Premier League

ရော်နယ်လ်ဒို ပြန်လာတာ ဒီလိုပွဲကြီးတွေကစားဖို့ကွ အရန်ခုံထိုင်နေဖို့မဟုတ်ဘူးလို့ ပြောလိုက်တဲ့ ရွိုင် ကီးန်

မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကွင်းလယ်ကစားသမား ရွိုင် ကီးန်က ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အရေးကြီးတဲ့ပွဲစဉ်မှာ မိုက်ကယ် ကားရစ်က ရော်နယ်လ်ဒိုကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ထားခဲ့တာကို မြင်ရတော့ အံ့အားသင့်တုန်လှုပ်မိခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို အံ့အားသင့်ဖွယ် ပြန်လည်ပြောင်းရွှေ့လာပြီးကတည်းက ဂိုးတွေ သွင်းယူပေးနေသူဖြစ်ပြီး ၁၄ ပွဲကစားထားရာမှာ ၁၀ ဂိုးသွင်းယူထားတဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒါက တနင်္ဂနွေနေ့က သောမတ်စ် တူဟယ်ရဲ့အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ ယာယီနည်းပြ မိုက်ကယ် ကားရစ်ရဲ့ ချန်လှပ်ခြင်းခံရမှုကနေ မကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင် ကီးန်က ပေါ်တူဂီကြယ်ပွင့်အနေနဲ့ အရန်ခုံမှာ ထိုင်နေခဲ့ရတာကို မြင်တွေ့ခဲ့ရတာကြောင့် အံ့အားသင့်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ “ကျွန်တော် အံ့အားသင့်မိခဲ့ပါတယ်။ ရော်နယ်လ်ဒိုက အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ။ ဒါပေမယ့် နည်းပြက အရမ်းကောင်းတာကို လုပ်ဖို့ အစီအစဉ်ရှိတယ်လို့ ပြောခဲ့ပါတယ်။ ရော်နယ်လ်ဒိုက ဒီလိုပွဲစဉ်တွေကို ကစားဖို့အတွက် ပြန်လာခဲ့တာပါ”

“သူက ကြီးမားတဲ့ အချိန်ကာလတွေအတွက် ကြီးမားတဲ့ကစားသမားပါ။ သူရဲ့ ချဲလ်ဆီးနဲ့ ရင်ဆိုင်ခဲ့တဲ့ ကိန်းဂဏန်းအချက်အလက်တွေက အရမ်းမကောင်းခဲ့ပေမယ့် သူ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာကတော့ ကျွန်တော် အံ့အားသင့်မိခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒို မပါဝင်တဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်ကို မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ဂျေဒန် ဆန်ချိုတို့က ဦးဆောင်ခဲ့ပြီး ဆန်ချိုက ယာယီနည်းပြ မိုက်ကယ် ကားရစ်ရဲ့ယုံကြည်မှုနဲ့ ထိုက်တန်ကြောင်းကို ဂိုးသွင်းယူပြီး သက်သေပြသခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒုတိယပိုင်း ပွဲကစားချိန် ၆၈ မိနစ်မှာ အာရွန် ဝမ်ဘစ်ဆာကာက ဘောလုံးဖျက်ထုတ်ရာမှာ ဘောလုံးကို ကြားဖြတ်ရယူဖို့ ကြိုးပမ်းခဲ့တဲ့ ချဲလ်ဆီးနောက်ခံလူ သီယာဂို ဆေးလ်ဗားကို ကန်သလို ဖြစ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က အိမ်ရှင်အသင်းကို ပင်နယ်တီ ပြစ်ဒဏ်ဘော ကန်သွင်းခွင့် ပေးခဲ့ပါတယ်။

ချဲလ်ဆီးအသင်းအတွက် ရရှိခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကို မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရတဲ့ အမှားကို ကျူးလွန်မိခဲ့တဲ့ ဂျော်ဂျင်ညိုက အမှားအယွင်းမရှိကန်သွင်းယူပြီး အမှားကို ပြန်လည်ပြင်ဆင်နိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ကြင္းလယ္ကစားသမား ရြိဳင္ ကီးန္က ခ်ဲလ္ဆီးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အေရးႀကီးတဲ့ပြဲစဥ္မွာ မိုက္ကယ္ ကားရစ္က ေရာ္နယ္လ္ဒိုကို ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ထားခဲ့တာကို ျမင္ရေတာ့ အံ့အားသင့္တုန္လႈပ္မိခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အိုးထရက္ဖို႔ဒ္ကို အံ့အားသင့္ဖြယ္ ျပန္လည္ေျပာင္းေရႊ႕လာၿပီးကတည္းက ဂိုးေတြ သြင္းယူေပးေနသူျဖစ္ၿပီး ၁၄ ပြဲကစားထားရာမွာ ၁၀ ဂိုးသြင္းယူထားတဲ့ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲဒါက တနဂၤေႏြေန႔က ေသာမတ္စ္ တူဟယ္ရဲ့အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္အတြက္ ပြဲထြက္လူစာရင္းမွာ ယာယီနည္းၿပ မိုက္ကယ္ ကားရစ္ရဲ့ ခ်န္လွပ္ျခင္းခံရမႈကေန မကယ္တင္နိုင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ရြိဳင္ ကီးန္က ေပၚတူဂီၾကယ္ပြင့္အေနနဲ႔ အရန္ခုံမွာ ထိုင္ေနခဲ့ရတာကို ျမင္ေတြ႕ခဲ့ရတာေၾကာင့္ အံ့အားသင့္ခဲ့ရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ “ကၽြန္ေတာ္ အံ့အားသင့္မိခဲ့ပါတယ္။ ေရာ္နယ္လ္ဒိုက အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးပါ။ ဒါေပမယ့္ နည္းျပက အရမ္းေကာင္းတာကို လုပ္ဖို႔ အစီအစဥ္ရွိတယ္လို႔ ေျပာခဲ့ပါတယ္။ ေရာ္နယ္လ္ဒိုက ဒီလိုပြဲစဥ္ေတြကို ကစားဖို႔အတြက္ ျပန္လာခဲ့တာပါ”

“သူက ႀကီးမားတဲ့ အခ်ိန္ကာလေတြအတြက္ ႀကီးမားတဲ့ကစားသမားပါ။ သူရဲ့ ခ်ဲလ္ဆီးနဲ႔ ရင္ဆိုင္ခဲ့တဲ့ ကိန္းဂဏန္းအခ်က္အလက္ေတြက အရမ္းမေကာင္းခဲ့ေပမယ့္ သူ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတာကေတာ့ ကၽြန္ေတာ္ အံ့အားသင့္မိခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္လ္ဒို မပါဝင္တဲ့ မန္ခ်က္စတာယူနိုက္တက္တိုက္စစ္ကို မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔ ေဂ်ဒန္ ဆန္ခ်ိဳတို႔က ဦးေဆာင္ခဲ့ၿပီး ဆန္ခ်ိဳက ယာယီနည္းၿပ မိုက္ကယ္ ကားရစ္ရဲ့ယုံၾကည္မႈနဲ႔ ထိုက္တန္ေၾကာင္းကို ဂိုးသြင္းယူၿပီး သက္ေသျပသခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒုတိယပိုင္း ပြဲကစားခ်ိန္ ၆၈ မိနစ္မွာ အာရြန္ ဝမ္ဘစ္ဆာကာက ေဘာလုံးဖ်က္ထုတ္ရာမွာ ေဘာလုံးကို ၾကားျဖတ္ရယူဖို႔ ႀကိဳးပမ္းခဲ့တဲ့ ခ်ဲလ္ဆီးေနာက္ခံလူ သီယာဂို ေဆးလ္ဗားကို ကန္သလို ျဖစ္ခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္က အိမ္ရွင္အသင္းကို ပင္နယ္တီ ျပစ္ဒဏ္ေဘာ ကန္သြင္းခြင့္ ေပးခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းအတြက္ ရရွိခဲ့တဲ့ ပင္နယ္တီျပစ္ဒဏ္ေဘာကို မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ဦးေဆာင္ဂိုးကို ခြင့္ျပဳခဲ့ရတဲ့ အမွားကို က်ဴးလြန္မိခဲ့တဲ့ ေဂ်ာ္ဂ်င္ညိဳက အမွားအယြင္းမရွိကန္သြင္းယူၿပီး အမွားကို ျပန္လည္ျပင္ဆင္နိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.