Match Report Premier League

တဒိုင်းဒိုင်း ချဲလ်ဆီးဆီက ဆန်ချိုရဲ့ဂိုးနဲ့ တစ်မှတ်ခွဲယူတဲ့ မန်ချက်စတာယူနိုက်တက်

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ ချေးဝဲလ်မပါတဲ့ လူစာရင်းနဲ့ ပထမဆုံး ပွဲထွက်လာခဲ့ပြီး သူ့နေရာမှာ အလွန်ဆိုကို အစားထိုးခဲ့သလို ရူဒီဂါ၊ သီယာဂို ဆေးလ်ဗား၊ ချာလိုဘာ၊ ရီးစ်ဂျိမ်းစ်တို့ရဲ့ ခံစစ်ရှေ့မှာ ဂျော်ဂျင်ညိုနဲ့ လော့ဖ်တပ်စ်ချိခ်တို့ကို နေရာချခဲ့ပြီး တိုက်စစ်မှာတော့ ဟဒ်ဆန်-အိုဒွိုင်း၊ တီမို ဗာနာနဲ့ ဇီးယက်ရှ်တို့ကို သုံးစွဲလာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကတော့ ၄-၃-၁-၂ ပုံစံနဲ့ အဝေးကွင်းမှာ ခံစစ်နှစ်ထပ်ကစားလာခဲ့တယ်လို့ ဆိုနိုင်ပြီး ကပ္ပတိန်ခေါင်းကြီး ပါမလာတဲ့ ခံစစ်က ဘိုင်လီ၊ လင်ဒီလော့ဖ်၊ အဲလက်စ် တဲလက်စ်၊ ဝန်ဘစ်ဆာကာတို့နဲ့ ပိုမိုတည်ငြိမ်ခဲ့သလို ရှေ့မှာတော့ မာတစ်ချ်၊ ဖရက်ဒ်နဲ့ မက်တော်မီနေးတို့က ချဲလ်ဆီးတို့ ဂိုးဧရိယာထဲ ဝင်ခွင့်ကို ပိတ်ဆို့ခဲ့ကြချိန်မှာ တိုက်စစ်မှာတော့ ဘရူနို ဖာနန်ဒက်စ်ရှေ့က ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချိုတို့ကို တင်ကစားလာခဲ့တာပါ။

ပွဲချိန် ၃ မိနစ်မှာပဲ ဇီးယက်ရှ်ရဲ့ အနီးကပ်ကန်ခွင့်ကို ဒဟေးယား ကာကွယ်ခဲ့ရသလို တစ်မိနစ်အကြာမှာတော့ တီမို ဗာနာကို ပေးရင် ဝင်နိုင်တဲ့ အလုံးကို ဟဒ်ဆန်-အိုဒွိုင်းက တစ်ကိုယ်တော် ကန်ဖို့ကြိုးစားခဲ့တာက စပိန်ဂိုးသမားနဲ့ထိပြီး ထောင့်ကန်ဘောဖြစ်သွားခဲ့လို့ ချဲလ်ဆီးတို့ စောစောစီးစီး အဖွင့်ဂိုးရနိုင်ခွင့်တွေကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

ချေးလ်ဝဲလ်ဆိုရင် လူထပ်နေတဲ့ ဧရိယာထဲကို မလွတ်ဘဲ တိုးမဝင်မယ့်အချိန်မျိုးမှာ တိုက်စစ်ဆင်လာတိုင်း ဟဒ်ဆန်-အိုဒွိုင်းကို လူပေးပြီးရင် တိုက်စစ်မှူးနေရာ သွားယူတဲ့ မားကို့စ် အလွန်ဆိုကြောင့် အိမ်ရှင်တို့ ဘယ်တောင်ပံတိုက်စစ်က မချောမွေ့ဘဲဖြစ်ခဲ့ရပြီး နည်းပြ တူဟယ်လ်ကသာ ဒီလိုမျိုး ကစားဖို့ မှာထားတာ မဟုတ်ရင်တော့ သူဟာ ချဲလ်ဆီးရဲ့ ကစားကွက်ကို နားမလည်တဲ့ အဖျက်ကစားသမားတစ်ဦးလို့ပဲ သတ်မှတ်ရမှာပါ။

ညာခြမ်းက ရီးစ်ဂျိမ်းဖြတ်တင်တိုင်း ကျော်လာတဲ့ ဘောလုံးမျိုးတွေကို လိုက်ယူပေးမယ့်သူမရှိချိန်မှာ ချေးလ်ဝဲလ်ကို လွမ်းဆွတ်စေပြီး ဆရာကြီး အလွန်ဆိုကတော့ တန်ပြန်တိုက်စစ်ဆင်လာတိုင်း တိုက်စစ်မှူးဝင်လုပ်တဲ့ ချဲလ်ဆီးရောက်ခါစက ပုံစံမျိုးကိုပဲ ကျင့်သုံးနေသလို အသက်အရွယ်၊ အသင်းရဲ့ ကစားကွက်နဲ့ လိုက်လျောညီထွေအောင် မလုပ်ဆောင်နိုင်တာကြောင့် ၁၀ ယောက်နဲ့ ကစားနေရသလိုလည်းဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၃၁ မိနစ်မှာ ရူဒီဂါရဲ့ အမှတ်မထင်ကန်ချက်က ဘားထိထွက်ခဲ့သလို မန်ယူနိုက်တက်ဂိုးသမား ဒဟေးယားကို လက်နာစေခဲ့ပြီး ဒီက ပြန်ကျလာတဲ့ ဘောလုံးကို ရီးစ်ဂျိမ်းစ် တိုက်စစ်ဆင်ဖို့ လုပ်ပေမယ့် လူကျွံနေခဲ့လို့ ချဲလ်ဆီးတို့ နစ်နာခဲ့ရပြီး တီမို ဗာနာနဲ့ ဟဒ်ဆန်-အိုဒွိုင်းတို့ကတော့ အပြိုင် ဖြုန်းနေခဲ့တာကြောင့် ဘောလုံးပိုင်ဆိုင်မှုနဲ့ ဖိကစားသလောက် အကျိုးမရှိခဲ့တာပါ။

ပွဲချိန် ၄၃ မိနစ်မှာတော့ ပင်နယ်တီဧရိယာထဲမှာ ဒိုက်ထိုးပြီး ခွင်ရှာတဲ့ ဖရက်ဒ်ကို ဒိုင်လူကြီး အန်ထော်နီ တေလာကက အဝါကတ်မပြဘဲ သက်ညှာသွားခဲ့လို့ ဘရာဇီးလ်ကွင်းလယ်လူ ကံကောင်းသွားခဲ့ပြီး သိပ်မကြာခင်မှာ ရီးစ်ဂျိမ်းစ်ရဲ့ ဖရီးကစ်က ဖြတ်တင်ဘောက ဂိုးဝင်နိုင်တဲ့ အနေအထားကို ဒဟေးယား ပုတ်ထုတ်နိုင်ခဲ့လို့ ပထမပိုင်းမှာတော့ တစ်ဖက်နဲ့တစ်ဖက် ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေ ရလဒ်သာ ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စတင်အပြီး ပွဲချိန် မိနစ် ၅၀ မှာတော့ ချဲလ်ဆီးတို့ ထင်မှတ်မထားတဲ့ အနေအထားကနေ ဂိုးပေးလိုက်ရပြီး ဖရီးကစ်ကနေ ဘရူနို ဖာနန်ဒက်စ် ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို ခေါင်းပြန်တိုက်တင်ရမယ့်အစား မြေအကျမှာ ထိန်းဖို့ကြိုးစားတဲ့ ဂျော်ဂျင်ညိုရဲ့ ခြေထဲက စဉ်ထွက်လာခဲ့တဲ့ ဘောလုံးကို နောက်က လိုက်လာတဲ့ ဆန်ချိုက ရယူခဲ့ပြီး ရက်ရှ်ဖို့ဒ်နဲ့အတူ ဂိုးသမား မန်ဒီနဲ့ 2 Vs 1 အတွေ့မှာ အပိုင်ကန်သွင်းယူခဲ့လို့ ယူနိုက်တက်တို့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါက ဆန်ချိုအတွက်တော့ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးလည်းဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ ပွဲမှာလည်း ဂိုးသွင်းယူနိုင်ခဲ့တဲ့ အင်္ဂလန်သားဟာ နှစ်ပွဲဆက်တိုက် ဂိုးရယူနိုင်ခဲ့သလို ညာတောင်ပံဟာ သူ့ရဲ့ နေရာမှန်ဖြစ်ကြောင်း ပြသနိုင်ခဲ့ပြီး လာမယ့်တစ်ပတ် ပွဲစဉ်မှာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် မန်ချက်စတာယူနိုက်တက်တို့အတွက်တော့ အားတက်စရာလည်းဖြစ်ခဲ့တာပါ။

ဂိုးပေးလိုက်ရအပြီးမှာ ချဲလ်ဆီးတို့ တိုက်စစ်မြှင့်ကစားခဲ့ပေမယ့် တီမို ဗာနာ အကြိမ်ကြိမ် ဖြုန်းတီးနေခဲ့သလို ကွန်တေရော မေဆန်မောင့်ကိုပါ ချန်လှပ်ထားချိန်မှာ ဂျော်ဂျင်ညိုနဲ့ လော့ဖ်တပ်စ်ချိခ်တို့ကလည်း သိပ်ပြီး မဖန်တီးနိုင်ခဲ့သလို အလွန်ဆိုကလည်း ကစားကွက်ထဲ မပူးပေါင်းနိုင်ခဲ့လို့ ချေပဂိုး ပြန်ရှာဖို့ ခက်နေခဲ့ပြီး ယူနိုက်တက်ဘက်ကတော့ ပွဲချိန် ၆၄ မိနစ်မှာ ဆန်ချိုကို ရော်နယ်လ်ဒိုနဲ့ လူလဲကစားလာခဲ့ပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ကျလာတော့ ဘောလုံးကို ရယူဖို့ ကြိုးစားတဲ့ သီယာဂို ဆေးလ်ဗားရဲ့ ခြေထောက်ကို ဘောလုံး မထိဘဲ လေထဲမှာ ကန်မိခဲ့တဲ့ ဝန်ဘစ်ဆာကာကြောင့် ဒိုင်လူကြီး အန်ထော်နီ တေလာက ပင်နယ်တီ သတ်မှတ်ပေးခဲ့ရာမှာ သူ့အမှားကတစ်ဆင့် ဂိုးပေးထားရတဲ့ ကွင်းလယ်လူ ဂျော်ဂျင်ညိုက အမှားအယွင်းမရှိ ကန်သွင်းပြီး ချဲလ်ဆီးတို့အတွက် ပြန်လည်ချေပနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးတို့ အခွင့်အရေးနှစ်ကြိမ်လောက် ဖြုန်းခဲ့အပြီးမှာတော့ ပွဲချိန် ၇၈ မိနစ်မှာ အလွန်ဆိုနဲ့ ဟဒ်ဆန်-အိုဒွိုင်းတို့အစား မေဆန်မောင်နဲ့ ပူလီရှစ်ချ်တို့ကို ထည့်သွင်းခဲ့ပြီး ယူနိုက်တက်တို့ဘက်ကတော့ ရက်ရှ်ဖို့ဒ်အစား လင်ဂတ်ကို ထည့်သွင်းခဲ့သလို ပွဲချိန် ၇၉ မိနစ်မှာတော့ တီမို ဗာနာရဲ့ အနီးကပ် ကန်ခွင့်ကို ဝန်ဘစ်ဆာကာ ဖျက်ထုတ်သွားနိုင်ခဲ့လို့ အိမ်ရှင်တွေ စိတ်ပျက်ခဲ့ရတာပါ။

ပွဲချိန် ၈၂ မိနစ်မှာတော့ ဗာနာအစား လူကာကူးကို နည်းပြ တူဟယ်လ်က ထည့်သွင်းခဲ့ပြီး တစ်ဖက်ခံစစ်ကို တိုးဝင်ဖို့ ကြိုးစားလာခဲ့ပေမယ့် ဒီနေ့ပွဲမှာ အရင်ပွဲတွေလို တိကျခြင်းမရှိတဲ့ ဖြတ်တင်ဘောတွေက တိုက်စစ်ကို ထိရောက်မှု နည်းပါးစေပြီး ပွဲချိန် ၈၄ မိနစ်မှာ ထောင့်ကန်ဘောကနေ လော့ဖ်တပ်စ်ချိခ် လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ပခုံးနဲ့ ထိထွက်ခဲ့တာကြောင့် ဒီနေ့ပွဲက ချဲလ်ဆီးတို့အတွက် မဟုတ်ဘူးလို့တောင် ပြောရမလိုဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာ သီယာဂို ဆေးလ်ဗား နောက်ပြန်ပေးတဲ့ ဘောလုံးကို ဘယ်ခြမ်းဆီ ပြန်ဖြန့်တဲ့ ဂိုးသမား မန်ဒီ လူပေးမှားခဲ့ပေမယ့် ဆရာတစ်ပါးဖြစ်တဲ့ ဖရက်ဒ်ရဲ့ လူပေးတာလား ကန်တာလား မသိတဲ့ ကန်ချက်က ဆီနီဂေါ ဂိုးသမားဆီကိုပဲ ပြန်ရောက်သွားခဲ့လို့ ယူနိုက်တက်တို့ အနိုင်ဂိုး ရနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရတာပါ။

ပွဲချိန် ၈၉ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်အစား ဗန်ဒဘိခ်ကို နည်းပြ ကာရစ်က ထည့်သွင်းသွားခဲ့ပြီး လက်ကျန်ပွဲချိန်တွေမှာတော့ ယူနိုက်တက်တို့ ခံစစ်ပိတ်ပြီး ကစားသွားခဲ့သလို ချဲလ်ဆီးဘက်ကလည်း ပူလီရှစ်ချ်၊ မေဆန်မောင့်၊ ဇီးယက်ရှ်တို့ရဲ့ ဖန်တီးမှုတွေ မကောင်းခဲ့သလို လူကာကူးကလည်း ဒဏ်ရာ မရခင်ကထက်ပိုပြီး လေးလံနေခဲ့တာကြောင့် အလုပ်မဖြစ်ခဲ့ဘဲ တစ်ဂိုးစီသရေနဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် နှစ်သင်းစလုံး နစ်နာခဲ့ရပြီး ချဲလ်ဆီးတို့အနေနဲ့ နောက်က လိုက်လာတဲ့ မန်စီးတီးနဲ့ တစ်မှတ်၊ လီဗာပူးလ်နဲ့ နှစ်မှတ်သာ ကွာတော့သလို မန်ချက်စတာယူနိုက်တက်တို့ကတော့ ထိပ်ဆုံးလေးသင်းဝင်ဖို့ နီးစပ်နိုင်တဲ့ အမှတ်နှစ်မှတ်ကို ဆုံးရှုံးခဲ့ရပြီး ဒီနေ့ပွဲအပြီးမှာတော့ အဆင့် ၁ နဲ့ အဆင့် ၈ တွေမှာ အသီးသီး ရပ်တည်နိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ ေခ်းဝဲလ္မပါတဲ့ လူစာရင္းနဲ႔ ပထမဆုံး ပြဲထြက္လာခဲ့ၿပီး သူ႔ေနရာမွာ အလြန္ဆိုကို အစားထိုးခဲ့သလို ႐ူဒီဂါ၊ သီယာဂို ေဆးလ္ဗား၊ ခ်ာလိုဘာ၊ ရီးစ္ဂ်ိမ္းစ္တို႔ရဲ႕ ခံစစ္ေရွ႕မွာ ေဂ်ာ္ဂ်င္ညိဳနဲ႔ ေလာ့ဖ္တပ္စ္ခ်ိခ္တို႔ကို ေနရာခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဟဒ္ဆန္-အိုဒြိဳင္း၊ တီမို ဗာနာနဲ႔ ဇီးယက္ရွ္တို႔ကို သုံးစြဲလာခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကေတာ့ ၄-၃-၁-၂ ပုံစံနဲ႔ အေဝးကြင္းမွာ ခံစစ္ႏွစ္ထပ္ကစားလာခဲ့တယ္လို႔ ဆိုႏိုင္ၿပီး ကပၸတိန္ေခါင္းႀကီး ပါမလာတဲ့ ခံစစ္က ဘိုင္လီ၊ လင္ဒီေလာ့ဖ္၊ အဲလက္စ္ တဲလက္စ္၊ ဝန္ဘစ္ဆာကာတို႔နဲ႔ ပိုမိုတည္ၿငိမ္ခဲ့သလို ေရွ႕မွာေတာ့ မာတစ္ခ်္၊ ဖရက္ဒ္နဲ႔ မက္ေတာ္မီေနးတို႔က ခ်ဲလ္ဆီးတို႔ ဂိုးဧရိယာထဲ ဝင္ခြင့္ကို ပိတ္ဆို႔ခဲ့ၾကခ်ိန္မွာ တိုက္စစ္မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ေရွ႕က ရက္ရွ္ဖို႔ဒ္နဲ႔ ဆန္ခ်ိဳတို႔ကို တင္ကစားလာခဲ့တာပါ။

ပြဲခ်ိန္ ၃ မိနစ္မွာပဲ ဇီးယက္ရွ္ရဲ႕ အနီးကပ္ကန္ခြင့္ကို ဒေဟးယား ကာကြယ္ခဲ့ရသလို တစ္မိနစ္အၾကာမွာေတာ့ တီမို ဗာနာကို ေပးရင္ ဝင္ႏိုင္တဲ့ အလုံးကို ဟဒ္ဆန္-အိုဒြိဳင္းက တစ္ကိုယ္ေတာ္ ကန္ဖို႔ႀကိဳးစားခဲ့တာက စပိန္ဂိုးသမားနဲ႔ထိၿပီး ေထာင့္ကန္ေဘာျဖစ္သြားခဲ့လို႔ ခ်ဲလ္ဆီးတို႔ ေစာေစာစီးစီး အဖြင့္ဂိုးရႏိုင္ခြင့္ေတြကို လက္လႊတ္ခဲ့ရတာျဖစ္ပါတယ္။

ေခ်းလ္ဝဲလ္ဆိုရင္ လူထပ္ေနတဲ့ ဧရိယာထဲကို မလြတ္ဘဲ တိုးမဝင္မယ့္အခ်ိန္မ်ိဳးမွာ တိုက္စစ္ဆင္လာတိုင္း ဟဒ္ဆန္-အိုဒြိဳင္းကို လူေပးၿပီးရင္ တိုက္စစ္မႉးေနရာ သြားယူတဲ့ မားကို႔စ္ အလြန္ဆိုေၾကာင့္ အိမ္ရွင္တို႔ ဘယ္ေတာင္ပံတိုက္စစ္က မေခ်ာေမြ႕ဘဲျဖစ္ခဲ့ရၿပီး နည္းျပ တူဟယ္လ္ကသာ ဒီလိုမ်ိဳး ကစားဖို႔ မွာထားတာ မဟုတ္ရင္ေတာ့ သူဟာ ခ်ဲလ္ဆီးရဲ႕ ကစားကြက္ကို နားမလည္တဲ့ အဖ်က္ကစားသမားတစ္ဦးလို႔ပဲ သတ္မွတ္ရမွာပါ။

ညာျခမ္းက ရီးစ္ဂ်ိမ္းျဖတ္တင္တိုင္း ေက်ာ္လာတဲ့ ေဘာလုံးမ်ိဳးေတြကို လိုက္ယူေပးမယ့္သူမရွိခ်ိန္မွာ ေခ်းလ္ဝဲလ္ကို လြမ္းဆြတ္ေစၿပီး ဆရာႀကီး အလြန္ဆိုကေတာ့ တန္ျပန္တိုက္စစ္ဆင္လာတိုင္း တိုက္စစ္မႉးဝင္လုပ္တဲ့ ခ်ဲလ္ဆီးေရာက္ခါစက ပုံစံမ်ိဳးကိုပဲ က်င့္သုံးေနသလို အသက္အ႐ြယ္၊ အသင္းရဲ႕ ကစားကြက္နဲ႔ လိုက္ေလ်ာညီေထြေအာင္ မလုပ္ေဆာင္ႏိုင္တာေၾကာင့္ ၁၀ ေယာက္နဲ႔ ကစားေနရသလိုလည္းျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၃၁ မိနစ္မွာ ႐ူဒီဂါရဲ႕ အမွတ္မထင္ကန္ခ်က္က ဘားထိထြက္ခဲ့သလို မန္ယူႏိုက္တက္ဂိုးသမား ဒေဟးယားကို လက္နာေစခဲ့ၿပီး ဒီက ျပန္က်လာတဲ့ ေဘာလုံးကို ရီးစ္ဂ်ိမ္းစ္ တိုက္စစ္ဆင္ဖို႔ လုပ္ေပမယ့္ လူကြၽံေနခဲ့လို႔ ခ်ဲလ္ဆီးတို႔ နစ္နာခဲ့ရၿပီး တီမို ဗာနာနဲ႔ ဟဒ္ဆန္-အိုဒြိဳင္းတို႔ကေတာ့ အၿပိဳင္ ျဖဳန္းေနခဲ့တာေၾကာင့္ ေဘာလုံးပိုင္ဆိုင္မႈနဲ႔ ဖိကစားသေလာက္ အက်ိဳးမရွိခဲ့တာပါ။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ ပင္နယ္တီဧရိယာထဲမွာ ဒိုက္ထိုးၿပီး ခြင္ရွာတဲ့ ဖရက္ဒ္ကို ဒိုင္လူႀကီး အန္ေထာ္နီ ေတလာကက အဝါကတ္မျပဘဲ သက္ညႇာသြားခဲ့လို႔ ဘရာဇီးလ္ကြင္းလယ္လူ ကံေကာင္းသြားခဲ့ၿပီး သိပ္မၾကာခင္မွာ ရီးစ္ဂ်ိမ္းစ္ရဲ႕ ဖရီးကစ္က ျဖတ္တင္ေဘာက ဂိုးဝင္ႏိုင္တဲ့ အေနအထားကို ဒေဟးယား ပုတ္ထုတ္ႏိုင္ခဲ့လို႔ ပထမပိုင္းမွာေတာ့ တစ္ဖက္နဲ႔တစ္ဖက္ ဂိုးမသြင္းႏိုင္ဘဲ ဂိုးမရွိသေရ ရလဒ္သာ ထြက္ေပၚေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စတင္အၿပီး ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ ခ်ဲလ္ဆီးတို႔ ထင္မွတ္မထားတဲ့ အေနအထားကေန ဂိုးေပးလိုက္ရၿပီး ဖရီးကစ္ကေန ဘ႐ူႏို ဖာနန္ဒက္စ္ ရွင္းထုတ္လိုက္တဲ့ ေဘာလုံးကို ေခါင္းျပန္တိုက္တင္ရမယ့္အစား ေျမအက်မွာ ထိန္းဖို႔ႀကိဳးစားတဲ့ ေဂ်ာ္ဂ်င္ညိဳရဲ႕ ေျခထဲက စဥ္ထြက္လာခဲ့တဲ့ ေဘာလုံးကို ေနာက္က လိုက္လာတဲ့ ဆန္ခ်ိဳက ရယူခဲ့ၿပီး ရက္ရွ္ဖို႔ဒ္နဲ႔အတူ ဂိုးသမား မန္ဒီနဲ႔ 2 Vs 1 အေတြ႕မွာ အပိုင္ကန္သြင္းယူခဲ့လို႔ ယူႏိုက္တက္တို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါက ဆန္ခ်ိဳအတြက္ေတာ့ ပထမဆုံး ပရီးမီးယားလိဂ္ဂိုးလည္းျဖစ္ခဲ့ၿပီး ၿပီးခဲ့တဲ့ ဗီလာရီးရဲလ္နဲ႔ ပြဲမွာလည္း ဂိုးသြင္းယူႏိုင္ခဲ့တဲ့ အဂၤလန္သားဟာ ႏွစ္ပြဲဆက္တိုက္ ဂိုးရယူႏိုင္ခဲ့သလို ညာေတာင္ပံဟာ သူ႔ရဲ႕ ေနရာမွန္ျဖစ္ေၾကာင္း ျပသႏိုင္ခဲ့ၿပီး လာမယ့္တစ္ပတ္ ပြဲစဥ္မွာ အာဆင္နယ္နဲ႔ ရင္ဆိုင္ရမယ့္ မန္ခ်က္စတာယူႏိုက္တက္တို႔အတြက္ေတာ့ အားတက္စရာလည္းျဖစ္ခဲ့တာပါ။

ဂိုးေပးလိုက္ရအၿပီးမွာ ခ်ဲလ္ဆီးတို႔ တိုက္စစ္ျမႇင့္ကစားခဲ့ေပမယ့္ တီမို ဗာနာ အႀကိမ္ႀကိမ္ ျဖဳန္းတီးေနခဲ့သလို ကြန္ေတေရာ ေမဆန္ေမာင့္ကိုပါ ခ်န္လွပ္ထားခ်ိန္မွာ ေဂ်ာ္ဂ်င္ညိဳနဲ႔ ေလာ့ဖ္တပ္စ္ခ်ိခ္တို႔ကလည္း သိပ္ၿပီး မဖန္တီးႏိုင္ခဲ့သလို အလြန္ဆိုကလည္း ကစားကြက္ထဲ မပူးေပါင္းႏိုင္ခဲ့လို႔ ေခ်ပဂိုး ျပန္ရွာဖို႔ ခက္ေနခဲ့ၿပီး ယူႏိုက္တက္ဘက္ကေတာ့ ပြဲခ်ိန္ ၆၄ မိနစ္မွာ ဆန္ခ်ိဳကို ေရာ္နယ္လ္ဒိုနဲ႔ လူလဲကစားလာခဲ့ပါတယ္။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန က်လာေတာ့ ေဘာလုံးကို ရယူဖို႔ ႀကိဳးစားတဲ့ သီယာဂို ေဆးလ္ဗားရဲ႕ ေျခေထာက္ကို ေဘာလုံး မထိဘဲ ေလထဲမွာ ကန္မိခဲ့တဲ့ ဝန္ဘစ္ဆာကာေၾကာင့္ ဒိုင္လူႀကီး အန္ေထာ္နီ ေတလာက ပင္နယ္တီ သတ္မွတ္ေပးခဲ့ရာမွာ သူ႔အမွားကတစ္ဆင့္ ဂိုးေပးထားရတဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳက အမွားအယြင္းမရွိ ကန္သြင္းၿပီး ခ်ဲလ္ဆီးတို႔အတြက္ ျပန္လည္ေခ်ပႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ အခြင့္အေရးႏွစ္ႀကိမ္ေလာက္ ျဖဳန္းခဲ့အၿပီးမွာေတာ့ ပြဲခ်ိန္ ၇၈ မိနစ္မွာ အလြန္ဆိုနဲ႔ ဟဒ္ဆန္-အိုဒြိဳင္းတို႔အစား ေမဆန္ေမာင္နဲ႔ ပူလီရွစ္ခ်္တို႔ကို ထည့္သြင္းခဲ့ၿပီး ယူႏိုက္တက္တို႔ဘက္ကေတာ့ ရက္ရွ္ဖို႔ဒ္အစား လင္ဂတ္ကို ထည့္သြင္းခဲ့သလို ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ တီမို ဗာနာရဲ႕ အနီးကပ္ ကန္ခြင့္ကို ဝန္ဘစ္ဆာကာ ဖ်က္ထုတ္သြားႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ စိတ္ပ်က္ခဲ့ရတာပါ။

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ဗာနာအစား လူကာကူးကို နည္းျပ တူဟယ္လ္က ထည့္သြင္းခဲ့ၿပီး တစ္ဖက္ခံစစ္ကို တိုးဝင္ဖို႔ ႀကိဳးစားလာခဲ့ေပမယ့္ ဒီေန႔ပြဲမွာ အရင္ပြဲေတြလို တိက်ျခင္းမရွိတဲ့ ျဖတ္တင္ေဘာေတြက တိုက္စစ္ကို ထိေရာက္မႈ နည္းပါးေစၿပီး ပြဲခ်ိန္ ၈၄ မိနစ္မွာ ေထာင့္ကန္ေဘာကေန ေလာ့ဖ္တပ္စ္ခ်ိခ္ လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ ပခုံးနဲ႔ ထိထြက္ခဲ့တာေၾကာင့္ ဒီေန႔ပြဲက ခ်ဲလ္ဆီးတို႔အတြက္ မဟုတ္ဘူးလို႔ေတာင္ ေျပာရမလိုျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၈ မိနစ္မွာ သီယာဂို ေဆးလ္ဗား ေနာက္ျပန္ေပးတဲ့ ေဘာလုံးကို ဘယ္ျခမ္းဆီ ျပန္ျဖန႔္တဲ့ ဂိုးသမား မန္ဒီ လူေပးမွားခဲ့ေပမယ့္ ဆရာတစ္ပါးျဖစ္တဲ့ ဖရက္ဒ္ရဲ႕ လူေပးတာလား ကန္တာလား မသိတဲ့ ကန္ခ်က္က ဆီနီေဂါ ဂိုးသမားဆီကိုပဲ ျပန္ေရာက္သြားခဲ့လို႔ ယူႏိုက္တက္တို႔ အႏိုင္ဂိုး ရႏိုင္မယ့္ အခြင့္အေရးကို လက္လႊတ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၈၉ မိနစ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္အစား ဗန္ဒဘိခ္ကို နည္းျပ ကာရစ္က ထည့္သြင္းသြားခဲ့ၿပီး လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ယူႏိုက္တက္တို႔ ခံစစ္ပိတ္ၿပီး ကစားသြားခဲ့သလို ခ်ဲလ္ဆီးဘက္ကလည္း ပူလီရွစ္ခ်္၊ ေမဆန္ေမာင့္၊ ဇီးယက္ရွ္တို႔ရဲ႕ ဖန္တီးမႈေတြ မေကာင္းခဲ့သလို လူကာကူးကလည္း ဒဏ္ရာ မရခင္ကထက္ပိုၿပီး ေလးလံေနခဲ့တာေၾကာင့္ အလုပ္မျဖစ္ခဲ့ဘဲ တစ္ဂိုးစီသေရနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ႏွစ္သင္းစလုံး နစ္နာခဲ့ရၿပီး ခ်ဲလ္ဆီးတို႔အေနနဲ႔ ေနာက္က လိုက္လာတဲ့ မန္စီးတီးနဲ႔ တစ္မွတ္၊ လီဗာပူးလ္နဲ႔ ႏွစ္မွတ္သာ ကြာေတာ့သလို မန္ခ်က္စတာယူႏိုက္တက္တို႔ကေတာ့ ထိပ္ဆုံးေလးသင္းဝင္ဖို႔ နီးစပ္ႏိုင္တဲ့ အမွတ္ႏွစ္မွတ္ကို ဆုံးရႈံးခဲ့ရၿပီး ဒီေန႔ပြဲအၿပီးမွာေတာ့ အဆင့္ ၁ နဲ႔ အဆင့္ ၈ ေတြမွာ အသီးသီး ရပ္တည္ႏိုင္ခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.