Match Report Premier League

ကပ္ပတိန်နှစ်ယောက်ရဲ့ဂိုးတွေနဲ့ အနိုင်ရပြီး ချဲလ်ဆီးကို ဖိအားလိုက်ပေးတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ ဒဏ်ရာကင်းစင်တဲ့အထဲက အကောင်းဆုံးလူစာရင်းကို ထုတ်သုံးလာတယ်လို့ ပြောရမှာဖြစ်ပြီး ခံစစ်မှာ လာပေါ့တ်နဲ့ ရူဘင် ဒီယက်စ်တို့ကို တွဲပေးခဲ့သလို ဝေါ်လ်ကာ၊ ကန်ဆယ်လို၊ ရိုဒရီ၊ ဂွန်ဒိုးဝမ်၊ ဘာနာဒို ဆေးလ်ဗား၊ စတာလင်၊ မာရက်ဇ်နဲ့ ဂျေဆူးစ်တို့ကို သုံးစွဲခဲ့သလို အရန်ခုံမှာ ဒုတိယတန်းနဲ့ လူငယ်ကစားသမားတွေပဲ ကျန်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဝက်စ်ဟမ်းတို့ကတော့ ဒီနေ့မှာ အတတ်ကျူးလို့ အရူးဖြစ်မယ့် လူစာရင်းမျိုးကို ထုတ်သုံးလာခဲ့ပြီး ဒေးဗစ်မွိုက်စ်ရဲ့ လူထုတ်ပုံတွေက နောက်ပိုင်း ပွဲစဉ်တွေမှာ မတည်ငြိမ်ခဲ့သလို ဘိုဝင်၊ ဗလာရှစ်ချ်၊ လန်ဇီနီ၊ ဆိုဖာလ်တို့လို ကစားသမားမျိုးတွေကို အတွဲမိဖို့ ပုံမှန်ထုတ်မသုံးခဲ့တာနဲ့ အထူးဖြင့် ဆိုဖာလ်လို ပြီးခဲ့တဲ့ ရာသီကနေ တောက်လျှောက် ခြေစွမ်းပြခဲ့သူကို ခေါက်ထားခဲ့တာက အသင်းရဲ့ ရလဒ်ပိုင်းတွေကို ကျဆင်းစေခဲ့တာလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲမှာလည်း ၃-၄-၃ ပုံစံနဲ့ မန်စီးတီးကို ရင်ဆိုင်လာခဲ့ရာမှာ လုံးဝအလုပ်မဖြစ်ခဲ့ဘူးလို့ ဆိုရမှာပဲဖြစ်ပြီး ကွင်းလယ်က ရိုက်စ်နဲ့ ဆိုးချက်ခ်တို့ကို နည်းစနစ်ပိုင်းမြင့်မားတဲ့ပွဲတစ်ပွဲမှာ ဝန်ပိစေခဲ့သလို သူတို့ရဲ့ အားသာချက်တွေဖြစ်တဲ့ လျင်မြန်မှုနဲ့ တောင်ပံက ကောင်တာတွေကို မသုံးနိုင်ခဲ့ဘဲ ဘင်ရာမာကတော့ သူအားသန်တဲ့ တောင်ပံမှာ မကစားရဘဲ ခြေချုပ်မိနေခဲ့သလိုလည်းဖြစ်နေခဲ့တာပါ။

ခံစစ်ကို အစိုးရိမ်လွန်ပြီး မာဆူအာကူကို ဘယ်တောင်ပံမှာ ထားခဲ့ရာမှာ ရှေ့ပါ သိပ်မတက်နိုင်လို့ အန်တိုနီယိုက တောင်ပံထွက်ကစားရတဲ့အထိ ဖြစ်ခဲ့ပြီး မန်စီးတီးတို့ကတော့ သူတို့ရဲ့ ကစားကွက်ထဲကို တဖြည်းဖြည်း သွတ်သွင်းသွားနိုင်ခဲ့သလို ပွဲချိန် ၁၆ မိနစ်မှာတော့ မာရက်ဇ်က ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့လို့ အိမ်ရှင်တွေ အဖွင့်ဂိုးရဖို့ စောင့်ခဲ့ရပါတယ်။

ဝက်စ်ဟမ်းတို့အနေနဲ့ တိုက်စစ်မှာ လူသိပ်မရှိတာကြောင့် တစ်ဖက်ဂိုးဧရိယာထဲကို မဝင်နိုင်ဘဲ အပြင်ကနေ လှမ်းကန်နေရတာမျိုးကပဲ များခဲ့သလို စီးတီးတို့ကတော့ အချိတ်အဆက်တွေနဲ့ ထိုးဖောက်ခဲ့ပေမယ့် အပိုင်အခွင့်အရေးရဖို့ မစောင့်ဆိုင်းခဲ့ဘဲ အနည်းဆုံး သုံးကြိမ်လောက်ကို ဖြုန်းတီးပစ်ခဲ့တာပါ။

ပွဲချိန် ၃၃ မိနစ်မှာတော့ အိမ်ရှင်တွေ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ပြီး ညာတောင်ပံကနေ မာရက်ဇ် ဆွဲပြေးပြီး ဧရိယာထဲကို ပြန်ချိုးပေးခဲ့ရာမှာ နှင်းတွေကြားထဲမှာ စတာလင် ပိတ်မသွင်းနိုင်ဘဲ လွဲချော်သွားခဲ့ပေမယ့် နောက်မှာ အဆင်သင့်ရှိနေတဲ့ အသင်းခေါင်းဆောင် ဂွန်ဒိုးဝမ်က ပိတ်သွင်းပြီး စီးတီးတို့ကို ဦးဆောင်စေနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒေးဗစ်မွိုက်စ်ရဲ့ လူများပြီး ပွဲမစည်တဲ့ ခံစစ်ကတော့ ဒီနေ့ပွဲရဲ့ အကြီးမားဆုံး အမှားဖြစ်ခဲ့ပြီး ပွဲကို သူရဲဘောကြောင်မှုနဲ့ ချဉ်းကပ်ခဲ့တာလို့လည်း ဆိုနိုင်သလို ကွင်းလယ်နှစ်ယောက်နဲ့ ခံစစ်ငါးယောက်ကြားက ဟာကွက်တွေကို စီးတီးတို့ အကောင်းဆုံးအသုံးချနိုင်ခဲ့ပြီး ပွဲချိန် ၃၇ မိနစ်မှာ ဂျေဆူးစ်က ဂိုးသမား ဖာဘီယန်စကီးဘေးက ကန်သွင်းပြီး အနိုင်ယူခဲ့ပေမယ့် နောက်ခံလူ ဂျွန်ဆန် ဖျက်ထုတ်နိုင်ခဲ့လို့သာ သက်သာခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန်နာရီဝက်နောက်ပိုင်းမှာ နှင်းတွေ သည်းချက်နဲ့ ကွင်းကို ဖုံးလွှမ်းသွားပုံက ဘောလုံးကွင်းလား ရေခဲပြင်ဟော်ကီကွင်းလားလို့ မေးရယူမလို ဖြစ်ခဲ့ပြီး နိုက်ကီရဲ့ ကာတွန်းစာအုပ်အခြေခံ ဆောင်းရာသီ အထူးထုတ်ဘောလုံးကတော့ ရှေ့က Hi Vis ဘောလုံးတွေလို အနီရောင်ထင်ထင်ရှားရှားနဲ့ မြင်သာထင်သာမရှိခဲ့ဘဲ တကယ့် နှင်းထူထပ်တဲ့ ပွဲမျိုးမှာ အဝါရောင်ဖျော့ဖျော့နဲ့ ဂိုးသမားတွေကို ဒုက္ခပေးဖို့ဖြစ်နေတာကိုပဲ တွေ့ခဲ့ရသလို ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ကွင်းမျက်နှာပြင်ကို ရှင်းလင်းထားခဲ့သလို နှင်းကျမှုလည်း နည်းသွားခဲ့လို့ မြင်မြင်ထင်ထင် ကစားခဲ့ကြရပြီး ပွဲချိန် ၅၆ မိနစ်မှာတော့ စတာလင်ချိုးပေးတာကို ဂျေဆူးစ် ကန်သွင်းချက်က ဂိုးသမားနဲ့ ထိခဲ့ပေမယ့် ဂိုးထဲကို သွားခဲ့ချိန်မှာ လိုက်လံဖျက်ထုတ်တဲ့ ခရက်စ်ဝဲလ် ခါးနဲ့ ဂိုးတိုင်ဆောင့်မိပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့လို့ ဆိုဖာလ်နဲ့ လူလဲကစားခဲ့ရပါတယ်။

ဝက်စ်ဟမ်းတို့ တိုက်စစ်မြှင့်ဖို့ ဘင်ရာမာကို လန်ဇီနီနဲ့လဲ ကစားခဲ့ပေမယ့် စီးတီးကွင်းလယ်ကို မကျော်နိုင်ခဲ့သလို ဂျွန်ဆန်ရဲ့ အတွေ့အကြုံ နုနယ်မှုကလည်း စတာလင်ကို ထိန်းချုပ်ရာမှာ အခက်အခဲရှိနေခဲ့ပြီး ပွဲချိန် ၇၃ မိနစ်မှာတော့ ကန်ဆယ်လိုကတောင် ထပ်မံခြိမ်းခြောက်နိုင်ခဲ့ပြီး ပွဲချိန် ၇၄ မိနစ်မှာမှ ဒေးဗစ်မွိုက်စ်တစ်ယောက် မာဆူအာကူးအစား ဘိုဝင်ကို လဲဖို့ သတိရခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ အီဒါဆန်ရော ဖာဘီယန်စကီးပါ လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့ကြပြီး မန်စီးတီးရော ဝက်စ်ဟမ်းတို့ပါ တိုက်စစ်မှာ သိပ်ပြီး ပုံစံကောင်း မပြသနိုင်ခဲ့သလို ပွဲချိန် ၈၇ မိနစ်မှာတော့ စတာလင်အစား အသင်းခေါင်းဆောင် ဖာနန်ဒင်ညိုကို ထည့်ပြီး ရလဒ်ကို ထိန်းကစားနိုင်ဖို့ နည်းပြ ဂွါဒီယိုလာက ပြင်ဆင်လာခဲ့ပါတယ်။

ပွဲချိန် မိနစ် ၉၀ မှာတော့ မန်စီးတီးတို့ ဒုတိယဦးဆောင်ဂိုး ရယူနိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ ဂျေဆူးစ်က ဘာနာဒို ဆေးလ်ဗား ပေးတဲ့ ဘောလုံးကို ရယူပြီး အတွင်းကို ပြန်ချိုးပေးရာမှာ ဂွန်ဒိုးဝမ်က မကန်ဘဲ ဟပေးခဲ့တာကို လူစားဝင်ကစားသမား ဖာနန်ဒင်ညိုက ဂိုးသမားရဲ့ မြင်ကွင်းရှုပ်ထွေးနေတဲ့ အနီးတိုင်ဘက်ကို ပါးပါးနပ်နပ် ကန်သွင်းခဲ့ရာမှာ ဖာဘီယန်စကီး အငိုက်မိသွားခဲ့တာလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲကို နာကျင်အချိန်ပို ၄ မိနစ် သတ်မှတ်ပေးခဲ့ရာမှာတော့ ဝက်စ်ဟမ်းတို့ သိက္ခာဆည်နိုင်ဖို့အတွက် တင်ကစားလာခဲ့ပြီး ပွဲချိန် ၉၄ မိနစ်မှာတော့ အီဒါဆန်ရဲ့ မလွတ်မလပ် ပစ်ပေးတဲ့ ဘောလုံးကို ပြန်လည်ရယူပြီး တိုက်စစ်ဆင်ခဲ့ရာမှာ လာပေါ့တ် ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို ဧရိယာထဲမှာ ဖာနန်ဒင်ညို ထိန်းသိမ်းဖို့ ကြိုးစားနေတုန်း လန်ဇီနီက လုယူပြီး အမြန်ကန်သွင်းခဲ့ရာမှာ ဂိုးတိုင်အပေါ်ထောင့်ကို ဝင်သွားခဲ့လို့ နှစ်ဂိုး-တစ်ဂိုး ဖြစ်သွားခဲ့ပါတယ်။

လန်ဇီနီရဲ့ ကန်ချက်ကတော့ ပွဲရဲ့ နောက်ဆုံးထိချက်လည်းဖြစ်ခဲ့ပြီး ဒီဂိုးဝင်ပြီးတာနဲ့ ပွဲသိမ်းခရာလည်း မှုတ်ခဲ့သလို ဝက်စ်ဟမ်းတို့ အလာကောင်းပေမယ့် အခါနှောင်းခဲ့ပြီး မန်စီးတီးတို့ကတော့ Clean Sheet ပျက်ခဲ့ပေမယ့် အဖိုးတန်သုံးမှတ်နဲ့ အိမ်ကွင်းမှာ အောင်ပွဲခံနိုင်ခဲ့သလို ထိပ်ဆုံးက ချဲလ်ဆီးတို့ကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါကောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ ဒဏ္ရာကင္းစင္တဲ့အထဲက အေကာင္းဆုံးလူစာရင္းကို ထုတ္သုံးလာတယ္လို႔ ေျပာရမွာျဖစ္ၿပီး ခံစစ္မွာ လာေပါ့တ္နဲ႔ ႐ူဘင္ ဒီယက္စ္တို႔ကို တြဲေပးခဲ့သလို ေဝၚလ္ကာ၊ ကန္ဆယ္လို၊ ႐ိုဒရီ၊ ဂြန္ဒိုးဝမ္၊ ဘာနာဒို ေဆးလ္ဗား၊ စတာလင္၊ မာရက္ဇ္နဲ႔ ေဂ်ဆူးစ္တို႔ကို သုံးစြဲခဲ့သလို အရန္ခုံမွာ ဒုတိယတန္းနဲ႔ လူငယ္ကစားသမားေတြပဲ က်န္ခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ဝက္စ္ဟမ္းတို႔ကေတာ့ ဒီေန႔မွာ အတတ္က်ဴးလို႔ အ႐ူးျဖစ္မယ့္ လူစာရင္းမ်ိဳးကို ထုတ္သုံးလာခဲ့ၿပီး ေဒးဗစ္မြိဳက္စ္ရဲ႕ လူထုတ္ပုံေတြက ေနာက္ပိုင္း ပြဲစဥ္ေတြမွာ မတည္ၿငိမ္ခဲ့သလို ဘိုဝင္၊ ဗလာရွစ္ခ်္၊ လန္ဇီနီ၊ ဆိုဖာလ္တို႔လို ကစားသမားမ်ိဳးေတြကို အတြဲမိဖို႔ ပုံမွန္ထုတ္မသုံးခဲ့တာနဲ႔ အထူးျဖင့္ ဆိုဖာလ္လို ၿပီးခဲ့တဲ့ ရာသီကေန ေတာက္ေလွ်ာက္ ေျခစြမ္းျပခဲ့သူကို ေခါက္ထားခဲ့တာက အသင္းရဲ႕ ရလဒ္ပိုင္းေတြကို က်ဆင္းေစခဲ့တာလည္းျဖစ္ပါတယ္။

ဒီေန႔ပြဲမွာလည္း ၃-၄-၃ ပုံစံနဲ႔ မန္စီးတီးကို ရင္ဆိုင္လာခဲ့ရာမွာ လုံးဝအလုပ္မျဖစ္ခဲ့ဘူးလို႔ ဆိုရမွာပဲျဖစ္ၿပီး ကြင္းလယ္က ႐ိုက္စ္နဲ႔ ဆိုးခ်က္ခ္တို႔ကို နည္းစနစ္ပိုင္းျမင့္မားတဲ့ပြဲတစ္ပြဲမွာ ဝန္ပိေစခဲ့သလို သူတို႔ရဲ႕ အားသာခ်က္ေတြျဖစ္တဲ့ လ်င္ျမန္မႈနဲ႔ ေတာင္ပံက ေကာင္တာေတြကို မသုံးႏိုင္ခဲ့ဘဲ ဘင္ရာမာကေတာ့ သူအားသန္တဲ့ ေတာင္ပံမွာ မကစားရဘဲ ေျခခ်ဳပ္မိေနခဲ့သလိုလည္းျဖစ္ေနခဲ့တာပါ။

ခံစစ္ကို အစိုးရိမ္လြန္ၿပီး မာဆူအာကူကို ဘယ္ေတာင္ပံမွာ ထားခဲ့ရာမွာ ေရွ႕ပါ သိပ္မတက္ႏိုင္လို႔ အန္တိုနီယိုက ေတာင္ပံထြက္ကစားရတဲ့အထိ ျဖစ္ခဲ့ၿပီး မန္စီးတီးတို႔ကေတာ့ သူတို႔ရဲ႕ ကစားကြက္ထဲကို တျဖည္းျဖည္း သြတ္သြင္းသြားႏိုင္ခဲ့သလို ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ မာရက္ဇ္က ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ လူကြၽံေနခဲ့လို႔ အိမ္ရွင္ေတြ အဖြင့္ဂိုးရဖို႔ ေစာင့္ခဲ့ရပါတယ္။

ဝက္စ္ဟမ္းတို႔အေနနဲ႔ တိုက္စစ္မွာ လူသိပ္မရွိတာေၾကာင့္ တစ္ဖက္ဂိုးဧရိယာထဲကို မဝင္ႏိုင္ဘဲ အျပင္ကေန လွမ္းကန္ေနရတာမ်ိဳးကပဲ မ်ားခဲ့သလို စီးတီးတို႔ကေတာ့ အခ်ိတ္အဆက္ေတြနဲ႔ ထိုးေဖာက္ခဲ့ေပမယ့္ အပိုင္အခြင့္အေရးရဖို႔ မေစာင့္ဆိုင္းခဲ့ဘဲ အနည္းဆုံး သုံးႀကိမ္ေလာက္ကို ျဖဳန္းတီးပစ္ခဲ့တာပါ။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ အိမ္ရွင္ေတြ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၿပီး ညာေတာင္ပံကေန မာရက္ဇ္ ဆြဲေျပးၿပီး ဧရိယာထဲကို ျပန္ခ်ိဳးေပးခဲ့ရာမွာ ႏွင္းေတြၾကားထဲမွာ စတာလင္ ပိတ္မသြင္းႏိုင္ဘဲ လြဲေခ်ာ္သြားခဲ့ေပမယ့္ ေနာက္မွာ အဆင္သင့္ရွိေနတဲ့ အသင္းေခါင္းေဆာင္ ဂြန္ဒိုးဝမ္က ပိတ္သြင္းၿပီး စီးတီးတို႔ကို ဦးေဆာင္ေစႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ေဒးဗစ္မြိဳက္စ္ရဲ႕ လူမ်ားၿပီး ပြဲမစည္တဲ့ ခံစစ္ကေတာ့ ဒီေန႔ပြဲရဲ႕ အႀကီးမားဆုံး အမွားျဖစ္ခဲ့ၿပီး ပြဲကို သူရဲေဘာေၾကာင္မႈနဲ႔ ခ်ဥ္းကပ္ခဲ့တာလို႔လည္း ဆိုႏိုင္သလို ကြင္းလယ္ႏွစ္ေယာက္နဲ႔ ခံစစ္ငါးေယာက္ၾကားက ဟာကြက္ေတြကို စီးတီးတို႔ အေကာင္းဆုံးအသုံးခ်ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၃၇ မိနစ္မွာ ေဂ်ဆူးစ္က ဂိုးသမား ဖာဘီယန္စကီးေဘးက ကန္သြင္းၿပီး အႏိုင္ယူခဲ့ေပမယ့္ ေနာက္ခံလူ ဂြၽန္ဆန္ ဖ်က္ထုတ္ႏိုင္ခဲ့လို႔သာ သက္သာခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္နာရီဝက္ေနာက္ပိုင္းမွာ ႏွင္းေတြ သည္းခ်က္နဲ႔ ကြင္းကို ဖုံးလႊမ္းသြားပုံက ေဘာလုံးကြင္းလား ေရခဲျပင္ေဟာ္ကီကြင္းလားလို႔ ေမးရယူမလို ျဖစ္ခဲ့ၿပီး ႏိုက္ကီရဲ႕ ကာတြန္းစာအုပ္အေျခခံ ေဆာင္းရာသီ အထူးထုတ္ေဘာလုံးကေတာ့ ေရွ႕က Hi Vis ေဘာလုံးေတြလို အနီေရာင္ထင္ထင္ရွားရွားနဲ႔ ျမင္သာထင္သာမရွိခဲ့ဘဲ တကယ့္ ႏွင္းထူထပ္တဲ့ ပြဲမ်ိဳးမွာ အဝါေရာင္ေဖ်ာ့ေဖ်ာ့နဲ႔ ဂိုးသမားေတြကို ဒုကၡေပးဖို႔ျဖစ္ေနတာကိုပဲ ေတြ႕ခဲ့ရသလို ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ကြင္းမ်က္ႏွာျပင္ကို ရွင္းလင္းထားခဲ့သလို ႏွင္းက်မႈလည္း နည္းသြားခဲ့လို႔ ျမင္ျမင္ထင္ထင္ ကစားခဲ့ၾကရၿပီး ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ စတာလင္ခ်ိဳးေပးတာကို ေဂ်ဆူးစ္ ကန္သြင္းခ်က္က ဂိုးသမားနဲ႔ ထိခဲ့ေပမယ့္ ဂိုးထဲကို သြားခဲ့ခ်ိန္မွာ လိုက္လံဖ်က္ထုတ္တဲ့ ခရက္စ္ဝဲလ္ ခါးနဲ႔ ဂိုးတိုင္ေဆာင့္မိၿပီး ဒဏ္ရာျပင္းျပင္းထန္ထန္ ရသြားခဲ့လို႔ ဆိုဖာလ္နဲ႔ လူလဲကစားခဲ့ရပါတယ္။

ဝက္စ္ဟမ္းတို႔ တိုက္စစ္ျမႇင့္ဖို႔ ဘင္ရာမာကို လန္ဇီနီနဲ႔လဲ ကစားခဲ့ေပမယ့္ စီးတီးကြင္းလယ္ကို မေက်ာ္ႏိုင္ခဲ့သလို ဂြၽန္ဆန္ရဲ႕ အေတြ႕အႀကဳံ ႏုနယ္မႈကလည္း စတာလင္ကို ထိန္းခ်ဳပ္ရာမွာ အခက္အခဲရွိေနခဲ့ၿပီး ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ ကန္ဆယ္လိုကေတာင္ ထပ္မံၿခိမ္းေျခာက္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၇၄ မိနစ္မွာမွ ေဒးဗစ္မြိဳက္စ္တစ္ေယာက္ မာဆူအာကူးအစား ဘိုဝင္ကို လဲဖို႔ သတိရခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ အီဒါဆန္ေရာ ဖာဘီယန္စကီးပါ လက္စြမ္းျပ ကာကြယ္မႈေတြ ျပဳလုပ္ႏိုင္ခဲ့ၾကၿပီး မန္စီးတီးေရာ ဝက္စ္ဟမ္းတို႔ပါ တိုက္စစ္မွာ သိပ္ၿပီး ပုံစံေကာင္း မျပသႏိုင္ခဲ့သလို ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ စတာလင္အစား အသင္းေခါင္းေဆာင္ ဖာနန္ဒင္ညိဳကို ထည့္ၿပီး ရလဒ္ကို ထိန္းကစားႏိုင္ဖို႔ နည္းျပ ဂြါဒီယိုလာက ျပင္ဆင္လာခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ မန္စီးတီးတို႔ ဒုတိယဦးေဆာင္ဂိုး ရယူႏိုင္ခဲ့ၿပီး ဘယ္ျခမ္းကေန ေဂ်ဆူးစ္က ဘာနာဒို ေဆးလ္ဗား ေပးတဲ့ ေဘာလုံးကို ရယူၿပီး အတြင္းကို ျပန္ခ်ိဳးေပးရာမွာ ဂြန္ဒိုးဝမ္က မကန္ဘဲ ဟေပးခဲ့တာကို လူစားဝင္ကစားသမား ဖာနန္ဒင္ညိဳက ဂိုးသမားရဲ႕ ျမင္ကြင္းရႈပ္ေထြးေနတဲ့ အနီးတိုင္ဘက္ကို ပါးပါးနပ္နပ္ ကန္သြင္းခဲ့ရာမွာ ဖာဘီယန္စကီး အငိုက္မိသြားခဲ့တာလည္းျဖစ္ပါတယ္။

ဒီေန႔ပြဲကို နာက်င္အခ်ိန္ပို ၄ မိနစ္ သတ္မွတ္ေပးခဲ့ရာမွာေတာ့ ဝက္စ္ဟမ္းတို႔ သိကၡာဆည္ႏိုင္ဖို႔အတြက္ တင္ကစားလာခဲ့ၿပီး ပြဲခ်ိန္ ၉၄ မိနစ္မွာေတာ့ အီဒါဆန္ရဲ႕ မလြတ္မလပ္ ပစ္ေပးတဲ့ ေဘာလုံးကို ျပန္လည္ရယူၿပီး တိုက္စစ္ဆင္ခဲ့ရာမွာ လာေပါ့တ္ ရွင္းထုတ္လိုက္တဲ့ ေဘာလုံးကို ဧရိယာထဲမွာ ဖာနန္ဒင္ညိဳ ထိန္းသိမ္းဖို႔ ႀကိဳးစားေနတုန္း လန္ဇီနီက လုယူၿပီး အျမန္ကန္သြင္းခဲ့ရာမွာ ဂိုးတိုင္အေပၚေထာင့္ကို ဝင္သြားခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုး ျဖစ္သြားခဲ့ပါတယ္။

လန္ဇီနီရဲ႕ ကန္ခ်က္ကေတာ့ ပြဲရဲ႕ ေနာက္ဆုံးထိခ်က္လည္းျဖစ္ခဲ့ၿပီး ဒီဂိုးဝင္ၿပီးတာနဲ႔ ပြဲသိမ္းခရာလည္း မႈတ္ခဲ့သလို ဝက္စ္ဟမ္းတို႔ အလာေကာင္းေပမယ့္ အခါေႏွာင္းခဲ့ၿပီး မန္စီးတီးတို႔ကေတာ့ Clean Sheet ပ်က္ခဲ့ေပမယ့္ အဖိုးတန္သုံးမွတ္နဲ႔ အိမ္ကြင္းမွာ ေအာင္ပြဲခံႏိုင္ခဲ့သလို ထိပ္ဆုံးက ခ်ဲလ္ဆီးတို႔ကို ဆက္လက္ဖိအားေပးႏိုင္ခဲ့ပါေကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.