La Liga Ligue1 Premier League

ပရိသတ်တွေဆန္ဒနဲ့ထပ်တူကျတဲ့သူပဲ ဆုရမယ်လို့ အာမခံခဲ့တဲ့ ဘလွန်ဒေါဆုပေးပွဲအကြီးအကဲ

ဘလွန်ဒေါဆုကို နှစ်စဉ်ပေးအပ်နေတဲ့ France Football ရဲ့ အယ်ဒီတာချုပ် ပက်စ်ကယ် ဖီရီက ယနေ့ညမှာ ကျင်းပမယ့် ဘလွန်ဒေါဆုပေးပွဲမတိုင်မီ နားလည်ရခက်တဲ့ ပြောကြားမှု ပြုလုပ်ခဲ့ပြီး ဆုရရှိသူကို ကြေညာတဲ့အချိန်ကျရင် ပရိသတ်တွေ ဝမ်းမြောက်ပျော်ရွှင်ရလိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

France Football ဟာ ယခုနှစ်အတွက် ဘလွန်ဒေါဆုရှင်ကို ယနေ့ညမှာ ကြေညာသွားဖို့ စီစဉ်ထားတာဖြစ်ပြိး ဆုပေးပွဲမတိုင်မီ ဘယ်သူက ဆုကို သိမ်းပိုက်သွားမလဲဆိုတာကို ပြောဆိုမှုတွေ အများကြီးရှိနေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ၎င်းရဲ့ ၇ ကြိမ်မြောက် ဘလွန်ဒေါဆုကို ဆွတ်ခူးသွားလိမ့်မယ်လို့ တစ်ကြိုပေးခြင်းခံထားရပေမယ့် အများစုကတော့ ယခုနှစ်နဲ့ ပြီးခဲ့တဲ့နှစ်က ပြသခဲ့တဲ့ စွမ်းဆောင်ရည်အတွက် ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဗန်ဒေါ့ဗ်စကီးကသာ ရရှိဖို့ ထိုက်တန်တယ်လို့ ယုံကြည်နေကြတာဖြစ်ပါတယ်။

ဂျော်ဂျင်ညိုကလည်း ချဲလ်ဆီး၊ အီတလီတို့နဲ့အတူ ချန်ပီယံလိဂ်၊ ယူရိုဖလားတို့ကို အသီးသီး ဆွတ်ခူးထားနိုင်ခဲ့တဲ့အတွက် ဘလွန်ဒေါဆုရရှိနိုင်သူအဖြစ် ထိပ်ဆုံးကနေ ရေပန်းစားနေသူတွေထဲမှာ ပါဝင်နေပြီး ဘန်ဇီးမားနဲ့ မိုဟာမက် ဆာလားတို့လည်း ဆုရရှိနိုင်တဲ့ကစားသမားစာရင်းထဲမှာ တစိတ်တပိုင်းအဖြစ် ရှိနေတာဖြစ်ပါတယ်။

ယခုနှစ်အတွက် ဘလွန်ဒေါဆုကို အနိုင်ရရှိတဲ့သူကို ကြေညာဖို့ကလည်း တဖြည်းဖြည်း နီးကပ်လာပြီဖြစ်တာကြောင့် France Football အယ်ဒီတာချုပ် ဖီရီက ပရိသတ်တွေကို ပိုလို့တောင် စိတ်လှုပ်ရှားသွားစေမယ့် ပြောကြားမှုကို ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

ဖီရီက တနင်္လာနေ့ညမှာ ဆုရရှိသူကို ကြေညာလိုက်တဲ့အချိန်ကျရင် ပရိသတ်တွေအနေနဲ့ ဝမ်းမြောက်ပျော်ရွှင်သွားကြလိမ့်မယ်လို့ ယုံကြည်ချက် ရှိနေတာဖြစပါတယ်။ “ဘောလုံးပရိသတ်တွေအနေနဲ့ ၆၅ ကြိမ်မြောက် ဘလွန်ဒေါဆုပေးပွဲရဲ့ အနိုင်ရရှိသူကို သိရင် ဝမ်းမြောက်ပျော်ရွှင်ကြပါလိမ့်မယ်။ ကျွန်တော်ကတော့ ယုံကြည်ပါတယ်”လို့ Telefoot ကို ပြောကြားခဲ့ပါတယ်။

ဘလွန်ဒေါဆုပေးပွဲအတွက် အမျိုးမျိုး ထင်ကြေးပေး ပြောဆိုနေကြတာဟာ ဘောလုံးပရိသတ်တွေတင်မဟုတ်ဘဲ ကမ္ဘာ့ဘောလုံးလောကမှာရှိတဲ့ ထိပ်တန်းကစားသမားတွေလည်း အပါအဝင်ဖြစ်ပြီး ကမ္ဘာ့အဆင့် ဘောလုံးသမား ၁၀ ဦးက ဘလွန်ဒေါဆုအတွက် ဘယ်သူတွေကို ရွေးချယ်ခဲ့လဲဆိုတာကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

၁၀။ သောမတ်စ် မူလာ(ဘိုင်ယန်မြူးနစ်၊ ဂျာမနီ)- ရောဘတ် လီဗန်ဒေါ့ဗ်စကီး

၉။ အိန်ဂျယ် ဒီ မာရီယာ(ပီအက်စ်ဂျီ၊ အာဂျင်တီးနား)- လီယွန်နယ် မက်ဆီ

၈။ ကီဗင် ဒီဘရိုင်းနား(မန်ချက်စတာစီးတီး၊ ဘယ်လ်ဂျီယမ်)- ရောဘတ် လီဗန်ဒေါ့ဗ်စကီး

၇။ ပေါလ် ပေါ့ဂ်ဘာ(မန်ချက်စတာယူနိုက်တက်၊ ပြင်သစ်)- အန်ဂိုလို ကွန်တေ

၆။ ဗင်နစ်ရှပ် ဂျူနီယာ(ရီးရဲလ်မက်ဒရစ်၊ ဘရာဇီးလ်)- ကာရင် ဘန်ဇီးမား

၅။ အိုင်ဗန် ရာကီတစ်(ဆီးဗီးလား၊ ခရိုအေးရှားလက်ရွေးစင်ဟောင်း)- ကာရင် ဘန်ဇီးမား

၄။ လူးဝစ္စ ဆွာရက်ဇ်(အက်သလက်တီကိုမက်ဒရစ်၊ ဥရုဂွေး)- လီယွန်နယ် မက်ဆီ

၃။ ဂျရတ် ပီကေး(ဘာစီလိုနာ၊ စပိန်)- လီယွန်နယ် မက်ဆီ

၂။ မေဆန် မောင့်(ချဲလ်ဆီး၊ အင်္ဂလန်)- လီဗန်ဒေါ့ဗ်စကီး၊ ဆာလား၊ ဂျော်ဂျင်ညို၊ ကွန်တေ

၁။ လီယွန်နယ် မက်ဆီ(ပီအက်စ်ဂျီ၊ အာဂျင်တီးနား)- ခီလီယန် အမ်ဘာပေ၊ နေမာ၊ လီဗန်ဒေါ့ဗ်စကီး၊ ဘန်ဇီးမား

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘလြန္ေဒါဆုကို ႏွစ္စဥ္ေပးအပ္ေနတဲ့ France Football ရဲ့ အယ္ဒီတာခ်ဳပ္ ပက္စ္ကယ္ ဖီရီက ယေန႔ညမွာ က်င္းပမယ့္ ဘလြန္ေဒါဆုေပးပြဲမတိုင္မီ နားလည္ရခက္တဲ့ ေျပာၾကားမႈ ျပဳလုပ္ခဲ့ၿပီး ဆုရရွိသူကို ေၾကညာတဲ့အခ်ိန္က်ရင္ ပရိသတ္ေတြ ဝမ္းေျမာက္ေပ်ာ္ရႊင္ရလိမ့္မယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

France Football ဟာ ယခုႏွစ္အတြက္ ဘလြန္ေဒါဆုရွင္ကို ယေန႔ညမွာ ေၾကညာသြားဖို႔ စီစဥ္ထားတာျဖစ္ၿပိး ဆုေပးပြဲမတိုင္မီ ဘယ္သူက ဆုကို သိမ္းပိုက္သြားမလဲဆိုတာကို ေျပာဆိုမႈေတြ အမ်ားႀကီးရွိေနတာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီက ၎ရဲ့ ၇ ႀကိမ္ေျမာက္ ဘလြန္ေဒါဆုကို ဆြတ္ခူးသြားလိမ့္မယ္လို႔ တစ္ႀကိဳေပးျခင္းခံထားရေပမယ့္ အမ်ားစုကေတာ့ ယခုႏွစ္နဲ႔ ၿပီးခဲ့တဲ့ႏွစ္က ျပသခဲ့တဲ့ စြမ္းေဆာင္ရည္အတြက္ ဘိုင္ယန္ျမဴးနစ္ တိုက္စစ္မႉး လီဗန္ေဒါ့ဗ္စကီးကသာ ရရွိဖို႔ ထိုက္တန္တယ္လို႔ ယုံၾကည္ေနၾကတာျဖစ္ပါတယ္။

ေဂ်ာ္ဂ်င္ညိဳကလည္း ခ်ဲလ္ဆီး၊ အီတလီတို႔နဲ႔အတူ ခ်န္ပီယံလိဂ္၊ ယူရိုဖလားတို႔ကို အသီးသီး ဆြတ္ခူးထားနိုင္ခဲ့တဲ့အတြက္ ဘလြန္ေဒါဆုရရွိနိုင္သူအျဖစ္ ထိပ္ဆုံးကေန ေရပန္းစားေနသူေတြထဲမွာ ပါဝင္ေနၿပီး ဘန္ဇီးမားနဲ႔ မိုဟာမက္ ဆာလားတို႔လည္း ဆုရရွိနိုင္တဲ့ကစားသမားစာရင္းထဲမွာ တစိတ္တပိုင္းအျဖစ္ ရွိေနတာျဖစ္ပါတယ္။

ယခုႏွစ္အတြက္ ဘလြန္ေဒါဆုကို အနိုင္ရရွိတဲ့သူကို ေၾကညာဖို႔ကလည္း တျဖည္းျဖည္း နီးကပ္လာၿပီျဖစ္တာေၾကာင့္ France Football အယ္ဒီတာခ်ဳပ္ ဖီရီက ပရိသတ္ေတြကို ပိုလို႔ေတာင္ စိတ္လႈပ္ရွားသြားေစမယ့္ ေျပာၾကားမႈကို ျပဳလုပ္သြားခဲ့တာျဖစ္ပါတယ္။

ဖီရီက တနလၤာေန႔ညမွာ ဆုရရွိသူကို ေၾကညာလိုက္တဲ့အခ်ိန္က်ရင္ ပရိသတ္ေတြအေနနဲ႔ ဝမ္းေျမာက္ေပ်ာ္ရႊင္သြားၾကလိမ့္မယ္လို႔ ယုံၾကည္ခ်က္ ရွိေနတာျဖစပါတယ္။ “ေဘာလုံးပရိသတ္ေတြအေနနဲ႔ ၆၅ ႀကိမ္ေျမာက္ ဘလြန္ေဒါဆုေပးပြဲရဲ့ အနိုင္ရရွိသူကို သိရင္ ဝမ္းေျမာက္ေပ်ာ္ရႊင္ၾကပါလိမ့္မယ္။ ကၽြန္ေတာ္ကေတာ့ ယုံၾကည္ပါတယ္”လို႔ Telefoot ကို ေျပာၾကားခဲ့ပါတယ္။

ဘလြန္ေဒါဆုေပးပြဲအတြက္ အမ်ိဳးမ်ိဳး ထင္ေၾကးေပး ေျပာဆိုေနၾကတာဟာ ေဘာလုံးပရိသတ္ေတြတင္မဟုတ္ဘဲ ကမၻာ့ေဘာလုံးေလာကမွာရွိတဲ့ ထိပ္တန္းကစားသမားေတြလည္း အပါအဝင္ျဖစ္ၿပီး ကမၻာ့အဆင့္ ေဘာလုံးသမား ၁၀ ဦးက ဘလြန္ေဒါဆုအတြက္ ဘယ္သူေတြကို ေရြးခ်ယ္ခဲ့လဲဆိုတာကိုလည္း ေဖာ္ျပေပးလိုက္ပါတယ္။

၁၀။ ေသာမတ္စ္ မူလာ(ဘိုင္ယန္ျမဴးနစ္၊ ဂ်ာမနီ)- ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး

၉။ အိန္ဂ်ယ္ ဒီ မာရီယာ(ပီအက္စ္ဂ်ီ၊ အာဂ်င္တီးနား)- လီယြန္နယ္ မက္ဆီ

၈။ ကီဗင္ ဒီဘရိုင္းနား(မန္ခ်က္စတာစီးတီး၊ ဘယ္လ္ဂ်ီယမ္)- ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး

၇။ ေပါလ္ ေပါ့ဂ္ဘာ(မန္ခ်က္စတာယူနိုက္တက္၊ ျပင္သစ္)- အန္ဂိုလို ကြန္ေတ

၆။ ဗင္နစ္ရွပ္ ဂ်ဴနီယာ(ရီးရဲလ္မက္ဒရစ္၊ ဘရာဇီးလ္)- ကာရင္ ဘန္ဇီးမား

၅။ အိုင္ဗန္ ရာကီတစ္(ဆီးဗီးလား၊ ခရိုေအးရွားလက္ေရြးစင္ေဟာင္း)- ကာရင္ ဘန္ဇီးမား

၄။ လူးဝစၥ ဆြာရက္ဇ္(အက္သလက္တီကိုမက္ဒရစ္၊ ဥ႐ုေဂြး)- လီယြန္နယ္ မက္ဆီ

၃။ ဂ်ရတ္ ပီေကး(ဘာစီလိုနာ၊ စပိန္)- လီယြန္နယ္ မက္ဆီ

၂။ ေမဆန္ ေမာင့္(ခ်ဲလ္ဆီး၊ အဂၤလန္)- လီဗန္ေဒါ့ဗ္စကီး၊ ဆာလား၊ ေဂ်ာ္ဂ်င္ညိဳ၊ ကြန္ေတ

၁။ လီယြန္နယ္ မက္ဆီ(ပီအက္စ္ဂ်ီ၊ အာဂ်င္တီးနား)- ခီလီယန္ အမ္ဘာေပ၊ ေနမာ၊ လီဗန္ေဒါ့ဗ္စကီး၊ ဘန္ဇီးမား

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.