Analysis Premier League

ချဲလ်ဆီး 1-1 မန်ယူနိုက်တက် ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

ရော်နယ်လ်ဒိုကို အရန်ခုံထိုင်ခိုင်းတဲ့ ကာရစ်
ယာယီနည်းပြ မိုက်ကယ် ကာရစ်ရဲ့ လက်အောက်မှာ ချဲလ်ဆီးနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ဆီ လာကစားခဲ့တဲ့ လူစာရင်းက တစ်ဖက်ပရိသတ်တွေ ကဲ့ရဲ့ဖို့ ဖြစ်နေခဲ့ပြီး ၄-၃-၁-၂ ကစားကွက်မှာ နောက်တန်း ၄ ယောက်တန်းရှေ့က ကွင်းလယ်အဖျက် ၃ ယောက်ကို နေရာချထားပြီး ခံစစ်မှာ ၇ ယောက်အထိ ထားကစားခဲ့တာပါ။ တိုက်စစ်မှာတော့ မရပ်မနား ပြေးနိုင်လွှားနိုင်မယ့် လူငယ်နှစ်ဦးဖြစ်တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ဂျေဒန် ဆန်ချိုတို့ကို သုံးစွဲသွားခဲ့ပြီး ဗျူဟာမြောက် ခံစစ်ကစားချိန်မှာ အားနည်းတတ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အရန်ခုံမှာပဲ ထားခဲ့တာဖြစ်ပါတယ်။ ဒီနေ့ပွဲရဲ့ ဗျူဟာအရ ကာရစ် မမှန်ဘူးဆိုရင်တောင် မမှားခဲ့တာမို့ ပေါ်တူဂီသားကြီး အရန်ခုံထိုင်ရတဲ့ ကိစ္စကလည်း အကျယ်အကျယ်တော့ မဖြစ်ခဲ့တာပါ။

ချေးလ်ဝဲလ်ကို အစားထိုးနိုင်ဖို့ မမြင်တဲ့ အလွန်ဆို
ချေးလ်ဝဲလ် ဒဏ်ရာရအပြီး ဒီနေ့ပွဲမှာ ပထမဆုံး ပါဝင်ကစားခဲ့တဲ့ အလွန်ဆိုကတော့ အသင်းရဲ့ ဘယ်တောင်ပံမှာ ဘယ်လိုမှ အံမဝင်ခဲ့သလို ဗျူဟာမြောက်ကစားနိုင်ခြင်းမရှိဘဲ သူ့အတွက် ဘယ်ခြမ်းက တခြားတွဲဖက်ကစားသမားတွေဖြစ်ကြတဲ့ ရူဒီဂါ၊ ဟဒ်ဆန်-အိုဒွိုင်းတို့မှာ တာဝန်ပိုခဲ့ကြပြီး လက်မခံနိုင်ဆုံးအရာကတော့ ဘယ်တောင်ပံ Wing Back အဖြစ်ကနေ တိုက်စစ်မှူးနေရာမှာ သွားသွားနေရာယူနေတာပဲဖြစ်ပါတယ်။ ချေးလ်ဝဲလ်နဲ့ အသင်းဖော်တွေဟာ မလိုအပ်ဘဲ ဧရိယာထဲ ဝင်ကစားခြင်းမရှိသလို တစ်ဖက်တောင်ပံက ကျွံလာတဲ့ ဘောလုံးတွေကို စောင့်ဖို့ အဆင်သင့်အနေအထားနဲ့ ရှိနေပုံကို ဒီနေ့မှာ လေးကန်နေပြီး လှေနံဓားထစ် ကစားနေတဲ့ အလွန်ဆိုကို မြင်လိုက်ရတာကတော့ နတ်သမီးကို တွေ့ပြီးမှ ဘီလူးမကို ပြန်မြင်လိုက်ရသလို ဖြစ်နေပြီး ချဲလ်ဆီးတို့အနေနဲ့ လစ်လပ်နေတဲ့ နေရာကို လူသစ်တစ်ယောက်နဲ့ အစားထိုးမှပဲ ဖြစ်တော့မှာပါ။

ဒဟေးယားအပေါ် အကြွေးတင်ပြန်တဲ့ပွဲ
မန်ချက်စတာယူနိုက်တက်ရဲ့ အမှတ်ရတဲ့ ပွဲတိုင်းဟာ ဂိုးသမား ဒေးဗစ် ဒဟေးယားရဲ့ လက်စွမ်းနဲ့ ကင်းလွတ်ခွင့်မရခဲ့တာဖြစ်ပြီး ပင်နယ်တီ မပေးရခင်အထိမှာ ချဲလ်ဆီးတို့ရဲ့ ကန်ချက်တွေ၊ ဖြတ်တင်ဘောတွေ၊ အန္တရာယ်များတဲ့ ပေးပို့မှုတွေကို စပိန်သားကြီးက ကောင်းကောင်းထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။ ပင်နယ်တီမှာတော့ သူ့ရဲ့ အားနည်းချက်ဖြစ်နေလို့ မတတ်နိုင်ခဲ့ပေမယ့် တခြားအချိန်တွေမှာ ချဲလ်ဆီးတိုက်စစ်ကစားသမားတွေ ထိုင်ငိုချင်စိတ်ပေါက်လောက်အောင် အစွမ်းပြသွားခဲ့ပြီး ပထမပိုင်း ၄၅ မိနစ်အတွင်းမှာ ရူဒီဂါရဲ့ ကန်ချက်ကို လက်အနာခံပြီး Save ပြခဲ့တဲ့ တစ်လုံးကတော့ အားလုံးထဲက ထူးထူးခြားခြား ချီးကျူးစရာလည်းဖြစ်ခဲ့တာပါ။

တိုက်စစ်မှူးတွေ ထည့်မိမှ ဒုက္ခရောက်တဲ့ တူဟယ်လ်
ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်ကတော့ ပြီးခဲ့တဲ့ ပွဲတွေကလို False 9 ဟာဗတ်ဇ် သို့မဟုတ် ဇီးယက်ရှ်တို့နဲ့ တိုက်စစ်ကစားခဲ့ရာမှာ အလုပ်ဖြစ်နေခဲ့ပေမယ့် ဒီနေ့မှာတော့ တိုက်စစ်မှူးစစ်စစ် တီမို ဗာနာကို ပြန်ထည့်ခဲ့ရာမှာတော့ အာဆင်နယ်ရဲ့ အူဘာမီယန်းနဲ့ နင်လားငါလား တောင်ကန်မြောက်ကန် လုပ်ပြခဲ့ပြီး ဂိုးပေါက်ရှာမတွေ့ဘဲ ဖြစ်ခဲ့ကြရတာပါ။ ဒုတိယပိုင်းပြီးခါနီး ၁၀ မိနစ်မှာ သူ့အစား လူကာကူးကို ထည့်ပြန်တော့လည်း နားရတာ ကြာလို့ လေးလံထိုင်းမှိုင်းလွန်းနေပြီး အသင်းဖော်တွေနဲ့ တိုင်မင်မကိုက်ချိန်မှာ ပင်နယ်တီသာ မရခဲ့ရင် ရှုံးနိမ့်ဖို့ ရှိခဲ့တာဖြစ်ပြီး နည်းပြ တူဟယ်လ်အနေနဲ့ သူ့ရဲ့ အသင်းဟာ ခံစစ်နဲ့ ကွင်းလယ်က ဂိုးသွင်းတဲ့ အသင်းဆိုတာကိုတော့ မေ့မထားမှပဲ အဆင်ပြေလိမ့်မယ် ထင်ပါတယ်။

ကာရစ်ဘေးက နားကြပ်နဲ့ မရိုးလှတဲ့ ဖလက်ချာ
အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ ဒါရင်း ဖလက်ချာကတော့ ဒီနေ့ပွဲမှာ ယာယီနည်းပြအဖြစ် ကိုင်တွယ်တဲ့ ကားရစ်ကို ထောက်ကူပေးခဲ့တာပါ။ ဒီနေ့ပွဲမှာ စကော့တလန်သားအနေနဲ့ တစ်စုံတစ်ဦးကို နားကြပ်ထဲကနေ ဆက်သွယ်နေခဲ့တာကို တွေ့ရပြီး စတမ်းဖို့ဒ်ဘရစ်ချ်ကနေ ညွှန်ကြားနေခဲ့တဲ့ ပွဲအပေါ်ချဉ်းကပ်မှုတွေမှာ တစ်ယောက်ယောက်ရဲ့ ဩဇာများ သက်ရောက်နေခဲ့သလားလို့ မေးချင်စရာလည်းဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေကတော့ သူ့ရဲ့ ဆက်သွယ်နေတဲ့ ပုဂ္ဂိုလ်ကို သိချင်နေကြမှာဖြစ်ပြီး ဆာအဲလက်စ် ဖာဂူဆန်တော့ ဖြစ်နိုင်ခြေနည်းသလို ဂယ်ရီ နဗီးလ် ပြောထားတဲ့ ပွဲထွက်လူစာရင်းကို ရောက်လာတော့မယ့် ရာ့လ်ဖ် ရန်းနစ်ခ်က ရွေးပေးတယ်ဆိုတဲ့ ခန့်မှန်းချက်ကြောင့် ဂျာမန်သားကြီးပဲ ပိုမိုဖြစ်နိုင်ခြေရှိနေတာပါ။

ဇီးရိုးကနေ ဟီးရိုးပြန်ဖြစ်တဲ့ ဂျော်ဂျင်ညို
နောက်မှာ ဂိုးသမားတစ်ယောက်သာ ကျန်တော့တဲ့အချိန်မှာ နောက်ဆုံးခံစစ်ကစားသူဟာ အရာအားလုံးထက် ဘေးအန္တရာယ်ကင်းရှင်းရေးကိုပဲ အလေးအနက်ထားသင့်တာဖြစ်ချိန်မှာ ဂျော်ဂျင်ညိုကတော့ ဒါကို မလိုက်နာခဲ့ဘဲ ခေါင်းတိုက်ဖျက်ထုတ်ရမယ့်အစား အန္တရာယ်ကြီးတဲ့ ထိန်းသိမ်းမှုနဲ့ ဆန်ချိုရဲ့ သွင်းဂိုးကို လက်ဆောင်ပေး ဖန်တီးမိခဲ့ဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ရတော့မယ့် ဘရာဇီးလ်သားအတွက် အလှည့်အပြောင်း အခိုက်အတန့်က ၁၉ မိနစ်အကြာမှာ ရောက်ရှိလာခဲ့ပြီး ပင်နယ်တီအမှတ်အသားကနေ သွင်းဂိုးအဖြစ် ပြောင်းလဲယူနိုင်ခဲ့တာဖြစ်ပြီး ကံကောင်းထောက်မစွာနဲ့ ဇီးရိုးဘဝကနေ ဟီးရိုးပြန်ဖြစ်ခဲ့တာဖြစ်ပါတယ်။

နှစ်ပွဲဆက် ဂိုးသွင်းတဲ့ ဆန်ချို
မန်ချက်စတာယူနိုက်တက်ရဲ့ ပေါင် ၇၃ သန်းက အလကားဖြစ်ခဲ့ပြီလို့ နည်းပြဟောင်း အိုလီဂန်နာ ဆိုးလ်ရှားလက်ထက်မှာ ပြိုင်ဘက်အသင်း ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းခံခဲ့ရတဲ့ ဂျေဒန် ဆန်ချိုဟာ ဒီနေ့ပွဲမှာလည်း အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို သွေးအေးအေးနဲ့ တစ်ဖက် ဂိုးသမား အေဒူယာ မန်ဒီကို လှည့်စားကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း တစ်ဂိုးသွင်းယူခဲ့တဲ့ ဆန်ချိုဟာ သူ့ရဲ့ ဒီနေ့ ပရီးမီးယားလိဂ် ပထမဆုံးဂိုးနဲ့ဆိုရင် ကာရစ်လက်အောက်မှာ နှစ်ပွဲဆက်တိုက်အဖြစ် တိုက်တိုက်ဆိုင်ဆိုင်ပဲ ဂိုးသွင်းပြနိုင်ခဲ့တာဖြစ်ပြီး ဒါက သူ့ရဲ့ အင်္ဂလန်အသင်းမှာ နိမ့်ကျနေရတဲ့ အခြေအနေကိုလည်း ပြန်လည်မြှင့်တင်နိုင်ခဲ့မှာ သေချာပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေရာ္နယ္လ္ဒိုကို အရန္ခုံထိုင္ခိုင္းတဲ့ ကာရစ္
ယာယီနည္းျပ မိုက္ကယ္ ကာရစ္ရဲ႕ လက္ေအာက္မွာ ခ်ဲလ္ဆီးနဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္ဆီ လာကစားခဲ့တဲ့ လူစာရင္းက တစ္ဖက္ပရိသတ္ေတြ ကဲ့ရဲ႕ဖို႔ ျဖစ္ေနခဲ့ၿပီး ၄-၃-၁-၂ ကစားကြက္မွာ ေနာက္တန္း ၄ ေယာက္တန္းေရွ႕က ကြင္းလယ္အဖ်က္ ၃ ေယာက္ကို ေနရာခ်ထားၿပီး ခံစစ္မွာ ၇ ေယာက္အထိ ထားကစားခဲ့တာပါ။ တိုက္စစ္မွာေတာ့ မရပ္မနား ေျပးႏိုင္လႊားႏိုင္မယ့္ လူငယ္ႏွစ္ဦးျဖစ္တဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔ ေဂ်ဒန္ ဆန္ခ်ိဳတို႔ကို သုံးစြဲသြားခဲ့ၿပီး ဗ်ဴဟာေျမာက္ ခံစစ္ကစားခ်ိန္မွာ အားနည္းတတ္တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို အရန္ခုံမွာပဲ ထားခဲ့တာျဖစ္ပါတယ္။ ဒီေန႔ပြဲရဲ႕ ဗ်ဴဟာအရ ကာရစ္ မမွန္ဘူးဆိုရင္ေတာင္ မမွားခဲ့တာမို႔ ေပၚတူဂီသားႀကီး အရန္ခုံထိုင္ရတဲ့ ကိစၥကလည္း အက်ယ္အက်ယ္ေတာ့ မျဖစ္ခဲ့တာပါ။

ေခ်းလ္ဝဲလ္ကို အစားထိုးႏိုင္ဖို႔ မျမင္တဲ့ အလြန္ဆို
ေခ်းလ္ဝဲလ္ ဒဏ္ရာရအၿပီး ဒီေန႔ပြဲမွာ ပထမဆုံး ပါဝင္ကစားခဲ့တဲ့ အလြန္ဆိုကေတာ့ အသင္းရဲ႕ ဘယ္ေတာင္ပံမွာ ဘယ္လိုမွ အံမဝင္ခဲ့သလို ဗ်ဴဟာေျမာက္ကစားႏိုင္ျခင္းမရွိဘဲ သူ႔အတြက္ ဘယ္ျခမ္းက တျခားတြဲဖက္ကစားသမားေတြျဖစ္ၾကတဲ့ ႐ူဒီဂါ၊ ဟဒ္ဆန္-အိုဒြိဳင္းတို႔မွာ တာဝန္ပိုခဲ့ၾကၿပီး လက္မခံႏိုင္ဆုံးအရာကေတာ့ ဘယ္ေတာင္ပံ Wing Back အျဖစ္ကေန တိုက္စစ္မႉးေနရာမွာ သြားသြားေနရာယူေနတာပဲျဖစ္ပါတယ္။ ေခ်းလ္ဝဲလ္နဲ႔ အသင္းေဖာ္ေတြဟာ မလိုအပ္ဘဲ ဧရိယာထဲ ဝင္ကစားျခင္းမရွိသလို တစ္ဖက္ေတာင္ပံက ကြၽံလာတဲ့ ေဘာလုံးေတြကို ေစာင့္ဖို႔ အဆင္သင့္အေနအထားနဲ႔ ရွိေနပုံကို ဒီေန႔မွာ ေလးကန္ေနၿပီး ေလွနံဓားထစ္ ကစားေနတဲ့ အလြန္ဆိုကို ျမင္လိုက္ရတာကေတာ့ နတ္သမီးကို ေတြ႕ၿပီးမွ ဘီလူးမကို ျပန္ျမင္လိုက္ရသလို ျဖစ္ေနၿပီး ခ်ဲလ္ဆီးတို႔အေနနဲ႔ လစ္လပ္ေနတဲ့ ေနရာကို လူသစ္တစ္ေယာက္နဲ႔ အစားထိုးမွပဲ ျဖစ္ေတာ့မွာပါ။

ဒေဟးယားအေပၚ အေႂကြးတင္ျပန္တဲ့ပြဲ
မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အမွတ္ရတဲ့ ပြဲတိုင္းဟာ ဂိုးသမား ေဒးဗစ္ ဒေဟးယားရဲ႕ လက္စြမ္းနဲ႔ ကင္းလြတ္ခြင့္မရခဲ့တာျဖစ္ၿပီး ပင္နယ္တီ မေပးရခင္အထိမွာ ခ်ဲလ္ဆီးတို႔ရဲ႕ ကန္ခ်က္ေတြ၊ ျဖတ္တင္ေဘာေတြ၊ အႏၲရာယ္မ်ားတဲ့ ေပးပို႔မႈေတြကို စပိန္သားႀကီးက ေကာင္းေကာင္းထိန္းခ်ဳပ္ထားခဲ့တာ ျဖစ္ပါတယ္။ ပင္နယ္တီမွာေတာ့ သူ႔ရဲ႕ အားနည္းခ်က္ျဖစ္ေနလို႔ မတတ္ႏိုင္ခဲ့ေပမယ့္ တျခားအခ်ိန္ေတြမွာ ခ်ဲလ္ဆီးတိုက္စစ္ကစားသမားေတြ ထိုင္ငိုခ်င္စိတ္ေပါက္ေလာက္ေအာင္ အစြမ္းျပသြားခဲ့ၿပီး ပထမပိုင္း ၄၅ မိနစ္အတြင္းမွာ ႐ူဒီဂါရဲ႕ ကန္ခ်က္ကို လက္အနာခံၿပီး Save ျပခဲ့တဲ့ တစ္လုံးကေတာ့ အားလုံးထဲက ထူးထူးျခားျခား ခ်ီးက်ဴးစရာလည္းျဖစ္ခဲ့တာပါ။

တိုက္စစ္မႉးေတြ ထည့္မိမွ ဒုကၡေရာက္တဲ့ တူဟယ္လ္
ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္ကေတာ့ ၿပီးခဲ့တဲ့ ပြဲေတြကလို False 9 ဟာဗတ္ဇ္ သို႔မဟုတ္ ဇီးယက္ရွ္တို႔နဲ႔ တိုက္စစ္ကစားခဲ့ရာမွာ အလုပ္ျဖစ္ေနခဲ့ေပမယ့္ ဒီေန႔မွာေတာ့ တိုက္စစ္မႉးစစ္စစ္ တီမို ဗာနာကို ျပန္ထည့္ခဲ့ရာမွာေတာ့ အာဆင္နယ္ရဲ႕ အူဘာမီယန္းနဲ႔ နင္လားငါလား ေတာင္ကန္ေျမာက္ကန္ လုပ္ျပခဲ့ၿပီး ဂိုးေပါက္ရွာမေတြ႕ဘဲ ျဖစ္ခဲ့ၾကရတာပါ။ ဒုတိယပိုင္းၿပီးခါနီး ၁၀ မိနစ္မွာ သူ႔အစား လူကာကူးကို ထည့္ျပန္ေတာ့လည္း နားရတာ ၾကာလို႔ ေလးလံထိုင္းမႈိင္းလြန္းေနၿပီး အသင္းေဖာ္ေတြနဲ႔ တိုင္မင္မကိုက္ခ်ိန္မွာ ပင္နယ္တီသာ မရခဲ့ရင္ ရႈံးနိမ့္ဖို႔ ရွိခဲ့တာျဖစ္ၿပီး နည္းျပ တူဟယ္လ္အေနနဲ႔ သူ႔ရဲ႕ အသင္းဟာ ခံစစ္နဲ႔ ကြင္းလယ္က ဂိုးသြင္းတဲ့ အသင္းဆိုတာကိုေတာ့ ေမ့မထားမွပဲ အဆင္ေျပလိမ့္မယ္ ထင္ပါတယ္။

ကာရစ္ေဘးက နားၾကပ္နဲ႔ မ႐ိုးလွတဲ့ ဖလက္ခ်ာ
အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာ ဒါရင္း ဖလက္ခ်ာကေတာ့ ဒီေန႔ပြဲမွာ ယာယီနည္းျပအျဖစ္ ကိုင္တြယ္တဲ့ ကားရစ္ကို ေထာက္ကူေပးခဲ့တာပါ။ ဒီေန႔ပြဲမွာ စေကာ့တလန္သားအေနနဲ႔ တစ္စုံတစ္ဦးကို နားၾကပ္ထဲကေန ဆက္သြယ္ေနခဲ့တာကို ေတြ႕ရၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္ကေန ၫႊန္ၾကားေနခဲ့တဲ့ ပြဲအေပၚခ်ဥ္းကပ္မႈေတြမွာ တစ္ေယာက္ေယာက္ရဲ႕ ဩဇာမ်ား သက္ေရာက္ေနခဲ့သလားလို႔ ေမးခ်င္စရာလည္းျဖစ္ခဲ့ပါတယ္။ ပရိသတ္ေတြကေတာ့ သူ႔ရဲ႕ ဆက္သြယ္ေနတဲ့ ပုဂၢိဳလ္ကို သိခ်င္ေနၾကမွာျဖစ္ၿပီး ဆာအဲလက္စ္ ဖာဂူဆန္ေတာ့ ျဖစ္ႏိုင္ေျခနည္းသလို ဂယ္ရီ နဗီးလ္ ေျပာထားတဲ့ ပြဲထြက္လူစာရင္းကို ေရာက္လာေတာ့မယ့္ ရာ့လ္ဖ္ ရန္းနစ္ခ္က ေ႐ြးေပးတယ္ဆိုတဲ့ ခန႔္မွန္းခ်က္ေၾကာင့္ ဂ်ာမန္သားႀကီးပဲ ပိုမိုျဖစ္ႏိုင္ေျခရွိေနတာပါ။

ဇီး႐ိုးကေန ဟီး႐ိုးျပန္ျဖစ္တဲ့ ေဂ်ာ္ဂ်င္ညိဳ
ေနာက္မွာ ဂိုးသမားတစ္ေယာက္သာ က်န္ေတာ့တဲ့အခ်ိန္မွာ ေနာက္ဆုံးခံစစ္ကစားသူဟာ အရာအားလုံးထက္ ေဘးအႏၲရာယ္ကင္းရွင္းေရးကိုပဲ အေလးအနက္ထားသင့္တာျဖစ္ခ်ိန္မွာ ေဂ်ာ္ဂ်င္ညိဳကေတာ့ ဒါကို မလိုက္နာခဲ့ဘဲ ေခါင္းတိုက္ဖ်က္ထုတ္ရမယ့္အစား အႏၲရာယ္ႀကီးတဲ့ ထိန္းသိမ္းမႈနဲ႔ ဆန္ခ်ိဳရဲ႕ သြင္းဂိုးကို လက္ေဆာင္ေပး ဖန္တီးမိခဲ့ျဖစ္ပါတယ္။ ဒါေပမယ့္ ပရိသတ္ေတြရဲ႕ အမ်က္ေဒါသနဲ႔ ရင္ဆိုင္ရေတာ့မယ့္ ဘရာဇီးလ္သားအတြက္ အလွည့္အေျပာင္း အခိုက္အတန႔္က ၁၉ မိနစ္အၾကာမွာ ေရာက္ရွိလာခဲ့ၿပီး ပင္နယ္တီအမွတ္အသားကေန သြင္းဂိုးအျဖစ္ ေျပာင္းလဲယူႏိုင္ခဲ့တာျဖစ္ၿပီး ကံေကာင္းေထာက္မစြာနဲ႔ ဇီး႐ိုးဘဝကေန ဟီး႐ိုးျပန္ျဖစ္ခဲ့တာျဖစ္ပါတယ္။

ႏွစ္ပြဲဆက္ ဂိုးသြင္းတဲ့ ဆန္ခ်ိဳ
မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေပါင္ ၇၃ သန္းက အလကားျဖစ္ခဲ့ၿပီလို႔ နည္းျပေဟာင္း အိုလီဂန္နာ ဆိုးလ္ရွားလက္ထက္မွာ ၿပိဳင္ဘက္အသင္း ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ျခင္းခံခဲ့ရတဲ့ ေဂ်ဒန္ ဆန္ခ်ိဳဟာ ဒီေန႔ပြဲမွာလည္း အသင္းအတြက္ အေရးပါတဲ့ ဦးေဆာင္ဂိုးကို ေသြးေအးေအးနဲ႔ တစ္ဖက္ ဂိုးသမား ေအဒူယာ မန္ဒီကို လွည့္စားကန္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဗီလာရီးရဲလ္နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာလည္း တစ္ဂိုးသြင္းယူခဲ့တဲ့ ဆန္ခ်ိဳဟာ သူ႔ရဲ႕ ဒီေန႔ ပရီးမီးယားလိဂ္ ပထမဆုံးဂိုးနဲ႔ဆိုရင္ ကာရစ္လက္ေအာက္မွာ ႏွစ္ပြဲဆက္တိုက္အျဖစ္ တိုက္တိုက္ဆိုင္ဆိုင္ပဲ ဂိုးသြင္းျပႏိုင္ခဲ့တာျဖစ္ၿပီး ဒါက သူ႔ရဲ႕ အဂၤလန္အသင္းမွာ နိမ့္က်ေနရတဲ့ အေျခအေနကိုလည္း ျပန္လည္ျမႇင့္တင္ႏိုင္ခဲ့မွာ ေသခ်ာပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.