယ်လို့ သိရပါတယ်။

အဲဒါကြောင့် လာမယ့် တနင်္ဂနွေနေ့မှာ ခရစ္စတယ် ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာမှ ယာယီနည်းပြ ရန်းနစ်ခ်ကို မြင်တွေ့ရဖွယ်ရှိနေပြီး ဂျာမန်လူမျိုးနည်းပြအနေနဲ့ ဗြိတိန်ရဲ့ဥပဒေကြောင့် ဗီဇာရဖို့ ပြဿနာဖြစ်နေတယ်ဆိုတာ သက်သေထူနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကို အာဆင်နယ်နဲ့ပွဲစဉ်မှာ ရန်းနစ်ခ် ကိုင်တွယ်နိုင်ခြင်းမရှိသေးတာက မြောက်လန်ဒန်ကလပ်အသင်းအတွက် အားတက်စရာ ဟုတ်ပါ့မလားဆိုတာကို ဆုံးဖြတ်ဖို့ မရနိုင်လုနီးပါးလို့ ဆိုရမှာဖြစ်ပြီး ယူနိုက်တက်ဘက်ကလည်း ဥရောပဝင်ခွင့်အတွက် ပြိုင်ဘက်ဖြစ်နေတဲ့ အာဆင်နယ်နဲ့ပွဲမှာ ဂျာမန်လူမျိုးနည်းပြကို နည်းပြခုံတန်းမှာ မြင်တွေ့ရဖို့ မျှော်လင့်ခဲ့မှာဖြစ်ပါတယ်။

နည်းပြခုံတန်းမှာ မျက်နှာသစ်တွေကို မိတ်ဆက်ခြင်းက ကစားသမားတွေအနေနဲ့ ချက်ချင်း အထင်ကြီးမှု ခံရအောင် ကြိုးပမ်းစေတဲ့အတွက် ကစားသမားတွေအပေါ်မှာ အပေါင်းလက္ခဏာဆန်တဲ့ အကျိုးသက်ရောက်မှု ရှိခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အဲဒီယူဆချက်က မှန်ကန်ကြောင်း သက်သေပြသမှုအဖြစ် မိုက်ကယ် ကားရစ်ဟာ အိုးထရက်ဖို့ဒ်မှာ ရုန်းကန်ခဲ့ရတဲ့ နည်းပြ ဆိုးလ်ရှားရဲ့ နည်းပြအဖွဲ့ထဲမှာ တစ်စိတ်တပိုင်းအဖြစ် ရှိနေဆဲဖြစ်ပေမယ့် ပထမဆုံးကိုင်တွယ်ခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ပွဲစဉ်မှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့သလို တနင်္ဂနွေနေ့ညက စတမ်းဖို့ဒ် ဘရစ်ချ်မှာလည်း ချဲလ်ဆီးနဲ့ အံ့အားသင့်ဖွယ် သရေရလဒ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရန်းနစ်ခ် အနေနဲ့ ဘယ်အချိန်ပဲ အသင်းကို စတင်ပြီး ကိုင်တွယ်သည်ဖြစ်စေ၊ ၎င်းရဲ့ အတွေးအခေါ်တွေ ကစားသမားတွေ နားထဲဝင်သွားအောင်လုပ်ဖို့အတွက် အချိန်ယူဖို့ လိုအပ်မှာဖြစ်ပြီး သေချာတာကတော့ ဘောလုံးပိုင်ဆိုင်မှုရရှိထားတဲ့ ဆယ်စက္ကန့်အတွင်း ဂိုးကန်သွင်းချင်ပြီး ဘောလုံးဆုံးရှုံးသွားခဲ့ရင် ၈ စက္ကန့်အတွင်း ပြန်လည်လုယူနိုင်ဖို့ လေ့ကျင့်ပေးတဲ့ လူတစ်ယောက်လို့ လူသိများတဲ့ ရန်းနစ်ခ်အတွက် တန်ပြန်တိုက်စစ်ကစားဟန်နဲ့ တည်ဆောက်ထားခဲ့တဲ့ ဆိုးလ်ရှားရဲ့အသင်းကတော့ လုံးဝကို ကွဲပြားခြားနားမှု ဖြစ်နေမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ ၾကာသပေတးေန႔ အိုးထရက္ဖို႔ဒ္ကို သြားေရာက္ၿပီး ယခုရာသီရဲ့ အႀကီးမားဆုံး ပရီးမီးယားလိဂ္ပြဲစဥ္ေတြထဲက တစ္ပြဲအျဖစ္ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ ကစားဖို႔ ႀကိဳတင္ျပင္ဆင္ေနၿပီျဖစ္ပါတယ္။

အာတီတာရဲ့အသင္းအတြက္ ဒီရာသီမွာ ပြဲစဥ္တိုင္းက အေရးပါတယ္ဆိုေပမယ့္ လီဗာပူးလ္အသင္းနဲ႔ ကစားခဲ့တဲ့ အေဝးကြင္းပြဲစဥ္က တျခားပြဲစဥ္ေတြထက္ အေရးပါတာမ်ိဳးေတာ့ မဟုတ္ခဲ့ပါဘူး။ ပရီးမီးယားလိဂ္က အေကာင္းဆုံး ၃ သင္းနဲ႔ ရင္ဆိုင္ကစားရတဲ့ပြဲစဥ္က ရာသီကို သတ္မွတ္ေပးနိုင္မွာမဟုတ္ေပမယ့္ ဥေရာပဝင္ခြင့္အတြက္ ႀကိဳးပမ္းသြားမယ့္ မန္ခ်က္စတာယူနိုက္တက္နဲ႔ ပြဲစဥ္ကေတာ့ က်ိန္းေသေပါက္ သတ္မွတ္ေပးနိုင္မွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ နယူးကာဆယ္အသင္းနဲ႔ပြဲစဥ္မွာ အာဆင္နယ္အသင္းဟာ အန္းဖီးက ရႈံးပြဲကေန ႐ုန္းထြက္နိုင္ခဲ့ၿပီး မန္ခ်က္စတာယူနိုက္တက္ ယာယီနည္းျပသစ္ ရန္းနစ္ခ္ဟာ လာမယ့္ ၾကာသပေတးေန႔ပြဲစဥ္မွာ အသင္းကို ပထမဆုံးတာဝန္ယူကိုင္တြယ္သြားမယ္လို႔ ေမၽွာ္မွန္းျခင္းခံေနရပါတယ္။

ဒါေပမယ့္လည္း Mirror ရဲ့ မန္ခ်က္စတာယူနိုက္တက္သတင္းေထာက္ ေဒးဗစ္ မက္ဒြန္နဲလ္ရဲ့ ေျပာၾကားခ်က္အရ ယူနိုက္တက္ဟာ ဂ်ာမန္လူမ်ိဳးနည္းျပရဲ့ ၆ လစာခ်ဳပ္နဲ႔ပတ္သက္ၿပီး အေျဖရွာဖို႔ လုပ္ေဆာင္ေနဆဲျဖစ္တာေၾကာင့္ ကားရစ္ကပဲ အာဆင္နယ္နဲ႔ပြဲကို နည္းျပအျဖစ္ ဆက္လက္တာဝန္ယူသြားဖို႔ က်ိန္းေသလုနီးပါးရွိတယ္လို႔ သိရပါတယ္။

အဲဒါေၾကာင့္ လာမယ့္ တနဂၤေႏြေန႔မွာ ခရစၥတယ္ ပဲေလ့စ္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္မွာမွ ယာယီနည္းၿပ ရန္းနစ္ခ္ကို ျမင္ေတြ႕ရဖြယ္ရွိေနၿပီး ဂ်ာမန္လူမ်ိဳးနည္းျပအေနနဲ႔ ၿဗိတိန္ရဲ့ဥပေဒေၾကာင့္ ဗီဇာရဖို႔ ျပႆနာျဖစ္ေနတယ္ဆိုတာ သက္ေသထူေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ကို အာဆင္နယ္နဲ႔ပြဲစဥ္မွာ ရန္းနစ္ခ္ ကိုင္တြယ္နိုင္ျခင္းမရွိေသးတာက ေျမာက္လန္ဒန္ကလပ္အသင္းအတြက္ အားတက္စရာ ဟုတ္ပါ့မလားဆိုတာကို ဆုံးျဖတ္ဖို႔ မရနိုင္လုနီးပါးလို႔ ဆိုရမွာျဖစ္ၿပီး ယူနိုက္တက္ဘက္ကလည္း ဥေရာပဝင္ခြင့္အတြက္ ၿပိဳင္ဘက္ျဖစ္ေနတဲ့ အာဆင္နယ္နဲ႔ပြဲမွာ ဂ်ာမန္လူမ်ိဳးနည္းျပကို နည္းျပခုံတန္းမွာ ျမင္ေတြ႕ရဖို႔ ေမၽွာ္လင့္ခဲ့မွာျဖစ္ပါတယ္။

နည္းျပခုံတန္းမွာ မ်က္ႏွာသစ္ေတြကို မိတ္ဆက္ျခင္းက ကစားသမားေတြအေနနဲ႔ ခ်က္ခ်င္း အထင္ႀကီးမႈ ခံရေအာင္ ႀကိဳးပမ္းေစတဲ့အတြက္ ကစားသမားေတြအေပၚမွာ အေပါင္းလကၡဏာဆန္တဲ့ အက်ိဳးသက္ေရာက္မႈ ရွိခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။ အဲဒီယူဆခ်က္က မွန္ကန္ေၾကာင္း သက္ေသျပသမႈအျဖစ္ မိုက္ကယ္ ကားရစ္ဟာ အိုးထရက္ဖို႔ဒ္မွာ ႐ုန္းကန္ခဲ့ရတဲ့ နည္းၿပ ဆိုးလ္ရွားရဲ့ နည္းျပအဖြဲ႕ထဲမွာ တစ္စိတ္တပိုင္းအျဖစ္ ရွိေနဆဲျဖစ္ေပမယ့္ ပထမဆုံးကိုင္တြယ္ခဲ့တဲ့ ဗီလာရီးရဲလ္နဲ႔ပြဲစဥ္မွာ ၂-၀ နဲ႔ အနိုင္ရရွိခဲ့သလို တနဂၤေႏြေန႔ညက စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာလည္း ခ်ဲလ္ဆီးနဲ႔ အံ့အားသင့္ဖြယ္ သေရရလဒ္ ရယူနိုင္ခဲ့တာျဖစ္ပါတယ္။

ရန္းနစ္ခ္ အေနနဲ႔ ဘယ္အခ်ိန္ပဲ အသင္းကို စတင္ၿပီး ကိုင္တြယ္သည္ျဖစ္ေစ၊ ၎ရဲ့ အေတြးအေခၚေတြ ကစားသမားေတြ နားထဲဝင္သြားေအာင္လုပ္ဖို႔အတြက္ အခ်ိန္ယူဖို႔ လိုအပ္မွာျဖစ္ၿပီး ေသခ်ာတာကေတာ့ ေဘာလုံးပိုင္ဆိုင္မႈရရွိထားတဲ့ ဆယ္စကၠန႔္အတြင္း ဂိုးကန္သြင္းခ်င္ၿပီး ေဘာလုံးဆုံးရႈံးသြားခဲ့ရင္ ၈ စကၠန႔္အတြင္း ျပန္လည္လုယူနိုင္ဖို႔ ေလ့က်င့္ေပးတဲ့ လူတစ္ေယာက္လို႔ လူသိမ်ားတဲ့ ရန္းနစ္ခ္အတြက္ တန္ျပန္တိုက္စစ္ကစားဟန္နဲ႔ တည္ေဆာက္ထားခဲ့တဲ့ ဆိုးလ္ရွားရဲ့အသင္းကေတာ့ လုံးဝကို ကြဲျပားျခားနားမႈ ျဖစ္ေနမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.