Ligue1 Premier League

ရော်နယ်လ်ဒိုရဲ့မပြည့်နိုင်တော့တဲ့ ဆုတောင်းကို ထုတ်ပြောခဲ့တဲ့ ဘလွန်ဒေါဆုပေးပွဲအကြီးအကဲ

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အကြီးမားဆုံးသော ရည်မှန်းချက်ဟာ အဓိကပြိုင်ဘက်ဖြစ်တဲ့ လီယွန်နယ် မက်ဆီထက် ဘလွန်ဒေါဆုကို အကြိမ်ရေပိုမို ရယူပြီး ကစားသမားဘဝကနေ အနားယူဖို့ဖြစ်တယ်လို့ France Football ဒါရိုက်တာ ပက်စ်ကယ် ဖီရီရဲ့ ပြောကြားချက်အရ သိရပါတယ်။

ရော်နယ်လ်ဒိုဟာ ဂုဏ်သိက္ခာကြီးမားတဲ့ ဘလွန်ဒေါဆုကို ၅ ကြိမ် ဆွတ်ခူးထားနိုင်ခဲ့သူဖြစ်ပြီး ၁၇ ကြိမ်အထိ ဆန်ခါတင်စာရင်းစာရင်းထဲမှာ စံချိန်တင် ပါဝင်ခဲ့ပေမယ့် မက်ဆီထက်တော့ ဘလွန်ဒေါရရှိထားတဲ့ အကြိမ်ရေ ၁ ကြိမ် လျော့နည်းနေတာဖြစ်ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီက ယခုနှစ် ဘလွန်ဒေါဆုအတွက် ထိပ်ဆုံးကနေ ရေပန်းစားနေပေမယ့် ဖီရီက ရော်နယ်လ်ဒိုဟာ ဘာစီလိုနာကြယ်ပွင့်ဟောင်းထက် ဆုရရှိတဲ့အကြိမ်ရေ ပိုမိုသာလွန်ချင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ရော်နယ်လ်ဒိုမှာ တစ်ခုတည်းသော ရည်မှန်းချက်ရှိပြီး အဲဒါက ဘယ်လွန်ဒေါဆုကို မက်ဆီထက် ပိုမိုရရှိပြီး ကစားသမားဘဝကနေ အနားယူဖို့ပါ။ ကျွန်တော် ဘာလို့သိနေလဲဆိုတော့ သူ ကိုယ်တိုင် ကျွန်တော့်ကို ပြောခဲ့လို့ပါ”လို့ ဖီရီက Marca ကို ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ပေါက်ကြားလာတဲ့ ရလဒ်တွေကသာ ယုံကြည်ရမယ်ဆိုရင် ပေါ်တူဂီကြယ်ပွင့်အနေနဲ့ ဒီနှစ်မှာလည်း ဆုတောင်းပြည့်မယ့်ပုံ ပေါ်နေခြင်း မရှိတာဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်က လီဗန်ဒေါ့ဗ်စကီးကို ကျော်ဖြတ်ပြီး ၇ ကြိမ်မြောက် ဘလွန်ဒေါဆုကို ရရှိသွားပြီလို့ ပေါက်ကြားလာတဲ့ရလဒ်က ပြသခဲ့တာဖြစ်ပါတယ်။

မက်ဆီရဲ့ နောက် ဒုတိယနေရာမှာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ကာရင် ဘန်ဇီးမားက ရပ်တည်နေပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ အကောင်းဆုံးပုံစံပြသနေတဲ့ လီဗန်ဒေါ့ဗ်စကီးကတော့ အငြင်းပွားဖွယ်ရာ တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့တယ်လို့ ပေါက်ကြားလာတဲ့ ရလဒ်မှာ ဖော်ပြထားပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး မက်ဆီဟာ ၂၀၁၉ ခုနှစ်မှာ ဘလွန်ဒေါဆုကို နောက်ဆုံး ရရှိထားခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုကတော့ ၂၀၁၇ ခုနှစ် နောက်ပိုင်းကတည်းက ဘလွန်ဒေါဆုနဲ့ ဝေးကွာနေခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက လီယွန်နယ် မက်ဆီကို ကျော်ဖြတ်ပြီး ဘလွန်ဒေါဆုကို ရရှိခဲ့တဲ့ လူကာ မိုဒရစ်ကို ဆုရရှိကြောင်း ဖုန်းဆက်အကြောင်းကြားခဲ့တဲ့အချိန်တုန်းက ခရိုအေးရှားကြယ်ပွင့်ကစားသမားဟာ ကလေးတစ်ယောက်လိုပဲ ငိုကြွေးခဲ့တယ်လို့ ဖီရီက ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္ၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္လ္ဒိုရဲ့ အႀကီးမားဆုံးေသာ ရည္မွန္းခ်က္ဟာ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ လီယြန္နယ္ မက္ဆီထက္ ဘလြန္ေဒါဆုကို အႀကိမ္ေရပိုမို ရယူၿပီး ကစားသမားဘဝကေန အနားယူဖို႔ျဖစ္တယ္လို႔ France Football ဒါရိုက္တာ ပက္စ္ကယ္ ဖီရီရဲ့ ေျပာၾကားခ်က္အရ သိရပါတယ္။

ေရာ္နယ္လ္ဒိုဟာ ဂုဏ္သိကၡာႀကီးမားတဲ့ ဘလြန္ေဒါဆုကို ၅ ႀကိမ္ ဆြတ္ခူးထားနိုင္ခဲ့သူျဖစ္ၿပီး ၁၇ ႀကိမ္အထိ ဆန္ခါတင္စာရင္းစာရင္းထဲမွာ စံခ်ိန္တင္ ပါဝင္ခဲ့ေပမယ့္ မက္ဆီထက္ေတာ့ ဘလြန္ေဒါရရွိထားတဲ့ အႀကိမ္ေရ ၁ ႀကိမ္ ေလ်ာ့နည္းေနတာျဖစ္ပါတယ္။

အာဂ်င္တီးနားတိုက္စစ္မႉး လီယြန္နယ္ မက္ဆီက ယခုႏွစ္ ဘလြန္ေဒါဆုအတြက္ ထိပ္ဆုံးကေန ေရပန္းစားေနေပမယ့္ ဖီရီက ေရာ္နယ္လ္ဒိုဟာ ဘာစီလိုနာၾကယ္ပြင့္ေဟာင္းထက္ ဆုရရွိတဲ့အႀကိမ္ေရ ပိုမိုသာလြန္ခ်င္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ေရာ္နယ္လ္ဒိုမွာ တစ္ခုတည္းေသာ ရည္မွန္းခ်က္ရွိၿပီး အဲဒါက ဘယ္လြန္ေဒါဆုကို မက္ဆီထက္ ပိုမိုရရွိၿပီး ကစားသမားဘဝကေန အနားယူဖို႔ပါ။ ကၽြန္ေတာ္ ဘာလို႔သိေနလဲဆိုေတာ့ သူ ကိုယ္တိုင္ ကၽြန္ေတာ့္ကို ေျပာခဲ့လို႔ပါ”လို႔ ဖီရီက Marca ကို ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း ေပါက္ၾကားလာတဲ့ ရလဒ္ေတြကသာ ယုံၾကည္ရမယ္ဆိုရင္ ေပၚတူဂီၾကယ္ပြင့္အေနနဲ႔ ဒီႏွစ္မွာလည္း ဆုေတာင္းျပည့္မယ့္ပုံ ေပၚေနျခင္း မရွိတာျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္က လီဗန္ေဒါ့ဗ္စကီးကို ေက်ာ္ျဖတ္ၿပီး ၇ ႀကိမ္ေျမာက္ ဘလြန္ေဒါဆုကို ရရွိသြားၿပီလို႔ ေပါက္ၾကားလာတဲ့ရလဒ္က ျပသခဲ့တာျဖစ္ပါတယ္။

မက္ဆီရဲ့ ေနာက္ ဒုတိယေနရာမွာ ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉး ကာရင္ ဘန္ဇီးမားက ရပ္တည္ေနၿပီး ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ အေကာင္းဆုံးပုံစံျပသေနတဲ့ လီဗန္ေဒါ့ဗ္စကီးကေတာ့ အျငင္းပြားဖြယ္ရာ တတိယေနရာမွာသာ ရပ္တည္နိုင္ခဲ့တယ္လို႔ ေပါက္ၾကားလာတဲ့ ရလဒ္မွာ ေဖာ္ျပထားပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး မက္ဆီဟာ ၂၀၁၉ ခုႏွစ္မွာ ဘလြန္ေဒါဆုကို ေနာက္ဆုံး ရရွိထားခဲ့တာျဖစ္ၿပီး ေရာ္နယ္လ္ဒိုကေတာ့ ၂၀၁၇ ခုႏွစ္ ေနာက္ပိုင္းကတည္းက ဘလြန္ေဒါဆုနဲ႔ ေဝးကြာေနခဲ့ရတာျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္တုန္းက လီယြန္နယ္ မက္ဆီကို ေက်ာ္ျဖတ္ၿပီး ဘလြန္ေဒါဆုကို ရရွိခဲ့တဲ့ လူကာ မိုဒရစ္ကို ဆုရရွိေၾကာင္း ဖုန္းဆက္အေၾကာင္းၾကားခဲ့တဲ့အခ်ိန္တုန္းက ခရိုေအးရွားၾကယ္ပြင့္ကစားသမားဟာ ကေလးတစ္ေယာက္လိုပဲ ငိုေႂကြးခဲ့တယ္လို႔ ဖီရီက ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.